ဘယ်လောက်ပဲ ဆာလောင်နေပါစေ။
သားသမီးတွေ စားဖို့ကို အမြဲဦးစားပေးတယ်။
အဝတ်အစားအကောင်းစားတွေ မဝတ်ရရင်
နေပါစေ သားသမီးတွေ အတွက် အဝတ်အစား
အမြဲဝယ်ပေးတယ်။ ဘယ်လောက်ပဲ ပင်ပန်းလာ
ပါစေ။ ပုံပြင်လေးတွေ အမြဲပြောပြတယ်။
ကျွန်တော်ကံကောင်းပါတယ်။ ကျွန်တော်
အဲ့ဒီလို အဖေမျိုး ပိုင်ဆိုင်ခွင့်ရခဲ့တယ်။ မိဘ
နှစ်ပါးစလုံးဟာ ကျွန်တော့်အတွက် စံပြ
တွေချည်းပါပဲ။ ဒီလိုမိဘမျိုးဆီမှာ ကျွန်တော်
လူဖြစ်ခွင့်ရခဲ့တာ အရမ်းကံကောင်းပါတယ်။
အဖေက ငယ်ငယ်တည်းက အမြဲ သိသင့်တဲ့
အရာတွေကို သင်ပေးတယ်။ အကျင့်စာရိတ္တ
ရဲ့ တန်ဖိုးကိုသင်ပေးခဲ့သလို ငွေကြေးရဲ့တန်ဖိုး
ကိုလည်း သင်ပေးခဲ့တယ်။ ငယ်ငယ်က ဆိုရင်
ညဘက် အဖေ့ကို ခြေထောက်နင်းပေးရင်း
အဖေ့ဆီမှာ အင်္ဂလိပ်စာ မီးနင်းတွေ ဆိုပြ
ရတယ်။ ငယ်ငယ်တည်းက ကျွန်တော့်ရဲ့
ခေါင်းထဲ အင်္ဂလိပ်စာပိုးရောက်အောင် အဖေ
ရိုက်သွင်းပေးခဲ့တယ်။ ကြိုးစားပြီး ရိုးသားဖို့
ကိုလည်း သင်ပေးခဲ့တယ်။
ကျွန်တော်တို့တွေ လူတန်းစေ့ နေနိုင်အောင်
ထားခဲ့တယ်။ ကျွန်တော့်ကို ကျောင်းပြီးအောင်
ကြိုးစားပြီးထားပေးခဲ့တယ်။ ဆယ်တန်းတုန်းက
စာကျက်ရင်အိပ်ငိုက်တိုင်း နှိုးပေးခဲ့တယ်။
ဘေးမှာအမြဲရှိခဲ့တယ်။ ကျူရှင်လည်း ညဘက်
ကြီး အမြဲလိုက်ပို့ခဲ့တယ်။
ဒီနေ့ ကျွန်တော်ဆိုတဲ့ လူတစ်ယောက်
ဖြစ်တည်လာမှုမှာ အဖေ့ရဲ့ ကျေးဇူးတွေ
အများကြီးပါပါတယ်။ အဖေဟာ ကျွန်တော့်
ရဲ့ Role Model ပါပဲ။ သူ့လို ရိုးသားပြီး
ကြိုးစားခဲ့တယ်။ အဖေ့ကြောင့် ဒီနေရာ
ရောက်လာခဲ့တာပါ။ အဖေ့ကို ဒီနေ့
ကန်တော့ဖြစ်ခဲ့သလို ဒီနေရာကနေလည်း
အဖေ့ကိုထပ်ပြီး ကန်တော့လိုက်ရပါတယ်။
#မိုးရှင်း (I.M.T)
သားသမီးတွေ စားဖို့ကို အမြဲဦးစားပေးတယ်။
အဝတ်အစားအကောင်းစားတွေ မဝတ်ရရင်
နေပါစေ သားသမီးတွေ အတွက် အဝတ်အစား
အမြဲဝယ်ပေးတယ်။ ဘယ်လောက်ပဲ ပင်ပန်းလာ
ပါစေ။ ပုံပြင်လေးတွေ အမြဲပြောပြတယ်။
ကျွန်တော်ကံကောင်းပါတယ်။ ကျွန်တော်
အဲ့ဒီလို အဖေမျိုး ပိုင်ဆိုင်ခွင့်ရခဲ့တယ်။ မိဘ
နှစ်ပါးစလုံးဟာ ကျွန်တော့်အတွက် စံပြ
တွေချည်းပါပဲ။ ဒီလိုမိဘမျိုးဆီမှာ ကျွန်တော်
လူဖြစ်ခွင့်ရခဲ့တာ အရမ်းကံကောင်းပါတယ်။
အဖေက ငယ်ငယ်တည်းက အမြဲ သိသင့်တဲ့
အရာတွေကို သင်ပေးတယ်။ အကျင့်စာရိတ္တ
ရဲ့ တန်ဖိုးကိုသင်ပေးခဲ့သလို ငွေကြေးရဲ့တန်ဖိုး
ကိုလည်း သင်ပေးခဲ့တယ်။ ငယ်ငယ်က ဆိုရင်
ညဘက် အဖေ့ကို ခြေထောက်နင်းပေးရင်း
အဖေ့ဆီမှာ အင်္ဂလိပ်စာ မီးနင်းတွေ ဆိုပြ
ရတယ်။ ငယ်ငယ်တည်းက ကျွန်တော့်ရဲ့
ခေါင်းထဲ အင်္ဂလိပ်စာပိုးရောက်အောင် အဖေ
ရိုက်သွင်းပေးခဲ့တယ်။ ကြိုးစားပြီး ရိုးသားဖို့
ကိုလည်း သင်ပေးခဲ့တယ်။
ကျွန်တော်တို့တွေ လူတန်းစေ့ နေနိုင်အောင်
ထားခဲ့တယ်။ ကျွန်တော့်ကို ကျောင်းပြီးအောင်
ကြိုးစားပြီးထားပေးခဲ့တယ်။ ဆယ်တန်းတုန်းက
စာကျက်ရင်အိပ်ငိုက်တိုင်း နှိုးပေးခဲ့တယ်။
ဘေးမှာအမြဲရှိခဲ့တယ်။ ကျူရှင်လည်း ညဘက်
ကြီး အမြဲလိုက်ပို့ခဲ့တယ်။
ဒီနေ့ ကျွန်တော်ဆိုတဲ့ လူတစ်ယောက်
ဖြစ်တည်လာမှုမှာ အဖေ့ရဲ့ ကျေးဇူးတွေ
အများကြီးပါပါတယ်။ အဖေဟာ ကျွန်တော့်
ရဲ့ Role Model ပါပဲ။ သူ့လို ရိုးသားပြီး
ကြိုးစားခဲ့တယ်။ အဖေ့ကြောင့် ဒီနေရာ
ရောက်လာခဲ့တာပါ။ အဖေ့ကို ဒီနေ့
ကန်တော့ဖြစ်ခဲ့သလို ဒီနေရာကနေလည်း
အဖေ့ကိုထပ်ပြီး ကန်တော့လိုက်ရပါတယ်။
#မိုးရှင်း (I.M.T)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။