အနုပညာလောကတွင်
စွယ်စုံရအနုပညာရှင်ဝင်းဦး၏နာမည်ရင်းမှာ မောင်ကိုဦး (ခ) မောင်လှမြင့်
ဖြစ်ပြီး ၁၉၃၅ ခုနှစ်၊ မတ်လ ၁၃ရက်နေ့တွင် မွေးဖွားခဲ့သည်။ ၁၉၄၉ခုနှစ် က
သွေးသောက်၊ ရှုမဝ စသည့်မဂ္ဂဇင်းတို့တွင် မောင်ကိုဦး၊ညိုမင်းလွင် စသည့်
ကလောင်အမည်များဖြင့် ဆောင်းပါး၊ ဝတ္ထုတိုများကိုရေး သားခဲ့သည်။
၁၉၆ဝ ခုနှစ်
ရှုမဝမဂ္ဂဇင်းတွင် ” ဝင်းဦး” ကလောင်နာမည်တပ်ကာ “တက္ကသိုလ်ကျောင်းသားတစ်ဦး”
အခန်းဆက်ဝတ္ထုရှည်ကို စတင်ရေးသားခဲ့သည်။ ရှုမဝ မဂ္ဂဇင်းတွင် လစဉ်မှန်မှန်
ဝတ္ထုများကို “ဝင်းဦး” အမည် ဖြင့်ရေးသားခဲ့ရာ
လူကြိုက်များလာခဲ့သည်။စာရေးဆရာဝင်းဦး၏အောင်မြင်ကျော်ကြားခဲ့သော
လုံးချင်းဝတ္ထုများမှာ “မိန်းမလှအမုန်း” နှင့် ” နောင် အင်းလေး”
တို့ဖြစ်ကြသည်။
၁၉၆၁ ခုနှစ်၊ အောက်တိုဘာ ၂၈ရက်နေ့တွင်
“နှစ်ယောက်တည်းနေချင်တယ်” ဇာတ်ကားဖြင့် ရုပ်ရှင်လောက သို့
စတင်ခြေချခဲ့ရာအောင် မြင်မှုများရရှိခဲ့သည်။ ပရိသတ်က ကြိုက်နှစ်သက်ပြီး
အောင်မြင်မှုများရရှိနေချိန်တွင် ဂီတအနုပညာမျိုးရိုး ဗီဇကရှိနေ သောကြောင့်
ဂီတစင်မြင့် ပေါ်သို့ ရောက်ရှိလာခဲ့သည်။ ၁၉၆၉ ခုနှစ်၊ ဧပြီ ၅ ရက်နေ့ တွင်
စန္ဒာမဂ္ဂဇင်းကိုစတင် တည်ထောင်ခဲ့ပြီး ကိုယ်တိုင် တည်းဖြတ်ထုတ်ဝေခဲ့သည်။ ၁၉၈ဝ
ပြည့်နှစ်တွင် ကိုယ်တိုင် စီစဉ်သော ပြဇာတ် များဖြင့် ခေတ်ဟောင်း ရုပ်ရှင်
မင်းသား၊ မင်းသမီးကြီးများဖြစ်ကြသော ဖိုးပါကြီး၊ ကျော်ဖေ၊ မျိုးချစ်၊
မေချစ်၊ခင်လေးဆွေ၊ မြင့်မြင့် ဌေး၊ ခင်အုန်း မြင့်တို့ကို လက်
တွဲခေါ်ယူပွဲထုတ်ခဲ့သည်။ ထို့အ ပြင်
စန္ဒာရုပ်ရှင်ကိုလည်း ထုတ် လုပ်သူ၊ ဒါရိုက်တာ၊သရုပ် ဆောင်မင်းသားစသည်တို့ကို တစ်ဦးတည်းနိုင်နင်းစွာ ဆောင်ရွက်ခဲ့သည်။
စန္ဒာရုပ်ရှင်ကိုလည်း ထုတ် လုပ်သူ၊ ဒါရိုက်တာ၊သရုပ် ဆောင်မင်းသားစသည်တို့ကို တစ်ဦးတည်းနိုင်နင်းစွာ ဆောင်ရွက်ခဲ့သည်။
၁၉၆၇ ခုနှစ်တွင် ” ဆောင်းအိပ်မက်”
ရုပ်ရှင်ဇာတ်ကား၊ ၁၉၇ဝခုနှစ်တွင် ” မှုန်ရွှေရည်” ဇာတ်ကားတို့ဖြင့်
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ) ကိုရ ရှိခဲ့သည်။စွယ်စုံရ
အနုပညာရှင်ဝင်းဦး၏ “ငွေလှိုင်းဇာပေါ်” ဇာတ်ကားသည်နောက်ဆုံး
ရုပ်ရှင်ရုံတင်ခဲ့သော ဇာတ်ကားဖြစ်ပြီး “မှုန်ရွှေရည်” ဇာတ်ကားအဆက်ဖြစ်သော ”
ခိုင်မာလာနှင်းဆီ” ကို ရိုက်ကူးနေရင်းမကျန်းမာလာသဖြင့်
အဆုံးသတ်မရိုက်ခဲ့သောကြောင့် သရုပ်ဆောင် ရန်အောင်နှင့်
ဆက်လက်ရိုက်ကူးခဲ့သည်။ရုပ်ရှင်မင်းသား၊ အဆိုတော်၊ ရုပ်ရှင် ဒါရိုက်တာ၊
စာရေးဆရာ၊ စန္ဒာမဂ္ဂဇင်း စာတည်းချုပ်စသည်ဖြင့် အနုပညာ နယ်ပယ်တွင် “ဝင်းဦး”
နာမည်မပါလျှင်မပြီးသည့်အခြေအနေ မျိုးရောက်သည်အ ထိကျော်ကြား
ခဲ့ပြီးပရိသတ်များ ဝိုင်းဝိုင်းလည်ခဲ့သည်။ ဝင်းဦးသည် ဆိတ်ငြိမ်
တိတ်ဆိတ်သည့်နေရာတစ်ခုတွင်တိုက်လေး တစ်လုံးဝယ်ယူပြီးနောက် ဂါးဒီး ယန်း
ဦးစိန်ဝင်း၏ “ဆန်းဘင်း” ပြိုင်ကားလေးကိုဝယ်ယူခဲ့သည်။ ထိုစဉ်ကာလများတွင်
ဂါးဒီးယန်းဦးစိန်ဝင်းသည် သတင်းစာလောကတွင် ထိပ်တန်းရောက်ရှိနေသည့် ဂါးဒီး
ယန်းသတင်းစာ ၏ အယ်ဒီတာချုပ်တာဝန်ကို ထမ်းဆောင်နေသလိုသတင်းစာဆရာ
အသင်းဥက္ကဋ္ဌလည်း ဖြစ်သည်။ ဂါးဒီးယန်း ဦးစိန်ဝင်းက “မောင်ဝင်းဦးနဲ့
အလုပ်လုပ်ရ တာစိတ် ချမ်းသာတယ်။ကျွန် တော့်ကားလေးကို သူ ကြိုက်တယ်။
အန်ကယ်ဘယ် လောက်ရရင် ရောင်းမလဲဆို တော့ ကျွန်တော်လည်း ဈေးပြောလိုက်
တယ်။နောက် တစ်နေ့ အသင့် ရိုက်ပြီးသားစာချုပ်နဲ့ငွေ ရောက်ပြီးကားယူသွားတာပဲ”
လို့ မှတ်ချက်ချဖူးသည်။
စန္ဒာမဂ္ဂဇင်းတွင် ရေးသားသည့်
စာရေးဆရာများကို ” ဆရာတွေနော်အစိုးရကို အတိုက်အခိုက်၊ ကိုယ်အချင်းချင်း
အတိုက်အခိုက်လေးတွေ တော့ မလုပ်ကြပါနဲ့။ အဲဒီနှစ် ချက်ကိုဖယ်၊ ကျန်တာဆရာ
တို့သဘောကျရေးပါ” လို့ဝင်းဦးက ဆိုခဲ့ဖူးသည်။ နှစ်စဉ် ဧပြီ ၅ရက်နေ့
ရောက်တိုင်း စန္ဒာမဂ္ဂဇင်းမွေးနေ့အထိမ်းအမှတ်ကို လေးလေးနက်နက် ကျင်းပလေ့
ရှိသည်။၁၉၈၈ ခုနှစ်၊ မေလတွင် အူမကြီးကင်ဆာဖြင့် အင်္ဂလန် နိုင်ငံသို့
ဆေးကုသရန်သွား ရောက်ခဲ့သည်။ အမိမြန်မာ နိုင်ငံတော်သို့ ရောက်ရှိ လာပြီး
၁၉၈၈၊ ဒီဇင်ဘာ ၁၄ ရက် နေ့တွင် ကွယ်လွန်သွားခဲ့သည်။ စွယ်စုံရ
အနုပညာရှင်ဝင်းဦး ကွယ်လွန်သွားသည်မှာ ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်နေ့ ၌ ၂၅
နှစ်တင်းတင်း (ငွေရတု) ကာလသို့ရောက်ရှိခဲ့သော် လည်း သူ့ကိုချစ်ခင်သော
ပရိသတ်များနှင့်အနုပညာ ရှင်များကဘက်စုံ ကျော်ကြား သည့်ဝင်းဦးအား အောက်မေ့
တသလျက်ရှိပါသေးသည်။ လူသာကွယ်လွန်သွားသော်လည်း အနုပညာ လောကတွင် နာမည်တစ်လုံး
ကမ္ပည်းထိုး ခဲ့သူ ဝင်းဦးကိုယနေ့ထိတိုင် အမှတ်ရလွမ်းဆွတ်နေကြသည်မှာ
အမှန်ပင်။
ကြယ်စင်သစ်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။