Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, June 19, 2017

ကျွန်တော် နမ်းလို့  မဝသေးတဲ့ ပါးတစ်ခြမ်း ။


ကျောင်းလွယ်အိတ်

ကျွန်တော် နမ်းလို့  မဝသေးတဲ့ ပါးတစ်ခြမ်း ။
ကျွန်တော့် မိန်းမက သူ ကိုယ်ဝန်ရှိနေပြီ လို့ ပြောတော့
ကျွန်တော် မြန်မာ ဗီဒီယို ကားထဲက မင်းသားတွေ ပျော်သလိုမျိုး ဟိုလျောက်ပြေး ဒီလျောက်ပြေး ၊ဟိုအော်ဒီအော် ပုံစံမျိုးနဲ့ မပျော်ခဲ့ပါဘူး
မိန်းမက လည်း သူကိုယ်ဝန်ရှိနေတာကို ရုပ်ရှင်ထဲကလို နား နားကပ်ပြီးမပြောပါဘူး

ကြေးအိုး ဆိုင်မှာ ကြေးအိုးစားရင်းပလုပ်ပလောင်းနဲ့ ပြောတာ ၊ကိုယ်ဝန်ရှိနေပြီထင်တယ်တဲ့
ကျွန်တော် လည်း ဟုတ်လား
ပျော်စရာကြီးပေါ့၊လို့ ပြောလိုက်တယ် ဒီလောက်ပါပဲ
အာထရာ စောင်းရိုက်ကြည့်တော့ သမီးလေး လို့သိရတယ်

ငါ သမီးလေးရတော့ မယ်၊ ကလေးအဖေ ဖြစ်တော့မယ် ဒီထက်ကြိုးစား ရတော့မယ်ဆိုတဲ့ အသိ တော့ ရှိလာတာအမှန်ပဲ။
သမီးလေးကို SSC ရွှေဂုံတိုင် ဆေးရုံမှာမွေးတာ
မိန်းမမွေးခန်း ဝင်တော့ စိတ်တော့ပူသား ၊ မိန်းမ နေကောင်းဖို့ နဲ့ သမီးလေး ကောင်းကောင်းမွန်မွန်ဖြစ်ဖို့
ရုပ်ရှင်ထဲက ကလေးအဖေတွေလို ဆပ်ပြာသည်လင်ပျောက်သလိုတော့မဖြစ်ပါဘူး။
မွေးခန်း ထဲက နပ်(စ်) မက ဘေဘီ ချောစုဝင်း ရှိလား တဲ့
ဒီ နပ်(စ်)မ က ငါ မိန်းမ ကို ဘေဘီလို့ ခေါ်တာ
သူဘယ် လိုများသိသွားသလည်းပေါ့ ။
ဟုတ် ကျွန်တော်ပါ ကျွန်တော်ပါ
ရော့ --- မွေးခန်း အသုံးစာရိတ် ၊ဘောက်ချာ ကလေးရောလူကြီးရောကျန်းမါပါတယ်
ကလေးကိုအရင်မပြသေးဘူး ၊ဘောက်ချာအရင်ပြတာ
ဘောက်ချာကြည့် လိုက်တော့ ၅၀၀၀၀၀ (၅) သိန်း ကျတယ်
ဟယ် တန်ဖိုးရှိလိုက်တဲ့ ငါ့ သမီးလေးပါလားဆိုပြီး ငွေ သွားသွင်းရတယ်။
ငွေသွင်းပြီးတော့မှ ကလေးကိုပြတာ ၊ ငွေ သာမသွင်းရင် ကလေး ကို ပြန်ပေးဆွဲ မယ့်သဘောရှိတယ်။
သမီးလေးမြင်တော့  အော် ငါ ကလေးအဖေဖြစ်ပြီ
ငါ သမီးလေး တစ်ယောက်ရပြီပေါ့ ။
ဖြစ်ချင်တော့ သမီးလေး ၂ ရက် နေတော့ အသားဝါ လို့ကလေးဆေးရုံကြီးကိုတင်ရတယ်
ကလေးတွေနေ မကောင်းဖြစ်ရင် ကိုယ်သာဖြစ်လိုက်ချင်တယ် ၊
မိန်းမ က ရွှေဂုံတိုင်ဆေးရုံမှာ ၊သမီးက ကလေးဆေးရုံကြီးမှာ ကျွန်တော် က သမီးလေးတက်တဲ့ ကလေးဆေးရုံလိုက်သွားလိုက်တယ်
ယောက္ခက သူ့ သမီးကို စိတ်ပူ ကျွန်တော်က ကျွန်တော့သမီးကို စိတ်ပူပေါ့။
သမီးလေး သူငယ်တန်း စ ထားတဲ့ နေ့ 
သမီးက မျက်နှာငယ်လေးနဲ့ အတန်းဖေါ်တွေကြားထဲမှာ
သမီးလေးရေ ဒါ လောက သင်ခန်းစာ အစ ပဲ၊ငါ့ သမီးလေး အဆင်ပြေမှာပါဆိုပြီး
သမီးကို ကျောင်းခန်းထဲပို့လိုက်တယ်၊
ကျွန်တော် နောက်ကို လုံးဝလှည့်မကြည့်ဘူး ၊
သမီးလေး ကို ထားခဲ့ရတာကို မကြည့်ရဲလို့
မနေနိင်လို့လှည့်ကြည့်လိုက်တော့ သမီးက ကျွန်တော့ကို့ ကြည့်နေတာ ၊။
ကျွန်တော်ကြည့်နေတာလည်းသိသွားရော
ပါပါး ဆိုပြီး ပြေးထွက်လာတယ် ၊ကျွန်တော်ကလည်း သမီးလေးဆိုပြီး ပြေးဖက် လိုက်တယ်
သမီး လေး ပါးပေါ်မှာ ကျွန်တော်လိမ်းပေးလိုက်တဲ့ သနပ်ခါး ပါးကွက်လေး ၊မျက်ရည်ကြောင့် နှစ်ခြမ်း ကွဲသွားသလို
ကျွန်တော့် ရဲ့ အသဲတွေလည်း ကွဲနေပါပြီ။
ကျွန်တော့် ကို ဖက်ပြီး ပါးပါး ပြန်လိုက်ခဲ့မယ်
သမီး... ပါပါး အခန်းအပြင်ကစောင့်နေမယ်နော်၊ပါးပါး ဘယ်မှ မသွားဘူး
ဆိုပြီးအခန်းထဲပြန်ပို့ရတယ်။
မိုးဖွဲဖွဲ လေးကျပြီး မိုးမင်းကြီးက ကျွန်တော်
တို့ သားအဖ ကို ပိုပြီး ကြေကွဲအောင်များ လုပ်နေရော့သလား၊
ကျွန်တော့် သမီးလေးကို ဖက်ပြီး ကျောင်းခန်းထဲ လိုက်ပို့ တဲ့ အခန်း ကို ရုပ်ရှင်ရိုက် ရင် သမီးရော ကျွန်တော်ရော အကယ်ဒမီ ရမှာ သေချာ တယ်။
သမီးကို ပို့ပြီး ၊ကျွန်တော်ကားပေါ်ရောက်တဲ့ အထိ ချက်ချင်း မပြန်သေးဘူး။
ကား စတီယာတိုင် ပေါ်မှာ ခေါင်းကို မှောက်ပြီး မျက်ရည်ကျခဲ့တယ်ဆိုတာကို ဝန်ခံပါရစေ။
စဉ်းစားကြည့်လေ လာတုန်းက သမီးလေးနဲ့ ၊အခုတစ်ယောက်တည်းပြန်ရမှာ။
ကျောင်းခန်းထဲက ကမ္ဘာမကြေ သီချင်းသံကြားမှ ငါ့သမီးလေး သီချင်းဆိုနေပြီဆိုပြီး အိမ်ပြန်ခဲ့ရတယ်။
အခု သမီး က ၁၄ နှစ်
ဟိုတလော က သူ့ ရဲ့  ဖုန်း ring မြည်နေလို့ 
ကိုင်လိုက်တော့
ဟဲလို
ဟိုဘက်က ကျွန်တော့အသံကြားသွားလို့ ထင်တယ်
ဦးလေး ၊အဲ အန်ကယ် ရည်မွန်ရှိလား ခင်မျတဲ့။
ယောကျာင်္း တွေဆိုတာ သံလိုက် သဘောရှိတယ်
အဖို နဲ့ အမ လောက်ပဲ ကပ်ချင်တဲ့သဘော
ငါ့ ကိုများ အန်ကယ်တဲ့ ၊တော်သေးတာပေါ့ Dady မခေါ်လို့။
ယောကျာင်္းလေးတစ်ယောက်ရဲ့  အသံကြားတော့
လို့အပ်သည့်အသံထက် ၆ ဆ လောက်မြင့်လိုက်ပြီး
အေး ခဏ ကိုင်ထားဆိုပြီး ၊ရုပ်ရှင်ထဲက ဦးသိန်း မောင်လေသံနဲ့
ဖုန်းနားကပ်ပြီး ရည်မွန် လို. တစ်ချက်အော်ခေါ်လိုက် တယ်
ဟို ဘက် က တစ်ယောက်လည်းလန့်  သွားအောင်လို့။
သမီးကလည်း အခြေအနေကို ရိပ်မိနေတဲ့သဘောရှိတယ်
ရေဒီယို ဟာသရရွှင်ဆေး ထဲက မိန်းမတစ်ယောက်ရဲ့ အသံမျိုးနဲ့  ရှင်---- ပါပါး ဆိုပြီး ဖုန်းဆီအလာ
သမီးလမ်းလျောက်ရာလမ်း ကို ကျွန်တော့် ဆိုက်ကြည့်နေလို့
သမီး သူ့ ခြေထောက်အချင်းချင်းတောင် ခလုပ်တိုက်တယ် ။
သမီးက လိုင်းမမိလို့  အခန်းထဲသွားပြောတာ
ဘယ်ရမလဲ ကျွန်တော်က တံခါးကို နားနဲ့ ကပ်ပြီးနားအထောင်
သမီးက အခန်းထဲကအထွက် တံခါးပြန်အဖွင့်
နှစ်ယောက်သားတိုက်မိလို့
ရှက်ရမ်းရမ်းပြီး ဟောက်လိုက်ရတယ်။
ဘယ်လိုဖြစ်နေတာလည်း ယောက်ယက်ကို ခတ်နေတာပဲလို့၊
အမှန် ယောက်ယက်ခတ်နေတာက ကျွန်တော် ပါ။
သမီးက ဧည့်ခန်းထဲဖုန်းသွားပြောတာ
ဘယ်ရမလဲ အောင်မျိုးအေးပဲ ဧည့်ခန်းထဲ တံမြက်စီး လှဲချင်ယောင်ဆောင်ပြီး နားထောင်နေတာပေါ့။
သမီးက နဂါးမင်းနဲ့  ဖွတ်ကျား စစ်ခင်းတော့မယ့်
အခြေအနေကို သိသွားတယ်ထင်တယ်။
အော်အေး အော်အေးအေး အော်အေး ဆိုပြီး ဖုန်းချပြီး ပွဲကို အမြန်ဆုံး သိမ်းပစ်လိုက်တယ်။
ဘယ်သူလဲသမီး?
ကျောင်း ကပါ ၊ကျောင်းမတက်လို့ စာမေးတာပါ။
ရိုးနေပြီ ဒါငါ့အကွက်တွေ။
၊ပထမစာမေးမယ်၊ပြီးရင်ထမင်းစားပြီးပြီလားမေးမယ် ၊ပြီးရင်ဂရုစိုက်နော်ဆိုပြီး ဖုန်းချသွားမယ်
သမီးကိုတော့မပြောပါဘူး ၊စိတ်ထဲကပဲ ပြောနေတာပါ။
မချောစု သမီးဖုန်း ကိုလည်း ဂရုစိုက်ဦး
တိုးတိုးတိတ်တိတ်မှာထားရတယ်။
သမီးက ငယ်ပါသေးတယ် ၊ကျွန်တော့်က စိုးရိမ်လွန်နေတာပါ။
အော် သမီးသမီး အချိန်တန်ရင်တော့ သမီးလေးနဲ့ခွဲရမှာပါလေ ----လို့တွေးမိရင်း...
တကယ်တော့ ---
သမီး လေးဟာ ကျွန်တော် နမ်း လို့ မဝသေးတဲ့ပါးတစ်ခြမ်းပါ။
credit to မောင်ပင်လယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။