Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, December 28, 2013

ဒီမိုကရေစီ စီးပွားရေးမှာ ခရိုနီတွေ လိုသေး သလား



ဒီမိုကရေစီ စီးပွားရေးမှာ ခရိုနီတွေ လိုသေး သလား


မကြာသေးခင်အချိန်အတွင်းက ဒီမိုကရေစီနိုင်ငံ ဖြစ်လာလို့ နိုင်ငံစီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ်ဆိုရင် ခရိုနီတွေကိုတော့ ပစ်ပယ်လို့မရသေးဘူး။ ခရိုနီတွေရှိနေဦးမှာပဲဆိုတဲ့ ပြောသံဆို သံတစ်ခုပေါ်ထွက်လာခဲ့ပါတယ်။ သည်အယူအဆကတော့ ခရိုနီ (crony) တွေဟာ နိုင်ငံရဲ့လက်ရှိစီး ပွားရေးမှာ ခိုင် ခိုင်မာမာ နေရာရထားပြီး ငွေရင်းငွေနှီးတွေ နဲ့ လုပ်ငန်းကျွမ်းကျင်မှုတွေ ရှိနေတဲ့အတွက် ထိုသူတွေကို ဒီမိုကရေစီနိုင်ငံသစ်ရဲ့ စီးပွားရေးမှာအရေးပါတဲ့နေရာကနေ ဆက်လက်ပါဝင်ခွင့်ပေးရမယ် ဆိုတဲ့ အယူအဆပဲဖြစ်ပါတယ်။

ခရိုနီဝါဒ ထွန်းကားရာနိုင်ငံတွေ

တကယ်တော့ ခရိုနီတွေဟာ နိုင်ငံတစ်နိုင်ငံမှာ အပေါင်းအသင်းရောင်းရင်းကောင်း စားရေးဝါဒ သို့မဟုတ် ခရိုနီဝါဒ (cron- yism) ထွန်းကားရာကနေ ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။ ခရိုနီဝါဒဟာ ဒီမိုကရေစီ အားနည်းတဲ့ နိုင်ငံတွေနဲ့ အာဏာရှင်စနစ် အောက်မှ လွတ်မြောက်ခဲ့ပြီးနောက် ဒီမိုကရေစီနိုင်ငံရေးစနစ် ကို အပြည့်အ၀ဖော်ဆောင်ခြင်း မပြုနိုင်သေးတဲ့ နိုင်ငံတွေမှာ ပေါ်ပေါက်လေ့ရှိတယ်။ အာဏာရှင်နိုင်ငံ တွေနဲ့ အာဏာရှင်တစ်ပိုင်း နိုင်ငံတွေမှာ အုပ်စိုးသူတွေဟာ နိုင်ငံရဲ့စီးပွားရေး အရင်းအမြစ်တွေကို မိမိတို့ အုပ်စု သို့မဟုတ် မိမိတို့မိသားစုရဲ့ အာဏာတည်မြဲရေးနဲ့ ကိုယ်ကျိုးစီးပွားတို့အတွက် အသုံးချကြပါတယ် ။ အဲဒီလို အသုံးချကျရာမှာ အဲဒီ အရင်းအမြစ်တွေ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းတွေကို သူတို့ကိုယ်စား စီမံခန့်ခွဲမယ့် သူတို့ယုံကြည်စိတ်ချရမယ့်သူတွေကို ရှာဖွေကြပါတယ်။

အဆိုပါ အာဏာရှင်အုပ်စိုးသူတွေဟာ ၎င်းတို့ရဲ့ အရင်က အုပ်ချုပ်ခဲ့ကြတဲ့ အင်အားချိနဲ့တဲ့ အရင်းရှင် ဒီမိုကရေစီအစိုးရ တွေထံမှဖြစ်စေ၊ သို့မဟုတ် ပဒေသရာဇ်တစ်ပိုင်း အစိုးရတွေထံကဖြစ်စေ နိုင်ငံ့အာ ဏာကို ရယူခဲ့ကြသူတွေ ဖြစ်ပါတယ်။ အဆိုပါ အာဏာရှင်နဲ့ အာဏာရှင်တစ်ပိုင်း အုပ်စိုးသူတွေဟာ ယခင်စနစ်ဟောင်းတုန်းကရှိခဲ့တဲ့ စီးပွားရေးသမား စီးပွားရေးလုပ်ငန်းရှင်တွေကို များသောအားဖြင့်ယုံ ကြည်မှုမရှိကြပါဘူး။ ဒါကြောင့်ပဲ အာဏာရှင်အုပ်စိုးသူတွေဟာ ၎င်းတို့အုပ်စိုးတဲ့ခေတ်မှာ ၎င်းတို့အနေနဲ့ ယုံကြည်စိတ်ချရမှု အရှိ ဆုံးဖြစ်တဲ့ ခရိုနီတွေကို မွေးမြူလာကြပါ တယ်။ အာဏာရှင်နဲ့ အာဏာရှင်တစ် ပိုင်း နိုင်ငံတွေမှာ ခရိုနီဖြစ်လာကြသူတွေဟာ သည့်အရင်ခေတ်ဟောင်းတုန်းက စီးပွားရေးလုပ်ငန်းတွေ လုပ်ခဲ့ဖူးတဲ့ စီးပွားရေးသမား တွေလည်း ပါဝင်နိုင်ပါတယ်။ သို့ပေမယ့် ထိုသူတွေဟာ များသောအားဖြင့် ယခင် အစိုးရဟောင်းလက်ထက်က နေရာမရသူတွေ ဖြစ်တတ်ပါတယ်။

ဒါအပြင် အာဏာရှင် အစိုးရလက်ထက်မှာ ခရိုနီစီးပွားရေးသမားတွေ ဖြစ်လာတတ်ကြတဲ့ နောက်အမျိုး အစားတစ်ခုကတော့ အုပ်စိုးသူအသစ်တွေရဲ့ ဆွေမျိုးသားချင်းတွေ သို့မဟုတ် အုပ်စိုးသူအသစ်တွေနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ အပေါင်းအသင်းရောင်း ရင်းတွေပဲ ဖြစ်ပါတယ်။ ထိုသူတွေဟာ အာဏာသိမ်းအစိုးရ သစ် သို့မဟုတ် ဒီမို ကရက်တစ်မျက်နှာဖုံးစွပ်ထားတဲ့ အစိုးရ သစ်တွေရဲ့ခေတ်တွေမှာ အခွင့်ထူးခံစီးပွား ရေးလုပ်ငန်းရှင်တွေ ဖြစ်လာတတ်ကြပါတယ်။ သို့ပေမယ့် အဆိုပါခရိုနီတွေဟာ စီးပွားရေးလုပ်ငန်းတွေကို ကျွမ်းကျင်သူတွေ မဟုတ်ကြပါဘူး။

လက်သပ်မွေးတပည့်တွေ

ထိုသူတွေဟာ အာဏာရှင်နဲ့ အာဏာရှင်တစ်ပိုင်းနိုင်ငံ အစိုးရတွေရဲ့ လက်သပ်မွေးတပည့်တွေပဲ ဖြစ်ပါ တယ်။ ဒါ့ အပြင် ထိုသူတွေဟာ ယင်းအစိုးရတွေရဲ့ စီးပွားရေးအကျိုးစီးပွားအရ ဆက်နွှယ်မှုရှိကြသူတွေ လည်း ဖြစ်ကြပါတယ်။ တကယ်တော့ ခရိုနီတွေဟာ စီးပွားရေးလောကမှာ အောက်ခြေကနေတစ်ဆင့် ချင်းကြီးပွားချမ်းသာလာကြသူတွေတော့ မဟုတ်ပါဘူး။ အရှင်မွေး နေ့ချင်းကြီးဆိုတာလို အုပ်စိုးသူတွေရဲ့ ဖေးမစောင့်ရှောက်မှုကြောင့် တိုတောင်းတဲ့ အချိန်အတွင်းမှာ ကြီးပွားချမ်း သာလာကြသူတွေပဲဖြစ်ပါ တယ်။

အုပ်စိုးသူတွေရဲ့ ဖေးမကူညီမှု

ခရိုနီစီးပွားရေးသမားတွေဟာ စီးပွား ရေးလုပ်ငန်းတွေကိုလုပ်ရာမှာ ငွေရင်းငွေနှီးကို ခက်ခက်ခဲခဲရှာဖွေ ကြရသူတွေ မဟုတ်ကြပါဘူး။ ထိုသူတွေဟာ အုပ်စိုးသူတွေရဲ့ ဖေးမကူညီမှုကြောင့် ၎င်းတို့လုပ်ဆောင် ကြ တဲ့လုပ်ငန်းတွေအတွက် လိုအပ်တဲ့ငွေရင်းငွေနှီးတွေကို နိုင်ငံတော်ဘဏ်တွေ (ပြည်သူ့ဘဏ္ဍာ) မှအ တိုးနှုန်းနည်းနည်းနဲ့ အလွယ်တကူ ချေးယူရရှိကြပါတယ်။ ထိုငွေတွေကို တင်းကျပ်မှုမရှိတဲ့ စည်းမျဉ်းစည်း ကမ်းတွေနဲ့ ချေးယူနိုင်ကြပါတယ်။ ဒါ့အပြင် ခရိုနီတွေဟာ ကြီးမားတဲ့ ငွေရင်းအမြတ်အစွန်းကို သေချာ ပေါက်ရရှိမယ့် လုပ်ငန်း တွေကို ပြိုင်ဘက်မရှိ (လေလံဆွဲရခြင်း မရှိဘဲ၊ လေလံဆွဲရပါကလည်း စတိသ ဘောလောက်သာဖြစ်ခြင်း)နဲ့ ရရှိကြပါတယ်။ တစ်ခါတစ်ရံမှာ ခရိုနီတွေဟာ ၎င်းတို့ရရှိတဲ့ စီးပွားရေးလုပ် ကွက်တွေ လုပ်ပိုင်ခွင့်တွေကို အခြားစီးပွားရေးသမားတွေထံ ပြန်လည်ရောင်းစားခြင်းဖြင့်အမြတ်ငွေအ မြောက်အမြားကို အရင်းမစိုက်ရဘဲ ရရှိတတ်ကြပါတယ်။

ခရိုနီတွေဟာ ပြည်တွင်းစီးပွားရေးလုပ် ငန်းတွေမှာသာမကဘဲ ပြည်ပနိုင်ငံတွေနဲ့ ဆက်သွယ်ရတဲ့ အမြတ် အစွန်း အမြောက်အမြားကို ပြည်ပနိုင်ငံတွေမှာ ပြိုင်ဘက်မရှိ တင်သွင်းခွင့်ရကြပါတယ်။ (ဥပမာ-အစိုး ရဌာနတွေအတွက် ပစ္စည်းဝယ်ယူမှုလုပ်ငန်း)

ပြိုင်ဘက်မရှိ လုပ်ဆောင်နိုင်

ခရိုနီတွေဟာ မိမိတို့နိုင်ငံအတွင်းမှာ လူတိုင်းမဖြစ်မနေသုံးစွဲရမယ့် ပစ္စည်းတွေကို သို့မဟုတ် မိမိတို့နိုင်ငံ ရဲ့စီးပွားရေး အတွက် အလွန်အရေးပါတဲ့ ပစ္စည်းမျိုးတွေကို ပြည်ပနိုင်ငံတွေမှာ ပြိုင်ဘက်မရှိ တင်သွင်းခွင့် ရကြပါတယ်။ ဒါ့အပြင် မိမိတို့နိုင်ငံအတွက် မဟာဗျူဟာအရ အရေးပါတဲ့ ပစ္စည်းတွေကိုပင် တင်သွင်းခွင့် ရကြတယ်။ ထိုနည်းလမ်းတွေနဲ့ ခရိုနီတွေဟာ စီးပွားရေးသမားတွေအတွက် တိုတောင်း လှတဲ့အချိန်ကာ လအတွင်းမှာ သန်းကြွယ်သူဌေးကြီးတွေ ဖြစ်လာကြပါတယ်။ စီးပွားရေးလောကရဲ့ ယှဉ်ပြိုင်မှုဥပဒေသ (Law of Competition) ဟာ ခရီုနီတွေအတွက် အကျုံးမ၀င်ပါဘူး။ ဒါ့အပြင် အချို့နိုင်ငံတွေမှာ ခရိုနီ စီပွားရေးသမားတွေအတွက် အမြတ်ခွန်ဆိုင်ရာ (နားလည်မှု)အခွင့် အရေးတွေကိုပင် ရကြပါတယ်။

တကယ်တော့ နိုင်ငံတစ်နိုင်ငံဟာ ခေတ်သစ် တစ်ခုကိုရောက်ချိန်မှာ ယင်းနိုင်ငံရဲ့ စီးပွားရေးကို အမျိုးသား ရေးအသွင်လက္ခဏာနဲ့ ပြန်လည်တည်ဆောက်မယ်ဆိုရင် ထိုနိုင်ငံမှာနေထိုင်ကြတဲ့ ပြည်သူအားလုံးနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအားလုံး ညီညွတ်သွေးစည်းကာ ပြန်လည်တည်ဆောက်ကြရမှာဖြစ်တယ်။ စီးပွားရေးလုပ်ငန်းရှင် တွေလို့ဆိုရာမှာ တိုင်းရင်းသားအရင်းရှင် တွေ၊ တိုင်းရင်းသား ဓနရှင်ပေါက်စတွေ၊ ကုန်သည်ပွဲစားတွေနဲ့ ခေါင်းရွက်ဗျပ်ထိုးဈေးသည်အပါအ၀င် အားလုံးကို ဆိုလို တာပဲ ဖြစ်ပါတယ်။ ထိုအထဲမှာ ယခင်ခေတ်ဟောင်းတုန်းက စင်ပေါ်မှာရှိခဲ့တဲ့ ခရိုနီိစီးပွားရေးသမားတွေလည်း ပါဝင်လိုတဲ့ ဆန္ဒရှိ ရင်ပါဝင်နိုင်ပါတယ်။

သို့ပေမယ့် ဒီမိုကရေစီစီးပွားရေးစနစ်မှ

(၁) ပွင့်လင်းမြင်သာမှု ရှိခြင်း
(၂) တာဝန်ယူမှု တာဝန်ခံမှုရှိခြင်း
(၃) လွတ်လပ်၍ တရားမျှတမှုရှိခြင်း
(၄) လွတ်လပ်စွာ ယှဉ်ပြိုင်မှုရှိခြင်း
(၅) စီးပွားရေးကျင့်ဝတ်များကို စောင့်ထိန်းမှုရှိခြင်း
(၆) ဥပေဒေကို လေးစားလိုက်နာရခြင်း
(၇) အများပြည်သူအကျိုးကို ရှေ့ရှုရခြင်းဆိုတဲ့ လက္ခဏာရပ်တွေ ရှိပါတယ်။

ဒါကြောင့် ခရိုနီတွေဟာ ဘယ်နိုင်ငံ မှာမဆို ဒီမိုကရေစီစီးပွားရေးစနစ်မှာတော့ အခွင့်ထူးခံ စီးပွားရေး သမားတွေအဖြစ်နဲ့ပဲ ပါဝင်ချင်လို့ မရတော့ပါဘူး။ ထိုသူတွေ အနေနဲ့ ဒီမိုကရေစီ နိုင်ငံသစ်တစ်ရပ်ရဲ့ စီးပွားရေးမှာ ဆက်လက် ပါဝင်ချင်တယ် ဆိုရင် အထက်ပါစည်းကမ်းတွေကို လိုက်နာရမှာဖြစ်တဲ့အတွက် ၎င်းတို့ရဲ့ ပိုင်ဆိုင်မှုတွေကို အစစ်ဆေးခံခြင်းဖြင့် သိက္ခာထပ်ဖို့တော့လိုမှာ ဖြစ်ပါတယ် ။

Mizzima

BY - ၀င်းထွဋ်ဇော်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။