Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, June 19, 2017

အသည်းကွဲတဲ့ အချိန်မှာ လုပ်ဆောင်သင့်တဲ့ အချက်များ

အသည်းကွဲတဲ့ အချိန်မှာ လုပ်ဆောင်သင့်တဲ့ အချက်များ
✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿

.
အသည်းကွဲ ဝေဒနာကို အနည်း နဲ့အများ တော့
လူတိုင်း ခံစားဖူးကြပါတယ်။ ၁၅ဝဝ အချစ် နဲ့
ပတ်သက်မိ သွားတဲ့သူတိုင်း ပျော်ရွှင် ခြင်း၊ ရယ်မောခြင်း၊
ဝမ်းနည်းခြင်း၊ ငိုကြွေးခြင်း၊ လွမ်းဆွေးခြင်းတွေ ကို
တစ်ခု မဟုတ် တစ်ခုခု ခံစား ရတတ်ပါတယ်။
လူသားတွေဟာ အချစ်နဲ့ ထိတွေ့ခွင့် ရရင် ရိုင်းနေတဲ့
စိတ်ကိုတောင် ယဉ်စေပါတယ်။

စိတ်ညစ် စိတ်ရှုပ်နေရင်လည်း ပျော်ရွှင်မှုကို
ခံစားရစေပါတယ်။ အချစ်တစ်ခု ကို နက်နက်နဲနဲ
ရင်နင့်အောင် ခံစားမိပြီး အခန့်မသင့် အဆင်မပြေလို့
တစ်ယောက်နဲ့ တစ် ယောက် လမ်းခွဲကြရင်
ယောက်ျားလေး၊ မိန်းကလေးရယ်မှ မဟုတ်ဘဲ
အသည်းကွဲဝေဒနာ ကို ခံစားရတဲ့ အတိုင်းအတာဟာ
တူညီစွာပဲ ပြင်းထန်နက်ရှိုင်း လွန်း ပါတယ်။

အသည်းကွဲ ဝေဒနာကို ခံစားရသူ တစ်ယောက်ဟာ
ဝေဒနာ သက်သာစေဖို့ အချိန် များစွာ ကိုလည်း
ပေးဆပ် ရပါတယ်။ လက်ဆုပ် လက်ကိုင်
အကောင် အထည်ပြစရာ ဘာမှမရှိ၊ ဒဏ်ရာလည်း
ပြစရာ မရှိဘဲ အခံရခက်တဲ့ ဝေဒနာဟာ အသည်းကွဲ
ဝေဒနာလို့ ဆိုချင်ပါတယ်။

အဲဒီဝေဒနာ ကို ပျောက်ကင်းအောင် ကုသဖို့ ဆိုတာ
ကလည်း ကိုယ့်ရဲ့စိတ်တစ်ခု နဲ့သာ အများကြီး
သက်ဆိုင်ပါ တယ်။ တကယ်တမ်း အသည်းကွဲ
ဝေဒနာကို ခံစားရရင်လည်း ခံနိုင်ရည် မရှိသူတွေ
များပြား တာမို့ အသည်းကွဲချိန်မှာ လုပ်ဆောင်သင့်တဲ့
အချက် အချို့ကို ကျွန်မဘက်က အမြင် တစ်ခုနဲ့
တင်ပြ လိုက်ပါရစေ။

.

၁။ ငိုကြွေးခြင်းနဲ့ ဖြေသိမ့်ပါ။
•••••••••••••••••••••••••••••••••
အသည်းကွဲ ဝေဒနာကို ခံစားနေရချိန်မှာ
လွတ်လွတ်လပ်လပ် ငိုကြွေး လိုက်ခြင်းဟာ
ဝေဒနာ သက်သာစေဖို့ အကောင်းဆုံး လွတ် မြောက်ရာ
ထွက်ပေါက် တစ်ခုလို့ ဆိုချင်ပါတယ်။ ကိုယ့်ရင်ထဲက
ရာနှုန်းပြည့် အချစ်တွေနဲ့ နှလုံး သား တစ်ခုလုံး
ပုံအပ်ပြီး ချစ်ရသူနဲ့ လမ်းခွဲရ လို့ အသည်း
ကွဲနေရချိန် ဆိုရင်တော့ ကိုယ် တစ် ယောက် တည်း
အခန်းထဲမှာ အခန်းတံခါး သော့ခတ်ပြီး ဘယ်သူမှ
မသိအောင် စိတ်လွတ် ကိုယ်လွတ် ငိုကြွေးလိုက်တာ
အကောင်းဆုံးပါ။

နောက်တစ်ခုက ကိုယ်ယုံကြည် စိတ်ချရတဲ့
သူငယ်ချင်း တစ်ယောက်ရဲ့ ရင်ခွင်ထဲ ဝင်ပြီး ကိုယ့်ရဲ့
အသည်းကွဲ ဝေဒနာတွေကို ပြောပြရင်း ရင်ဖွင့်
ငိုကြွေးလိုက်ပါ။ ရင်ထဲမှာ တစ်ခုခုကို ခံစားနေရတာ ထက်
စိတ်လွတ် ကိုယ်လွတ် ငိုကြွေး လိုက်မယ် ဆိုရင်
ကိုယ်နာကျင် ခံစားရတဲ့ ဝေဒနာ အချို့ကို အနည်းနဲ့
အများ သက်သာစေ ပါတယ်။

.

၂။ ကိုယ့်ရဲ့အလုပ် အပေါ် ယခင်ကထက်
ပိုပြီး စိတ်နှစ်ထားပါ။
•••••••••••••••••••••••••••••••••••••••••••••••••
အလုပ်တွေ များနေချိန်၊ အလုပ်တွေ ပိပြီး
မအားလပ်ချိန် မှာလည်း ကိုယ့်ရဲ့နှလုံးသား ဝေဒနာ၊
အသည်းကွဲတဲ့ ရောဂါကို မေ့မေ့ပျောက် ပျောက်
ဖြစ်စေပါတယ်။ ဥပမာ – ကိုယ့်ရဲ့ အခန်းထဲက
ပစ္စည်းတွေ ကို နေရာပြောင်းရွှေ့ ကြည့်တာတို့
ကိုယ်နှစ်သက်တဲ့ အစားအစာ၊ ကိုယ့်မိသားစု ကြိုက်တဲ့
ဟင်းလျာတွေကို မီးဖို ချောင်ထဲ ဝင်ပြီး ချက်ပြုတ်
စားသောက်တာတို့ တွေကို အသည်းကွဲ
ဝေဒနာသက်သာဖို့ ပြုလုပ် ကြည့်စေချင်ပါတယ်။

.

၃။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။
•••••••••••••••••••••••••••••••••••••••
အသည်းကွဲ ဝေဒနာကို ခံစားနေရချိန်မှာ
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ အများကြီး လိုအပ်ပါတယ်။
အသည်းကွဲလို့ ဆိုပြီး အစာမစား၊ ရေမသောက်တာ
မျိုးတော့ မလုပ်သင့်ပါဘူး။ အသည်းကွဲ ဝေဒနာကြောင့်
အစာမစားချင်၊ ဘာမှ မလုပ်ချင်တာတွေ
ဖြစ်ပေမယ့် ဝေဒနာက ဝေဒနာ၊ ထမင်းစားချိန်က
ထမင်းစားချိန် အဖြစ် ခွဲခြား သတ်မှတ် ထားစေချင်ပါတယ်။

ဒါ့အပြင် စိတ်ထဲမှာ ယုံကြည်မှု အပြည့် ထားရှိပြီး
ကိုယ့် ကိုယ်ကိုယ် အားပေးကာ၊ အရာရာကို
တွန်းလှန် နိုင်တယ် ဆိုတဲ့ စိတ်ကို မွေးမြူပြီး အနာဂတ်
နေ့ရက်တွေကို ကြံ့ကြံ့ခိုင်ခိုင် ဖြတ်သန်းနိုင်ဖို့ ကြိုးစားပါ။
ကိုယ့်ရဲ့ အနာဂတ် နေ့ရက်တွေ မှာ သူတစ်ယောက်
မရှိလို့ ဘာမှဖြစ်မသွားဘူး။ သူ့ထက်သာတဲ့
သူ တစ်ယောက်နဲ့ တွေ့ဆုံခွင့် ရဖို့ သူနဲ့လမ်းခွဲ
လိုက်ရတယ် ဆိုတဲ့ စိတ်မျိုးကို မွေးဖွားကြည့်လိုက်ပါ။
ဒါဆိုရင် အသည်းကွဲ ဝေဒနာ သက်သာ လာပါလိမ့်မယ်။

.

၎။ သူနဲ့ တွေ့ဆုံခဲ့တဲ့ အမှတ်တရနေရာ တွေကို
မသွားဖို့ ရှောင်ရှားပါ။
••••••••••••••••••••••••••••••••••••••••••••••••••••••••
ဒီအချက် ကတော့ အသည်းကွဲ ဝေဒနာကို
ခံစားနေရချိန် မှာ အထူး လုပ်ဆောင်ရမယ့်
အချက်ဖြစ်ပါတယ်။ သူနဲ့ ချစ်သူတွေ ဖြစ်ခဲ့စဉ် တုန်းက
နှစ်ယောက် အတူ ကြည်နူးစွာ သွားခဲ့ဖူး တဲ့ ရုပ်ရှင်ရုံ၊
ကစားကွင်း၊ ပန်းခြံ၊ အတူထိုင်ဖူး တဲ့ အအေးဆိုင်၊
အတူ စားဖူးတဲ့ မုန့်ဆိုင် အစရှိ တဲ့ နေရာတွေ ကို
တမင်တကာ ပဲဖြစ်ဖြစ်၊ ဖြတ် သွားဖြတ်လာ
ပုံစံမျိုးပဲဖြစ်ဖြစ် မသွားစေချင် ပါဘူး။ သူ့ကို မေ့မရလို့
အမှတ်တရ နေရာ ဟောင်းလေးကို သွားကြည့်တာပါ
ဆိုရင်တော့ ဝေဒနာပို တိုးလာရုံပဲ ရှိပါလိမ့်မယ်။

.

၅။ အဆွေးသီချင်း၊ ရုပ်ရှင်၊ ပြဇာတ် စတာတွေကို
မကြည့်မိပါစေနဲ့။
••••••••••••••••••••••••••••••••••••••••••••••••••••••••
ရုပ်ရှင်ဇာတ်ကား တစ်ကားကို စိတ်နှစ်ပြီး
ကြည့်လိုက်တာ နဲ့ လူတွေရဲ့ စိတ်ဟာ
အဲဒီဇာတ် ကားအပေါ်မှာ နစ်မြော သွားတတ်ပါတယ်။
စိတ်ခံစားမှု အတိုင်း ရယ်စရာ ရှိရင် စိတ်လွတ်
ကိုယ်လွတ် ရယ်မယ်။ ဝမ်းနည်းစရာ ဇာတ်ဝင် ခန်းတွေ
ကြည့်မိရင် မျက်ရည်ကျပြီး ငိုမိမယ်။
ရုပ်ရှင်ဇာတ်ကားတစ်ကားရဲ့ ဇာတ်ဝင်ခန်းပေါ်
မူတည်ပြီး စိတ်ခံစားမှု ပြောင်းလဲတတ်တာမို့
ကိုယ်က ချစ်သူနဲ့ လမ်းခွဲရလို့ အသည်းကွဲနေချိန်မှာ
အလွမ်းအဆွေး ဇာတ်ကားတွေကို လုံးဝ မကြည့်ပါနဲ့လို့
အကြံပြုပါရစေ။ အလွမ်း အဆွေး ဇာတ်ကားတွေ
ကြည့်ပြီး အသည်းကွဲ ဝေဒနာ ပိုပြီး တိုးလာနိုင်လို့ပါ။
ရင်နင့်အောင် ခံစားရတဲ့ အသည်းကွဲ ဝေဒနာကို
သက်သာစေဖို့ အထောက်အကူပြုနိုင်မယ့်
ဟာသဇာတ်ကား လေးတွေကိုပဲ ရွေးပြီး ကြည့်ရှုခံစားပါလို့
အကြံ ပေးရေးသား လိုက်ရပါတယ်။

━━━━━━━━━━━━━━━━━━━━

🗿🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
https://www.facebook.com/knowledgevillage11/
#မြနေကြယ်စင်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။