ဘုရားသခင်၏ကျမ်းစာ
ခရစ္စမတ်နှင့် ဒုတိယအကြိမ်ပြန်လာမည့် ခရစ်တော်ကြည့်ရှုလော့။ မိုဃ်းတိမ်နှင့် တကွကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော် ကို ဖောက်သောသူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင် ရကြလိမ့်မည်။ (ဗျာဒိတ် ၁း၇)
ဒီကနေ့ဆိုလျှင် လူအများ သတ်မှတ်ထားသော ခရစ္စမတ်နေ့သို့ ရောက်ရှိ လာခဲ့ပြီဖြစ်သည်။ အသင်းတော် အသီးသီးတွင် ခရစ်တော်၏ လူ့ဇာတိ ခံယူခြင်း၊ ရွှေးနှုတ်ခြင်းတို့ကို အားရပါးရ အော်ဟစ်ဟောပြော နေကြပေ လိမ့်မည်။ သူတို့၏ ဟောပြောမှုကြောင့် အချို့နေရာများတွင် လူအချို့ သည်လည်း ကယ်တင်ခြင်းသို့ ရောက်ရှိ ကောင်း ရောက်ရှိနေကြပေမည်။
ခရစ္စမတ်နေ့တွင် ပျော်ရွှင်စရာ သတ်မှတ်ပြီး အော်ဟစ်မူရူးနေသူ တို့ကိုတော့ ဘာမှ မပြောလိုပါ။
ယခု တင်ပြလိုသည်မှာ ယေရှုခရစ်တော် လူ့ဇာတိခံယူမွေးဖွားခြင်းကို
ပထမအကြိမ်ကြွလာခြင်းဖြစ်ပြီး ဒုတိယ အကြိမ်တွင်လည်း ထပ်မံကြွ လာဦးမည် ဟု
သမ္မာကျမ်းစာက ဖော်ပြထားပါသည်။ ပထမအကြိမ် ကြွချီလာခြင်း နှင့်
ဒုတိယအကြိမ်ကြွချီလာမည့် ယေရှုခရစ်တော်ကို ယခုကဲ့သို့ နှိုင်းယှဉ်လိုပါသည်။
ပထမ အကြိမ်ကြွလာစဉ်က ကောင်းကင်တမန်သည် သက်ဆိုင်သူများ ကို တွေ့ဆုံကာ အကျိုးအကြောင်း ပြောဆိုခဲ့သော်လည်း ဒုတိယ အကြိမ်ကြွလာသောအခါ ခရစ်တော်၏ ဘေးတစ်ဘက်ချက်တွင် လူတိုင်း တွေ့မြင်နိုင်လိမ်မည်။ (ဗျာဒိတ် ၁၉း၁၄)
ပထမအကြိမ်က တည်းခိုစရာ မရှိသောကြောင့် နွားတင်ကုတ်တွင် ရှိခဲ့သော်လည်း ဒုတိယအကြိမ်ကြွလာသည် အခါ လူတိုင်က သူ၏ ရှေ့တွင် ဒူးထောက် ပျက်ဝတ်ကြလိမ့်မည်။ (ဟေရှာ ၄၉း၂၂-၂၃)
ပထမအကြိမ်က နွားစားခွက်တွင် နေခဲ့သော်လည်း ဒုတိယအကြိမ်ကြွ လာသောအခါ ပလ္လင်ပေါ်တွင် စိုးစံတော်မူလိမ့်မည်။ (မဿဲ ၂၅း၃၁)
ပထမအကြိမ်တွင် သိုးထိန်းများကသာ အကြောက်တရားရှိခဲ့ကြသော် လည်း ဒုတိယအကြိမ်တွင် တကမ္ဘာလုံးက ကြောက်ရွံ့ခြင်း ခံစားရလိမ့်မည်။ (ဗျာဒိတ် ၆း၁၅-၁၆)
ပထမအကြိမ်က သိုးထိန်များသာ ခရစ်တော် မွေဖွားခြင်းကို သွားကြည့် ကြသော်လည်း ဒုတိယအကြိမ်တွင် လူများက ခရစ်တော် ပြန်လည် ကြွ လာသောအခါ ထိုနေရာတွင် သွားရောက်စုဝေးကြလိမ့်မည်။ (ဟေရှာ ၂း၃)
အရှေ့ပြည်က ပညာရှိများသာ လာရောက်ဖူးမျှော်ကြသော်လည်း ဒုတိယအကြိမ်တွင် လူတိုင်းက ဖူးမျှော်လိမ့်မည်။ (ဟေရှာ ၂း၂၊ ၆၀း၃)
ပထမအကြိမ်က ကောင်းကင်တွင် ကြယ်ကြီး တစ်လုံး ထွန်းတောက် ခဲ့သော်လည်း ဒုတိယအကြိမ်တွင် ကောင်းကင်တွင် နိမိတ်လက္ခဏာများ ရှိလိမ့်မည်။ (ယောလ ၃း၃၀၊ ၃း၁၅-၁၆)
ပထမအကြိမ်တွင် လူအချို့ကသာ ခရစ်တော်မွေးဖွားခြင်းကို ရှာဖွေခဲ့ ကြသော်လည်း ဒုတိယအကြိမ်တွင် လူတိုင်းက မြင်နိုင်လိမ့်မည်။ (ဗျာဒိတ် ၁း၇)
ပထအကြိမ်တွင် ပညာရှိကြီးများ ၀တ်ပြုကိုးကွယ်ခဲ့ကြသော်လည်း ဒုတိယ အကြိမ်တွင် လူတိုင်းက ကိုးကွယ်လိမ့်မည်။ (ဇာခရိ ၁၄း၁၆၊ ဟေရှာ ၂၇း၁၃)
ယခုအချိန်တွင် လူတိုင်း ခရစ္စမတ်လက်ဆောင် လိုချင်ကြသော်လည်း ဒုတိအကြိမ် ကြွချီလာသောအခါ ကိုယ်တော်ကို ပေးလှူ ခြင်းများ ရှိလိမ့်မည်။ (ဟေရှာ ၆၀း၅-၇)
ထို့ကြောင့် မိတ်ဆွေ ခရစ်တော် ဒုတိယအကြိမ်ကြွချီလာဦးမည် ဖြစ်ပါ သဖြင့် အသက်တာကို ပြင်ဆင်လျှက် ကိုယ်တော် ကို မျှော်လင့် စောင့်စား ရင်း အသက်ရှင်ကြပါစို့။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။