၁၈၊ ဇွန်၊ ၂ဝ၁၇
လူတွေကို ရယ်မောပျော်ရွှင်စေတဲ့ Meme တွေမှာ ပုံလေးတစ်ပုံကြောင့် ကမ္ဘာကျော်ခဲ့ကြသူတွေရဲ့ အကြောင်းအရာတချို့နဲ့ ပြောင်းလဲလာတဲ့ရုပ်သွင်ပြင်ကို ဖော်ပြပေးမှာပါ။
၁။ Success Kid
ဒီကလေးလေးကိုတော့ Sammy Griner လို့ခေါ်ပြီး သူ့အသက် ၁၁ လသားအရွယ်၊ ၂ဝဝ၇ ခုနှစ်မှာ သူ့အမေက ရိုက်ကူးပေးထားတဲ့ဓာတ်ပုံပဲ ဖြစ်ပါတယ်။ အခုတော့ လူပျိုချောလေး ဖြစ်လို့နေပါပြီ။
လူတွေကို ရယ်မောပျော်ရွှင်စေတဲ့ Meme တွေမှာ ပုံလေးတစ်ပုံကြောင့် ကမ္ဘာကျော်ခဲ့ကြသူတွေရဲ့ အကြောင်းအရာတချို့နဲ့ ပြောင်းလဲလာတဲ့ရုပ်သွင်ပြင်ကို ဖော်ပြပေးမှာပါ။
၁။ Success Kid
ဒီကလေးလေးကိုတော့ Sammy Griner လို့ခေါ်ပြီး သူ့အသက် ၁၁ လသားအရွယ်၊ ၂ဝဝ၇ ခုနှစ်မှာ သူ့အမေက ရိုက်ကူးပေးထားတဲ့ဓာတ်ပုံပဲ ဖြစ်ပါတယ်။ အခုတော့ လူပျိုချောလေး ဖြစ်လို့နေပါပြီ။
၂။ Disaster Girl
ဒီမိန်းကလေးကိုတော့
Zoe Roth လို့ခေါ်ပြီး ပုံကို မီးသတ်လေ့ကျင်းရေးတစ်ခုမှာ ရိုက်ကူးထားတာပါ။
ပြီးတော့ သူဟာ တကယ့်စိတ်ဝေဒနာရှင်တစ်ယောက် မဟုတ်ပါဘူး။
၃။ Scumbag Steve
သူ့ကိုတော့ အခုအခါမှာ Scumbag Steve လို့ခေါ်ပြီး အရင်နာမည် Blake Boston ဖြစ်ပါတယ်။ ပထမပုံကိုတော့ သူ့မိခင်က ရိုက်ထားပေးတာပါ။
၎။ Overly Attached Girlfriend
သူ့နာမည်ကိုတော့
Laina Walker လို့ခေါ်ပြီး ကမ္ဘာကျော်တေးသံရှင် Justin Bieber ရဲ့
သီချင်းတစ်ပုဒ်ကို Cover ပြန်ဆို၊ YouTube ပေါ် တင်လိုက်ချိန်ကစလို့
နာမည်ကြီးလာသူပါ။ သူ နာမည်ကြီးရတဲ့ အဓိက အကြောင်းအရင်းထဲမှာ
ကျောချမ်းစရာကောင်းလောက်တဲ့ မျက်လုံးတစ်စုံကြောင့်လည်း ပါပါတယ်။
၅။ Bad Luck Brian
သူ့နာမည်ကိုတော့
Kyle Craven လို့ခေါ်ပြီး ဓာတ်ပုံကို ကောလိပ်မှာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
တမင် မျက်နှာပြောင်တိုက်နေတယ်လို့တောင် ကျောင်းဆရာက ထင်ပြီး ဓာတ်ပုံကို
ထပ်ခါထပ်ခါ အကြိမ်ကြိမ် ရိုက်ကူးခဲ့ရပါတယ်။
၆။ Ermahgerd
သူ့နာမည်ကိုတော့
Maggie Goldenberger လို့ခေါ်ပြီး အခုအခါမှာ သူနာပြုတစ်ယောက် အဖြစ်
အသက်မွေးဝမ်းကျောင်း ပြုနေပါတယ်။ သူမရဲ့ စိတ်လှုပ်ရှား၊ တက်ကြွနေတဲ့
မျက်နှာကြောင့် လူတွေကို ရယ်မော၊ ပျော်ရွှင်စေတဲ့ Meme မှာ တစ်နေရာ
အခိုင်အမာ ရယူခဲ့သူပါ။
၇။ Side-Eye Chloe
သူ့နာမည်ကိုတော့
Chloe လို့ ခေါ်ပါတယ်။ သူ့အစ်မနဲ့အတူ Disneyland ကို သွားခဲ့ရင်း အစ်မကို
ပြုမူခဲ့တဲ့ မျက်နှာအမူအရာကြောင့် Meme မှာ နာမည်ကြီးလာခဲ့သူပါ။
၈။ Dissatisfied McKayla
အိုလံပစ်
အားကစားပွဲမှာ ရွှေတံဆိပ် ဆွတ်ခူးသင့်ပေမဲ့ ငွေတံဆိပ်နဲ့သာ
ကျေနပ်ခွင့်ရသွားသူရဲ့ မျက်နှာ အမူအရာပါ။ သူ့ရဲ့ပြိုင်ပွဲထက်
မျက်နှာအမူအရာကိုသာ ဝမ်းနည်းစရာအနေနဲ့ လူတွေကို ပိုပြီး အမှတ်ရစေခဲ့ပါတယ်။
၉။ Outraged Girl
သူ့နာမည်ကိုတော့
Mia Talerico လို့ခေါ်ပြီး Good Luck Charlie ရှိုးမှာ သရုပ်ဆောင်ပြနေချိန်
လျှပ်တစ်ပြက်ရိုက်ချက်ကြောင့် နာမည်ကျော် Meme တစ်ခု ဖြစ်လာခဲ့သူပါ။
Ref: Thiswillblowmymind.com
ကျော်လင်းအောင်
http://www.momolay.com/p/32686/text
ကျော်လင်းအောင်
http://www.momolay.com/p/32686/text
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။