၁၄ နှစ်သား က ရခဲ့သော ကျွန်တော့်ဘဝ MBA
ကျွန်တော် က တောသား ဟင်္သာတမြို့ ကနေ မိုင် ၂၀ ကျုံပျော်မြို့ကနေ မိုင် ၂၀ ဝေးပြီး ရွာတရွာထဲ မြို့ နယ် ၂ ချမ်းကွဲ နေတဲ့ ရှားခဲသား ဗျာ့။
ငယ်ငယ်ထဲ က စါတော်တော့ ရွာကလဲ အလယ်တန်းကျောင်းပဲရှိတော့ ကျွန်တော်တို့ ညီအစ်ကို မောင်နှမ တွေ ရဲ့ပညာရေး ကျန်းမာရေး စတဲ့ အရာရာ ကို စဉ်းစါပြီး အဖေက ဟင်္သာတမြို့ကို ပြောင်းပြီး အခြေချခဲ့တယ်။
တောသဌေး မြို့ပြောင်းဆိုပေမဲ့မြို့ ကသဌေးတွေ လောက် မချမ်းသာတော့ ရတနာ ပုံ ကွက်သစ်မှာ စီးပွားရေးလည်း အကွက် အကွင်းကောင်းတဲ့ ဗူးဘုရားဈေး ထိပ်မှာ မြေကွက်ဝယ်အိမ်ဆောက်ပြီး အခြေချခဲ့တာပေါ့။
ပညာသင်နှစ် ၁၉၇၀/၇၁ ဟင်္သာတ အထက(၁)မှာ ၆တန်း စတက်ဖြစ်တယ်။အိမ် နဲ့ ကျောင်းကလည်း အတော် ဝေး တော့ နေ့တိုင်း လမ်းလျောက် တက်ရတဲ့ ဒုက္ခ က မသေးဘူး။
အဖေ ကဗူးဘုရားဈေးထိပ် မှာ အခြေချ တာ ကလည်း ရပ်ကွက်ဈေး လေး ရှိတော့ ကုန်စုံ ဆိုင်ကြီးဖွင့်ပြီး အနီးအနား ရပ်ကွက် ၄/၅ ရပ်ထဲ က ဆိုင်လေး တွေကိုလည်းဖေါက်သယ်ပေးရင်း လက်လီလည်းရောင်း ဆိုတဲ့ စိတ်ကူးနဲ့ပေါ့။
ကျွန်တော်က သားကြီးသြရဿ ဆိုတော့ ၆တန်း အရွယ်ထဲ က ကျောင်းတက် မတက်ခင် မနက်ပိုင်း ဆိုင်ခင်းဈေးရောင်းတဲ့ အလုပ် ဝိုင်းကူ ပေးခဲ့ ရတာပေါ့။၇တန်း နှစ် အထိ ညနေပိုင်း ကျောင်း တက်ရတယ်။
၈ တန်း နှစ် ကစပြီး မနက်ပိုင်း တက်ရဒါ ဆိုတော့ ကျောင်းပြီးလို့  အိမ်ပြန် ရောက် ရင် ၁၂နာရီခွဲပြီ။နေလည်စါ စါးပြီး တါနဲ့ အိမ်စါ ကို အိမ်ရှေ့  ခန်းမှာ ဈေးကူရောင်းရင်း အားတဲ့အချိန် လုပ်ရင်းနဲ့ မိဘတွေ ကို ကူခဲ့ရတယ်။
ဒီလိုနဲ့ ၈ တန်း စါမေးပွဲကြီးပြီးနွေရာသီ ကျောင်းပိတ် ရက် ရောက်တော့ အဖေ က စက်ဘီးစီးသင်ပေးပြီး စက်ဘီး အသစ် ကလေး တစီး ဝယ်ပေးခဲ့တယ်။ အဲဒီ ခေါတ် ကနာမည်ကြီး Relay တံဆိပ် ပေါ့။ စက်ဘီးလေး စီးတတ်တော့ အပြင်ထွက် ဖို့ လမ်းစရှာ ဖို့ အကြံ ဖြစ်လာတယ်။ အိမ်ကဈေး ဆိုင် ကလည်း အနီး အနား ၄- ၅ ရပ်ကွက် က လက်လီဆိုင်တွေ လောက်လာဝယ်တါ ဆိုတော့ အတော် ရောင်းကောင်းတဲ့ဆိုင်ကြီးပေါ့။
ဒါပေ မဲ့ ကျွန်တော် စဉ်းစါးမိတာ က ဟင်္သာတမြို ဟာ ၂၆ ရပ်ကွက် ရှိတယ် ငါ တို့ ဆိုင် ကိုလာဝယ်တာ က ၄- ၅ ရပ်ကွက်ထဲ ဆိုတော့ ကျန်တဲ့ရပ်ကွက်တွေ ထဲကလက်လီ ဆိုင်တွေကို အိမ်တိုင်ယာရောက် (Door to Door ) လိုက်ပို့ ပြီး ရောင်းရင် ကောင်းမှာ ပဲလို့  အကြံပေါ်လာတယ်။ဒါနဲ့ခြင်းတောင်းတွေ
နဲ့ စက်ဘီး နောက် ကယ်ရီယာပေါ်မှာ တလုံး ဘေးဖက်မှာ တလုံးစီချပြီး တမြို့
လုံးပါတ် ပို့ မယ် စိတ်ကူးပြီး အဖေ ကို ပြောတော့ အဖေ က ကျွန်တော်
တောက်တီးတောက်တဲ့ အကြံ တွေ နဲ့ ဘာတွေ လျောက် လုပ် မလို့ လဲ ဆိုပြီးဆူပါလေ
ရောဗျာ ။
နောက်ပြီး လူပျို ပေါက် ဆိုတော့ မင်း မရှက်ဖူးလားလို့ လဲ မေးတယ် ။အဲဒီ အချိန် က ကျွန်နော် စက်ဘီး လည်စီခြင်တါရယ် အမှန်တကယ် စိတ်ကူးထဲ က အကြံ ကို လုပ်ကြ့ည်ခြင်တာရယ်ကြောင့် ရှက်ရကောင်းမှန်းလဲ စဉ်း မိခဲ့ပါဘူး ။နောက် ပြီး ကျွန်တော် က လပ်ရားလပ်ရား နဲ့ စက်ဘီ လျောက်စီတာ မဟုတ်ပဲ။
ဈေးလည် ရောင်တာဆိုတော့ အလုပ်ဟူက ဂုဏ်ရှိစွလို့ ပဲ ကိုယ်ကို ကို ဂုဏ်ယူတကြွားနဲ့ ခံယူချက် ရှိတာကြောင့်  ''သူများပစ္စည်း ခိုတာ လိမ်တာ မှ မဟုတ်ပဲ ဘာလို့ ရှက်ရမှာလဲ ''' လို အဖေ ကိုပြန်ပြောခဲ့ဘူးပါတယ်။ ဒီနေရာမှာ အမေက ကျွန်တော့ ဖက် က အမြဲတန်း ရပ်တည်ပေးတဲ့ စစ်ကူပါပဲ။ ''ကလေးလုပ်ခြင်တာ ပေးလုပ်လိုက်ပါ ဒီအရွယ်နဲ့ မရှက်မကြောက်လုပ်တာကိုပဲခွင်ပြုလိုက်ပါပေါ့
'''.တကယ်တော့ အဖေ က ကျွန်တော် စက်ဘီး စီးတတ်ကာစ ခြေများခြင်တါကို သိပေမဲ့
အကြောင်းပြချက် က ကောင်းနေတော့ ခွင့် မပြု ခြင်ပေမဲ့ လုပ်ခွင့် ပေးခဲ့တယ်။
ဒီလို နဲ့ ဟင်္သာတ တမြို လုံး လှည့်ပြီး ရပ်ကွက်ထဲ ဈေးဆိုင်လေးတွေကို စက်ဘီး တစီးနဲ့ ညနေတိုင်း လိုက် ရောင်းခဲ့ဘူးတယ်။မဝယ်ဝယ်အော င်ပြောရတါတွေ
ဘယ်ပစ္စည်း ကတော့ လူကြိုက်များပြီး ပို ရောင်းရတယ် ဆိုတာတွေ ပါ
သိလာရတယ်။နောက် ခေါက်ပြန်ပေး အကြွေး ဝယ်ခြင်သူတွေ့ စတဲ့အတွေ့အကြုံတွေ
ကအများကြီးရလိုက်တယ်။မရောင်းရ ရင်လည်း ကိုယ့်အတတ်နဲ့ကိုယ် အဖေ ဆူမှာလဲကြောက်ရသေးဆိုတော့'' '
ကျွန်တော့ စိတ်ကူးလေး အောင်မြင်ခဲ့ပါတယ်။ရပ်ကွက်ထဲက
ဈေးဆိုင်တွေ ကလည်း ထွက် မဝယ်ရတော့ စရိတ်လည်းသက်သာ တကူတက သွားရလာရတဲ့
အချိန်ကုန်လဲ သက်သာတော့ ကျွန်တော့ ကိုဘဲ စေါင့် ပြီး ဝယ်ကြတော့တယ်။
ဆိုလိုခြင်တါက ကျွန်နော် က ငယ်ငယ်ထဲ က စီးပွားရေးလုပ်ခြင်တဲ့ ပိုး က ရှိ နေတယ်။နောက်ပြီး အဲဒီလို သူများ မစဉ်းစါးတါ ကို သူများမလုပ်တာ ကို လုပ်ခြင်တယ်။ ဒါကြော့င် ဒီကနေ့ ကျွန်နော် အောင်မြင်ခဲ့တယ်လို မှတ်ယူတယ်။
နောက် တခု ပြောခြင်တယ် အဖေ က ငယ်ငယ် ထဲ က မကြာခဏ ပြောတဲ့ စကားပါ။ ''မင်းစိုးရာဇာဖြစ်ခြင်ရင် မြိုတော်မှာနေပြီး လူကြီးနားမှာ အမှု ထမ်းပါတဲ့'''
'''သူဌေးဖြစ် ချင် ရင်လည်း မြို တော် မှာနေပြီး စီးပွားရေးလုပ်ပါတဲ့ ''' အဲ မြန်မြန် သဌေးဖြစ်ချင် ရင်တော့ ဘာသာစကားကျွမ်ကျင် အောင်လုပ်ပြီး နိုင်ငံခြား နဲ့ ကုန်သွယ်စီးပွားလုပ်ပါတဲ့'' '
ကျွန်တော်ပြောချင်တာ ကတော့ ကျွန်နော့် အဖေ့ မရှိတော့ပေမဲ့ အဖေ့စကားများ ဒီကနေ့ ဒီအချိန်ထိကြားနေစဲပါ အဖေပြောခဲ့ တဲ့ အတိုင် လည်း တသွေ မတိမ်းလိုက်နာခဲ့လို့  ဒီကနေ့ အထိအောင်မြင်နေစဲ
ပါလို့ပြောခြင်ပါတယ်။
နောက်အရေးကြီးတာတခုက ကျွန်တော်ဟာ ငယ်ငယ်ထဲကနေ အခု အချိန်ထိ နေ့မနား ညမအား အလုပ်ကို ကျိုးစါးပြီးလုပ်နေစဲပါလို့ ပြောချင်တယ်။
ယနေ့ ခေါတ် လူငယ်လေးများသို့ ပေးခြင်သော
ကိုယ်တွေ့  ဘဝ အကြောင်းလေးပါ။
#Sakura Htay Aung
ကျွန်တော် က တောသား ဟင်္သာတမြို့ ကနေ မိုင် ၂၀ ကျုံပျော်မြို့ကနေ မိုင် ၂၀ ဝေးပြီး ရွာတရွာထဲ မြို့ နယ် ၂ ချမ်းကွဲ နေတဲ့ ရှားခဲသား ဗျာ့။
ငယ်ငယ်ထဲ က စါတော်တော့ ရွာကလဲ အလယ်တန်းကျောင်းပဲရှိတော့ ကျွန်တော်တို့ ညီအစ်ကို မောင်နှမ တွေ ရဲ့ပညာရေး ကျန်းမာရေး စတဲ့ အရာရာ ကို စဉ်းစါပြီး အဖေက ဟင်္သာတမြို့ကို ပြောင်းပြီး အခြေချခဲ့တယ်။
တောသဌေး မြို့ပြောင်းဆိုပေမဲ့မြို့ ကသဌေးတွေ လောက် မချမ်းသာတော့ ရတနာ ပုံ ကွက်သစ်မှာ စီးပွားရေးလည်း အကွက် အကွင်းကောင်းတဲ့ ဗူးဘုရားဈေး ထိပ်မှာ မြေကွက်ဝယ်အိမ်ဆောက်ပြီး အခြေချခဲ့တာပေါ့။
ပညာသင်နှစ် ၁၉၇၀/၇၁ ဟင်္သာတ အထက(၁)မှာ ၆တန်း စတက်ဖြစ်တယ်။အိမ် နဲ့ ကျောင်းကလည်း အတော် ဝေး တော့ နေ့တိုင်း လမ်းလျောက် တက်ရတဲ့ ဒုက္ခ က မသေးဘူး။
အဖေ ကဗူးဘုရားဈေးထိပ် မှာ အခြေချ တာ ကလည်း ရပ်ကွက်ဈေး လေး ရှိတော့ ကုန်စုံ ဆိုင်ကြီးဖွင့်ပြီး အနီးအနား ရပ်ကွက် ၄/၅ ရပ်ထဲ က ဆိုင်လေး တွေကိုလည်းဖေါက်သယ်ပေးရင်း လက်လီလည်းရောင်း ဆိုတဲ့ စိတ်ကူးနဲ့ပေါ့။
ကျွန်တော်က သားကြီးသြရဿ ဆိုတော့ ၆တန်း အရွယ်ထဲ က ကျောင်းတက် မတက်ခင် မနက်ပိုင်း ဆိုင်ခင်းဈေးရောင်းတဲ့ အလုပ် ဝိုင်းကူ ပေးခဲ့ ရတာပေါ့။၇တန်း နှစ် အထိ ညနေပိုင်း ကျောင်း တက်ရတယ်။
၈ တန်း နှစ် ကစပြီး မနက်ပိုင်း တက်ရဒါ ဆိုတော့ ကျောင်းပြီးလို့  အိမ်ပြန် ရောက် ရင် ၁၂နာရီခွဲပြီ။နေလည်စါ စါးပြီး တါနဲ့ အိမ်စါ ကို အိမ်ရှေ့  ခန်းမှာ ဈေးကူရောင်းရင်း အားတဲ့အချိန် လုပ်ရင်းနဲ့ မိဘတွေ ကို ကူခဲ့ရတယ်။
ဒီလိုနဲ့ ၈ တန်း စါမေးပွဲကြီးပြီးနွေရာသီ ကျောင်းပိတ် ရက် ရောက်တော့ အဖေ က စက်ဘီးစီးသင်ပေးပြီး စက်ဘီး အသစ် ကလေး တစီး ဝယ်ပေးခဲ့တယ်။ အဲဒီ ခေါတ် ကနာမည်ကြီး Relay တံဆိပ် ပေါ့။ စက်ဘီးလေး စီးတတ်တော့ အပြင်ထွက် ဖို့ လမ်းစရှာ ဖို့ အကြံ ဖြစ်လာတယ်။ အိမ်ကဈေး ဆိုင် ကလည်း အနီး အနား ၄- ၅ ရပ်ကွက် က လက်လီဆိုင်တွေ လောက်လာဝယ်တါ ဆိုတော့ အတော် ရောင်းကောင်းတဲ့ဆိုင်ကြီးပေ
ဒါပေ မဲ့ ကျွန်တော် စဉ်းစါးမိတာ က ဟင်္သာတမြို ဟာ ၂၆ ရပ်ကွက် ရှိတယ် ငါ တို့ ဆိုင် ကိုလာဝယ်တာ က ၄- ၅ ရပ်ကွက်ထဲ ဆိုတော့ ကျန်တဲ့ရပ်ကွက်တွေ ထဲကလက်လီ ဆိုင်တွေကို အိမ်တိုင်ယာရောက် (Door to Door ) လိုက်ပို့ ပြီး ရောင်းရင် ကောင်းမှာ ပဲလို့  အကြံပေါ်လာတယ်။ဒါနဲ့ခြင်းတေ
နောက်ပြီး လူပျို ပေါက် ဆိုတော့ မင်း မရှက်ဖူးလားလို့ လဲ မေးတယ် ။အဲဒီ အချိန် က ကျွန်နော် စက်ဘီး လည်စီခြင်တါရယ် အမှန်တကယ် စိတ်ကူးထဲ က အကြံ ကို လုပ်ကြ့ည်ခြင်တာရယ်ကြောင့် ရှက်ရကောင်းမှန်းလဲ စဉ်း မိခဲ့ပါဘူး ။နောက် ပြီး ကျွန်တော် က လပ်ရားလပ်ရား နဲ့ စက်ဘီ လျောက်စီတာ မဟုတ်ပဲ။
ဈေးလည် ရောင်တာဆိုတော့ အလုပ်ဟူက ဂုဏ်ရှိစွလို့ ပဲ ကိုယ်ကို ကို ဂုဏ်ယူတကြွားနဲ့ ခံယူချက် ရှိတာကြောင့်  ''သူများပစ္စည်း ခိုတာ လိမ်တာ မှ မဟုတ်ပဲ ဘာလို့ ရှက်ရမှာလဲ ''' လို အဖေ ကိုပြန်ပြောခဲ့ဘူးပါတယ်။ ဒီနေရာမှာ အမေက ကျွန်တော့ ဖက် က အမြဲတန်း ရပ်တည်ပေးတဲ့ စစ်ကူပါပဲ။ ''ကလေးလုပ်ခြင်တာ ပေးလုပ်လိုက်ပါ ဒီအရွယ်နဲ့ မရှက်မကြောက်လုပ်တာကိုပဲခွင
ဒီလို နဲ့ ဟင်္သာတ တမြို လုံး လှည့်ပြီး ရပ်ကွက်ထဲ ဈေးဆိုင်လေးတွေကို စက်ဘီး တစီးနဲ့ ညနေတိုင်း လိုက် ရောင်းခဲ့ဘူးတယ်။မဝယ်ဝယ်အော
ကျွန်တော့ စိတ်ကူးလေး အောင်မြင်ခဲ့ပါတယ်။ရပ်ကွက်ထ
ဆိုလိုခြင်တါက ကျွန်နော် က ငယ်ငယ်ထဲ က စီးပွားရေးလုပ်ခြင်တဲ့ ပိုး က ရှိ နေတယ်။နောက်ပြီး အဲဒီလို သူများ မစဉ်းစါးတါ ကို သူများမလုပ်တာ ကို လုပ်ခြင်တယ်။ ဒါကြော့င် ဒီကနေ့ ကျွန်နော် အောင်မြင်ခဲ့တယ်လို မှတ်ယူတယ်။
နောက် တခု ပြောခြင်တယ် အဖေ က ငယ်ငယ် ထဲ က မကြာခဏ ပြောတဲ့ စကားပါ။ ''မင်းစိုးရာဇာဖြစ်ခြင်ရင် မြိုတော်မှာနေပြီး လူကြီးနားမှာ အမှု ထမ်းပါတဲ့'''
'''သူဌေးဖြစ် ချင် ရင်လည်း မြို တော် မှာနေပြီး စီးပွားရေးလုပ်ပါတဲ့ ''' အဲ မြန်မြန် သဌေးဖြစ်ချင် ရင်တော့ ဘာသာစကားကျွမ်ကျင် အောင်လုပ်ပြီး နိုင်ငံခြား နဲ့ ကုန်သွယ်စီးပွားလုပ်ပါတဲ့''
ကျွန်တော်ပြောချင်တာ ကတော့ ကျွန်နော့် အဖေ့ မရှိတော့ပေမဲ့ အဖေ့စကားများ ဒီကနေ့ ဒီအချိန်ထိကြားနေစဲပါ အဖေပြောခဲ့ တဲ့ အတိုင် လည်း တသွေ မတိမ်းလိုက်နာခဲ့လို့  ဒီကနေ့ အထိအောင်မြင်နေစဲ
ပါလို့ပြောခြင်ပါတယ်။
နောက်အရေးကြီးတာတခုက ကျွန်တော်ဟာ ငယ်ငယ်ထဲကနေ အခု အချိန်ထိ နေ့မနား ညမအား အလုပ်ကို ကျိုးစါးပြီးလုပ်နေစဲပါလို့ ပြောချင်တယ်။
ယနေ့ ခေါတ် လူငယ်လေးများသို့ ပေးခြင်သော
ကိုယ်တွေ့  ဘဝ အကြောင်းလေးပါ။
#Sakura Htay Aung
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။