Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, December 28, 2013

နိုင်ငံသား ဖြစ်ရန် အရည် အချင်းနှင့် အဆုံး အဖြတ်


Golden Land Myanmar
နိုင်ငံသား ဖြစ်ရန် အရည် အချင်းနှင့် အဆုံး အဖြတ်

လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေ အနေ အရ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အကြို ကာလ ဖြစ်တဲ့ လာမယ့် ၂၀၁၄ ခုနှစ်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ တိုင်းရင်းသား လက်နက် ကိုင်များနှင့် ငြိမ်းချမ်းရေး တည်ဆောက် နိုင်ဖို့ အပါ အ၀င် အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စရပ် တွေဟာ နိုင်ငံနဲ့ နိုင်ငံ သားတွေ အတွက် အလွန် အရေး ပါတဲ့ ဖြစ်စဉ် တွေလို့ ဆိုနိုင် သလို အစိုးရက မဖြစ်မနေ အချိန်နဲ့ တစ်ပြေးညီ ဖြေရှင်း ဆောင်ရွက် ရမယ့် အခြား ကိစ္စရပ် တွေဟာ လည်း ရှိနေ ဆဲလို့ ဆိုနိုင်ပါတယ်။ 

UNHCR က ကောက်ယူ သည့် နိုင်ငံသား ဖြစ်နိုင်သည့် ဘင်္ဂါလီ စာရင်း အဆိုပါ ဖြေရှင်း ဆောင်ရွက် ရမယ့် ကိစ္စရပ် တွေ များစွာရှိ နေရာမှာ အခြား နိုင်ငံ များနဲ့ နယ်နိ မိတ်ချင်း ထိစပ် နေတဲ့ ဒေသများ ဖွံ့ဖြိုးတိုး တက်ဖို့နဲ့ ကူးလူး ဆက်ဆံခြင်း ကြောင့် ဖြစ်ပွား လာနိုင်တဲ့ ပြဿ နာတွေ ဖြေရှင်း ဆောင်ရွက် နိုင်ဖို့ အချက်ဟာ လည်း အရေး ကြီးတဲ့ ကိစ္စ ရပ်အဖြစ် ပါဝင် ပါတယ်။ နယ်စပ် ဒေသ များနဲ့ ပတ်သက်ပြီး မကြာ မီက ပြည်ပ ကခိုးဝင် မှုတွေ ရှိနေ ဆဲဖြစ် တယ်လို့ ဝေဖန် မှုတွေ ရှိနေတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ဒေသ ဖြစ်သော မောင်တော ခရိုင် အတွင်းမှာ ရှိနေတဲ့ နိုင်ငံသား ဖြစ်နိုင်ဖို့ အရည် အချင်း ရှိတဲ့ ဘင်္ဂါလီ စာရင်းကို ကုလ သမဂ္ဂ ဒုက္ခ သည်များ ဆိုင်ရာ မဟာမင်း ကြီးရုံး (UNHCR) မှ တာဝန် ရှိသူ တွေက ကွင်းဆင်း ကောက်ယူ နေတယ်ဆိုတဲ့ သတင်း တစ်ပုဒ် ပြည်တွင်း ပုဂ္ဂလိက သတင်းစာမှာ ဖော်ပြ ထားရာ UNHCR အနေဖြင့် ဘယ်လို ရည်ရွယ်ချက်နဲ့ ကောက်ယူမှုပြု နေသလဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာ ရပါတယ်။

မွေးစာရင်း မတင်ရ သေးသည့် ကလေးများ လည်းပါဝင် သတင်းမှာ ဖော်ပြ ထားချက် အရ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သီရိ မင်္ဂလာ ခန်းမမှာ ပြုလုပ် ခဲ့တဲ့ နိုင်ငံ တကာ အင်န်ဂျီအို အဖွဲ့အစည်း များနဲ့ နိုင်ငံ တကာ အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ တို့ တွေ့ဆုံပွဲတွင် UNHCR မှ တာဝန်ရှိ သူတစ်ဦးက ယင်းတို့ အနေဖြင့် နိုင်ငံ သားဖြစ်နိုင်ဖို့ အရည်အ ချင်းရှိတဲ့ ဘင်္ဂါလီ စာရင်းကို ကောက်ယူ နေကြောင်း ပြောကြား ခဲ့တာ ဖြစ်တယ်လို့ ပါရှိ ပါတယ်။ ဘင်္ဂါလီစာရင်း ကောက်ယူ နေခြင်းနှင့် ပတ်သက်ပြီး UNHCR က ဆွေးနွေး တင်ပြချက် အရ မွေးစာရင်း မတင်ရ သေးတဲ့ ကလေး အရေ အတွက်နဲ့ နိုင်ငံသား ဖြစ်ခွင့် အရည် အချင်း ရှိတဲ့ ဘင်္ဂါလီ စာရင်းကို ကောက်နေ တယ်လို့ ပြောခဲ့ပြီး ခရိုင် အုပ်ချုပ် ရေးမှူး ဦးအောင်မြင့်စိုးက ယင်းသို့ ကောက်ယူ မှုကို အဖွဲ့အစည်းနဲ့ လုပ်ရမှာ မဟုတ်ဘဲ ၁၉၈၂ ဥပဒေ အတိုင်း သက်ဆိုင်ရာ ကတစ်ဆင့် ဆောင်ရွက်ရ မှာဖြစ်ပြီး ယခု ဖြစ်ရပ်ဟာ ဥပဒေ နဲ့မညီညွတ်တဲ့ အကြောင်း ပြန်လည်ဆွေးနွေး ခဲ့ကြောင်း တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ တစ်ဦးက ဆိုတယ်လို့ သတင်းမှာ ဆက်လက်ရေး သားထား ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့် အရေး ကော်မတီမှ နိုင်ငံသား ပေးရေး တိုက်တွန်း ခဲ့ပြီးနောက် အဆိုပါ သတင်းမှာ ဖော်ပြထား ချက်အရ ဆိုရင်တော့ ကုလ သမဂ္ဂ အဖွဲ့အစည်း တစ်ခု ဖြစ်တဲ့ UNHCR အနေဖြင့် လူဦး ရေစာရင်း ကောက်ယူ ရေးမှာ အငြင်းပွား ဖွယ်ရာ အကြောင်း ရင်းခံတွေ ရှိနေတဲ့ အဆိုပါ ဒေသမှာ ဘာကြောင့် အခုလို နိုင်ငံသား ဖြစ်ခွင့် အရည် အချင်း ရှိတယ်ဆိုတဲ့ ဘင်္ဂါလီ စာရင်းကို ကောက်ယူ နေသလဲ ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်ရ ပါတယ်။ ကောက်ယူတဲ့ နေရာ မှာလည်း အထူး သဖြင့် နိုင်ငံသား ဖြစ်ခွင့် ဆိုတာကို UNHCR အနေဖြင့် ဘယ်လို စံနှုန်း တွေနဲ့ သတ်မှတ် ကောက်ယူ သလဲ၊ UNHCR က နိုင်ငံသား ဖြစ်ခွင့်ကို အခုလို စာရင်းပြုခွင့် ရှိသလား ဆိုတာ ကတော့ အစိုးရ တာဝန်ရှိ သူတွေ အနေနဲ့ မေးခွန်း ထုတ်ဖို့ လိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာက ကုလ သမဂ္ဂ လူ့အခွင့် အရေး ကော်မတီက ရခိုင်ပြည် နယ်တွင်းရှိ ဘင်္ဂါလီ များကို လူနည်းစု အဖြစ် သုံးနှုန်းပြီး ယင်းတို့ကို မြန်မာ အစိုးရ အနေဖြင့် နိုင်ငံသား အဖြစ် သတ်မှတ် ပေးဖို့ တိုက်တွန်းကြောင်း အဆိုကို အတည်ပြု ခဲ့ရာ အစိုးရက ယင်းအ ဆိုကို ငြင်းဆန်တုံ့ ပြန်ခဲ့ပြီးနောက် ယခုလို ကုလ သမဂ္ဂ အဖွဲ့အစည်း တစ်ခု ဖစ်တဲ့ UNHCR က ဒီဇင်ဘာလအတွင်းမှာ ယင်းတို့ ဘာသာ နိုင်ငံသား ဖြစ်နိုင်ဖို့ အရည်အချင်း ရှိတဲ့ ဘင်္ဂါလီ စာရင်း ကောက်ယူ နေတယ်လို့ ထုတ်ဖော်ပြောဆိုခြင်းဟာ ဘယ်လို နောက်ခံ ရည်ရွယ် ချက်တွေ ရှိနေ သလဲ ဆိုတာ အစိုးရ တာဝန် ရှိသူတွေ မေးမြန်း စုံစမ်းဖို့ လိုအပ် နေပါပြီ။ UNHCR အနေနဲ့ နိုင်ငံတွင်း မှာရှိတဲ့ ဒုက္ခ သည်များ အဖြစ် သတ်မှတ် နိုင်ဖို့ အတွက် စာရင်း ကောက်ယူဖို့ တာဝန် ရှိတယ်လို့ ဆိုနိုင်ပေမယ့် နိုင်ငံသား ဖြစ်မှု မဖြစ်မှုနဲ့ ပတ်သက် လာရင်တော့ မြန်မာ နိုင်ငံရဲ့ တည်ဆဲ ဥပဒေ များအရသာ ဆုံးဖြတ် နိုင်မှာ ဖြစ်တယ်လို့ ယူဆမိပါတယ်။

ပြည်လုံးကျွတ် သန်းခေါင် စာရင်းနှင့် ခိုးဝင် သူများ ရခိုင် ပြည်နယ်ရှိ ဘင်္ဂါလီများ နိုင်ငံသား ဖြစ်မှု မဖြစ်မှုနဲ့ ပတ်သက်ပြီး လာမယ့်နှစ်မှာ ကောက်ယူမယ့် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူရေး လုပ်ငန်း တွေကနေ ရခိုင်ပြည် နယ်တွင်းက နိုင်ငံ သားဖြစ်ခွင့်ရှိသူ စာရင်းတွေ ထွက်ရှိ လာဖို့ ရှိနေ သလို ရခိုင် ပြည်နယ်သို့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ ခိုးဝင်လာ မှုဖြစ်စဉ်တွေ ရှိနေ ဆဲဖြစ်ပြီး ပြည်လုံး ကျွတ်သန်း ခေါင်စာရင်း ကောက်ယူ မယ်ဆိုတဲ့ သတင်း ကြောင့် ခိုးဝင် မှုတွေ ပိုများ နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေ ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာက ဘင်္ဂါလီ များနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူဦးရေ စာရင်း ကောက်ခံဖို့ သက်ဆိုင်ရာက စီစဉ်ခဲ့မှု တွေမှာလည်း ဘင်္ဂါလီ တွေက ငြင်းဆန် ခဲ့သဖြင့် အကြိမ်ကြိမ် ရပ်တန့် ထားခဲ့ရပြီး ဘင်္ဂါလီ များက လူမျိုး နေရာတွင် ရိုဟင်ဂျာလို့ ထည့်သွင်း ရေးသား ဖော်ပြရန် တောင်းဆို မှုတွေ ရှိခဲ့သလို အဲဒီလို ငြင်းဆန်မှုတွေ ပြုလုပ်ဖို့ လှုံ့ဆော် သူတွေ ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါ သေးတယ်။ ကမ္ဘာသူ ကမ္ဘာသား တိုင်း ဒုက္ခသည် မဖြစ်အောင် ဒီဖြစ် စဉ်တွေ အရ ရခိုင်ပြည်နယ်မှာ လူဦးရေ စာရင်း ကောက်ယူဖို့ ဆိုရာမှာ အငြင်းပွား ဖွယ်ရာ အချက်တွေ ရှိနေတာကို တွေ့ရမှာ ဖြစ်ပြီး တစ်ဦးတစ်ယောက် အဖွဲ့အစည်း တစ်ခုတည်းက ကောက်ယူဖို့ ဆိုတာထက် ပူးပေါင်း ဆောင်ရွက်ခြင်းက လုပ်ငန်းစဉ်ကို ချောမွေ့စေမယ်လို့ ယူဆရပါတယ်။

ဒါကြောင့် UNHCR အနေနဲ့ နိုင်ငံသား ဖြစ်ခွင့် ရှိသူ လူဦးရေ စာရင်း ကောက်ယူ နေတာထက် လက်ရှိမှာ နိုင်ငံ တော်က လစဉ်ကျပ်သိန်း ပေါင်းများစွာ အကုန်အ ကျခံ စောင့်ရှောက် နေရတဲ့ ရခိုင်ပြည် နယ်အတွင်းရှိ ကယ်ဆယ်ရေး စခန်း များမှ ဘင်္ဂါလီ ဒုက္ခသည် မိသားစု များအတွက် ဘယ်လို ကူညီ စောင့်ရှောက်မှု တွေ တိုးမြှင့်ပေး နိုင်မလဲ။ တကယ်လို့ ပြည်လုံးကျွတ် သန်းခေါင် စာရင်းအပြီး ထွက်ပေါ်လာမယ့် နိုင်ငံသား ဖြစ်ခွင့်နဲ့ အကျုံးမ၀င် သူတွေကို ဘယ်လိုကူညီ စောင့်ရှောက် မှုတွေ ပေးသွား မလဲ။ ဥပမာအားဖြင့် တတိယ နိုင်ငံတွေ ပို့ပေးဖို့ ကူညီ နိုင်မလား ဆိုတာမျိုး တွေကို ကြိုတင် အစီ အမံတွေကို ဆောင်ရွက်ထား သင့်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်ကို အခြားနိုင်ငံက ခိုးဝင်လာ မှုတွေကို တားဆီး ကာကွယ် နိုင်ဖို့ အတွက်လည်း ကုလ သမဂ္ဂ အဖွဲ့အစည်း ဖြစ်တဲ့ UNHCR အနေနဲ့ ဘယ်လို နိုင်ငံတကာ အဖွဲ့ အစည်းတွေ အစိုး ရတွေနဲ့ ပူးပေါင်း ဆောင်ရွက်ပြီး ကူညီနိုင်မ လဲဆိုတာ အဖြေရှာ သင့်ပြီး ကမ္ဘာသူ ကမ္ဘာ သားတိုင်း ဒုက္ခသည် မဖြစ်အောင် ကုလ သမဂ္ဂ အဖွဲ့အစည်း တွေအနေနဲ့ ဘယ်လိုစွမ်းဆောင် ပေးနိုင် မလဲဆိုတာ အဓိကလို့ ယူဆ မိပါတယ်။

နိုင်ငံသား ဖြစ်ရေးဟာ တစ်ဦး တစ်ယောက် အဖွဲ့အ စည်းတစ်ခုက အသိ အမှတ်ပြုရုံနဲ့ မပြီး ပါဘူး။ နိုင်ငံ သူနိုင်ငံသား အားလုံး နဲ့ သက်ဆိုင်တဲ့ ကိစ္စ ဖြစ်တာကြောင့် သက်ဆိုင်ရာ နိုင်ငံအလိုက် သတ်မှတ် ထားတဲ့ နိုင်ငံသား ဖြစ်ခွင့် ဥပဒေ များကသာ အဆုံး အဖြတ် ပေးနိုင်မှာ ဖြစ်ပါ ကြောင်း တင်ပြ လိုက်ရ ပါတယ်။ (ရခိုင် ပြည်နယ်ရှိ ဘင်္ဂါလီ ဒုက္ခသည် စခန်း တစ်ခုရှိ ဘင်္ဂါလီများ, UNHCR အား တွေ့ရစဉ်)

Eleven News

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။