Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, June 18, 2017

သင့်အိမ်က မီးသတ်လှေကား ဆင်းပြေးလို့ရရဲ့လား


#သင့်အိမ်က မီးသတ်လှေကား ဆင်းပြေးလို့ရရဲ့လား

ညသန်းခေါင်ကျော်မှာ အသက် ၂၂ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားဆာဂျတ်ဟာ ရုပ်ရှင်ကြည့်နေတုန်းမှာ သူ့အမေဆီက ဖုန်းဝင်လာတယ်။ သူ့အမေရဲ့ စကားပြောသံဟာ ကြောက်ရွံ့တုန်လှုပ်မှု လွှမ်းမိုးနေတယ်။

“သားရေ အမြန်ပြန်လာခဲ့ပါ။ အမေတို့အိမ် မီးလောင်နေတယ်”

ဆာဂျတ်ဟာ ရုပ်ရှင်ရုံက ထွက်ပြီး သူ့အိမ်ကို ချက်ခြင်းထွက်သွားတယ်။ ရုပ်ရှင်ရုံနဲ့ မဝေးကွာလှတဲ့ သူ့အိမ်ကို မိနစ်ပိုင်းအတွင်း ရောက်သွားတယ်။ သူနေတဲ့ အထပ် ၂၄ ထပ်နဲ့ အခန်းပေါင်း ၁၂၀ ရှိတဲ့ Grenfell Tower ကွန်ဒိုအဆောက်အဦဟာ ညအမှောင်ကြားမှာ ထိန်လင်းနေတဲ့ မီးတောက်ကြီး ဖုံးလွှမ်းနေတာကို ဆာဂျတ်တွေ့လိုက်ရတယ်။ မီးတောက်ကြီးဟာ ကြီးမားလွန်းလို့ အနားမကပ်နိုင်သလို မီးလောင်ညော်နံ့တွေ ပတ်ဝန်းကျင်တစ်လုံး ပျံ့နှံ့နေပါတယ်။



ဆာဂျတ်ဟာ ဘာမှမတတ်နိုင်လို့ မီးလောင်နေတဲ့ သူ့အမေနေတဲ့ ကွန်ဒိုကြီးကို ရပ်ကြည့်နေစဉ်မှာပဲ “လူတစ်ယောက် ခုန်ချနေပြီ။ လူတစ်ယောက် ခုန်ချနေပြီ” ဆိုတဲ့ အသံကြားရလို့ ကြည့်လိုက်တော့ ၁၆ ထပ်လား၊ ၁၇ ထပ်ကလား လူတစ်ယောက် ပြုတင်းပေါက်က ခုန်ချလိုက်တာကို မီးရောင်ကြောင့် တွေ့လိုက်ရတယ်။ ဒီအမြင့်က ခုန်ချလို့ သူ အသက်ရှင်ဖွယ်ရာ မရှိပါဘူး။ ခဏအကြာမှာ ကလေးတစ်ယောက်ဟာ ပြုတင်းပေါက်ကနေ ထွက်ကျလာတာကို တွေ့လိုက်ရတယ်။ အောက်က လူတွေဟာ ဒီကလေးကို ဖမ်းယူလိုက်နိုင်ရင် သူအသက်ရှင်မယ်လို့ မျော်လင့်ချက်နဲ့ သူမိဘတွေက ကလေးတွေကို ပစ်ချလိုက်ဟန်တူပါတယ်။ ပြုတင်းပေါက်တစ်ချို့မှာ ကလေးတစ်ချို့ဟာ တွယ်ကပ်နေကြတာကို တွေ့ရတယ်။ နောက်တော့ မီးခိုးလုံးကြီးတွေကြားမှာ သူတို့ကို မမြင်ရတော့ဘူး။ မီးလောင်မှုကြောင့် လူ ၁၂ ယောက် သေဆုံးပြီး ၆၈ ယောက် ဒဏ်ရာရတယ်လို့ သတင်းကြားရပါတယ်။

ဒါဟာ မနေ့က မနက်ပိုင်း ၁ နာရီလောက်က လန်ဒန်မြို့အနောက်ပိုင်းက မြောက်ကင်စတန်မြို့မှာ မိုးမျော်တိုက်ကြီးတစ်ခုရဲ့ မီးလောင်မှုရဲ့ အဖြစ်အပျက်တစ်ခုပါ၊ လူပေါင်း ၅၀၀ လောက် နေတဲ့ အဲဒီအဆောက်အဦရဲ့ ၉ ထပ်ကနေ ၂၄ ထပ်ကို ၁၀ မိနစ်အတွင်း ကူးစက်လောင်ကျွမ်းသွားလို့ အပေါ်ထပ်က လူတွေ ဆင်းပြေးချိန် မရလိုက်ပဲ မီးခိုးလုံးကြီးတွေကြားမှာ ပိတ်မိနေကြရတယ်။

မီးလောင်ကျွမ်းမှုရဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးရေးတွေက အစီရင်ခံစာမထုတ်ပြန်သေးပေမယ့် လူတွေက အကြောင်းရင်းကို ခုလိုပြောနေကြပါတယ်။ အဲဒီအဆောက်အဦရဲ့ အပြင်ဖက်နံရံတွေကို မကြာခင်က အလှဆင်ပလတ်စတစ်ပြားတွေနဲ့ ကာရံလိုက်လို့ အထပ်တွေကို မီးကူးတာ မြန်တာပါ။ အုတ်နံရံဆိုရင် ဒီလောက်မီးမြန်မြန် မကူးနိုင်ပါဘူးတဲ့။ နောက်တစ်ခုက မီးလောင်ရင် ဆင်းပြေးဖို့ အဆောက်အအုံ အလယ်မှာ လှေကားကြီးတစ်ခုပဲ ရှိပါတယ်။ မီးလောင်ရင် ဆင်းပြေးဖို့ မီးသတ်လှေကားမရှိဘူးတဲ့။

ဒီအဖြစ်အပျက်ကို လူအတော်များများဟာ သတင်းတစ်ပုဒ်အဖြစ် အင်တာနက်နဲ့ ဖေ့စ်ဘုတ်တွေမှာ ဖတ်လိုက်မိကြမှာပါ။ ဒါပေမဲ့ အတော်များများကတော့ ဒါဟာ အင်္ဂလန်မှာ ဖြစ်တာ ငါတို့နဲ့ မဆိုင်ပါဘူး။ ငါတို့နေတာ ၂၃ ထပ်မဟုတ်လို့ ပူစရာမလိုပါဘူးလို့ ထင်ကြမှာပါ။

လူ့စိတ်သဘောဟာ ဆန်းကြယ်တယ်လို့ ပြောရမှာလား။ ရယ်စရာကောင်းတယ်လို့ပဲ ပြောရမှာလားပဲ။ သူများတွေ သိန်းတစ်သောင်းဆု ပေါက်ရင် ငါလည်း ပေါက်နိုင်တယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ လူတစ်ယောက်ယောက် ကားတိုက်ခံရလို့ သေသွားရင် ငါလည်း ကားတိုက်ခံရနိုင်တယ်လို့ မတွေးကြဘူး။ ဒီလိုပါပဲ၊ အင်္ဂလန်မှာ ဖြစ်တာပါ၊ ငါတို့ဆီမှာ မဖြစ်နိုင်ဘူးလို့ ထင်တတ်ကြပါတယ်။ နောက်ပြီး ဒီအဖြစ်အပျက်ထက် သာတာ ကျွန်တော်တို့နိုင်ငံမှာ ရှိပါတယ်။ အဲဒါက အထပ်မြင့် အဆောက်အအုံတွေရဲ့ နောက်ဖက်မှာ မီးသတ်လှေကားတွေ မထားမနေရ ထားပေးထားပါတယ်။

ဒါပေမဲ့ အဲဒီမီးသတ်လှေကားတွေမှာ အိမ်သုံးပစ္စည်းတွေ၊ ခြင်းတောင်တွေ၊ ဘီရိုတွေ၊ လေအေးပေးစက်တွေနဲ့ ပိတ်ဆို့ထားလို့ တကယ်မီးလောင်ရင် အပေါ်ထပ်က လူတွေ ဆင်းပြေးမရပါဘူး။ ဒါဆိုရင် အခုရေးတဲ့ အဖြစ်အပျက်ထဲကလို အထပ်အမြင့်ပေါ်က ခုန်ချပြီး သေပွဲဝင်ရသလို အဖြစ်မျိုး၊ မိမိကလေးကို အသက်ရှင်လို ရှင်ငြားဆိုပြီး ပြုတင်းပေါက်က လွှင့်ပစ်လိုက်ရတဲ့ ၀မ်းနည်းကြေကွဲစရာ အဖြစ်မျိုး မကြုံနိုင်ကြဘူးလားဆိုတာကို စဉ်းစားကြပါ။

တစ်ချို့ကတော့ ပြောကြပါလိမ့်မယ်။ အစိုးရိမ်ကြီးရန်ကောလို့။ ဒါပေမဲ့ ကျွန်တော်ပြောပြချင်တာက ကံကို ယုံပြီး ဆူးပုံမနင်းပါနဲ့။ ငါတို့တိုက်ကတော့ မီးလောင်မှာ မဟုတ်ဘူးလို့ ထင်မနေပါနဲ့။ မီးဘေးအန္တရာယ်ကို ကာကွယ်တဲ့နေရာမှာ အလွန်စည်းကမ်းတင်းကြပ်တဲ့ စင်္ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့လက ချန်ဂီလေဆိပ်အပါအဝင် မီးအကြီးအကျယ် နှစ်ကြိမ်လောင်ခဲ့ပါသေးတယ်။

အမှန်က အထပ်မြင့်အဆောက်အဦတွေရဲ့ မီးသတ်လှေကားတွေမှာ ပစ္စည်းတွေ ပိတ်ဆို့နေတာကို ပညာပေးတာ၊ အရေးယူပြီး ဖယ်ရှားခိုင်းတာကို မီးသတ်ဦးစီးဌာနက ဆောင်ရွက်ရမှာပါ။ အစိုးရတစ်ရပ်ဟာ လူထုအတွက် အန္တရာယ်ရှိတာကို ကာကွယ်ပေးဖို့ လုပ်သင့်တာကို မလုပ်ရင် လူထုအားဖြင့် အရွေ့တစ်ခုကို ပြုလုပ်လို့ ရပါတယ်။

အချိန်မနှောင်းသေးခင် သင်နေတဲ့တိုက်ရဲ့ နောက်ဖက်က မီးသတ်လှေကားကို ကြည့်လိုက်ပါအုံး။ မီးလောင်ရင် သင်နဲ့ သင့်အမေအို၊ ကလေးတွေ လွတ်လွတ်လပ်လပ် ဆင်းပြေးလို့ရတယ်ဆိုမှ ဒီည စိတ်အေးလက်အေး အိပ်လိုက်ပါ။

ဒီအကြောင်းကို အရင်ကလည်း ရေးပြခဲ့ဖူးပါတယ်။
https://www.facebook.com/thein.pe.3/posts/10208886023256540

မီးလောင်တဲ့ အကြောင်းအရာကို Washington Post ဝက်ဆိုက်ဒ်ရဲ့ သတင်းကနေ ယူထားတာပါ။

ဗန်းမော်သိန်းဖေ
၁၅-၀၆-၂၀၁၇

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။