Mg Chan Khayan Pyar with Zaw Htet Aung and 22 others
လုပ်ကြတော့ သူ့ကိုမေးကြတယ် ....
အလွန်အောင်မြင်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဆိုတော့.. သမ္မတကြီးခင်မျာ ..ဘယ်လိုအောင်မြင်မှုမျိုးဆိုတာ ကောင်းပါသလဲ ..
ဘဝမှာ ဘယ်လိုနေခြင်းဟာကောင်းပါသလဲ .. ဘယ်လိုအခွင့်အလမ်း မျိုးကိုရွေးချယ်ဆုံးဖြတ်
ရမလဲ စသဖြင့်မေးခွန်းတွေ အများကြီး ဝိုင်းမေးကြတာပေါ့ ....
အဲဒီမှာ တက်လာတဲ့မေးခွန်းတွေက အရမ်းများလာတဲ့အခါကြတော့ သမ္မတကြီး တော်တော်လေး စိတ်ရှုပ်လာတယ် ထင်ပါတယ် .....
နေအုံးဗျာ ခင်များတို့မေးတာတွေ အသာထားအုံး ကျွန်တော့် အတွေ့အကြုံတစ်ခုကို အရင်ပြောပြ
မယ်ဆိုပြီးတော့ .... သူဘာပြောပြလည်းဆိုတော့
လူလေးသိန်းကျော်လောက်သေခဲ့တဲ့ လူမျိုးမတူလို့ လူအချင်းချင်းသတ်ခဲ့တဲ့ ရဝမ်ဒါကိစ္စအပြီးမှာ အဲဒီ ရဝမ်ဒါနိုင်ငံကို ကျွန်တော့်ဇနီးနဲ့အတူ
အလယ်အပတ် ခရီးရောက်သွားခဲ့တယ် ...
ဟိုရောက်တော့ အသက်မသေပဲ ရှင်ကျန်ခဲ့တဲ့ လူတစ်ချို့ပေါ့လေ ကျွန်တော့်ကိုလာတွေ့ကြတယ် ..လာတွေ့တဲ့လူတွေမှာ အားလုံးနီးပါးက အကောင်းပကတိမရှိကြတော့ဘူး ..
ကျွန်တော်ထိုင်နေတဲ့ နားကို သူတို့ရောက်လာဖို့ ဝှီးချဲတွေ ၊ ဂျိုင်းထောက်တွေနဲ့ တစ်ချို့ဆို လူတွဲ
ပြီးခေါ်လာမှရတဲ့ အနေအထားကများတယ် ...
ဘယ်သူမှလူကောင်းအနေနဲ့ မကျန်ခဲ့ဘူး ..
အဲဒီအချိန်မှာ ကျွန်တော်ဝမ်းသာ သွားတာက ဘာလဲဆိုတော့ ..အရပ်ထောင်ထောင်မောင်း
မောင်းနဲ့ အမျိုးသမီးကြီးတစ်ယောက်ထဲ
ကျွန်တော်ရှိရာကို တစ်ယောက်ထဲ လမ်းလျှောက်လာနေတာ မြင်လိုက်ရတယ် ..
ဪ အခုလို သတ်ပွဲဖြတ်ပွဲကြီးမှာ သူကတော့ တော်တော်ကံကောင်းရှာပါတယ် ..ဘာမှဒဏ်ရာမရပဲ အခုလို အသက်ရှင်ကျန်နေခဲ့နိုင်တာပဲဆိုပြီး
တွေးနေတုန်း .....သူ့အနားရောက်နေတဲ့ အဲဒီအမျိုးသမီးကြီးကလည်း တော်တော်အတွေးအခေါ်ကောင်းပုံရတယ်...
စကားတစ်ခွန်းလှမ်းပြောတယ် ...
သမ္မတကြီးရှင်တဲ့ ..ကျွန်မကိုအခုလိုမြင်လိုက်ရလို့
အလွန်ကံကောင်းတဲ့ အမျိုးသမီး လို့တွေးထင်ထားကောင်း ထင်နိုင်ပါတယ်.. တကယ်တော့ သမ္မတ
ကြီးထင်ထားသလိုမဟုတ်ပါဘူး ..
ဒီမှာကြည့်ပါဆိုပြီး သူ့ကိုယ်ပေါ် လွှမ်းခြုံလာတဲ့ ဝတ်ရုံမဲအရှည်ကြီးကို လှပ်ပြတယ် .... အို
သမ္မတကြီး အံအားသင့်သွားရတယ် ...
ဟုတ်ပါတယ်သမ္မတကြီး ကျွန်မတစ်ကိုယ်လုံး
သေရာပါဒဏ်ရာတွေကြီးပါပဲ .. သေပြီထင်လို့ ပြစ်ထားထဲ့ကြလို့သာ ကျွန်မအခုလို အသက်ရှင်
ကျန်ရစ်ခဲ့ရတာပါ .. အဲဒီကာလတွေမှာ ကျွန်မတို့တွေအိပ်ကောင်းခြင်းမအိပ်ရ ၊ စားကောင်းခြင်းမစားရ ၊ လမ်းအပြင်လဲ
မထွက်ရဲ ယုတ်ဆွအဆုံး
စကားတောင် ကျယ်ကျယ်မပြောရဲခဲ့ပါဘူး ...
၂၄နာရီပတ်လုံး လက်တကမ်းက သေခြင်းတရားဆိုတာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ပြီးမှ ရလာတဲ့အသက်ရှင်မှု အခွင့်အလမ်းပါတဲ့ ....
သမ္မတကြီးက အဲဒီလိုပြောပြပြီး စကားကိုနိဂုံးပြန်ချုပ်တယ် ...
ခင်များတို့ ဘဝမှာ ဘယ်လို အောင်မြင်မှုမျိုးဆိုတာ ကောင်းပါသလဲ .. ဘဝမှာဘယ်လို နေထိုင်ခြင်းဟာကောင်းပါသလဲ ..ဘယ်လိုအခွင့်အလမ်း မျိုးကိုရွေးချယ်ဆုံးဖြတ်ရမလဲဆိုတာထက် ... ဘဝမှာ အသက်ရှင်နေရခြင်းကိုက .. အသက်ရှင်နေရခြင်းကိုက ..
တကယ့်အဖိုးမဖြတ်နိုင်တဲ့ အခွင့်အလမ်းကောင်း
တစ်ခုပါပဲဆိုပြီး ပြောပြခဲ့ဘူးပါတယ် ...
ဟုတ်ပါတယ် ကျွန်တော်တို့ အသက်ရှင်ခွင့်ရတဲ့ အခိုက်အတန့်လေးမှာ ဒီအခွင့်အခါကောင်းလေးကို လက်မလွှတ်ပဲ ကျွန်တော်တို့နိုင်ရာလေးတွေ လုပ်ကြရင်းနဲ့ လောကကြီးကိုအလှဆင်ကြပါစို့...
မောင်ချမ်း ( ခရမ်းပြာ )
ဆရာနန္ဒသိန်းဇံ ကောက်နှုတ်ချက်မှ
ပြန်လည်ဖော်ပြရင်း .. အသက်ရှင်သန်ခြင်း
အခွင့်အခါကောင်းကို ပထမဦးဆုံး ဖန်တီးပေးခဲ့တဲ့ ကျွန်တော်ရဲ့မိခင်ကြီးကို ဒီစာစုလေးနဲ့
ဂါရဝပြုပါတယ်.....

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။