ဆက်ဆံရေးကိုပိုကောင်းအောင်ြ ပုစုပါ
"""""""""""""""""""""""""" """"""""
"ရင်းနှီးရင် အရိုသေတန်တယ်" ဆိုတဲ့ မြန်မာဆိုရိုးစကား ရှိတယ်နော်။ ဘာပြုလို့ အဲဒီစကား ဖြစ်လာရတာလဲ။ လူ့သဘာဝက ရင်းနှီးတဲ့ဆက်ဆံရေးကို ပေါ့ပေါ့တန်တန် သဘောထားမိတတ်ကြလို့ပါ။
မိတ်ဆွေသူငယ်ချင်း အချင်းချင်းလည်း ရင်းနှီးနေတာပဲ ဆိုပြီး အမှတ်တမဲ့ နေမိတတ်တယ်။ ဇနီးကခင်ပွန်းအပေါ် ခင်ပွန်းကဇနီးအပေါ်လည်း ကြာလာရင် သိပ်ဂရုမစိုက်ပုံပေါက်တဲ့ အနေအထိုင် အပြောအဆိုမျိုးတွေ ဖြစ်လာတယ်။ စကားပြောရင်လည်း သိပ်လေးလေးစားစား မပြောချင်တော့ဘူး။ ဘာလို့လဲဆိုတော့ သူနဲ့ကိုယ်နဲ့က ရင်းနှီးသွားပြီပဲလေ ... အဲဒါတွေ မလိုတော့ဘူး ... အပိုတွေ မလုပ်တတ်ပါဘူး ... လို့တွေးတယ်နော်။ အဲဒါ ဘဝမှာ အစစအရာရာ Quality ကျဖို့ လမ်းအစပဲ။
ကိုယ့်ကို စိတ်ချမ်းသာမှု အများဆုံးပေးနိုင်တာ ဘဝမှာကိုယ်ချစ်ရတဲ့သူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိတာပါနော်။
တခြားဘာတွေ ဘယ်လောက်ရှိရှိ ပိုက်ဆံဘယ်လောင်ရှိရှိ ရာထူးဘယ်လောက်ရှိရှိ ဘယ်လောက်အောင်မြင်အောင်မြင် ကောင်းမွန်တဲ့ဆက်ဆံရေး မရှိရင် ဘဝဟာ ဘာမှ အရသာ မရှိတော့ဘူး။
ဆက်ဆံရေးကောင်းလို့ စိတ်ချမ်းသာရတာက တခြား ဘာစိတ်ချမ်းသာမှုနဲ့မှ မတူဘူး။
ဆက်ဆံရေးဆိုတာလည်း အပင်လေးတစ်ပင် ပြုစုရသလိုပဲ ။ အမြဲ အရိပ်တကြည့်ကြည့်နဲ့ ရေလောင်းပေးလိုက် ပေါင်းသင်ပေးလိုက် မြေသြဇာလေးကြွေးလိုက် နဲ့ လုပ်ရပါတယ်။
ဆိုလိုတာက ဘဝမှာ စိတ်ချမ်းသာမှု အများဆုံးရပြီး နေသွားချင်တယ် ဆိုရင် ဆက်ဆံရေးကို ပြုစုနေရမယ်။ ပစ်ထားလို့ မရပါဘူး။ ကောင်မွန်လှပတဲ့ ဆက်ဆံရေးကို တန်ဖိုးထားတယ် ဆိုတဲ့စိတ်နဲ့ အမြဲမပြတ် ပြုစုစောင့်ရှောက် ရတယ်။ တယုတယနဲ့ကို ပြုစုစောင့်ရှောက်ရတာနော်။
ကိုယ့်အနားမှာရှိတဲ့သူတွေကို
ကိုယ်က စပြီး သဘောထားမှန်မှန်နဲ့ ပြောမယ် ဆိုမယ် ဆက်ဆံမယ်။
ပြောစရာအကြောင်းကိစ္စ ကြီးငယ်ရှိလို့ ပြောရတော့မယ် ဆိုရတော့မယ် ဆိုရင်
လေးလေးစားစားပဲ ပြောမယ်။ မပြောခင် ကိုယ့်စိတ်ကလေးကိုယ် သတိလေးကပ်ပြီး
ကြည့်လိုက်အုံးမယ်။ ငြိမ်းချမ်းအောင် ထားလိုက်အုံးမယ်။ ကိုယ့်စိတ်ကလေးကို
သတိလေးနဲ့ သိပြီး ကြည့်လို့ ငြိမ်းချမ်းတဲ့စိတ်ကလေး ဖြစ်လာပြီဆိုမှ သူ့ကို
စိတ်ချမ်းသာပါစေ ဆိုတဲ့ မေတ္တာစိတ်ကလေးနဲ့ မေတ္တာပို့လိုက်အုံးမယ်။ ပြီးမှ
ပြောရမယ့်စကားကို ပြောမယ်။ ဒေါသကြီးနဲ့ ငါအနိုင်ရ ပြီးရော မပြောဘူး။
သူ့ဂုဏ်သိက္ခာကိုလည်း လေးစားတဲ့စိတ် ကိုယ့်ဂုဏ်သိက္ခာကိုလည်း
လေးစားတဲ့စိတ်နဲ့ ပြောမယ်။
အဲသလို ဆက်ဆံရေးမှာ ကိုယ့်ဘက်က အကောင်းဆုံးနဲ့ သဘောထားမှန်မှန်နဲ့ ဆက်ဆံဖို့ ဆိုတာ သတိရှိနေရင် လုပ်ရတာ မခက်ဘူး။ သတိက အကောင်းဆုံးဖြစ်အောင် ထိန်းညှိပေးနိုင်တဲ့ အစွမ်းသတ္တိထူးရှိတယ်။
မိတ်သစ်ဆွေသစ်တွေ ရှာဖို့ အရေးကြီးတယ်လို့ ပြောကြတယ်။ မှန်ပါတယ်။ ဒါပေမယ့် ရှိနေပြီးသား လူတွေနဲ့ ဆက်ဆံရေးကောင်းဖို့က ပိုအရေးကြီးပါတယ်။
တစ်ခါတလေ မိတ်သစ်ဆွေသစ်ရဖို့ အခြေအနေမပေးဘူး။ ဒီလူတွေဒီလူတွေနဲ့ပဲ ဒီလိုပဲ နေသွားရတာ များပါတယ်။
ကိုယ့်ဘဝထဲမှာ ခုရှိနေတဲ့ လူတွေကတော့ အရင်လူတွေပဲ လူဟောင်းတွေပါပဲနော် ... ဒါပေမယ့် ကိုယ်ပေးလိုက်တဲ့ ဆက်ဆံရေးကတော့ အမြဲလတ်ဆတ်နေရမယ်။ ဟောင်းမသွားစေရဘူး။ ကိုယ့်ကြောင့်လည်း နွမ်းမသွားစေရဘူး။
ရင့်ကျတ်တဲ့စိတ်နဲ့ ကောင်းမွန်လှပတဲ့ ဆက်ဆံရေး ဖြစ်လာအောင် ပြုစုတဲ့သူသာ ဘဝကို အလှပဆုံးနေတဲ့သူ အပျော်ရွှင်ဆုံးနေတဲ့သူ စိတ်ချမ်းသာမှုအများဆုံးရပြီး နေသွားတဲ့သူလို့ ဆိုနိုင်တာပါ။
ကောင်းမွန်တဲ့ဆက်ဆံရေး မရခဲ့ပဲနဲ့ စိတ်ချမ်းချမ်းသာသာနေသွားခဲ့ တယ် ဆိုတဲ့သူ ရှိလို့လား။
လေးစားစွာဖြင့် မျှဝေပါသည်
#ပေတူး
ရာမညမြေ
Credit. To. ဗဟုသုတ ရသ စာပေ
""""""""""""""""""""""""""
"ရင်းနှီးရင် အရိုသေတန်တယ်" ဆိုတဲ့ မြန်မာဆိုရိုးစကား ရှိတယ်နော်။ ဘာပြုလို့ အဲဒီစကား ဖြစ်လာရတာလဲ။ လူ့သဘာဝက ရင်းနှီးတဲ့ဆက်ဆံရေးကို ပေါ့ပေါ့တန်တန် သဘောထားမိတတ်ကြလို့ပါ။
မိတ်ဆွေသူငယ်ချင်း အချင်းချင်းလည်း ရင်းနှီးနေတာပဲ ဆိုပြီး အမှတ်တမဲ့ နေမိတတ်တယ်။ ဇနီးကခင်ပွန်းအပေါ် ခင်ပွန်းကဇနီးအပေါ်လည်း ကြာလာရင် သိပ်ဂရုမစိုက်ပုံပေါက်တဲ့ အနေအထိုင် အပြောအဆိုမျိုးတွေ ဖြစ်လာတယ်။ စကားပြောရင်လည်း သိပ်လေးလေးစားစား မပြောချင်တော့ဘူး။ ဘာလို့လဲဆိုတော့ သူနဲ့ကိုယ်နဲ့က ရင်းနှီးသွားပြီပဲလေ ... အဲဒါတွေ မလိုတော့ဘူး ... အပိုတွေ မလုပ်တတ်ပါဘူး ... လို့တွေးတယ်နော်။ အဲဒါ ဘဝမှာ အစစအရာရာ Quality ကျဖို့ လမ်းအစပဲ။
ကိုယ့်ကို စိတ်ချမ်းသာမှု အများဆုံးပေးနိုင်တာ ဘဝမှာကိုယ်ချစ်ရတဲ့သူတွေနဲ့
တခြားဘာတွေ ဘယ်လောက်ရှိရှိ ပိုက်ဆံဘယ်လောင်ရှိရှိ ရာထူးဘယ်လောက်ရှိရှိ ဘယ်လောက်အောင်မြင်အောင်မြင်
ဆက်ဆံရေးကောင်းလို့ စိတ်ချမ်းသာရတာက တခြား ဘာစိတ်ချမ်းသာမှုနဲ့မှ မတူဘူး။
ဆက်ဆံရေးဆိုတာလည်း အပင်လေးတစ်ပင် ပြုစုရသလိုပဲ ။ အမြဲ အရိပ်တကြည့်ကြည့်နဲ့ ရေလောင်းပေးလိုက် ပေါင်းသင်ပေးလိုက် မြေသြဇာလေးကြွေးလိုက် နဲ့ လုပ်ရပါတယ်။
ဆိုလိုတာက ဘဝမှာ စိတ်ချမ်းသာမှု အများဆုံးရပြီး နေသွားချင်တယ် ဆိုရင် ဆက်ဆံရေးကို ပြုစုနေရမယ်။ ပစ်ထားလို့ မရပါဘူး။ ကောင်မွန်လှပတဲ့ ဆက်ဆံရေးကို တန်ဖိုးထားတယ် ဆိုတဲ့စိတ်နဲ့ အမြဲမပြတ် ပြုစုစောင့်ရှောက် ရတယ်။ တယုတယနဲ့ကို ပြုစုစောင့်ရှောက်ရတာနော်။
ကိုယ့်အနားမှာရှိတဲ့သူတွေကိ
အဲသလို ဆက်ဆံရေးမှာ ကိုယ့်ဘက်က အကောင်းဆုံးနဲ့ သဘောထားမှန်မှန်နဲ့ ဆက်ဆံဖို့ ဆိုတာ သတိရှိနေရင် လုပ်ရတာ မခက်ဘူး။ သတိက အကောင်းဆုံးဖြစ်အောင် ထိန်းညှိပေးနိုင်တဲ့ အစွမ်းသတ္တိထူးရှိတယ်။
မိတ်သစ်ဆွေသစ်တွေ ရှာဖို့ အရေးကြီးတယ်လို့ ပြောကြတယ်။ မှန်ပါတယ်။ ဒါပေမယ့် ရှိနေပြီးသား လူတွေနဲ့ ဆက်ဆံရေးကောင်းဖို့က ပိုအရေးကြီးပါတယ်။
တစ်ခါတလေ မိတ်သစ်ဆွေသစ်ရဖို့ အခြေအနေမပေးဘူး။ ဒီလူတွေဒီလူတွေနဲ့ပဲ ဒီလိုပဲ နေသွားရတာ များပါတယ်။
ကိုယ့်ဘဝထဲမှာ ခုရှိနေတဲ့ လူတွေကတော့ အရင်လူတွေပဲ လူဟောင်းတွေပါပဲနော် ... ဒါပေမယ့် ကိုယ်ပေးလိုက်တဲ့ ဆက်ဆံရေးကတော့ အမြဲလတ်ဆတ်နေရမယ်။ ဟောင်းမသွားစေရဘူး။ ကိုယ့်ကြောင့်လည်း နွမ်းမသွားစေရဘူး။
ရင့်ကျတ်တဲ့စိတ်နဲ့ ကောင်းမွန်လှပတဲ့ ဆက်ဆံရေး ဖြစ်လာအောင် ပြုစုတဲ့သူသာ ဘဝကို အလှပဆုံးနေတဲ့သူ အပျော်ရွှင်ဆုံးနေတဲ့သူ စိတ်ချမ်းသာမှုအများဆုံးရပြီ
ကောင်းမွန်တဲ့ဆက်ဆံရေး မရခဲ့ပဲနဲ့ စိတ်ချမ်းချမ်းသာသာနေသွားခဲ
လေးစားစွာဖြင့် မျှဝေပါသည်
#ပေတူး
ရာမညမြေ
Credit. To. ဗဟုသုတ ရသ စာပေ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။