သင်အောင်မြင်ရဲပါရဲ့လား
______________________
"အသီးသီးတဲ့အပင်ကတော့ ခဲပစ်ခံရမှာပဲ"
"အပွင့်ပွင့်တဲ့အကိုင်းကတော့  အနှိမ်ခံရမှာပဲ"
ကြောက်တတ်ရင် အစကတည်းက မလျှောက်ခဲ့ပါနဲ့။ပတ်ဝန်းကျ င်ဆိုတာ မနာလိုမှုတွေနဲ့တည်ဆောက်ထားတဲ့ အသိုက်အ၀န်းတစ်ခုပါ။သင်မအော င်မြင်ခင်မှာ သင့်ကို သတိမထားမိကြပေမယ့် သင်အောင်မြင်လာရင်တော့ အာရုံစိုက်လာကြပါလိမ့်မယ်။
"ပထမ သူတို့ သင့်ကို လစ်လျူ ရှုမယ်။
နောက်တော့ သင့်ကိုလှောင်ရယ်မယ်။
နောက်တော့ သင့်ကို တိုက်ခိုက်မယ်။
အဲဒီနောက် သင်နိုင်လိမ့်မယ်။"
မဟတ္တမဂန္ဓီပြောခဲ့တဲ့ တန်းဖိုးရှိလှတဲ့ စကားပါ။မှန်ပါတယ်။လူတွေမနာလိုမှုများလေ သင့်အောင်မြင်မှု ကြီးမားလေပါပဲ။တကယ်တော့ လူတွေက မနာလိုမှုတွေနဲ့ လူတစ်ဖက်သားကို မသိမသာချီးကျူးနေကြတယ်ဆိုတာ မသိကြပါဘူး။
သင့်အောင်မြင်မှုက သိပ်မကြီးမားသေးရင်တော့ သူတို့တိုက်ခိုက်နေပါလိမ့်အုံးမယ်။သူတို့မမှီနိုင်အောင် သင်အောင်မြင်သွားရင်တော့ သူတို့ လက်ခုပ်တီးကြပါလိမ့်မယ်။အော င်မြင်မှုနဲ့ ဝေဖန်မှုဟာ ခွဲခြားလို့မရတဲ့ အရာနှစ်ခုပါ။အောင်မြင်မှုရှိ ရင် ဝေဖန်မှုရှိနေမှာပါ။ဝေဖန်မှုေ တွဟာ အောင်မြင်မှုရဲ့ရေသောက်မြစ်ပါ။နောက်ဆုံးတော့လည်း ဝေဖန်မှုဆိုတာ အောင်မြင်မှုအောက်မှာ ပါးစပ်ပိတ်သွားပါလိမ့်မယ်။
"သစ်ပင်မြင့်လေ လေတိုက်လေပါပဲ"
လေတိုက်တိုင်း သစ်ပင်တွေ မလဲပြိုကြပါဘူး။လေတိုက်တိုင်းသာ သစ်ပင်တွေ လဲပြိုကြရင် တစ်ကမ္ဘာလုံး လွင်ထီးခေါင်ပြင် ဖြစ်သွားပါလိမ့်မယ်။စိတ်ဓာတ်ကြံ့ခိုင်သူတွေဟာ သူများစကားနဲ့ မလဲပြိုကြပါဘူး။အောင်မြင်မှု ဆီရောက်အောင် သွားကြပါတယ်။သူတို့ကို ဝေဖန်သူတွေကို အောင်မြင်မှုနဲ့ အလဲထိုးပြတယ်။
သစ်ပင်ချင်းအတူတူ မြက်ပင်ဖြစ်လို့ တက်နင်းခံရမှာထက် သစ်ပင်ကြီးလို့ လေတိုက်ခံရတာက ပိုပြီးဂုဏ်ယူစရာ ကောင်းပါတယ်။
လျှောက်တဲ့လမ်းတိုင်းမှာ ဆူးညောင့်ခလုတ်တွေတော့ ရှိမှာပဲ။ဘယ်အရာမှ လွယ်လွယ်လေးရမလာပါဘူး။ဝေဖန် မှုတွေကြောက်လို့ လမ်းတစ်ဝက်ရောက်မှ လှည့်ပြန်မလာပါနဲ့။အောင်မြင်မှုက သင့်လက်တစ်ကမ်းမှာပါ။ကိုယ့် အောင်မြင်မှုကလွဲလို့ ဘာကိုမှ အာရုံမစိုက်ပါနဲ့။တစ်နေ့ သူတို့ အလိုလို ဦးညွှတ်လာပါလိမ့်မယ်။သင့်ကို တစ်ခုပဲ မေးပါမယ်။"သင်အောင်မြင်ရဲပါ ရဲ့လား?
( ဘဝ ပန်းတိုင် - အောင်မြင်ရေးနည်းပြ )
မေတ္တာဖြင့်
သူသူဟိန်း
______________________
"အသီးသီးတဲ့အပင်ကတော့ ခဲပစ်ခံရမှာပဲ"
"အပွင့်ပွင့်တဲ့အကိုင်းကတော
ကြောက်တတ်ရင် အစကတည်းက မလျှောက်ခဲ့ပါနဲ့။ပတ်ဝန်းကျ
"ပထမ သူတို့ သင့်ကို လစ်လျူ ရှုမယ်။
နောက်တော့ သင့်ကိုလှောင်ရယ်မယ်။
နောက်တော့ သင့်ကို တိုက်ခိုက်မယ်။
အဲဒီနောက် သင်နိုင်လိမ့်မယ်။"
မဟတ္တမဂန္ဓီပြောခဲ့တဲ့ တန်းဖိုးရှိလှတဲ့ စကားပါ။မှန်ပါတယ်။လူတွေမနာလ
သင့်အောင်မြင်မှုက သိပ်မကြီးမားသေးရင်တော့ သူတို့တိုက်ခိုက်နေပါလိမ့်အ
"သစ်ပင်မြင့်လေ လေတိုက်လေပါပဲ"
လေတိုက်တိုင်း သစ်ပင်တွေ မလဲပြိုကြပါဘူး။လေတိုက်တိုင
သစ်ပင်ချင်းအတူတူ မြက်ပင်ဖြစ်လို့ တက်နင်းခံရမှာထက် သစ်ပင်ကြီးလို့ လေတိုက်ခံရတာက ပိုပြီးဂုဏ်ယူစရာ ကောင်းပါတယ်။
လျှောက်တဲ့လမ်းတိုင်းမှာ ဆူးညောင့်ခလုတ်တွေတော့ ရှိမှာပဲ။ဘယ်အရာမှ လွယ်လွယ်လေးရမလာပါဘူး။ဝေဖန်
( ဘဝ ပန်းတိုင် - အောင်မြင်ရေးနည်းပြ )
မေတ္တာဖြင့်
သူသူဟိန်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။