ဖခင်များနေ့ ဆိုပါလား.....
တစ်ခုခုရေးချင်ပေမဲ့ အစရှာမရ ဖြစ်နေပါတယ်။
ကိုယ့်ဖခင်အကြောင်းပဲရေးရမ လား၊ သူများဖခင်အကြောင်းပဲရေးရမလား၊
နောက်ဆုံးတော့ ကိုယ်ပိုင်ခံစားချက်နဲ့ ရောပြီး
ခံစားနိုင်သလောက် ရေးလိုက်ပါတယ်။
ဖခင်ဆိုတာ
xxxxxxxx
ဖခင်ဆိုတာ....
သားသမီးကို ချီးမွန်းတာနည်းပါးသလောက်..
ရင်တွင်းပုန်း ဂုဏ်ယူနေတတ်ပါတယ်။
ဖခင်ဆိုတာ...
သားသမီးကို တစ်ဘက်မှာ ချွေချွေတာတာ နေခိုင်းပြီး
တစ်ဘက်မှာ မူန့်ဖိုး ပိုပေးချင်လေ့ရှိတတ်ပါတယ်။
ဖခင်ဆိုတာ...
သားသမီးများ ငယ်ရည်းစားထားတာကို အလွန်စိုးရိမ်တတ်ပြီး
လူပျိုကြီး အပျိုကြီး ဖြစ်သွားမှာကိုလည်း ပူပန်ပေးနေတတ်ပါတယ်။
ဖခင်ဆိုတာ....
မျက်နာထား တည်ကြည်သလောက်.
ရင်ထဲမှာ ထိလွယ်ရှလွယ် ခံစားလွယ်တတ်ပါတယ်။
ဖခင်ဆိုတာ...
ပြင်ပမှာ ဘယ်လောက်ပဲ ဒုက္ခရောက်ခဲ့ ရောက်ခဲ့
အိမ်ရောက်ရင် ဘာမှမဖြစ်သလို ဟန်ဆောင်နေတတ်ပါတယ်။
ဖခင်ဆိုတာ...
အသက်ဘယ်လောက်ကြီးကြီး
သားသမီးများ အမြဲ မော့ကြည့်ရတဲ့လူ ဖြစ်နေပေမဲ့
တဖြည်းဖြည်း အိုလာရင်တော့...
ရင်ထဲမှာ သိမ်ငယ်လာတာ အမှန်ပါပဲ။
အသက် ခြောက်ဆယ်ကျော်လာရင်..
မိခင်ဟာ သူ့အဖွဲ့နဲ့သူ အုပ်စုဖွဲ့ ပျော်ရွှင်နိုင်သလောက်
ဖခင်က ဘယ်သူနဲ့မှ မပေါင်းပဲ အထီးကျန် ဆန်နေတတ်ပါတယ်။
သက်ကြီးသဘောဝ
ယော့က်ျားနဲ့ မိန်းမ ကွာခြားလှတာမို့...
မိခင်မေတ္တာကို ကြီးကြီးကျယ်ကျယ် စာဖွဲ့နေတဲ့အချိန်မှာ
ဖခင်ဘက်ကိုလည်း စိတ်ပါပါနဲ့ လှည့်ကြည့်စမ်းပါ သားသမီးတို့ရေ....
Ref: WeChat
တစ်ခုခုရေးချင်ပေမဲ့ အစရှာမရ ဖြစ်နေပါတယ်။
ကိုယ့်ဖခင်အကြောင်းပဲရေးရမ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။