Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, June 24, 2017

လျှော်ဖြူပေးတဲ့ဆု


လျှော်ဖြူစေး ထုတ်ယူနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ညီညီဇော်)
အထက်မြန်မာနိုင်ငံ မိုးခေါင်ရေရှားရပ်ဝန်းဒေသက ရိုးစုံဆိုတဲ့ ကျေးရွာလေးတစ်ရွာက သစ်တောလေးတစ်တောဟာ ဇွန်လအတွင်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိအမှတ်ပြုတဲ့ ဆုတစ်ဆုရရှိခဲ့ပါတယ်။ ကမ္ဘာမှာအသိအမှတ်ပြု အလေးထားခံရတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆုများအနက်တစ်ခုဖြစ်တဲ့ ‘Energy Globe Award’ လို့ခေါ်တဲ့ သြစတြီးယား နိုင်ငံအခြေစိုက် Energy Globe အဖွဲ့က ချီးမြှင့်တဲ့ဆုကို ရရှိခဲ့တာပါ။ အဲဒီဆုအတွက် နိုင်ငံပေါင်း ၁၇၀ က အဖွဲ့အစည်းပေါင်း ၂,၀၀၀ လောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံကနေ ယှဉ်ပြိုင်လျှောက်ထားလာတဲ့ စီမံကိန်းများအနက် အကောင်းဆုံးစီမံကိန်းဆု (The Best Project in Myanmar) အဖြစ် ရွေးချယ်ခံရပြီး National Energy Award ဆု ချီးမြှင့်ခြင်းခံရတာပါ။

ရိုးစုံကျေးရွာဟာ မန္တလေး တိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်ရဲ့ အရှေ့ဘက် ၁၂ မိုင်ခန့်အကွာ ရှမ်းရိုးမတောင် ခြေနားမှာ တည်ရှိပါတယ်။ ရိုးစုံ ကျေးရွာဟာ ကောက်ပဲသီးနှံလယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်သလို တောင်ပေါ်နဲ့သစ်တောတွေမှာ ပေါက်နေတဲ့ လျှော်ဖြူပင်ခေါ် ဆေးကုလားမပင်က လျှော် ဖြူအစေးကိုထုတ်ကာ ရောင်းချတဲ့အလုပ်တွေနဲ့ အသက်မွေးပါ တယ်။
ဦးဆောင်ခဲ့သူ ဦးအုန်းညွန့်
ရိုးစုံကျေးရွာမှာ သဲတောကနေ ပြောင်းလာတာကြာပြီဖြစ်တဲ့ ဦးအုန်းညွန့်ဆိုတဲ့ အမျိုးသားကြီးတစ်ဦးရှိပါတယ်။ ဦးအုန်းညွန့်က အရင်က ကုန်သွယ်ရေးဝန်ထမ်း တစ်ယောက်ပါ။ မိန်းမရတော့ ယောက္ခမတွေက လယ်တွေ၊ နွားတွေ ဝယ်ပေးပြီး အစိုးရအလုပ်က နေထွက်၊ ရိုးစုံမှာ တောင်သူအဖြစ် အခြေချခိုင်းတယ်။ ဖြစ်ချင်တော့ ဦးအုန်းညွန့်က မကျွမ်းကျင်တာကြောင့် တောင်သူလုပ်ငန်းက ထင်သလောက် အဆင်မပြေဘူး။ အဲဒီလိုနဲ့ လယ်တွေယာတွေ ရောင်းပြီးတော့ ဘာလုပ်ရမလဲ စဉ်းစားတော့ ဦးအုန်းညွန့် အကြံတစ်ခုရတယ်။
အူစိုစေတဲ့ လျှော်ဖြူစေး
ရိုးစုံက လူတွေဟာ တောင် ပေါ်နဲ့ တောတွေထဲ အလေ့ကျ ပေါက်တဲ့ လျှော်ဖြူပင်ကနေ လျှော်ဖြူစေးထုတ်ရောင်းတာ ဦးအုန်း ညွန့် နေ့စဉ်မြင်နေရတယ်။ လျှော် ဖြူစေးထုတ်ရောင်းပြီး နေ့စဉ်စားဝတ်နေရေးအဆင်ပြေနေတာတွေ ဦးအုန်းညွန့် တွေ့နေတယ်။ တချို့က လျှော်ဖြူကို စိုက်ပျိုးတာတွေ စလုပ်လာပေမယ့် တအားမတွင်ကျယ်သေးဘူး။ ဒါကြောင့် လျှော်ဖြူပင်ကို စီးပွားဖြစ် စိုက်ပျိုးရင် ဘယ်လိုနေမလဲ၊ ဦးအုန်းညွန့်စဉ်းစားမိတယ်။ လျှော်ဖြူက စရိတ်စကကုန်ကျမှု မရှိသလောက် ရသမျှငွေက အမြတ်ဖြစ်တာမို့ ဦးအုန်းညွန့် သဘောကျမိတာပါ။
အသုံးဝင်မှုနဲ့ဈေးကွက်အခြေအနေ
လျှော်ဖြူအစေးကို ဆေးကုလားမအဖြစ်အသိများပြီး ဆေးဝါးအသွင်အသုံးပြုတယ်လို့ ဆိုပါတယ်။ အစေးမှုန့်ကို ချည်ထည်လုပ်ငန်း၊ အလှကုန်ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းနဲ့ စက်မှုကုန်ကြမ်း လုပ်ငန်းတွေမှာ သုံးတယ်။ မြန်မာနိုင်ငံကထွက်တဲ့ လျှော်ဖြူစေး တွေကို တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံက အများဆုံးဝယ်ယူနေတယ်။

ရှင်းလင်းပြောပြနေသည့် ဦးအုန်းညွန့်အား တွေ့ရစဉ် (ဓာတ်ပုံ-ညီညီဇော်)
ရွာသားတွေကို စည်းရုံးပြီ
လယ်ယာစိုက်ပျိုးရေးအလုပ်မှာ မအောင်မြင်ခဲ့တဲ့ ဦးအုန်းညွန့်တစ်ယောက် လျှော်ဖြူစိုက်ပျိုးရေး လုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ လျှော်ဖြူစိုက်ဖို့ ဆုံးဖြတ်တဲ့အခါ သူတစ်ယောက်တည်းတင်မက တခြားလယ်မြေ၊ ယာမြေမရှိတဲ့ သူတွေပါ စိုက်နိုင်အောင် သူတစ်ခုစဉ်းစားမိတယ်။ သစ်တောမှာ အစုအဖွဲ့ပိုင် သစ်တောလျှောက် ပြီး စိုက်ပျိုးဖို့ပါ။ ရိုးစုံရွာနဲ့ အရှေ့ဘက်က ရှမ်းရိုးမတောင်တန်းကြီး ကြားထဲမှာ သစ်တောကြိုးဝိုင်းမြေ တွေ ရှိပါတယ်။  အဲဒီလိုနဲ့ ရွာသားတွေကို စည်းရုံးပြီး အစုအဖွဲ့သစ်တောလျှောက်ဖို့ ပြင်ဆင်တယ်။ အဖွဲ့ဝင် ၈၄ ဦးနဲ့ ဦးအုန်းညွန့်တစ်ယောက် လျှောက်ထားလိုက် တယ်။
သစ်တောနဲ့ ထိပ်တိုက်တွေ့
ဦးအုန်းညွန့်တို့အဖွဲ့ကို ရွာ အရှေ့ဘက် တောင်ကြီးကုန်းကြိုး ဝိုင်း အကွက် (၃၇၊ ၃၈၊ ၃၉)အ တွင်း မြေဧက ၅၅၀ ကို ဒေသခံ အစုအဖွဲ့ပိုင် သီးနှံသစ်တောရော နှောစိုက်ခင်းအဖြစ် ၂၀၀၄ နိုဝင် ဘာမှာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန် ကြီးဌာနကနေ ချထားပေးလိုက် တယ်။ တစ်ဦးကို ငါးဧကစီခွဲကာ လုပ်ကိုင်ခွင့်ရတယ်။ ဒါပေမဲ့ ချောချောမွေ့မွေ့ မဖြစ်ခဲ့ဘူး။ သစ် တောဌာနအနေနဲ့ သစ်ရာ၊ အင် ကြင်း၊ ပျဉ်းကတိုး၊ ပိတောက် စတဲ့သစ်တွေကိုသာ စိုက်စေချင်တယ်။ လျှော်ဖြူကို မစိုက်စေချင်ဘူး။ စိုက်ခွင့်လည်း မရှိဘူးလို့ဆိုတယ်။ အဲဒီတုန်းက အစုအဖွဲ့သစ်တော ဥပဒေအရ မအောင်မြင်ခဲ့ရင် အရေးယူခံရဦးမှာဆိုတော့ ဦးအုန်းညွန့်တစ်ယောက် လျှော်ဖြူစိုက်လို့မရရင် သစ်တောပြန်အပ်ဖို့တွေ ဖြစ်လာတယ်။ အဲဒီအချိန်မှာ အစိုးရအပြောင်းအလဲတွေ ဖြစ်ပေါ်နေချိန်ဆိုတော့ နောက်ဆုံး တော့ ဦးအုန်းညွန့်တို့ လျှော်ဖြူ စိုက်ခွင့်ရခဲ့တယ်။
လျှော်ဖြူစိုက်ဖို့ ဆန္ဒမရှိကြ
ဦးအုန်းညွန့်ကသာ လျှော်ဖြူ နဲ့ တခြားကောက်ပဲသီးနှံတွေရော နှောစိုက်ပျိုးဖို့ အစုအဖွဲ့ သစ်တော လျှောက်ထားခဲ့ပေမယ့် ကျေးရွာ သားတွေကတော့ လျှော်ဖြူကို စိုက်လိုစိတ်မရှိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ လျှော်ဖြူကို စီးပွားဖြစ် စိုက်ပျိုးတဲ့သူ နည်းနေသေးတာ ရယ်၊ အကျိုးအမြတ်အရ လေးငါးနှစ်စောင့်ရဦးမယ် ဆိုတာတွေ ရယ်ကြောင့် လျှော်ဖြူကို မစိုက်ဘဲ တခြားမြေပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊နှမ်း စတာတွေသာ ဦးစားပေးစိုက် ခဲ့တယ်။ နှစ်အတန်ကြာလို့ မစိုက်တော့တဲ့ နောက်ဆုံး လျှော်ဖြူမ စိုက်ရင် မြေပြန်သိမ်းမယ်ဆိုတော့ လျှော်ဖြူ ကို စိုက်ပျိုးလာခဲ့ပါတယ်။
လျှော်ဖြူက ရွှေသီးပြီ
လျှော်ဖြူက စိုက်ပျိုးပြီး သုံး နှစ်အကြာဆိုရင် အစေးထုတ်လို့ရပါပြီ။ ငါးနှစ်သားလောက်ဆိုရင် တော့ အစေးတွေ လှိုင်လှိုင်စိုပြီ ပေါ့။ ဦးအုန်းညွန့်တို့အစုအဖွဲ့ သစ်တောမှာ ၂၀၀၅ လောက်က စစိုက်ခဲ့တဲ့သူတွေဟာ ၂၀၁၀ လောက်မှာ လျှော်ဖြူစေးတွေ ထုတ်ရောင်းလို့ အကျိုးခံစားခွင့် တွေ စတင်ရရှိလာခဲ့တယ်။ ၂၀၁၂ ကျော်လာတဲ့အချိန်မှာတော့ ရွာက အိမ်တွေမှာ ထန်းလက်အမိုးတဲ မဟုတ်တော့ဘဲ သွပ်မိုးနဲ့ ပြောင် ပြောင်ရောင်ရောင်ဖြစ်လာတယ်။ လည်ပင်းမှာ ဗလာဟင်းလင်းမဖြစ်တော့ဘဲ လက်မလောက် ဆွဲကြိုးတွေနဲ့ တလက်လက် တောက်ပလာတော့တယ်။
ဈေးတွေ ပိုမိုကောင်းလာတဲ့လျှော်ဖြူ
အစုအဖွဲ့ပိုင်သစ်တော မစ ခင်အချိန်က ထောင်ဂဏန်းသာရှိ တဲ့ လျှော်ဖြူစေးဈေးနှုန်းဟာ အခု ၂၀၁၇ ရောက်လာတဲ့အချိန်မှာ တော့ အမျိုးအစားပေါ်မူတည်ပြီး တစ်ပိဿာ ကျပ်ငါးသောင်း လောက်အထိကို ဈေးရနေပါပြီ။ ကိုယ်ပိုင်တဲ့ လျှော်ဖြူပင်ရဲ့အရွယ်နဲ့ အရေအတွက်ပေါ် မူတည်ပြီး တစ်ရာသီမှာ ကျပ်သိန်းတစ်ရာ အနည်းဆုံးဝင်ငွေရနေပါပြီ။ အစုအဖွဲ့သစ်တော စတင်ချိန်က တည်းက စိုက်လာခဲ့တဲ့သူတွေ အခုဆို တိုက်နဲ့ ခြံနဲ့ ခွေးဘီလူးကားနဲ့ ဖြစ်နေပြီ။
ဓားထမ်းစောင့်ရှောက်ရတဲ့လျှော်ဖြူ
ဦးအုန်းညွန့်တို့ အစုအဖွဲ့ပိုင် ရိုးစုံသစ်တောလေးကို စည်းနဲ့ ကမ်းနဲ့ ထိန်းသိမ်းစောင့်ရှောက်ရ တယ်။လျှော်ဖြူက တန်ဖိုးတက် လာပြီမဟုတ်လား။ နွားဟပ်ရင် ဒဏ်ငွေငါးထောင်သတ်မှတ်ထား တယ်။ တစ်ခါက ပြဿနာတစ်ခု တက်တယ်။ ဆိတ်သုံးအုပ်က လျှော်ဖြူတောထဲ ဝင်စားကုန်လို့ ပါ။ ဒါနဲ့ စည်းကမ်းသတ်မှတ်ထား တဲ့အတိုင်း တွက်ပြတဲ့အခါ ဒဏ် ငွေက ခုနစ်သိန်းခွဲတောင်ကျသွား တယ်။ ဒဏ်ငွေတွေ များလွန်းတော့ ဆိတ်ကျောင်းတဲ့သူတွေ ငိုယိုကုန် တယ်။ ဦးအုန်းညွန့်တို့က စည်း ကမ်းသတ်မှတ်ထားတဲ့အတိုင်း သာ တွက်ပြတာ ဖြစ်ကြောင်း၊ လျှော်ဖြူပိုင်တဲ့ ပိုင်ရှင်တွေနဲ့ အ ဆင်ပြေသလို ညှိဖို့ ပြောတဲ့အခါ နောက်ဆုံး ငွေခြောက်သောင်းနဲ့ တည့်သွားပါသတဲ့။
ပြည်တွင်းရော ပြည်ပကပါ စိတ်ဝင်စားလာတဲ့ လျှော်ဖြူ
လျှော်ဖြူကို စီးပွားဖြစ်အောင်မြင်အောင် စိုက်ပျိုးနိုင်ခဲ့တဲ့ ဦးအုန်းညွန့် ရိုးစုံအစုအဖွဲ့ပိုင် သစ်တော လေးဆီကို ပြည်တွင်းကရော ပြည်ပကပါ ဧည့်သည်တွေ တဖွဲဖွဲရောက်လာတယ်။ မကွေး၊ စစ်ကိုင်း၊ မြစ်ကြီးနား၊ ရခိုင်နေရာစုံ က တောင်သူတွေ အားကိုးတကြီး လေ့လာတယ်။ အင်္ဂလန်၊ ထိုင်း၊ မလေးရှားနိုင်ငံတို့က စိုက်ပျိုးရေး လုပ်ကိုင်သူတွေက ဦးအုန်းညွန့် တို့ဆီ လာရောက်ဆက်သွယ်မေး မြန်းတယ်။ ဦးအုန်းညွန့်တစ် ယောက် သစ်တောထဲမှာ စိတ် ရှည်လက်ရှည် ရှင်းပြတယ်။ ပြည် တွင်းပြည်ပ ဖိတ်ခေါ်တဲ့ပွဲတွေမှာ လျှော်ဖြူအကြောင်း လိုက်ဟော ပြောပေးရတယ်။
ဆုနဲ့ပတ်သက်လို့
ဦးအုန်းညွန့်တို့ရဲ့ ရိုးစုံကျေးရွာဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောရဲ့ အောင်မြင်မှုသတင်း ကောင်းတွေကြောင့် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းကိုယ်တိုင် ၂၀၁၆ နိုဝင် ဘာမှာ လာရောက်ကြည့်ရှုခဲ့ရတယ်။ သစ်တောဦးစီးဌာနနဲ့အတူ ဩစတြီးယားနိုင်ငံ အခြေစိုက် Energy Globe Award ဆုကို လှမ်းလျှောက်လိုက်တဲ့အခါတော့ အခုလိုဆုရခဲ့တာပါ။ ဆုရထား တယ်ဆိုတာကိုသိပြီးပေမယ့် ဆု ငွေဘယ်လောက်ရမယ်ဆိုတာ မသိသေးဘူးလို့ ဦးအုန်းညွန့်က ပြောပါတယ်။ ရမယ့်ဆုငွေတွေထဲ ကနေ ရွာနားမှာရှိတဲ့ သစ်တော ထိန်းသိမ်းရေးလုပ်ငန်းနဲ့ တခြား ဖွံ့ဖြိုးရေးလုပ်ငန်းတွေပါလုပ်ဖို့ စိတ်ကူးထားပါသတဲ့။
 ဦးဆောင်သူရဲ့ပီတိ
အစောပိုင်းကာလတွေမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း တွေ မအောင်မြင်ခဲ့တဲ့ ဦးအုန်းညွန့် ဟာ အခု အသက် (၇၂)နှစ်အရွယ် ရောက်လာချိန်မှာတော့ နိုင်ငံတကာအသိအမှတ်ပြုရတဲ့ဆုတစ်ဆုရထားတဲ့ လျှော်ဖြူစိုက်တဲ့ အစုအဖွဲ့သစ်တောလေးကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။ ဦးအုန်းညွန့်က သူ့ဆီ လျှော်ဖြူနဲ့ ပတ်သက်လို့ လာမေးရင် မခြွင်းမချန် အိတ်သွန်ဖာမှောက် ပြောပြတတ်တယ်။ လျှော်ဖြူနဲ့ပတ်သက်တဲ့ ဆောင်ရန်၊ ရှောင်ရန် စိုက်နည်း ပျိုးနည်းတွေကို စာတမ်း တွေ၊ ဒီဗီဒီအခွေတွေ ထုတ်ကာ မျှဝေတယ်။ သူပီတိအဖြစ်ဆုံးက တော့ တစ်လောလေးတုန်းက အင်န်ဂျီအိုအဖွဲ့အစည်းတစ်ခုက နေ လာရောက်လေ့လာရင်း ပြော သွားတဲ့ စကားတစ်ခွန်းကြောင့်ပါ။ ရှမ်းပြည်နယ် တချို့ဒေသတွေမှာ ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးဖို့လာလေ့လာတာပါတဲ့။ ဦးအုန်းညွန့် ကျေနပ်လိုက်သည့်ဖြစ်ခြင်း။
နောက်မကျနဲ့
ရိုးစုံအစုအဖွဲ့ပိုင် တောအုပ် ကလေးဟာ လျှော်ဖြူပင်တွေ အုပ်မိုးပြီး စိမ်းစိုနေတော့တာပါ။ မိုး ခေါင်ရေရှားဒေသဖြစ်ပေမယ့် အပင်တွေကြောင့် မိုးလည်းမကြာခဏ ရွာလာပါသတဲ့။ လျှော်ဖြူကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ် အောင်မြင်ခဲ့တဲ့ ဦးအုန်းညွန့် တစ် ယောက် လျှော်ဖြူနဲ့ပတ်သက်ပြီး စကားတစ်ခွန်း မှာပါတယ်။ ‘‘နောက်ကျတယ်ဆိုတာ သေတာပဲကောင်းတာ။ လျှော်ဖြူစောစော စိုက်၊ စောစောပိုက်ဆံရတယ်။ နောက်မကျစေချင်ဘူး’’တဲ့။
 http://www.7daydaily.com/story/99530

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။