“ဖြစ်စေချင်သော ဆန္ဒ”
------------------------
- စင်္ကာ ပူ မြေကိုထိလိုက်တာနဲ့ ဥပုသ်သီတင်းစောင့်လိုက်သလိုဘဲ။
ကိုယ်နှုတ်နှလုံး သုံးပါးလုံး ယဉ်ကျေးသွား ပါတယ်။ အမေရိက မှာ
လည်း ပိုပြီးယဉ်ကျေးတဲ့ စည်းကမ်းတွေ တွေ့ခဲ့ ရပါတယ်။
- ဥပမာ ရထားစီးတဲ့အခါမျိုးတွေလို အများပြည်သူ တွေကြားမှာ အား
နည်းသူ ၊ အမှန်တစ်ကယ် လိုအပ်သူများကို ဦးစားပေးကြရ တာတွေ
ဟာ၊ ဥပဒေနဲ့ ပြဋ္ဌာန်းထားတာပါ။
- မွေးထားတဲ့ခွေး နဲ့လမ်းလျှောက် လျင် ၊ ကိုယ့်ခွေးရဲ့အညစ်အကြေး
ကိုယ်တာဝန်လို့ ဥပဒေ နဲ့ ပြဋ္ဌာန်း ပြီးသား။ ကျေးငှက် တိရိစ္ဆာန် တွေ
ကိုလည်း ဥပဒေ နဲ့ကာကွယ် စောင့်ရှောက်ထားတယ်။
- စည်းကမ်းဆိုတာ ၊ ဥပဒေပြဋ္ဌာန်း မှု ရှိကိုရှိမှပါ။ စည်းကမ်း ဆိုတာ
ဥပဒေက လာတာမို့ * လူ့တန်ဘိုးဟာ * ဥပဒေသ ပါ ။ စည်းကမ်း
ကောင်းများကိုတရားမျှတသော ဥပဒေများ ပြဋ္ဌာန်းပြီး စည်းကမ်း ရှိ
ရှိသော မြန်မာပြည် ဖြစ်လာပါစေ။
Credit To - Voice of James Mint's status --> ( ဒေးဗစ်အောင် )
Thanks to all .
=====================================
- အထက်ကစာလေးတွေ ဖတ်ပြီး ပြောချင်တာလေးနည်းနည်းရှိလို့ပါ။
အထက်က ထောက်ပြထားတဲ့အရာတွေကို ကိုယ့်နိုင်ငံမှာ အများကြီး
ပြင်ရ ပါအုံးမယ်။ မြန်မာပြည်သားတိုင်း မြန်မာပြည်ကို ချစ်ကြတယ်။
- မြတ်နိုးတယ်။ တန်ဖိုးထားတယ်။ တိုးတက်စေချင်တယ်။ သို့သော် မြန်
မာပြည်ကြီးတိုးတက်ဖို့အတွက် တစ်ဦးခြင်းစီရဲ့ တာဝန်ယူမှု အရမ်းအား နည်းနေသေးတယ်ဆိုတာ အ များကြီးတွေ့ရပါတယ်။
- ဥပမာ ဒီနေရာမှာ ကွမ်းတံတွေး မထွေးရလို့ရေးထားရင် အဲနေရာထွေး
ထားတာတွေ တွေ့ရတယ်။ ကားပေါ်မှာ ပက်ခနဲထွေးသွားတာ၊ လူကြား
သူကြား ဆေးလိပ်သောက်တာတွေ၊ ကားပေါ်မှာ စပါယ်ယာ၊ ဒရိုင်ဘာ
တွေ ဆဲဆိုနေကြတာ၊ ကိုယ်က ပဲခူးနေတာဆိုတော့ ပဲခူး ရန်ကုန် ဟိုင်း
လက်ကားသမားတွေ၊ အချို့အိတ်စပက်တွေဆို မကြားဝံ့မနာသာဆဲဆို
နေကြတာ အများကြီးတွေ့ရတယ်။
- နောက်တစ်ချက် မြို့တွင်းဆွဲတဲ့လိုင်းကားသမားတွေ၊ ဆဲဆိုနေတာ အ
မြဲကြုံရတယ်။ ခု ပြင်တယ်ဆိုရင်တော့ မပြောတတ်တော့ဘူး။ မိမိတို့ ပြည်
ပ ကျောင်းလာ တက်ဖြစ်တယ်။ မကြာ ခဏဆိုသလို ကျောင်းပိတ် ရက်
မှာ ဟိုနိုင်ငံ၊ ဒီနိုင်ငံ သွားဖြစ်တယ်။ ရောက်တဲ့နေရာတိုင်း အမြဲသတိထား
ကြည့်တယ်။ လေ့လာတယ်။
- လိုင်းကားသမားတွေ၊ တက်စီသမားတွေ၊ ကိုယ်ပိုင်ကားသမားတွေ ဆဲ
ဆိုနေတာ သိပ်မတွေ့ရဘူး။ ရှိတော့ ရှိမယ်ပေါ့။ ဒါပေမဲ့ ကျော်တက်သွား
ခဲ့ရင်တောင်မှ ကြမ်းကြမ်းတမ်းတမ်းဆဲတာ၊ ဆိုတာ မကြားမိဘူး။ မတွေ့
မိဘူး။
- ကိုယ့်နိုင်ငံဆို ဦးကျော်သူ ခေါ်လိုက်ရမလား။ ဘာလား ညာလားဆိုပြီး
အမျိုးကို စုံလို့။ ဗုဒ္ဓဘာသာ နိုင်ငံတစ်ခုလို့ အမည်ခံထားပါလျှက် လူတွေ
ဘာကြောင့်များ အဲဒီလောက်ကြမ်းတမ်းနေရတာလဲ ဆိုတာ မကြာခဏ
တွေးဖြစ်တယ်။
- အဓိက အကြောင်းအရင်းက ဆင်းရဲလို့များလားဆိုတာလည်း တွေးမိပါ
တယ်။ ဒါဆိုရင် သီရိလင်္ကာလည်း ဆင်းရဲပါတယ်။ ဘာလို့မဆဲကြတာလဲ။
ဒေါသနည်းကြတာလဲ။ ကိုယ့်ဘာသာပဲ အဖြေရှာကြည့်စေချင်တယ်။
- ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားဆိုတဲ့ မြန်မာ့
ယဉ်ကျေးမှု ဆောင်ပုဒ်လေးလည်း တဖြည်းဖြည်း ပျောက်ကွယ်လို့လာတ
ယ်။ အနောက်နိုင်ငံတွေရဲ့ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးပါတယ်လို့ ဆိုပြီးမ
ကောင်းတဲ့ အမူအကျင့်တွေပဲ အတုခိုးလာတာ တွေ့ရတယ်။
- အနောက်နိုင်ငံတွေမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာလို့ ခေါင်းစဉ်မတပ်ပေ
မဲ့ အဲဒီသဘောတရားရဲ့ အောက်မှာ ကျင့်သုံးနေကြတဲ့သူတွေ အများအ
ပြားရှိတယ်ဆိုတာ သိစေချင်တယ်။
- ပြောစရာတွေတော့ အများကြီးပါ။ အချိန်ရရင်တော့ ထပ်ရေးပါအုံးမယ်။
အတုယူတယ်၊ အတုခိုးတယ်ဆိုတာ မကောင်းတာကို ပယ်၊ ကောင်းတာ
ကို သယ်ရမှာပါပဲ။
- ဒီလိုမှ မဟုတ်ဘဲ လွတ်လပ်သော ဒီမိုကရေစီ လူ့အခွင့်အရေးဆိုပြီး ကိုယ်
နှုတ် စိတ်သုံးပါးလုံး ထိန်းသိမ်းခြင်းမရှိဘဲ စိိတ်ခံစားချက်ကိုသာ ဦးစားပေး
လုပ်ကိုင်နေမယ်ဆိုရင်တော့ စစ်မှန်သော ဒီမိုကရေစီနိုင်ငံတစ်ခုတော့မဖြစ်
နိုင်ပါဘူးး။
- စစ်မှန်သော ဒီမိုကရေစီဆိုတာ စည်းကမ်းပြည့်ဝသော၊ တန်းတူညီမျှ အခွင့်
အရေးရှိသော၊ တစ်ဦးခြင်းတာဝန်ယူမှု အသိစိတ်ဓာတ်ရှိသော ဥပဒေဖြစ်တ
ယ်ဆိုတာ နားလည်သလောက်ပြောပါရစေ။။။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။