Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, December 25, 2013

စိုးထိတ်ခဲ့ရသောခရစ္စမတ် သုံးကြိမ်တိုင်ခဲ့ပြီ

 

စိုးထိတ်ခဲ့ရသောခရစ္စမတ် သုံးကြိမ်တိုင်ခဲ့ပြီ
--------------
ရေးသားသူ- အောင်ခိုင်၊ မရန်

ဒေါ်နန်အောင်တစ်ယောက် ခရစ္စမတ်ကို တိတ်ဆိတ်ငြိမ်သက်စွာ ဖြတ်သန်းခဲ့သည်မှာ သုံးနှစ်တိုင်ခဲ့ပြီဖြစ်သည်

ကိုယ့်ရပ်ကိုယ့်ရွာမဟုတ်ဘဲ အသားမကျသည့်ပတ်ဝန်းကျင်တွင် သူတို့ခရစ်ယာန်ဘာသာဝင်များ အထွတ်အမြတ်ထားရာ ခရစ်တော်မွေးသည့်နေ့ကို ကြိုဆိုဂုဏ်ပြုသည့် ခရစ္စမတ်ကာလများကို ယခင်ကကဲ့သို့ ဒေါ်နန်အောင်တစ်ယောက် လွတ်လပ်ပျော်ရွှင်စွာ မဖြတ်သန်းနိုင်ခဲ့သည်မှာလည်း သုံးနှစ်တိုင်ခဲ့ပြီ။

တိုင်းရင်းသားချင်း မပြီးနိုင်၊ မစီးနိုင်ဖြစ်နေသော တိုက်ပွဲများကြောင့် တာလောကြီးကျေးရွာမှ မြစ်ကြီးနားမြို့နယ်ရှိ ရွှေစက်စစ်ဘေးဒုက္ခသည်စခန်းတွင် ဒေါ်နန်အောင် လာရောက်ခိုလှုံခဲ့ရသည်မှာ ၂၀၁၁ ခုနှစ်ကတည်းကပင် ဖြစ်ပါသည်။

“အခု ကိုယ့်ဟာကိုယ်သနားတယ်။ ရွာမှာဆို စည်းစည်းလုံးလုံး စည်စည်ကားကားလုပ်နိုင်တယ်”ဟု ဒေါ်နန်အောင်က သူ့မွေးရပ်ဇာတိမြေတွင် ခရစ္စမတ်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲခဲ့သည့်ကာလများကို ပြန်ပြောင်းသတိရရင်းကဆိုပါသည်။

ဒေါ်နန်အောင်ကဲ့သို့ နေ့ရပ်စွန့်ခွာနေကြရသော စစ်ဘေးဒုက္ခသည်များအတွက်တော့ ယခုလိုအခြေအနေတွင် ခရစ္စမတ်ကို ကိုယ့်အိမ်ကိုယ့်ရာတွင် လွတ်လပ်ပေါ့ပါးစွာ ပါဝင်ဆင်နွှဲနိုင်ဖို့ ခဲယဉ်းလွန်းနေပါသေးသည်။

တိုက်ပွဲများကြောင့် ၄င်းတို့တန်ဖိုးထားမြတ်နိုးသည့် ဇာတိချက်မြှုပ်ဒေသများကို စွန့်ခွာလာရပြီး အသားမကျသော ပတ်ဝန်းကျင်သစ်တွင် အခက်အခဲများစွာဖြင့် နေထိုင်နေရသည့် စစ်ဘေးဒုက္ခသည်များအတွက်တော့ ခရစ္စမတ်နေ့ရက်များမှာ အေးချမ်းခဲ့စဉ်ကကာလကို ပိုမိုလွမ်းဆွတ်နေရသောနေ့ရက်များဖြစ်နေသည်။
မန်စီမြို့နယ် မိုင်းခေါင်နှစ်ခြင်း စစ်ရှောင်စခန်း အဆောင်ဘေးကွက်လပ်မြေကြီးပေါ်တွင် ၀ါးကတ်အပိုင်းငယ်တစ်ခုခင်းရင်းက စစ်ဘေးဒုက္ခသည် ဒေါ်ရွယ်နူးတစ်ယောက် တစ်နှစ်သားအရွယ်ကလေးငယ်ကို ကျောတွင်ပိုးရင်း ထမင်းစားနေပါသည်။ သူ့ဘေးတွင်လည်း (၃)နှစ်အရွယ် ရင်သွေးဖြစ်သူ မရန်ဘရန်ဆိုင်းမှာ ထမင်းဇလုံအနီးတွင် ဖိနပ်ကိုချွတ်ကာ ထိုင်ရင်းက ထမင်းစား၍နေသည်။

သူတို့မိသားစုမှာ အောက်တိုဘာလလယ်ခန့်မှ စတင်ပြီး မန်စီမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဇာတိမုန်းဒိန်ပါကျေးရွာမှ အ၀တ်တစ်ထည်ကိုယ်တစ်ခုဖြင့် ခြေလျင်ထွက်ပြေးလာခဲ့ကြရခြင်းဖြစ်သည်။

“၀ုန်းဆိုပြီးတော့မြည်ပြီးမှ ၀င်လာတာ”ဟု သုံးနှစ်အရွယ် မရန်ဘရန်ဆိုင်းက မုန်းဒိန်ပါကျေးရွာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအခြေအနေကို မိခင်ဖြစ်သူအား မေးမြန်းနေမှုကို ကြားမှဝင်၍ဖြေဆိုခဲ့ပါသည်။

၎င်းတို့ကျေးရွာထဲသို့ အစိုးရတပ်မှ လက်နက်ကြီးများပစ်ခတ်ပြီး ၀င်ရောက်လာသည့်မြင်ကွင်းကို သုံးနှစ်အရွယ်ကလေးငယ်လေး၏ စိတ်ဝယ်စွဲမြဲနေပြီး ယင်းကဲ့သို့ သူ့ကိုမမေးမြန်းဘဲ ၀င်ရောက်ပြောပြခဲ့ခြင်းဖြစ်သည်။

ကချင်စကားဖြင့် ဗလုံးဗထွေးပြောပြီးသည့်အခါတွင် ခေါင်းငုံ့ရင်းတိတ်ဆိတ်စွာဖြင့် ထမင်းအိုးကို ယောက်မဖြင့်မွှေနေပါသည်။

လတ်တလောဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် နေရပ်ဇာတိများမှ နောက်ဆုံးထွက်ပြေးတိမ်းရှောင်လာခဲ့ကြရသော ဒေါ်ရွယ်နူးတို့ကဲ့သို့ စစ်ဘေးဒုက္ခသည်များအတွက်တော့ လတ်ဆတ်နေဆဲ စိတ်အမာရွတ်များကြောင့် ခရစ္စမတ်ပွဲတော်ကို မည်သို့ဖြတ်သန်းရမည်မသိသေးပါ။

၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲထားသော အစိုးရနှင့် ကေအိုင်အေတို့ကြား ၂၀၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်မှစတင်၍ တိုက်ပွဲများ တစ်ကျော့ပြန်ဖြစ်ပွားခဲ့သည်။ ၂ နှစ်ကျော်ကာလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တိုက်ပွဲများထပ်မံမဖြစ်ပွားရေး၊ စစ်ရှိန်လျှော့ချရေးတို့ကို နှစ်ဖက်သဘောတူညီခဲ့ကြသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

အောက်တိုဘာ မြစ်ကြီးနားငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး နှစ်ပတ်ကျော်ခန့်အကြာတွင် အစိုးရတပ်နှင့် ကေအိုင်အေတို့ကြား မန်စီမြို့နယ်တွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည်။

ငြိမ်းချမ်းရေးတွင် အပေါင်းလက္ခဏာဆန်သည့်ဖြစ်စဉ်ဟု သတ်မှတ်ခဲ့ကြသည့် ကေအိုင်အေဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်၏ ပထမဆုံးရန်ကုန်ခရီးစဉ်ကာလအတွင်းမှာပင် မန်စီမြို့နယ်၌ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်

တစ်သိန်းကျော်သည့် စစ်ဘေးဒုက္ခသည်များအရေးကို မဖြေရှင်းမီမှာပင် ဘုရားကျောင်းများ၊ တရုတ်နယ်စပ်စခန်းများတွင် ဒုက္ခသည်ဦးရေမှာ ထပ်မံ၍တိုးပွားနေဆဲဖြစ်သည်။

စစ်ဘေးရှောင်ပြည်သူများ နေရပ်များသို့ ပြန်လည်အခြေချနိုင်အောင် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ဆွေးနွေးပွဲများတွင် နှစ်ဖက်သဘောတူညီခဲ့ကြသော်လည်း ၂ နှစ်ကျော်ကာလအတွင်း နေရပ်ပြန်နိုင်သော စစ်ဘေးဒုက္ခသည်ဦးရေမှာ တစ်ရာပင်မပြည့်သေးပါ။ ထပ်မံတိုးပွားနေသော စစ်ဘေးဒုက္ခသည်ဦးရေမှာမူ ထောင်ဂဏန်း၊ သောင်းဂဏန်း ရှိနေပြီဖြစ်သည်။

လတ်တလော တိုက်ပွဲများဖြစ်ပွားနေသည့် မန်စီမြို့နယ်တွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်လာပါက စစ်ဘေးဒုက္ခသည်ဦးရေမှာ ထပ်မံတိုးပွားလာနိုင်သည်ဟု ဒေသတွင်းအဖွဲ့အစည်းများကဆိုပါသည်။

ကမ္ဘာပေါ်တွင် ပြည်တွင်းစစ် အရှည်ကြာဆုံးတိုင်းပြည်ဖြစ်သည့် မြန်မာနိုင်ငံတွင် ကချင်စစ်ပွဲတစ်ကျော့ပြန်၍ ပြန်လည်ဖြစ်ပွားခဲ့သည်မှာ ယခုအကြိမ်ပါဆိုလျှင် ခရစ္စမတ်သုံးကြိမ်တိုင်ခဲ့ပြီဖြစ်ပါသည်။

နှစ်ဖက်စလုံးမှ စစ်သည်များအပါအ၀င် မြေစာပင်များဖြစ်ကြသည့် အပြစ်မဲ့ပြည်သူများစွာလည်း ထိခိုက်သေကျေဆုံးရှုံးမှုများ ခံစားခဲ့ကြရပြီးဖြစ်ပါသည်။ သိန်းနှင့်ချီသည့် စစ်ဘေးဒုက္ခသည်များအပါအ၀င် ပြည်သူအားလုံးအတွက် ဆွေးနွေးပွဲသဘောတူညီချက်များကို နှစ်ဖက်စလုံးက အမှန်တကယ် လိုက်နာအကောင်အထည်ဖော်သင့်ကြောင်း ကချင်အရေးစောင့်ကြည့်သူများက သုံးသပ်ကြသည်။

အခြားသော စစ်ဘေးဒုက္ခသည်များကဲ့သို့ပင် တိုက်ပွဲများကြောင့် တာလောကြီးကျေးရွာမှ ရွှေစက်စစ်ရှောင်စခန်းတွင် ၂၀၁၁ ခုနှစ်ကတည်းက ခိုလှုံနေခဲ့သော ကိုလဖရီသည်လည်း ခရစ္စမတ်နေ့ကို တိတ်ဆိတ်စွာဖြင့် တတိယအကြိမ် ဖြတ်သန်းရဦးမည်ဖြစ်သည်။

ခရစ်ယာန်ဘာသာဝင်တို့သည် ၄င်းတို့ အထွတ်အမြတ်ထားရာ ခရစ္စမတ်နေ့တွင် နေရပ်ဇာတိများသို့ပြန်၍ ကွဲကွာနေသောဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းများနှင့် ဆုံတွေ့လေ့ရှိကြသည်။ နိုင်ငံတစ်ဝန်းရှိ ခရစ်ယာန်ဘာသာဝင်များ၊ အခြားဘာသာဝင်များ အေးချမ်းစွာ ဒီဇင်ဘာ ၂၅ ရက်ကို ဖြတ်သန်းနေချိန်တွင် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များတွင်တော့ ဒီဇင်ဘာနှင်းများကြား ပျော်ရွှင်မှုတွေ ခြောက်ကပ်နေပါသည်။

နေရပ်ဇာတိကျေးရွာများတွင် ၀ါးနှင့်မဏ္ဍပ်ထိုး၊ ကောက်ရိုးခင်းပြီးပြုလုပ်သော ခရစ္စမတ်ပွဲတော်ဖြစ်ပါစေ သူတို့ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလေ့ရှိကြသည်။

စစ်ရှောင်စခန်းအများစုတွင်မူ ခရစ္စမတ်ပွဲတော်ကို သီးသန့်ပြုလုပ်မှုမရှိဘဲ အသင်းတော်များတွင်ပြုလုပ်သော ပွဲတော်တွင်သာ စုပေါင်းပါဝင်ရလေ့ရှိသည်။

ကိုလဖရီကဲ့သို့ နေရပ်စွန့်ခွာ စစ်ဘေးဒုက္ခသည်များအတွက်တော့ ဇာတိများတွင်ကျင်းပသော ခရစ္စမတ်ပွဲတော်က ပို၍အနှစ်သာရရှိပြီး ပို၍လွတ်လပ်ပျော်ရွှင်မှုကို ခံစားရပါသည်။

ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ၏ မြေစာပင်တစ်ဦးဖြစ်သော ကိုလဖရီတစ်ယောက် အလိုလားဆုံးဆန္ဒမှာ...

“အမြန်ဆုံးရွာပြန်ပြီး ခရစ္စမတ်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်”

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။