"နေဝင်ချိန်ရောက် ခရီးသည်အိုတစ်ယောက်ရဲ့ ဘဝမှာတမ်းများ"
(၁) ခွင့်လွှတ်တတ်ဖို့ သင်ယူပါ။
ခွင့်လွှတ်ဖို့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ လူလေးတို့ ဘဝမှာ မလွှဲမသွေ တွေ့ကြုံလာရဦးမှာပါ။ ဘာပဲဖြစ်ဖြစ် အဲဒီလိုလူတွေကို ခွင့်လွှတ်နိုင်ဖို့ ကြိုးစားပါ။ ခွင့်လွှတ်ခြင်းဟာ စိတ်ညှိုးနွမ်းမှုကို ကာကွယ်ပေးတဲ့ အကာအကွယ်ကြီး တစ်ခုဖြစ်သလို ပွင့်လင်းတဲ့စိတ်နဲ့ လက်တွေ့ကျကျဖြေရှင်းတတ်မှုကိုလဲ ရင့်သန်စေတယ်။ ခွင့်လွှတ်တတ်ခြင်းဟာ တီထွင်ဆန်းသစ်မှုကို ဖြစ်စေတယ်။ ခွင့်လွှတ်တတ်ခြင်းကပဲ ကိုယ်ဖန်တီးချင်တဲ့ဘဝကို ဖန်တီးခွင့်ပေးပါလိမ့်မယ်။
(၂) အမှားတွေကို များများထိတွေ့ပါ။
ဆိုလိုတာက ဘဝမှာ မမှားဘူးတဲ့လူဆိုတာ ဘာမှမလုပ်တဲ့လူပဲ။ ဘယ်သူ့စကားကိုမှ နားမယောင်ပါနဲ့။ အဲဒီစကားတွေက လူလေးတို့ဘဝကို ဆွဲချသွားလိမ့်မယ်။ လဲကျနေတဲ့လူကို ပိုလဲကျစေလိမ့်မယ်။ လဲကျရင် ကိုယ့်ဟာကိုယ်ဆွဲထ။ လဲကျတဲ့လူတစ်ယောက်က ဘယ်လိုအမြန်ဆုံးထရမလဲဆိုတာ သူ့ကိုယ်သူအသိဆုံးပဲ။ အမှားတွေကနေ သင်ခန်းစာယူပြီးရှေ့ဆက်ပါ။ အောင်မြင်ကြီးပွားကြတဲ့လူတိုင်းရဲ့အစွမ်းက အမှားနည်းလို့ကြောင့်မဟုတ်ဘူး။ အမှားတိုင်းကနေ ပြန်ထလာနိုင်ကြလို့သာ ဖြစ်တယ်။ ကိုယ်တိုင်ဖောက်ပြီး လျှောက်တဲ့လမ်းမှာ ဘယ်တော့မှ ကားကြပ်တယ်ဆိုတာ မရှိဘူး။
(၃) အပေါင်းလက္ခဏာတပ်ပြီး ကြည့်ပါ။
အရာရာဟာ အကောင်းနဲ့အဆိုးဒွန်တွဲနေကြ တာချည်းပဲ။ကိုယ်အပါအဝင်လူတိုင်းဟာ
ကောင်းတာတွေရှိမယ်။ ဆိုတာလဲ ရှိမယ်။ သူတစ်ပါးရဲ့ ကောင်းကွက်ကို
ပိုမြင်တတ်အောင်ကြည့်ပြီး မြှင့်တင်ပေးပါ။ အကောင်းဟာ အကောင်းကို
မွေးဖွားစေတယ်။ အောင်မြင်မှုဟာ အောင်မြင်မှုကို တိုးပွားစေတယ်။
(၄) အမှန်တရားကိုပြောပါ။
ဘယ်တော့မှ မလိမ်ပါနဲ့။ အထူးသဖြင့် ကိုယ်ကိုယ်ကို ဘယ်တော့မှ မလိမ်မိစေနဲ့။ ဘဝမှာ ဒီအမှန်တရားတွေကြောင့် အတောက်ပဆုံးအလင်းတွေ ပွင့်လန်းလာလိမ့်မယ်။ အဲဒီအခါမှာ မင်းဟာ မင်းရဲ့ခွန်အားဖြစ်လာလိမ့်မ ယ်။ မင်းကပဲ မင်းရဲ့အဖြေဖြစ်လာလိမ့်မယ်။ ကိုယ်ရဲ့အမှန်တရားကို ကိုယ်သိပြီး လက်ခံတတ်ပါစေ။
(၅) ချစ်ခင်မြတ်နိုးပါ။
ဒါက သိပ်အရေးကြီးတယ်။ မင်းကိုယ်မင်း ချစ်ခင်ပါ။ ကျန်တဲ့လူတွေကိုလဲ ချစ်ခင်ပါ။ မင်းကိုယ်မင်းနားလည်သလို ကျန်တဲ့လူတွေကိုလဲ နားလည်ပါ။ မင်းကိုယ်မင်း လက်ခံသလို ကျန်တဲ့လူတွေကိုလဲ လက်ခံနားလည်ပါ။ မနှစ်သက်ခြင်း၊ ကြောက်ရွံ့ခြင်းတွေကိုနှင်ထုတ်ပြီး ရဲရင့်ခြင်းနဲ့ ချစ်ခြင်းမေတ္တာတွေကို အစားထိုးပါ။ မင်းရဲ့ပျော်ရွှင်ခြင်းတွေဟာ ဘေးပတ်ဝန်းကျင်ရဲ့မျှော်လင့် ချက်ကို တောက်ပစေတဲ့အခါ တုန့်ပြန်မှုတွေက မင်းကိုလင်းလက်စေပါလိမ့်မယ် ။
-မှတ်စုကြမ်း #nayaung
(၁) ခွင့်လွှတ်တတ်ဖို့ သင်ယူပါ။
ခွင့်လွှတ်ဖို့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ လူလေးတို့ ဘဝမှာ မလွှဲမသွေ တွေ့ကြုံလာရဦးမှာပါ။ ဘာပဲဖြစ်ဖြစ် အဲဒီလိုလူတွေကို ခွင့်လွှတ်နိုင်ဖို့ ကြိုးစားပါ။ ခွင့်လွှတ်ခြင်းဟာ စိတ်ညှိုးနွမ်းမှုကို ကာကွယ်ပေးတဲ့ အကာအကွယ်ကြီး တစ်ခုဖြစ်သလို ပွင့်လင်းတဲ့စိတ်နဲ့ လက်တွေ့ကျကျဖြေရှင်းတတ်မှုကိ
(၂) အမှားတွေကို များများထိတွေ့ပါ။
ဆိုလိုတာက ဘဝမှာ မမှားဘူးတဲ့လူဆိုတာ ဘာမှမလုပ်တဲ့လူပဲ။ ဘယ်သူ့စကားကိုမှ နားမယောင်ပါနဲ့။ အဲဒီစကားတွေက လူလေးတို့ဘဝကို ဆွဲချသွားလိမ့်မယ်။ လဲကျနေတဲ့လူကို ပိုလဲကျစေလိမ့်မယ်။ လဲကျရင် ကိုယ့်ဟာကိုယ်ဆွဲထ။ လဲကျတဲ့လူတစ်ယောက်က ဘယ်လိုအမြန်ဆုံးထရမလဲဆိုတာ သူ့ကိုယ်သူအသိဆုံးပဲ။ အမှားတွေကနေ သင်ခန်းစာယူပြီးရှေ့ဆက်ပါ။ အောင်မြင်ကြီးပွားကြတဲ့လူတိ
(၃) အပေါင်းလက္ခဏာတပ်ပြီး ကြည့်ပါ။
အရာရာဟာ အကောင်းနဲ့အဆိုးဒွန်တွဲနေကြ
(၄) အမှန်တရားကိုပြောပါ။
ဘယ်တော့မှ မလိမ်ပါနဲ့။ အထူးသဖြင့် ကိုယ်ကိုယ်ကို ဘယ်တော့မှ မလိမ်မိစေနဲ့။ ဘဝမှာ ဒီအမှန်တရားတွေကြောင့် အတောက်ပဆုံးအလင်းတွေ ပွင့်လန်းလာလိမ့်မယ်။ အဲဒီအခါမှာ မင်းဟာ မင်းရဲ့ခွန်အားဖြစ်လာလိမ့်မ
(၅) ချစ်ခင်မြတ်နိုးပါ။
ဒါက သိပ်အရေးကြီးတယ်။ မင်းကိုယ်မင်း ချစ်ခင်ပါ။ ကျန်တဲ့လူတွေကိုလဲ ချစ်ခင်ပါ။ မင်းကိုယ်မင်းနားလည်သလို ကျန်တဲ့လူတွေကိုလဲ နားလည်ပါ။ မင်းကိုယ်မင်း လက်ခံသလို ကျန်တဲ့လူတွေကိုလဲ လက်ခံနားလည်ပါ။ မနှစ်သက်ခြင်း၊ ကြောက်ရွံ့ခြင်းတွေကိုနှင်ထ
-မှတ်စုကြမ်း #nayaung
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။