ဦးသုည
••• သူဘာလို့ ငါ့ထက်သာနေရတာလဲ•••=======================
တစ်ခါကမောင်ဖြူနဲ့ မောင်မဲဟာ ဘွဲ့ရပြီးနောက် ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်လုပ်ကြပါသတဲ့။ နှစ်ယောက်စလုံးဟာ အလုပ်ကိုကြိုးစားလုပ်ကြပါတယ်။ နှစ်အနည်းငယ်ကြာတဲ့အခါ သူဋ္ဌေးက မောင်ဖြူကို အရောင်းမန်နေဂျာ အဖြစ်ရာထူးတိုးပေးလိုက်ပြီးမောင်မဲကတော့ အရောင်းသမားအဖြစ်နဲ့ပဲလုပ်နေရပါတယ်။ မောင်မဲဟာ ဆက်ပြီးသည်းမခံနိုင်တော့ပါဘူး။ အလုပ်ထွက်စာရေးပြီးသူဌေးဆီသွားတယ်။
"ဒီမှာသူဌေး ... ခင်ဗျားက အလုပ်ကြိုးစားတဲ့ သူကိုတန်ဖိုးမထားဘဲ
...ဖားတဲ့သူကိုမှခင်ဗျားက ပ,စားပေးရာထူးတိုးပေးတာ
မဟုတ်လား..ဒီတော့ကျုပ်အလုပ်ထွက်တယ် ... "
လို့ ခပ်ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ်။ သူဌေးက မောင်မဲအလုပ်ကြိုးစားတာ သိပါတယ် ။ဒါကြောင့်သူ့သယ်ရင်းနဲ့ သူ့အကြားကွာခြားချက်ကို သူသိစေချင်တာနဲ့
"မင်းအလုပ်မထွက်ခင်ဈေးထဲသွားပြီး ဖရဲသီးသည်ရှာပေးနိုင်မလား"
လို့ မေးပါတယ်။ မောင်မည်းခေါင်းညိတ်တော့
" အေး... ဖရဲသီး တစ်ကီလိုကိုဘယ်ဈေးလဲ မေးခဲ့စမ်းကွာ "
လို့ခိုင်းတယ်။ မောင်မဲလည်းထွက်သွားပြီး မကြာခင်ပြန်ရောက်လာပါတယ်။
"တစ်ကီလို ၁၂ ဒေါ်လာပါဆရာ"
သူဌေးက
"အေး ...ဒီမေးခွန်းကိုပဲ မင်းသူငယ်ချင်းမောင်ဖြူကိုလည်း ငါမေးဦးမကွာ "
ဆိုပြီးမောင်ဖြူကိုခေါ်ပါတယ်။ စောစောကလိုပဲခိုင်းပါတယ်။ မောင်ဖြူပြန်လာေ တာ့
" သူဌေးခင်ဗျား...ဖရဲသီးသည်တစ်သည်ပဲ တွေ့ခဲ့ပါတယ်...တစ်ကီလိုကိုတော့၁၂ ဒေါ်လာပါ ...၁ဝ ကီလိုယူရင် ဒေါ်လာ၁ဝဝ နဲ့ ရပါမယ်...လောလောဆယ်သူ့မှာ ဖရဲသီးအလုံး ၃၄ဝရှိပါတယ်...ဆိုင်မှာခင်းထားတာက ၅၈လုံးပါ...တစ်လုံးကို၁၅ ကီလိုလောက်ရှိပါတယ်...မနေ့ကမှ တောင်အရပ်က ဝယ်လာတာပါ ...အားလုံး လတ်လတ်ဆတ်ဆတ်တွေ ချည်းပါပဲ...ဖုန်းဆက်ချင်ရင်ဒီမှာသူ့ ဖုန်နံပါတ်ပါ..."
မောင်မဲဟာ သူ့သယ်ရင်းနဲ့ သူရဲ့ခြားနားချက်ကိုသိသွားပြီးသူ့သယ်ရင်းကိုအရမ်း အထင်ကြီးလေးစားသွားပါသတဲ့။ အလုပ်မထွက်တော့ပါဘူး။သယ်ရင်းဆီက လေ့လာသင်ယူစရာတွေရှိသေးတယ်လေ့ပိုပြီးအောင်မြင်နေသူတွေဟာ အကြောင်းအရာတစ်ခုကိုပဲ အများနဲ့မတူပိုပြီး မြင်တတ်တွေးတတ်နက်နက်ရှိုင်းရှိုင်း နားလည်တတ်တဲ့သူတွေပါ ။ မနက်ဖြန်အတွက်မင်းတွေးနေချိန်မှာ သူကနှစ်နဲ့ချီပြီးတွေးပြီးသွားပြီ။ နှစ်နဲ့ရက်ဆိုတာ ၃၆၅ဆ ၁ ဆကွ...
ကဲ...သယ်ရင်းမင်းရော မင်းဘဝအတွက် ရှေ့ကိုဘယ်လောက်များကြိုစဉ်းစားထားပြီလဲ ??? မင်းဘယ်လောက်များနက်နက်ရှိုင်းရှိုင်း တွေထားပြီလဲ
ဦးသုည # စကားလုံးဖလှယ်သည် ...

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။