Myanmaalinn
ထူးဆန်းအံ့ဖွယ် လမ်းလျှောက်တတ်သော ကျောက်တုံးများ
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားရှိ သေမင်းတောင်ကြား သဘာဝ ဥယျာဉ်ကြီးအတွင်း ခြောက်သွေ့သော ကန္တာရမြေပြင်တွင် ယင်းကျောက်တုံးများ တည်ရှိသည်။ အလွန်လေးလံသော ကျောက်တုံးကြီးများသည် အမြဲတမ်းလိုလို ရွေ့လျားသွားလာနေကြသည်။
ကျောက်တုံးများ၏ အလေးချိန်သည် များပြားလွန်းခြင်းကြောင့် လေတိုက်နှုန်းဖြင့် မျောပါခြင်းမျိုး လုံးဝမဖြစ်နိုင်ဟု ပညာရှင်များက အခိုင်အမာ လက်ခံထားသည်။ ရေကန်ကြီးတစ်ခု ခန်းခြောက်သွားသည့် အခြေအနေမှ မြေပေါ်စတင် ရောက်ရှိလာသည့် ကျောက်တုံးများသည် ယနေ့တိုင် ထိုဒေသတွင် တရွေ့ရွေ့ နေရာပြောင်းလဲ သွားလာနေဆဲ ဖြစ်သည်။(၁၉၆၀)ပြည့်လွန် နှစ်များတွင် သုတေသီများသည် ယင်းဒေသမှ ကျောက်တုံးကြီး (၃၀)ကို လေ့လာခဲ့ကြသည်။ ယင်းတို့၏ အလေးချိန်သည် (၂၅)ကီလိုဂရမ်ထိ ရှိနေသည်။ ကျောက်တုံးကြီးများကို (၇)နှစ်အကြာတွင် ပြန်လည်တိုင်းတာရာ (၂၈)တုံးသည် မူလနေရာမှ ကွာဝေးစွာ နေရာပြောင်းရွှေ့နေပြီ ဖြစ်သည်။ ယင်းတို့အနက် အချို့သည် မီတာ(၂၀၀)မျှထိ ခရီးရောက်နေခဲ့သည်။ ကျောက်တုံးကြီးများ ခရီးတာ ကွာဝေးစွာ ရောက်ရှိမှုကို ရာသီဥတုကြောင့်ဟု ယူဆထားသော်လည်း ယင်းသည် အကောင်းဆုံးအဖြေ မဟုတ်ကြောင်း ပညာရှင်များကိုယ်တိုင် ဝန်ခံထားသည်။
By Planet
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။