i Love Myanmar
မြန်မာနိုင်ငံသို့ တစ်ကြိမ်တစ်ခါမှ ရောက်ရှိခဲ့ဖူးခြင်းမရှိသော ကမ္ဘာ့ဖလား ဆုကြီး ရန်ကုန်မြို့သို့ ရောက်ရှိ******************
ရန်ကုန်၊ ဒီဇင်ဘာ (၂၅)
မြန်မာနိုင်ငံသို့ တစ်ကြိမ်တစ်ခါမှ ရောက်ရှိခဲ့ဖူးခြင်းမရှိသော ကမ္ဘာ့ဖလား ဆုကြီးသည် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့မှ ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်သို့ ယနေ့မွန်းလွဲ တစ်နာရီတွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
၂၀၁၄ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံတွင်ကျင်းပမည့်
ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ကမ္ဘာ့ဖလားဆုကြီးကို နိုင်ငံပေါင်း (၉၀) သို့
ကိုးလကြာ လှည့်လည်ပြသ မည်ဖြစ်ပြီး မြန်မာနိုင်ငံသည် ကမ္ဘာ့ဖလားဆုကြီး
ရောက်ရှိလာသည့် (၅၃) နိုင်ငံမြောက်ဖြစ်သည်။
မြန်မာနိုင်ငံအပါအ၀င် တစ်ကြိမ်တစ်ခါမှ ရောက်ရှိခဲ့ဖူးခြင်းမရှိ သည့် နိုင်ငံပေါင်း (၅၁)နိုင်ငံသို့ ယခုနှစ်တွင် ကမ္ဘာ့ဖလားဆုကြီးကို ကမ္ဘာ့ဘော်လုံးအဖွဲ့ချုပ်က လိုက်လံပြသမည် ဖြစ်ကြောင်း၊ ကမ္ဘာ့ဖလားဒိုင်းဆု လှည့်လည်ပြသသည့်အစီအစဉ်ကို ၂၀၁၃ စက်တင်ဘာလတွင် စတင်ပြီး မိုင်ပေါင်း ကိုးသောင်းနှစ်ထောင်ကျော် လှည့်လည်ကာ ၂၀၁၄ဧပြီလတွင် ဘရာဇီးလ်နိုင်ငံတွင်ခရီးစဉ်ပြီးဆုံး မည် ဖြစ်ကြောင်း ကိုကာကိုလာ(မြန်မာ) ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Mr.Rehan Khan က ယနေ့မွန်းလွဲ (၄) နာရီက ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင်ပြောကြား သည်။
မြန်မာနိုင်ငံရှိ ဘောလုံးဝါသနာရှင်များအတွက် ကမ္ဘာ့ဖလားဆုကြီးကို ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် ဒီဇင်ဘာလ (၂၆) ရက်နေ့ မနက် ၁၀နာရီမှ ည ၁၀နာရီအထိ ခင်းကျင်းပြသသွားမည်ဖြစ် ပြီး ဟော်လိုဂ ရမ်သရီးဒီပုံရိပ်တင်ဆက်မှု၊ ၂၀၁၄ ခုနှစ် FIFA ကမ္ဘာ့ဖလားလာဘ်ကောင် ရုပ်နှင့်အတူ ဓါတ်ပုံရိုက်ကူးခွင့်၊ မြန်မာ့ဘော်လုံးရွှေခေတ် က အောင်မြင်ခဲ့သည့် ဦးတင်အောင် (ဂိုး) အပါအ၀င် မြန်မာဘော်လုံး အကျော်အမော်များနှင့် တွေ့ဆုံ၍အမှတ်တရ လက်မှတ်ရေးထိုးခွင့်၊ ကိုကာကိုလာ(မြန်မာ)၏ Brand Ambassador များဖြစ်ကြသည့် စိုင်းစိုင်းခမ်းလှိုင်၊ Bobby Soxer တို့အပါဝင် ပြည်တွင်းအနုပညာရှင်များ ၏ ဂီတဖျော်ဖြေတင်ဆက်မှုများနှင့် ပျော်ရွှင်ဖွယ်ဂိမ်းကစားခြင်းအစီအစဉ်များကို ထည့်သွင်းထားကြောင်း သိရသည်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၃၀ ခုနှစ်တွင် ဥရုဂွေးနိုင်ငံတွင် စတင်ကျင်းပခဲ့ပြီး ပထမဆုံးပြုလုပ်ထားသည့် ကမ္ဘာ့ဖလား (ဂျူလ်ရီးမက်ဖလား) ကို ၁၉၅၈၊ ၁၉၆၂ နှင့် ၁၉၇၀တွင်ကျင်းပသော ကိုးကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲ များတွင် သုံးကြိမ်အနိုင်ရရှိခဲ့သော ဘရာဇီးလ်နိုင်ငံအား အပိုင်ပေးအပ်ခဲ့သည်။
၁၉၇၄ တွင်ပြန်လည်ပြုလုပ်ခဲ့သည့် ကမ္ဘာ့ဖလားဆုကို FIFA မှ၂၀၀၆ ခုနှစ်တွင် စတင် လှည့်လည်ပြသခြင်း အစီအစဉ်ကိုပြုလုပ်ခဲ့သည်။ ၁၈ ကာရတ် ရွှေဖြင့်ပြုလုပ်ထားသော ကမ္ဘာ့ဖလားဆုကြီးသည် အမြင့် ၃၆ စင်တီမီတာ မြင့်ပြီးအလေးချိန် ၆၁၇၅ ဂရမ်လေးပြီး ယင်းဆုဖလားအောက်ခြေတွင် ၁၉၇၄ခုနှစ်မှ စတင်ပြီး ကမ္ဘာ့ဖလား ရရှိခဲ့သည့် နိုင်ငံများ၏ အမည်ကို ရေးထိုးထားသည်။ FIFA ကမ္ဘာ့ဖလားသည် FIFA ၏ ပိုင်ဆိုင်မှုအဖြစ် ရှိရမည်ဆိုသော ဥပဒေထုတ်ပြန်ထားခြင်းကြောင့် အဆိုပါဖလားကို မည့်သည့်နိုင်ငံသို့မှ အပိုင်ပေးအပ်ခြင်း မရှိပေ။ကိုကာကိုလာအချိုရည် သံဘူး (၆) ဘူးဝယ် ယူ၍ ကြည့်ရှုခွင့်လက်မှတ်ရယူထားကာ ကမ္ဘာ့ဖလား ကို လာရောက်ကြည့်ရှု မည့် မြန်မာ့ဘော်လုံးဝါသနာရှင် တစ်သောင်းခြောက်ထောင်ခန့်လာရောက် ကြည့်ရှုမည်ဟု ခန့်မှန်းထားကြောင်း ကိုကာကိုလာကုမ္ပဏီ (မြန်မာ)၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
MOI
LIKE SHARE✓ I MYANMAR
#iLoveMyanmar #Myanmar #iLoveMM #WeLoveMyanmar

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။