ငယ်ငယ်တုန်းက
အမေနဲ့အဖေ့ကို ဘယ်သူ့ကိုပိုချစ်လဲမေးရင်
အမေ့ကို ပိုချစ်တယ်လို့ပြောနေကျပဲ
အဖေကတော့ ဘယ်လိုဖြေဖြေ ပြုံးနေလျှက်ပဲ
အဖေ့ရင်ထဲက ခံစားချက်တွေကို မသိသလို
နားလည်းမလည်ဘူး ချစ်လားမေးရင် ချစ်တယ်
ဒါပေမယ့် မလေးနက်ဘူး ။
အဖေ့ လက်ဖဝါးတွေက သိပ်ကြမ်းတယ်
အဖေက ချစ်လို့ပါးကိုလာကိုင်ရင်တောင် ပုတ်ထုတ်ပစ်တာ
စာမေးပွဲမှာ အဆင့် ၁ ၂ ၃ မဝင်တော့
အဖေရိုက်တယ် အဖေ့ကိုမုန်းတယ်
ညဘက် အိပ်နေတုန်း အဖေလာနမ်းတယ်
အဖေလာနမ်းနေတာသိပါတယ်
ဒါပေမယ့် အမေ့ကိုပဲ ချစ်တယ်
အဖေကတော့ ပြုံးနေလျှက်ပဲ ။
ဒီလိုနဲ့ သင်္ကြန်ရောက်ကာနီး
စတီးရေဗြွတ်လိုချင်တာ အရမ်းပဲ
အိမ်ကိုပူဆာတာပဲ ဝယ်ပေး ဝယ်ပေး
အဖေသိတော့ ဝယ်ပေးရှာတယ်
ခါတိုင်းအဖေအိမ်ပြန်နေကျ ညထက်
ပိုနောက်ကျတာ လေးငါးခြောက်ရက်
နောက်မှသိရတယ် အဖေအလုပ်ပိုလုပ်နေတာက
စတီးဗြွတ်ဝယ်ပေးချင်လို့ဆို မှန်း
ဒါပေမယ့် အမေ့ကိုပဲချစ်တယ်
အဖေကတော့ ပြုံးနေလျှက်ပဲ ။
ဆယ်တန်းရောက်တော့
အဖေသိပ်မကျန်းမာတော့ဘူး
ချောင်းဆိုးတယ် ပန်းနာရင်ကျပ်ရောဂါဖြစ်နေပြီ
ဒါပေမယ့် အဖေအလုပ်လုပ်နေတုန်းပဲ
ညဘက်ဆို အဖေချောင်းအရမ်းဆိုးတယ်
စာကျက်လို့မရဘူး
အိပ်လို့လည်းမရဘူး သိပ်စိတ်ညစ်တယ် ။
ကျူရှင်တက်ချင်တယ် သူများတွေလို
ကိုက် ကောင်းကောင်းနဲ့ ဝိုင်းကျူရှင်တက်ချင်လို့
အဖေ့ကို ပြောလိုက်တော့
အဖေ့သက်ပြင်းချမယ်လို့ ထင်ခဲ့တာ
အဖေပြောတယ် " သားစိတ်တိုင်းကျဖြစ်ရမှာပေါ့  " တဲ့
အဖေ ခါတိုင်းထက် မနက်အစောကြီးထတယ်
အဖေ့ ချောင်းဆိုးသံတွေက မနက်၅ နာရီ
သူပြောသေးတယ် " ငါ့သားကငါ့ထက်တော်တယ် " တဲ့
အဖေကတော့ ပြုံးနေလျှက်ပဲ ။
ဆယ်တန်းစာမေးပွဲ ဖြေမယ့်နေ့
အဖေ အိမ်မှာမရှိဘူး
အဖေဘုရားသွားတယ်တဲ့ အမေပြောတာ
ကျွန်တော့အတွက် ဘုရားမှာ ဆုတောင်းပေးတဲ့
အဖေ့ရဲ့ ဆုတောင်းသံတွေ ကျွန်တော်မသိခဲ့ဘူး ။
စာမေးပွဲနောက်ဆုံးနေ့
အဖေ ချောင်းအရမ်းဆိုးတယ်
အဖေကတော့ ပြုံးနေလျှက်ပဲ
အဖေပြောတဲ့စကားက " ငါ့သားကငါ့ထက်တော်တဲ့ကောင် " တဲ့
စာမေးပွဲဖြေလို့ပြီးတော့ အဖေ ကျောင်းထိလာကြိုရှာတယ်
ဒါပေမယ့် သူငယ်ချင်းတွေထက် အဖေ့ကို
ကျွန်တော် အရေးမလုပ်ခဲ့ဘူး
သူငယ်ချင်းတွေ ရေပက်တယ် ကျွန်တော်သိပ်ပျော်တယ်
အဖေကတော့ ပြုံးနေလျှက်ပဲ ။
ဆယ်တန်းအောင်စာရင်းထွက်ပြီတဲ့
အဖေ မနက်၎ နာရီကတည်းက အောင်စာရင်း
ကြော်ငြာတဲ့ဆိုင်းဘုတ်ရှေ့ကိုရောက်နေတာကျွန်တော်မသိဘူး
ကျွန်တော်အောင်တယ်တဲ့ အဖေသိပ်ဝမ်းသာနေတယ်
ကျွန်တော်ကတော့ အမေ့ကိုပြေးဖက်တာ
အမေ့ကိုချစ်တယ် အမေ့ကိုသိပ်ချစ်တယ်
အဖေကတော့ ပြုံးနေလျှက်ပဲ
အဖေ ချောင်းအရမ်းဆိုးတယ် စိတ်ညစ်စရာပဲ ။
အဖေမေးတယ် " သားဘာဆက်လုပ်မလဲ " တဲ့
ကျွန်တော် ဆေးကျောင်းတက်ချင်တာ
အဖေပြောတယ် " ငါ့သားကငါ့ထက်တော်တဲ့ကောင် "
ဖြစ်ချင်တာ ဖြစ်စေရမယ် တဲ့ ။
ကျွန်တော် မမျှော်မှန်းရဲပါဘူး
အဖေ မနက်ဆို အစောကြီးထတယ်
ညဆို ကျွန်တော်အိပ်နေပြီ အဖေအိမ်ပြန်မရောက်သေးဘူး ။
ဒါပေမယ့် အဖေ့ချောင်းဆိုးသံကို
ကျွန်တော် မျှော်နေတတ်ပြီ ။
အဖေကတော့ပုံမှန်အတိုင်းပြုံးနေလျှက်ပဲ ။
အခြေအနေအရ BED ဘွဲ့တစ်ခု ရအောင်ယူပစ်တယ်
အဖေသိပ်ပျော်နေတယ် ။
ဘွဲ့နှင်းသဘင်ခန်းမရှေ့ အမေ့ကိုခေါ်လာတာ
အဖေ ချောင်းအရမ်းဆိုးတယ်
လူကြားထဲ အဖေမလာဘူး
ချောင်းဆိုးသံကြားရင် ငါ့သားမျက်နှာငယ်မှာဆိုးလို့ တဲ့ ။
အဖေကတော့ အဝေးကနေပြုံးပြီးကြည့်နေလျှ က်ပဲ ။
အိမ်မှာ ကျွန်တော့အတွက်ဆိုပြီး
လက်တော့ပ် တစ်လုံး အဖေဝယ်ထားပြီးနေပြီ
အိမ်ရောက်တော့ အဖေက ဟပ်ချလောင်းဆိုပြီး
လက်တော့ပ်ကို ထုတ်ပြတယ် ။
ပျော်တာပေါ့ဗျာ အဖေကတော့ ပြုံးနေလျှက်ပဲ ။
လက်တော့ပ် wallpaper မှာ
အဖေ့ဓာတ်ပုံ တင်ပြီး အဖေ့ကိုသွားပြတာ
အဖေကမေးတယ် " သားကြီး အဖေ့ကိုချစ်လားဟင် " တဲ့
ကျွန်တော်တစ်ခွန်းပဲပြန်ဖြေ တယ် " ဖေကြီးကိုသိပ်ချစ်တယ် " လို့
အဖေလေ သိပ်ပျော်နေရှာတယ်
ကျွန်တော့အတွက် ဂုဏ်ယူနေရှာတယ်
ညဘက် အလုပ်ကနေ အဖေအိမ်ပြန်လာမယ့်
အဖေ့ရဲ့ဖိနပ်အသံလေးကို စောင့်မျှော်နေတတ်ပြီ
အဖေ့ ချောင်းဆိုးသံကြားရမှ အိပ်လို့ပျော်တတ်ပြီ ။
ကျေးဇူးအရမ်းတင်တယ်အဖေ
အဖေ့ကို သိပ်ချစ်ပါတယ် :)
ရင်နှင့်ရင်း၍
#သူသူဟိန်း
အမေနဲ့အဖေ့ကို ဘယ်သူ့ကိုပိုချစ်လဲမေးရင်
အမေ့ကို ပိုချစ်တယ်လို့ပြောနေကျပဲ
အဖေကတော့ ဘယ်လိုဖြေဖြေ ပြုံးနေလျှက်ပဲ
အဖေ့ရင်ထဲက ခံစားချက်တွေကို မသိသလို
နားလည်းမလည်ဘူး ချစ်လားမေးရင် ချစ်တယ်
ဒါပေမယ့် မလေးနက်ဘူး ။
အဖေ့ လက်ဖဝါးတွေက သိပ်ကြမ်းတယ်
အဖေက ချစ်လို့ပါးကိုလာကိုင်ရင်တေ
စာမေးပွဲမှာ အဆင့် ၁ ၂ ၃ မဝင်တော့
အဖေရိုက်တယ် အဖေ့ကိုမုန်းတယ်
ညဘက် အိပ်နေတုန်း အဖေလာနမ်းတယ်
အဖေလာနမ်းနေတာသိပါတယ်
ဒါပေမယ့် အမေ့ကိုပဲ ချစ်တယ်
အဖေကတော့ ပြုံးနေလျှက်ပဲ ။
ဒီလိုနဲ့ သင်္ကြန်ရောက်ကာနီး
စတီးရေဗြွတ်လိုချင်တာ အရမ်းပဲ
အိမ်ကိုပူဆာတာပဲ ဝယ်ပေး ဝယ်ပေး
အဖေသိတော့ ဝယ်ပေးရှာတယ်
ခါတိုင်းအဖေအိမ်ပြန်နေကျ ညထက်
ပိုနောက်ကျတာ လေးငါးခြောက်ရက်
နောက်မှသိရတယ် အဖေအလုပ်ပိုလုပ်နေတာက
စတီးဗြွတ်ဝယ်ပေးချင်လို့ဆို
ဒါပေမယ့် အမေ့ကိုပဲချစ်တယ်
အဖေကတော့ ပြုံးနေလျှက်ပဲ ။
ဆယ်တန်းရောက်တော့
အဖေသိပ်မကျန်းမာတော့ဘူး
ချောင်းဆိုးတယ် ပန်းနာရင်ကျပ်ရောဂါဖြစ်နေပြ
ဒါပေမယ့် အဖေအလုပ်လုပ်နေတုန်းပဲ
ညဘက်ဆို အဖေချောင်းအရမ်းဆိုးတယ်
စာကျက်လို့မရဘူး
အိပ်လို့လည်းမရဘူး သိပ်စိတ်ညစ်တယ် ။
ကျူရှင်တက်ချင်တယ် သူများတွေလို
ကိုက် ကောင်းကောင်းနဲ့ ဝိုင်းကျူရှင်တက်ချင်လို့
အဖေ့ကို ပြောလိုက်တော့
အဖေ့သက်ပြင်းချမယ်လို့ ထင်ခဲ့တာ
အဖေပြောတယ် " သားစိတ်တိုင်းကျဖြစ်ရမှာပေါ
အဖေ ခါတိုင်းထက် မနက်အစောကြီးထတယ်
အဖေ့ ချောင်းဆိုးသံတွေက မနက်၅ နာရီ
သူပြောသေးတယ် " ငါ့သားကငါ့ထက်တော်တယ် " တဲ့
အဖေကတော့ ပြုံးနေလျှက်ပဲ ။
ဆယ်တန်းစာမေးပွဲ ဖြေမယ့်နေ့
အဖေ အိမ်မှာမရှိဘူး
အဖေဘုရားသွားတယ်တဲ့ အမေပြောတာ
ကျွန်တော့အတွက် ဘုရားမှာ ဆုတောင်းပေးတဲ့
အဖေ့ရဲ့ ဆုတောင်းသံတွေ ကျွန်တော်မသိခဲ့ဘူး ။
စာမေးပွဲနောက်ဆုံးနေ့
အဖေ ချောင်းအရမ်းဆိုးတယ်
အဖေကတော့ ပြုံးနေလျှက်ပဲ
အဖေပြောတဲ့စကားက " ငါ့သားကငါ့ထက်တော်တဲ့ကောင် " တဲ့
စာမေးပွဲဖြေလို့ပြီးတော့ အဖေ ကျောင်းထိလာကြိုရှာတယ်
ဒါပေမယ့် သူငယ်ချင်းတွေထက် အဖေ့ကို
ကျွန်တော် အရေးမလုပ်ခဲ့ဘူး
သူငယ်ချင်းတွေ ရေပက်တယ် ကျွန်တော်သိပ်ပျော်တယ်
အဖေကတော့ ပြုံးနေလျှက်ပဲ ။
ဆယ်တန်းအောင်စာရင်းထွက်ပြီတ
အဖေ မနက်၎ နာရီကတည်းက အောင်စာရင်း
ကြော်ငြာတဲ့ဆိုင်းဘုတ်ရှေ့က
ကျွန်တော်အောင်တယ်တဲ့ အဖေသိပ်ဝမ်းသာနေတယ်
ကျွန်တော်ကတော့ အမေ့ကိုပြေးဖက်တာ
အမေ့ကိုချစ်တယ် အမေ့ကိုသိပ်ချစ်တယ်
အဖေကတော့ ပြုံးနေလျှက်ပဲ
အဖေ ချောင်းအရမ်းဆိုးတယ် စိတ်ညစ်စရာပဲ ။
အဖေမေးတယ် " သားဘာဆက်လုပ်မလဲ " တဲ့
ကျွန်တော် ဆေးကျောင်းတက်ချင်တာ
အဖေပြောတယ် " ငါ့သားကငါ့ထက်တော်တဲ့ကောင် "
ဖြစ်ချင်တာ ဖြစ်စေရမယ် တဲ့ ။
ကျွန်တော် မမျှော်မှန်းရဲပါဘူး
အဖေ မနက်ဆို အစောကြီးထတယ်
ညဆို ကျွန်တော်အိပ်နေပြီ အဖေအိမ်ပြန်မရောက်သေးဘူး ။
ဒါပေမယ့် အဖေ့ချောင်းဆိုးသံကို
ကျွန်တော် မျှော်နေတတ်ပြီ ။
အဖေကတော့ပုံမှန်အတိုင်းပြုံ
အခြေအနေအရ BED ဘွဲ့တစ်ခု ရအောင်ယူပစ်တယ်
အဖေသိပ်ပျော်နေတယ် ။
ဘွဲ့နှင်းသဘင်ခန်းမရှေ့ အမေ့ကိုခေါ်လာတာ
အဖေ ချောင်းအရမ်းဆိုးတယ်
လူကြားထဲ အဖေမလာဘူး
ချောင်းဆိုးသံကြားရင် ငါ့သားမျက်နှာငယ်မှာဆိုးလို
အဖေကတော့ အဝေးကနေပြုံးပြီးကြည့်နေလျှ
အိမ်မှာ ကျွန်တော့အတွက်ဆိုပြီး
လက်တော့ပ် တစ်လုံး အဖေဝယ်ထားပြီးနေပြီ
အိမ်ရောက်တော့ အဖေက ဟပ်ချလောင်းဆိုပြီး
လက်တော့ပ်ကို ထုတ်ပြတယ် ။
ပျော်တာပေါ့ဗျာ အဖေကတော့ ပြုံးနေလျှက်ပဲ ။
လက်တော့ပ် wallpaper မှာ
အဖေ့ဓာတ်ပုံ တင်ပြီး အဖေ့ကိုသွားပြတာ
အဖေကမေးတယ် " သားကြီး အဖေ့ကိုချစ်လားဟင် " တဲ့
ကျွန်တော်တစ်ခွန်းပဲပြန်ဖြေ
အဖေလေ သိပ်ပျော်နေရှာတယ်
ကျွန်တော့အတွက် ဂုဏ်ယူနေရှာတယ်
ညဘက် အလုပ်ကနေ အဖေအိမ်ပြန်လာမယ့်
အဖေ့ရဲ့ဖိနပ်အသံလေးကို စောင့်မျှော်နေတတ်ပြီ
အဖေ့ ချောင်းဆိုးသံကြားရမှ အိပ်လို့ပျော်တတ်ပြီ ။
ကျေးဇူးအရမ်းတင်တယ်အဖေ
အဖေ့ကို သိပ်ချစ်ပါတယ် :)
ရင်နှင့်ရင်း၍
#သူသူဟိန်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။