အင်ဒရူးကာနယ်ဂျီလ် ပြောသည့် အောင်မြင်ခြင်း (၁၀) ချက်
-------------------------- -------------------------- --------------------
၁၈၄၈ ခုနှစ်မှာ အမေရိကကို သူရောက်တော့ သူ့လက်ထဲမှာ ၁ ဒေါ်လာပဲ ရှိခဲ့တယ်။ ဒါပေမယ့်လည်း သူဟာ သာမာန်လူမှမဟုတ်ခဲ့တာ။ ဘာမဆို ကြိုးစားရင် ရတယ်လို့ နားလည်တဲ့သူရဲ့ သူမတူအောင် ကြိုးစားအားထုတ်မှုတွေကြောင့်  ၁၉၀၁ ခုနှစ်မှာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့တယ်။
သူ့ရဲ့ ထူးခြားပြီး အများနဲ့မတူတဲ့ တွေးခေါ်တတ်မှု၊ ကြိုးစားအားထုတ်မှုတွေကြောင့်  သူ့အပေါ် အများစိတ်ဝင်စားမှု မြင့်တက်လာတဲ့အချိန်မှာ ဂျာနယ်လစ်သမားတစ်ယောက်ဖြစ်တဲ့
Napolean Hill နဲ့ အင်တာဗျူး တွေ့ဆုံဖို့ ၁၉၀၈ ခုနှစ်မှာ သူ
ခွင့်ပြုခဲ့တယ်။ Hill ဆိုတာကလည်း လက်ရှိ ကမ္ဘာ့ အအောင်မြင်ဆုံး
လူတွေရဲ့အကြောင်းကို မှတ်တမ်းတင်နေတဲ့ လူတော်တစ်ယောက် မဟုတ်လား။
သူဟာ Hill ကို သူ့ရဲ့အကောင်းဆုံး လက်နက်တွေ ထုတ်ပြခဲ့တယ်။ သူ့ကို ထိပ်ဆုံးကို ရောက်ရှိအောင်တွန်းပို့ခဲ့တဲ့ လှို့ဝှက်ချက်တွေကို နောက်လာနောက်သားတွေအတွက် ပြောပြခဲ့တယ်။ သူ့ရဲ့ပြောဆိုအကြံပြုချက်တွေကို
အခြေခံပြီး ၁၉၃၇ ခုနှစ်မှာ Hill ရေးသားထုတ်ဝေခဲ့တဲ့ "Think and Grow Rich"
စာအုပ်ဟာ အချိန်တော်တော်များများထိ ကမ္ဘာ့ရောင်းအားအကောင်းဆုံး
စာအုပ်စာရင်း ဖြစ်ခဲ့တယ်။
Hill ဟာ အောင်မြင်သူတစ်ယောက်ဖြစ်ဖို့  ဘယ်လိုအလုပ်လုပ်ရမလဲ၊ ဘယ်အချက်တွေက အောင်မြင်သူတစ်ယောက်ဖြစ်စေမ လဲ၊
တစ်နည်း အောင်မြင်ခြင်းရဲ့ လှို့ဝှက်ချက်တွေကို ရှာဖွေတဲ့အခါ သူ့ရဲ့
လက်ကိုင်ဆောင်ပုဒ်ဖြစ်တဲ့ "10 Rules of Success" ကို ပြောပြခဲ့တယ်။
ကျွန်တော်ကတော့ ဒါကို "ရွှေလက်ချောင်း ၁၀ ချောင်း" လို့ ခေါ်ချင်မိတယ်။
ရွှေလက်ချောင်း ၁ - ရည်မှန်းချက်ကို သိရှိပါ။
လက်တွေ့ကျတဲ့ အစီအမံတစ်ခုကို ရေးဆွဲပြီး အချိန်မဆိုင်းပဲ အခုပဲ ထလုပ်လိုက်ပါ။
ရွှေလက်ချောင်း ၂ - မဟာမိတ် စိတ် ပိုင်ရှင် ဖြစ်ပါစေ
ခင်ဗျားမှာ မရှိတာကို ရှိနေတဲ့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံပြီး အလုပ်လုပ်ပါ။
ရွှေလက်ချောင်း ၃ - ကိုယ်သွားနိုင်တာထက် ပိုသွားပါ။
ကိုယ်လုပ်နိုင်တာထက် ပိုမိုထပ်ကာ ထပ်ကာ ပြုလုပ်ခြင်းက အထက်ကို တွန်းတင်ပို့တဲ့ အသေချာဆုံးသော အောင်မြင်မှု သော့ချက်တစ်ခု ဖြစ်တယ်။
ရွှေလက်ချောင်း ၄ - ယုံကြည်မှုကို တည်ဆောက်ပါ။
မိမိကိုယ်နဲ့ မိမိရဲ့ ရပ်တည်ချက်ကို ခိုင်မာတဲ့ ယုံကြည်မှုရှိခြင်းက ပြီးပြည့်စုံတဲ့ စိတ်ချယုံကြည်မှုကို
ဖြစ်စေပြီး သင့်ကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားနိုင်တယ်။
ရွှေလက်ချောင်း ၅ - ပင်ကိုယ်အရည်အချင်းကို ပြုစုပျိုးထောင်ပါ။
အများက လုပ်ပါလို့ မပြောခင် မိမိအသိစိတ်နဲ့ လုပ်ပါ။
ရွှေလက်ချောင်း ၆ - စိတ်ကူးတွေကို ချဲ့ထွင်ပါ။
"ဒီလောက်ဆို တော်ပြီ" ဆိုတာထက် ပိုတွေးနိုင်ရမယ်။ ပိုလုပ်နိုင်ရမယ်။
ရွှေလက်ချောင်း ၇ - စိတ်ကို အမြဲတမ်း ထက်သန်အောင် ကြိုးစားအားထုတ်ပါ။
အပြုသဘောဆောင်တဲ့ စိတ်အခြေအနေက သင့်ကို အမြဲတမ်း အများတကာထက် အလုပ်ပိုလုပ်နိုင်စေသလို၊ အများတကာရဲ့ လေးစားမှုနဲ့လည်း ထိုက်တန်စေတယ်။
ရွှေလက်ချောင်း ၈ - တိတိကျကျ တွေးပါ။
ကိစ္စတစ်ခုသုံးသပ်ရာတွင် မိမိ၏ ကိုယ်ပိုင် စိတ်ကူးယဉ်တွေးတောထားသည့် အချက်အလက်များကို
ခွဲခြားသိရှိရန်၊ ကိုယ်ပိုင်စိုးရိမ်ပူပန်မှုများနှင့် ပြဿနာများ၏ အချက်အလက်များကို ခွဲခြား၍ ပကတိအမှန်အတိုင်း သုံးသပ်တွေးတောခြင်းက အမှန်တရားနဲ့ အနီးစပ်ဆုံး ဖြစ်စေပါတယ်။
ရွှေလက်ချောင်း ၉ - လက်ရှိဘာလုပ်နေသည်ကို အမြဲစူးစိုက်ပါ။
မိမိရင်ဆိုင်နေရတဲ့ အရေးကြီးတဲ့ လုပ်ငန်းတာဝန်များမှ သွေဖွယ်စေမည့် အတွေးများ၊ အလုပ်များကို အမြဲသတိပြုခြင်းက အောင်မြင်မှု၏ နောက်ထပ်သော့ချက်တစ်ခု ဖြစ်တယ်။
ရွှေလက်ချောင်း ၁၀ - အခက်အခဲရဲ့ အကျိုးရလာဒ်ကို သိရှိပါ။
အခက်အခဲကြုံလာတိုင်းမှာ စိတ်မပျက်ပါနဲ့။ ဘယ်အရာမဆို ဒင်္ဂါးပြားတစ်ပြားလိုပဲ ပြဿနာတစ်ဖက်၊ အကျိုးပြုရလာဒ်တစ်ဖက် ရှိပါတယ်။
အဲ့ဒီ ကျွန်တော်ပြောတဲ့ သူဆိုတာက အင်ဒရူးကာနယ်လ်ဂျီပေါ့။
credit
#Wun Zin Blog
--------------------------
၁၈၄၈ ခုနှစ်မှာ အမေရိကကို သူရောက်တော့ သူ့လက်ထဲမှာ ၁ ဒေါ်လာပဲ ရှိခဲ့တယ်။ ဒါပေမယ့်လည်း သူဟာ သာမာန်လူမှမဟုတ်ခဲ့တာ။ ဘာမဆို ကြိုးစားရင် ရတယ်လို့ နားလည်တဲ့သူရဲ့ သူမတူအောင် ကြိုးစားအားထုတ်မှုတွေကြောင်
သူ့ရဲ့ ထူးခြားပြီး အများနဲ့မတူတဲ့ တွေးခေါ်တတ်မှု၊ ကြိုးစားအားထုတ်မှုတွေကြောင်
သူဟာ Hill ကို သူ့ရဲ့အကောင်းဆုံး လက်နက်တွေ ထုတ်ပြခဲ့တယ်။ သူ့ကို ထိပ်ဆုံးကို ရောက်ရှိအောင်တွန်းပို့ခဲ့တ
Hill ဟာ အောင်မြင်သူတစ်ယောက်ဖြစ်ဖို
ကျွန်တော်ကတော့ ဒါကို "ရွှေလက်ချောင်း ၁၀ ချောင်း" လို့ ခေါ်ချင်မိတယ်။
ရွှေလက်ချောင်း ၁ - ရည်မှန်းချက်ကို သိရှိပါ။
လက်တွေ့ကျတဲ့ အစီအမံတစ်ခုကို ရေးဆွဲပြီး အချိန်မဆိုင်းပဲ အခုပဲ ထလုပ်လိုက်ပါ။
ရွှေလက်ချောင်း ၂ - မဟာမိတ် စိတ် ပိုင်ရှင် ဖြစ်ပါစေ
ခင်ဗျားမှာ မရှိတာကို ရှိနေတဲ့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံပြီး အလုပ်လုပ်ပါ။
ရွှေလက်ချောင်း ၃ - ကိုယ်သွားနိုင်တာထက် ပိုသွားပါ။
ကိုယ်လုပ်နိုင်တာထက် ပိုမိုထပ်ကာ ထပ်ကာ ပြုလုပ်ခြင်းက အထက်ကို တွန်းတင်ပို့တဲ့ အသေချာဆုံးသော အောင်မြင်မှု သော့ချက်တစ်ခု ဖြစ်တယ်။
ရွှေလက်ချောင်း ၄ - ယုံကြည်မှုကို တည်ဆောက်ပါ။
မိမိကိုယ်နဲ့ မိမိရဲ့ ရပ်တည်ချက်ကို ခိုင်မာတဲ့ ယုံကြည်မှုရှိခြင်းက ပြီးပြည့်စုံတဲ့ စိတ်ချယုံကြည်မှုကို
ဖြစ်စေပြီး သင့်ကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားနိုင်တယ်။
ရွှေလက်ချောင်း ၅ - ပင်ကိုယ်အရည်အချင်းကို ပြုစုပျိုးထောင်ပါ။
အများက လုပ်ပါလို့ မပြောခင် မိမိအသိစိတ်နဲ့ လုပ်ပါ။
ရွှေလက်ချောင်း ၆ - စိတ်ကူးတွေကို ချဲ့ထွင်ပါ။
"ဒီလောက်ဆို တော်ပြီ" ဆိုတာထက် ပိုတွေးနိုင်ရမယ်။ ပိုလုပ်နိုင်ရမယ်။
ရွှေလက်ချောင်း ၇ - စိတ်ကို အမြဲတမ်း ထက်သန်အောင် ကြိုးစားအားထုတ်ပါ။
အပြုသဘောဆောင်တဲ့ စိတ်အခြေအနေက သင့်ကို အမြဲတမ်း အများတကာထက် အလုပ်ပိုလုပ်နိုင်စေသလို၊ အများတကာရဲ့ လေးစားမှုနဲ့လည်း ထိုက်တန်စေတယ်။
ရွှေလက်ချောင်း ၈ - တိတိကျကျ တွေးပါ။
ကိစ္စတစ်ခုသုံးသပ်ရာတွင် မိမိ၏ ကိုယ်ပိုင် စိတ်ကူးယဉ်တွေးတောထားသည့် အချက်အလက်များကို
ခွဲခြားသိရှိရန်၊ ကိုယ်ပိုင်စိုးရိမ်ပူပန်မှုမ
ရွှေလက်ချောင်း ၉ - လက်ရှိဘာလုပ်နေသည်ကို အမြဲစူးစိုက်ပါ။
မိမိရင်ဆိုင်နေရတဲ့ အရေးကြီးတဲ့ လုပ်ငန်းတာဝန်များမှ သွေဖွယ်စေမည့် အတွေးများ၊ အလုပ်များကို အမြဲသတိပြုခြင်းက အောင်မြင်မှု၏ နောက်ထပ်သော့ချက်တစ်ခု ဖြစ်တယ်။
ရွှေလက်ချောင်း ၁၀ - အခက်အခဲရဲ့ အကျိုးရလာဒ်ကို သိရှိပါ။
အခက်အခဲကြုံလာတိုင်းမှာ စိတ်မပျက်ပါနဲ့။ ဘယ်အရာမဆို ဒင်္ဂါးပြားတစ်ပြားလိုပဲ ပြဿနာတစ်ဖက်၊ အကျိုးပြုရလာဒ်တစ်ဖက် ရှိပါတယ်။
အဲ့ဒီ ကျွန်တော်ပြောတဲ့ သူဆိုတာက အင်ဒရူးကာနယ်လ်ဂျီပေါ့။
credit
#Wun Zin Blog
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။