Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, June 29, 2017

"ပညာ၏ကျွန်များ"

"ပညာ၏ကျွန်များ"
• • • • • • • • • • • • • • • • • • • • • • • • • • • • • • • • • • • • •
တစ်ရက်မှာ နေ့လယ်စာအတွက် ခပ်လွယ်လွယ် ပီဇာဆိုင်ကိုပဲ သွားလိုက်တယ်။ တန်းစီနေရင်း ကျနော့ရှေ့မှာ အမေရိကန် လူဖြူအမျိုးသမီးတစ်ယောက်နဲ့ သူ့ရှေ့က အသက် ၁၅ နှစ် ၁၆ နှစ်လောက် တရုတ်ကလေးနှစ်ယောက်ကို သတိပြုမိပါတယ်။ တရုတ်ကလေးတွေအလှည့်ရောက်တော့ သူတို့စားချင်တာ မှာပြီး ဒေါ်လာ ၁၀၀ တန် တစ်ရွက်ထုတ်ပေးတာ အရောင်းဝန်ထမ်း လူမည်းအမျိုးသမီးက လက်မခံဘူး။ သူတို့ဆိုင်စည်းကမ်းအရ ဒေါ်လာ ၂၀ တန်အထိပဲ လက်ခံပြီး တန်ဖိုးကြီးတဲ့ ငွေစက္ကူတွေ မယူတဲ့အကြောင်း လူမည်းလေသံနဲ့ ရှင်းပြတယ်။ အမေရိကားမှာ အင်္ဂလိပ်စကားကို လေယူလေသိမ်းအမျိုးမျိုးနဲ့ ပြောကြတာပါ။ လူမည်းတွေပြောတဲ့အသံက နားအကျင့်မရှိရင် နားလည်ဖို့ မလွယ်ဘူး။

ဒီတော့ တရုတ်ကလေးတွေက သူတို့ပေးတဲ့ ငွေစက္ကူနွမ်းလို့ ညစ်ပေလို့ ငြင်းတယ်ထင်သွားပုံပဲ။ ဘောင်းဘီအိတ်ထဲက နောက်ထပ် ၁၀၀ တန်တစ်ရွက် အသစ်လဲပေးတယ်။ အရောင်းဝန်ထမ်း လူမည်းမက ထပ်ရှင်းပြတာလည်း ကောင်လေးတွေ နားလည်ပုံမရဘူး။

သူတို့ ပြဿနာဖြစ်နေတာကို ကြည့်ရင်း ရှေ့ကအမေရိကန်မက ကျနော့ဘက်လှည့်ပြီး "parachute kids" (လေထီးနဲ့ဆင်းလာတဲ့ ကလေးတွေ) လို့ ပြုံးစိစိလှမ်းပြောတယ်။ သူဘာကို ဆိုလိုမှန်း ကျနော် သဘောမပေါက်ဖူး။ အမေရိကန်မက ဆက်ပြီး "မင်းတရုတ်လို သွားရှင်းပြပါလား" လို့ ပြောပြန်တယ်။ အာရှသားရုပ်နဲ့ဆို အမေရိကန်တွေက တရုတ်၊ ဖိလိပိုင်လို့ပဲ ထင်ကြတာလည်း တစ်ဒုက္ခ။ ကျနော်တရုတ်မဟုတ်ကြောင်း၊ တရုတ်စကားမတတ်ကြောင်း ပြောလိုက်ရတယ်။

အဲဒီအချိန်မှာ ရှေ့က တရုတ်လေးတွေလည်း ဘောင်းဘီအိတ်ထဲက ပိုက်ဆံအထပ်လိုက် ဆွဲထုတ်ပြီး ကြိုက်တဲ့တစ်ရွက် ယူပါဆိုတဲ့ ပုံနဲ့ ထိုးပေးတော့ လူမည်းမလည်း "Oh My God, Oh My God" တွေ ဖြစ်ကုန်ရော။ ကောင်လေးရဲ့ လက်ထဲမှာ ရာတန်အထပ်လိုက်က ဒေါ်လာ သုံး-လေးထောင်ဖိုးလောက် ရှိမယ်။ ဆယ်ကျော်သက်လေးတွေ အဲဒီလောက် ပိုက်ဆံအများကြီးကို ဘောင်းဘီအိတ်ထဲထည့်ပြီး လျှောက်သွားနေတာ ဘယ်လောက် အန္တရာယ်များသလဲ။

ရှေ့က အမေရိကန်မလည်း မနေသာတော့ဘဲ ကူညီဖြေရှင်းပေးဖို့ ကြိုးစားပါတယ်။ အရောင်းဝန်ထမ်း လူမည်းမနဲ့ ကျနော့ကို သက်သေထားပြီး၊ သူ့အိတ်ထဲက ၂၀ တန် ၅ ရွက်နဲ့ ကောင်လေးတွေဆီက ၁၀၀ တန်ကို လဲပေးလိုက်တော့မှ ပြဿနာ ပြေလည်သွားလေရဲ့။

နောက်တော့ ကျနော်လည်း ပီဇာစားရင်း ဒီကိစ္စကို တွေးနေမိတာပေါ့။ အင်္ဂလိပ်စကားတောင် ကောင်းကောင်းမတတ်တဲ့ ဒီတရုတ်လေးတွေ ပိုက်ဆံအများကြီး ဘယ်ကရလာပါလိမ့်။ ဟိုအမေရိကန်မ ပြောတဲ့ parachute kids (လေထီးနဲ့ဆင်းလာတဲ့ ကလေးတွေ) ဆိုတဲ့ စကားအဓိပ္ပာယ်ကို ရှာကြည့်မှ နားလည်လာတော့တယ်။

အမေရိကန် ပြည်ထောင်စုကို တရုတ်နိုင်ငံက ကျောင်းလာတက်တဲ့ ကလေးသူငယ်တွေကို parachute kids လို့ ခေါ်ကြတယ်။ မိဘအုပ်ထိန်းသူမပါဘဲ တစ်ယောက်တည်း လေထီးနဲ့ ခုန်ချသလို ရောက်လာတာမို့ အဲလိုခေါ်တာတဲ့။

အမေရိကားမှာ ကျောင်းတက်ပြီး အမေရိကန်တက္ကသိုလ်ဘွဲ့ရဖို့အတွက် တရုတ်နိုင်ငံက ပိုက်ဆံချမ်းသာတဲ့ မိဘတွေက သားသမီးကို ပို့ထားကြတာ။ ကြားက စီစဉ်ပေးတဲ့ ပွဲစားလုပ်ငန်းတွေလည်း အများကြီး ရှိတာပေါ့။ တရုတ်၊ ဗီယက်နမ်၊ ဖိလိပိုင်၊ ထိုင်းလူမျိုးတွေ အမေရိကန်နိုင်ငံသားနဲ့ လက်ထပ်ဗီဇာလုပ်ဖို့၊ ကျောင်းတက်ဖို့၊ ကလေးလာမွေးပြီး နိုင်ငံသားရဖို့ ပွဲစားလုပ်ငန်းတွေနဲ့ ဆက်သွယ်လုပ်ကိုင်ကြတယ်။ အခုပြောတဲ့ ကလေးတစ်ယောက်တည်း ကျောင်းလာတက်ဖို့အတွက်၊ အုပ်ထိန်းစောင့်ရှောက်ပေးမယ့် အိမ်နဲ့ မိသားစုကိုလည်း ပွဲစားကပဲ ရှာဖွေစီစဉ်ပေးတယ်။ တရုတ်မိသားစုတစ်ခုနဲ့ အတူနေရသူတွေရှိသလို၊ တခြားလူမျိုးတွေရဲ့အိမ်မှာ နေရတာလည်း အများကြီးပဲ။ လက်ခံပေးတဲ့အိမ်အတွက် တစ်လကို ဒေါ်လာ တစ်ထောင်လောက် နေစရိတ် စားစရိတ်ပေးကြရတယ်။

F-1 ဆိုတဲ့ ကျောင်းသားဗီဇာနဲ့ အမေရိကားမှာ ပညာလာသင်တဲ့ တရုတ်လူငယ် ယောက်ျားလေး၊ မိန်းကလေးတွေ အရင်က တစ်ထောင်လောက်ပဲ ရှိခဲ့ရာကနေ ဆယ်စုနှစ်တစ်ခုအတွင်း ၅၂,၀၀၀ ကျော်အထိ တိုးပွားလာပြီတဲ့။ အလယ်တန်း (၆ တန်းကနေ ၈ တန်း) ကတည်းက ရောက်လာသူတွေ၊ အထက်တန်း (၉ တန်းက ၁၂ တန်း) လာတက်သူတွေဆိုတော့ တကယ့် ဆယ်ကျော်သက် ငယ်ငယ်လေးတွေပါ။ ဒီလိုနုနုနယ်နယ် အရွယ်လေးကတည်းက မိဘနဲ့ ခွဲခွာပြီး ရပ်ဝေးမြေခြားမှာ နေရတဲ့ ဘဝက မလွယ်ပါဘူး။

လူငယ်တွေဘာဝ ပျော်ပျော်ပါးပါး ဆော့ကစားပြီး မိဘအရိပ်အောက်မှာ အေးအေးချမ်းချမ်း မနေရဘဲ၊ သူစိမ်းတွေအလယ် နိုင်ငံခြားဘာသာ ကျောင်းစာတွေနဲ့ နပမ်းလုံးနေရတဲ့ ဘဝဟာ ခက်ခဲကြမ်းတမ်းပါတယ်။ ဒီတော့ တချို့တွေလည်း သူတို့ချင်း အုပ်စုတွေ၊ ဂိုဏ်းတွေဖွဲ့ပြီး ဆိုးသွမ်းသောင်းကျန်းကြတယ်။ မိဘပို့ပေးတဲ့ ပိုက်ဆံကို သုံးဖြုန်းပျော်ပါးပစ်ကြတယ်

သူတို့တွေရဲ့ အဓိကပြဿနာကတော့ မကောင်းမြစ်ထှာ ကောင်းရာညွှန်ပြဖို့ မိဘအုပ်ထိန်းမှု မရှိတာပါ။ မိဘမေတ္တာနဲ့ ကင်းကွာနေရတဲ့အခါ သူတို့ရဲ့ စိတ်သဘာဝကလည်း သူတစ်ပါးအပေါ် နားလည်စာနာစိတ်၊ သနားညှာတာစိတ် ကင်းမဲ့လာပြီး၊ အနိုင်ကျင့်ဗိုလ်ကျချင်တဲ့ စိတ်မိုက်စိတ်ရိုင်းတွေနဲ့ ကြီးပြင်းလာတာပါပဲ။

ဒီတော့ တချို့လည်း မိဘတွေ မျှော်မှန်းသလို အမေရိကန်ဘွဲ့ရ ပညာတတ်ကြီး ဖြစ်မလာဘဲ အမေရိကန်ထောင်ထဲ ရောက်သွားသူတွေ ရှိလာတယ်။

၂၀၁၅ ခုနှစ် မတ်လ ၃၀ ရက်တုန်းက တရုတ်ကျောင်းသူကျောင်းသား ဆယ်ကျော်သက်လေးတွေရဲ့ ဗိုလ်ကျအနိုင်ကျင့် နှိပ်စက်တဲ့အမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ စားသောက်ဆိုင်မှာ ငွေရှင်းခိုင်းတာကို မပေးလို့ဆိုပြီး တရုတ်ကျောင်းသူတစ်ယောက်ကို ကျန်တဲ့ လေးယောက်က ဝိုင်းနှိပ်စက်ကြတာပါ။

ပိုက်ဆံပေးဖို့ ငြင်းဆန်တဲ့ ၁၈ နှစ်အရွယ် ကောင်မလေးကို အနီးက ပန်းခြံတစ်ခုထဲ ခေါ်သွားပြီး ကိုယ်တုံးလုံးချွတ် ဒူးထောက်ခိုင်းကြတယ်။ အဖွဲ့ခေါင်းဆောင်က ကောင်မလေးတစ်ယောက်ပါ။ ၁၉ နှစ်အရွယ် ယောက်ျားလေး နှစ်ယောက်နဲ့ မိန်းကလေးနှစ်ယောက်က အဲဒီကောင်မလေးရဲ့ ရင်သားကို စီးကရက်မီးနဲ့တို့၊ တစ်ကိုယ်လုံးကို ဒေါက်ဖိနပ်တွေနဲ့ ရိုက်ကြသတဲ့။ ပြီးတော့၊ ကပ်ကြေးနဲ့ ဆံပင်တွေကို ကိုက်ပြီး ဆံပင်စတွေကို ပါးစပ်ထဲအတင်းခွံ့ကျွေးကြတယ်။

အဲဒီအမှုကို သတင်းမီဒီယာတွေမှာ ဟိုးလေးတကျော် ဖော်ပြကြတာပေါ့။ အဖွဲ့ခေါင်းဆောင် ကောင်မလေးက ထောင်ဒဏ် ၁၃ နှစ်၊ အဖွဲ့ဝင်ကောင်မလေးက ၁၀ နှစ်၊ ယောက်ျားလေးနှစ်ယောက်က ထောင် ၆ နှစ်နဲ့ ၃ နှစ်စီ ကျသွားတယ်။

ကလေးတွေကို ဝေးမြေရပ်ခြားပို့ထားပြီး ပညာကို ဇွတ်အတင်းသင်ကြားခိုင်းတဲ့ အာရှပုံစံဟာ နည်းလမ်းမှန်ရဲ့လားဆိုတာ ဒီအမှုက မီးမောင်းထိုးပြသလိုပါပဲ။ မိဘမေတ္တာနဲ့ စောင့်ရှောက်လမ်းညွှန်မှု မရှိတဲ့ ကလေးသူငယ်တွေရဲ့ စိတ်ဒဏ်ရာဟာ အင်မတန် ဆိုးဝါးတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ပေါ်လာစေနိုင်တယ်။

နာမယ်ကျော် ပေါ့ပ်ဂီတဘုရင်ကြီးလို့ တင်စားရတဲ့ မိုက်ကယ်လ် ဂျက်ဆင်လည်း ငယ်စဉ်ကလေးအရွယ် ၆ နှစ်သားလောက်ကတည်းက အောင်မြင်ကျော်ကြားမှုကြောင့် ကလေးဘဝ ဆုံးရှုံးခဲ့ရပြီး တချိန်လုံး သီချင်းတွေကျက်၊ အကတွေကျင့်ပြီး နေလာခဲ့ရတယ်။ အပေါင်းအသင်း သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ဆော့ကစားရမယ့် ကလေးသူငယ်ပီပီ နုပျိုလန်းဆန်းတဲ့ဘဝမှာ မနေခဲ့ရတာကြောင့် သူ့ဘဝရဲ့ အိမ်ထောင်ရေး၊ မိသားစုရေး ကိစ္စတွေမှာ ပြဿနာပေါင်းစုံ ရှုပ်ထွေးခဲ့ရတယ်လို့ စိတ်ပညာရှင်များက ထောက်ပြကြတယ်။ အောင်မြင်ကျော်ကြား၊ ဝင်ငွေတွေအများကြီးရပေမယ့် သာယာပျော်ရွှင်တဲ့ဘဝကို ဘယ်လိုခံစားရမှန်း မသိခဲ့ရဘူးလေ။

လေထီးဆင်းကလေးသူငယ် တရုတ်ကျောင်းသားတွေထဲက နာမယ်ကျော် အမေရိကန်တက္ကသိုလ်ကြီးတွေကို ဝင်ခွင့်ရပြီး ဘွဲ့ထူးဂုဏ်ထူးတွေ ဆွတ်ခူးနိုင်သူတွေလည်း ရှိပါရဲ့။ ဒါပေမယ့်၊ သူတို့လည်း အနည်းနဲ့အများ စိတ်ဒဏ်ရာတွေ ရကြတာပါပဲ။

ပညာတွေအများကြီးတတ်ပြီး နာမည်ကျော် အမေရိကန်တက္ကသိုလ်က ဘွဲ့တွေရ၊ လစာဝင်ငွေကောင်းပေမယ့် ဘဝရဲ့ သာယာပျော်ရွှင်မှု ပျောက်ဆုံးသွားတာတွေ ရှိတတ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်အတော်ကြာက ဂျပန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ နှစ်လောင်းပြိုင်လူသတ်မှုအကြောင်း ပြောပြပါရစေဦး။ အသက် ၈၀ ကျော် ဂျပန်လူမျိုး အဖိုးကြီးနဲ့ အဖွားကြီး ဇနီးမောင်နှံ ဓားနဲ့ထိုး အသတ်ခံရတဲ့အမှုကို ဂျပန်တပြည်လုံး စိတ်ဝင်စားခဲ့ကြတယ်။ ကြင်နာသနားတတ်ပြီး အေးအေးဆေးဆေး နေထိုင်တဲ့ သက်ကြီးဇနီးမောင်နှံကို ဘယ်လိုလူက သတ်သွားသလဲ။

ဒီအဖိုးနဲ့အဖွားဟာ နှစ်စဉ်နှစ်တိုင်း နှစ်သစ်ကူးနေ့မှာ ထူးခြားတဲ့ အလှူဒါနလုပ်တတ်တယ်။ သူတို့အိမ်နားက တက္ကသိုလ်မှာ ပညာသင်နေတဲ့ နိုင်ငံခြားကျောင်းသူကျောင်းသား ၁၀ ယောက်လောက်ကို သူတို့အိမ်ခေါ်ပြီး နှစ်သစ်ကူးစားသောက်ဖွယ်တွေ ဧည့်ခံကျွေးမွေးကြတယ်။ ဂျပန်တက္ကသိုလ်တွေမှာ ပညာလာသင်နေပြီး နှစ်သစ်ကူးချိန် ကိုယ့်တိုင်းပြည်ကို မပြန်နိုင်တဲ့ နိုင်ငံခြားကျောင်းသားတွေအတွက် တက္ကသိုလ်တွေက အဲဒီလို အစီအစဉ်လုပ်ပေးကြပါတယ်။ သားသမီး ဆွေမျိုးတွေနဲ့ ဝေးပြီး အထီးကျန်နေတဲ့ ဂျပန်အဖိုးကြီး အဖွားကြီးတွေလည်း နှစ်သစ်ကူးမှာ အဖော်ရတာပေါ့လေ။ ပြီးတော့ အခုအသတ်ခံရတဲ့ အဖိုးကြီးအဖွားကြီးက ကျောင်းသားတစ်ယောက်ကို ယန်း ၁၀,၀၀၀ စီ(ကျပ်တစ်သိန်းကျော်လောက်) မုန့်ဖိုးလည်း ပေးတယ်တဲ့။

နှစ်တိုင်း ဒီလို ရက်ရက်ရောရော ပေးလှူဒါနပြုနေတာကြောင့် သူတို့မှာ ပိုက်ဆံအများကြီး ရှိမယ်ထင်ပြီး၊ တက္ကသိုလ်တတိယနှစ် တရုတ်ကျောင်းသားနှစ်ယောက်က သတ်ခဲ့ကြတာ ပေါ်ပေါက်လာပါတယ်။ ဒါပေမယ့်၊ သူတို့ထင်သလို အိမ်မှာ ပိုက်ဆံအများကြီး မရှိဘဲ ယန်း သုံးထောင်လောက်ပဲ ရခဲ့တယ်။ ဘဏ်ကဒ်ကလည်း လျှို့ဝှက်ကုဒ်နံပါတ်မမှန်လို့ ဘဏ်ကငွေတွေ ထုတ်မရဘူး။

ရဲစစ်ချက်မှာ တရုတ်ကျောင်းသားနှစ်ယောက် ထွက်ဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ သူတို့အရွယ်ရောက်ကတည်းက ကျောင်းစာထဲမှာပဲ ဘဝကို နှစ်မြှုပ်နေခဲ့ရတာ အလွန်ကို ငြီးငွေ့မွန်းကျပ်နေပြီတဲ့။ အထူးသဖြင့် ဂျပန်မှာ မိဝေးဖဝေး အလုပ်တဖက်၊ ကျောင်းတဖက် တစ်နေ့ကို အိပ်ချိန် ၆ နာရီအနိုင်နိုင် ရုန်းကန်ရတဲ့ ဘဝကို သူတို့ အမုန်းဆုံးလို့ ပြောတယ်။

ဒီတော့၊ ပိုက်ဆံရှိတဲ့ ဂျပန်အဖိုးကြီးအဖွားကြီးကို သတ်ပြီး ငွေများများရရင် တရုတ်ပြည်ကို မီရာလေယာဉ်နဲ့ ပြန်ပြီး ပျော်သလိုနေဖို့ စိတ်ကူးမိတာပါလို့ ရဲဆီမှာ ထွက်ဆိုခဲ့ကြပါတယ်။

သူတို့ရဲ့ ထွက်ဆိုချက်ကို ကြားပြီး ကျနော်သိလာတာကတော့ သူတို့ဟာ ဝဋ်ကြွေးကြောင့် ပညာသင်နေရသူတွေပါပဲ။ ကလေးအရွယ်မှာ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားမနေရဘဲ ကျောင်းစာကိုသာ ကျုံးလုပ်နေခဲ့ရတယ်။ ဂျပန်ရောက်လာတော့လည်း ကျောင်းစရိတ်အတွက် အလုပ်တဖက်နဲ့ တက္ကသိုလ်မှာ အကြိတ်အနယ် ပညာသင်ရပြန်တယ်။ လူငယ်ဘဝ အေးဆေးပျော်ရွှင်စွာ နေရတယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့တော့ လိုချင်တောင့်တမိတာပေါ့။

ဒီတော့ အချိန်ပြည့် ပညာသင်နေရတဲ့ ဘဝက လွတ်မြောက်ဖို့ လူသတ်မှု ကျူးလွန်ခဲ့ရတဲ့အထိ ဆိုက်ခဲ့ကြတာပါ။

ကျနော်ပြောပြခဲ့တဲ့ မှုခင်းတွေကို ကြည့်ရင် ကလေးသူငယ်တွေ၊ လူငယ်လေးတွေကို အတင်းအကျပ် ပညာသင်စေခြင်းဟာ ကောင်းကျိုးထက် ဆိုးကျိုးပိုများစေတယ်လို့ ယူဆရပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ မလှိုင်က ဘော်ဒါတစ်ခုအကြောင်း ဖတ်ရတော့ အဲဒါတွေ ခေါင်းထဲမှာ ပေါ်လာတယ်။ ဘော်ဒါက ကလေးတွေဟာ မနက် ၆ နာရီက ည ၁၂ နာရီအထိ စာသင်နေကြရတယ်၊ စာကျက်နေကြရတယ်၊ နေ့စာညစာကိုတောင် စာသင်ခန်းထဲမှာပဲ စားကြရတယ်။ လူငယ် ယောက်ျားလေး၊ မိန်းကလေးသဘာဝ ရည်းစားထား စိတ်ကစားမိရင် လူသူအများရှေ့မှာ အရိုက်ခံကြရသတဲ့။

မန္တလေးဆေးတက္ကသိုလ်ဆင်း ဆရာဝန် လေးယောက် မိသားစု ဖွင့်လှစ်လုပ်ကိုင်တဲ့ မလှိုင်ဘော်ဒါဟာ ရာနှုန်းပြည့် အောင်ချက်နဲ့ ဂုဏ်ထူးတွေ လှိုင်လှိုင်ထွက်လို့ နာမည်ကျော်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ခုနက ကျနော်ပြောခဲ့သလိုပါပဲ။ ဆရာဝန်၊ အင်ဂျင်နီယာ ဖြစ်ဖို့ ပညာသင်ရတာမဟုတ်ဘဲ၊ သိချင်တတ်ချင်တဲ့ ပညာလိုလားစိတ်နဲ့သာ ကလေးသူငယ်တွေကို ပြုစုပျိုးထောင်ဖို့ အရေးကြီးပါတယ်။ လူငယ်လေးတွေ ဝဋ်ကြွေးတစ်ခုလို ဝါသနာမပါတဲ့ ပညာကို သင်နေရခြင်းဟာ တစ်နည်းအားဖြင့် ကျွန်ပညာရေးပါ။

ဒါကြောင့်၊ သားသမီးတွေကို ဘော်ဒါပို့ပြီး ဇွတ်အဓမ္မ ပုံသွင်းရင်း ပညာသင်စေချင်တဲ့ မိဘတွေကို ပြောချင်ပါတယ်။ ကိုယ့်ရင်သွေးလေးတွေအပေါ် မိဘမေတ္တာထားရင် လိုချင်တာ ဖြစ်လာစေလိမ့်မယ်။ ပျော့ပျောင်းတဲ့ ဖော့ဖယောင်းလေးတွေကို နွေးထွေးတဲ့ မေတ္တာဓာတ်နဲ့သာ လိုရာပုံသွင်းယူနိုင်ပါမယ်။ တူကြီးနဲ့ အတင်းထုရင် ကျိုးကျေသွားမှာပေါ့။

"မေတ္တာဖြင့်သာ အောင်မြင်ရာ၏"

Writer-Min Myat Maung

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။