ဂျနီဗာပြပွဲမှာ ဆုနှစ်ဆုရရှိသွားပါတယ်။
ကားမောင်းနေစဉ် အိပ်ငိုက်ခြင်းကြောင့် မတော်တဆမှုတွေ အများကြီး ဖြစ်ခဲ့ပြီးပါပြီ။ ဒီတစ်ခါမှာတော့ သိပ္ပံပညာရှင်များဟာ ကားမောင်းသူ အိပ်ငိုက်တော့မယ် ဆိုရင် သတိပေးသွားမယ့် စမတ်ဖုန်းအက်ပ်အသစ်တစ်ခုကို ရေးဆွဲလိုက်ပါတယ်။
Hong Kong Baptic University (HKBU) မှ ကွန်ပျူတာသိပ္ပံပါမောက္ခ ချောင်ယူမင်းနဲ့ သူ့ အဖွဲ့ ဟာ အိပ်ငိုက်တော့မယ့် ကားမောင်းသူကို သိရှိပြီး နှိုးပေးသွားမယ့် စနစ်တစ်ခုကို တီထွင်ခဲ့ပါတယ်။ အကြောင်းကတော့ အိပ်ငိုက်သွားတဲ့ ကားမောင်းသူကြောင့် အသက်သေဆုံးမှုကို လျှော့ချဖို့ အတွက် ဖြစ်ပါတယ်။
ဒီအက်ပလီကေးရှင်းဟာ ကုန်ကျစရိတ်သက်သာပြီး သုံးရလွယ်သလောက် အတိအကျ ထောက်လှမ်းနိုင်တာ ဖြစ်လို့ အတော်လေး စိတ်ချရတဲ့ အက်ပလီကေးရှင်းလေး ဖြစ်ပါတယ်။ သုံးမယ်ဆိုရင် သူနဲ့ တွဲဖို့ စမတ်ဖုန်းတစ်လုံးက လွဲပြီး ဘာမှ များများစားစား မလိုပါဘူး။ ကားမောင်းသူဟာ အက်ပလီကေးရှင်း သွင်းထားတဲ့ ဖုန်းကို ဖွင့်ပြီး မျက်နှာကို ဖတ်နိုင်မယ့် ရှေ့ နားလောက်မှာ တပ်ထားရမှာပါ။ အက်ပလီကေးရှင်းကနေ ဒရိုက်ဘာရဲ့ မျက်နှာပြင်ကို ဖတ်ရှုပြီး မျက်တောင်ခတ်ခြင်း ၊ ခေါင်းငိုက်တာမျိုးတွေကို လေ့လာပြီး အိပ်ငိုက်ပြီ ဆိုတာနဲ့ အလိုအလျောက် အသိပေးအလန်း မြည်သွားမှာ ဖြစ်ပါတယ်။
ဖုန်းမှာ ဒီအက်ပလီကေးရှင်းကို run ပြီဆိုတာနဲ့ ဖုန်းရှေ့ ကင်မရာပွင့်လာမှာ ဖြစ်ပြီ့း ပုံမှန်ကားမောင်းစဉ် မှတ်တမ်းတင်သွားခြင်း များကိုလည်း လုပ်ဆောင်သွားမှာပါ။ ဒါ့ကြောင့် ဒီအက်ပလီကေးရှင်းဟာ ဒရိုက်ဘာအားလုံး သုံးသင့်ပါတယ်။ အထူးသဖြင့် အဝေးပြေးကားတွေကို နာရီပေါင်းများစွာ မောင်းရသူ ဒရိုက်ဘာများနဲ့ စက်မှုပိုင်း အလုပ်သမားများ သုံးသင့်တဲ့ အက်ပလီကေးရှင်းလည်း ဖြစ်ပါတယ်။
ယခုအက်ပလီကေးရှင်းကို ဦးဆောင်ရေးဆွဲခဲ့တဲ့ ပါမောက္ခချောင်ဟာ ဧပြီလထဲ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ မှာ ကျင်းပခဲ့တဲ့ ၄၅ ကြိမ်မြောက် နိုင်ငံတကာ တီထွင်မှုများ ပြပွဲမှာ ဆုနှစ်ဆုရရှိခဲ့ပါတယ်။ ပါမောက္ခချောင်နဲ့ အဖွဲ့ ဟာ ဒီအက်ပလီကေးရှင်းရဲ့ နည်းပညာမူပိုင်ခွင့်ကို အမေရိကန်မှာ လျှောက်ထားခဲ့ပါတယ်။ မကြာခင်မှာ ဒီအက်ပလီကေးရှင်းကို Google Play Store နဲ့ App Store တို့ မှာ မြင်ရတော့မှာ ဖြစ်ပြီး ခရီးဝေးသွား ကားမောင်းသူများ ဘေးကင်းစိတ်ချစွာ သုံးနိုင်တော့မှာပါ။
http://www.duwun.com.mm
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။