Smart Pro Journal
အလှူငွေနဲ့ ရပ်တည်တဲ့ Mozilla Firfox
ဒီနေ့မနက်စောစောစီးစီး Mozilla Firefox ကိုဖွင့်လိုက်တာ Firefox က ရေးထားတဲ့ စာလေးကို တွေ့မိလိုက်ပါတယ်။
"Firefox browser ကိုဖန်တီးတဲ့ Mozilla ဆိုတာ Non-profit (ကိုယ်ကျိုး မယူ) အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး လှူဒါန်း ငွေများအပေး ရပ်တည်တဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။ အကယ်၍ ဒီစာဖတ်ရသူ တိုင်းသာ ၃ ဒေါ်လာလောက် လှူမယ်ဆိုရင် တစ်နှစ်လုံးမှာ တစ်ခါသာ ရန်ပုံငွေ မတည် စရာ ရှိတာ ဖြစ်ပါတယ်။ နှစ်မကုန်ခင် လှူဒါန်းစေလိုပါတယ်"
အဲ့လိုစာလေးဖတ်လိုက်ရတော့ ကိုယ်က ၃ ဒေါ်လာဆိုတာကို လှူချင်ပေမယ့် ဘယ်ကနေ လှမ်းပြီး လှူရမှန်း မသိဘူး။ ဒါကတော့ ဒါပေါ့။ ထားလိုက်ပါ။ စိတ်ထဲမှာ ခံစားလိုက်ရတာ တစ်ခုက Mozilla အပေါ် မုဒိတာ ပွားမိခြင်း ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက အင်တာနက် အသုံးပြုလိုသူများ အတွက် လွယ်ကူမြန်ဆန်တဲ့ Browser တစ်ခု ဖြစ်လာဖို့ဆိုတာ မလွယ်ပါ ဘူး။ Mozilla ဆိုတာ ဆီလီကွန်တောင်ကြားမှာရှိနေတဲ့ ကုမ္မဏီ ငယ်လေး ဖြစ် ပါတယ်။ အဓိကအလှူငွေကို Google က ထောက် ပံ့နေပေမယ့် Mozilla ဆိုတာ သီးခြား အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။ အကြောင်းက Google ကလည်း Google Chrome လုပ်နေတာကိုး။
Mozilla ဟာ အများပြည်သူ ကောင်းကျိုးအတွက်၊ နည်းပညာ၊ အိုင်တီ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီးပွားဖြစ်မလုပ်ပဲ အလှူငွေအပေါ်မှာ ရပ်တည်တယ်လေ။ မြန်မာပြည်ရဲ့  အိုင်တီကဏ္ဍမှာလည်း အဲ့လို အဖွဲ့အစည်းတွေများ ခပ်များများပေါ်ပါစေ ဆုတောင်းရင်း တစ်မနက်စာ ဝင်လာတဲ့ မျော်လင့်ချက်အတွေး လေး တစ်ခုမို့ ရေး သား ဖောက်သည်ချလိုက်ရ ပါတယ်။
.
အောင်ခမ်း ( smart.com.mm )
.
အောင်ခမ်း ( smart.com.mm )
ကောင်းတယ် အစ်ကိုရေကျနော့ဆီလဲစာရောက်လာတယ် ကျနော်ကအစစ်လားအတုလားခွဲမတတ်လို့ ခုလိုအစ်ကိုပို့စ်လေးတင်လိုက်တော့ ပိုရှင်းသွားတာပေါ့ ပြန်ရှယ်ခွင့်ပြုပါလို့ခွင့်တောင်းပါရစေ credit ပေးပါ့မယ်..
ReplyDelete