Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, June 21, 2017

Facebook က ထိုးတဲ့ ခေါင်းလောင်းသံ

Facebook က ထိုးတဲ့ ခေါင်းလောင်းသံ
****************************
မင်းသွေးငယ် (ရာမညမြေ)
(#ညီမလေးများဖတ်ကြပါ)

#ညီမလေးရေ

Fb ပေါ် တစုံတရာကြောင့်
မျက်ရည်စိုရွှဲ ဝမ်းနည်းနေရသလားကွာ

Social Media ဆိုတာ
ကောင်းတာတွေ အကျိုးအတွက်စံစားနိုင်ပေမယ့် မကောင်းတာတွေ အတိုးနဲ့ ခံစားဖို့မဟုတ်ဘူးလေ

ကောင်းတာတွေ ခွဲစစ်ပြီး
မကောင်းတာတွေ ဝဲပစ်ဖို့ပါ

ညီမလေး ရဲ့ Post
Like ပေးမယ့်သူ ရှားပါး
အားလျော့နေသလားကွယ်

တန်ခိုးထွားတဲ့ အရေမရ အဖတ်မရ
post နဲ့
အကျိုးများမယ့် ရိုးသားတဲ့ အရေရ အဖတ်ရ post
ဒီနှစ်ခုမှာ
Like တန်ဖိုးက မိုးနဲ့မြေကွာပါသတဲ့

Like တစ်ထောင်ရလို့
ဝင်ငွေ တစ်ထောင်တိုးကြေးဆို
ခက်ရာခက်ဆစ် အလုပ်သစ်
ရှာမယ့်သူတောင် ရှိမှာမဟုတ်ဘူး

ညီမလေးရေ
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့
ကိုယ့်ဘဝ ကိုယ့်အလှ ကမှ
ကိုယ် တကယ်ကြိုက် လို့
Like ရမှာလေ

လောကမှာ သူ့အကြိုက်နဲ့သူ
Like တိုင်း ကြိုက်ချင်မှကြိုက်သလို
ကြိုက်တိုင်းလည်း Like ချင်မှ Like တာ
ဒါ----ဂရုစိုက်စရာလားကွာ

ညီမလေး မှတ်ထား
ဘယ် ချီးစားလောက်မှ
ပန်းဝတ်ရည်ကို မခုံမင် သလို

မစင်ပုံမှာလည်း ဘယ်ပျားကမှ
လာမနားဘူး
သူ့အကြိုက်နဲ့သူပ့ါ

မစင်ပုံ အဖြစ်ခံပြီး လောက်ပေါင်းထောင်သောင်းကို
မြှူ မှာလား ခြူ မှာလား
ညီမလေး စဉ်းစားလေ

'' Like is not life ''
Comment is not command

Like ဆိုတာ ဘဝမဟုတ်ဘူး
တကယ်တော့ လောကနိယာမရဲ့
အကောင်းအဆိုး Comment ဒဏ်ကို ခံနိုင်မှလူအစစ်
ပြင်တတ် မြင်တတ်မှ အနှစ်

ဗုဒ္ဓအလိုကျဘဝဆိုတဲ့ Post မှာ
Like တစ်ချက်ရဖို့ တောင် မနည်း
လူတိုင်း အားခဲ နေရကြရတာလေ

ကြုံလာသမျှ လောကဓံ အလဲအကွဲကို
အများရှေ့ဒူးထောက်ပြီး မျက်ရည်စတွေနဲ့ ထုတ်ဖော်
Mention ခေါ်နေမယ့်အစား
ကြိုက်နှစ်သက်ရာ သူတော်ကောင်းတရားကို
ရင်ဘတ်ထဲ Save လေးလုပ်ပြီး
တစ်သက်စာ သိမ်းထား
အားငယ်တိုင်းပြန်ကြည့် ရမှာလေ

လူမသိ သူမသိ Chat Box ထဲက ပြောထားတဲ့ ရင်ထဲကမပါတဲ့ အကုသိုလ်တရား မဟုတ်တမ်းစကားတွေကြောင့်

ကံ ကံရဲ့အကျိုး ကြံမ္မာဆိုးရဲ့
Sreenshort ရိုက် အရှက်ခွဲတာလည်းမခံရစေနဲ့ အကုသိုလ်ရဲ့ Report ထုတာလည်း မခံရစေနဲ့
ဘဝ Account လေး ပျက်မှာစိုးလို့ပါ

ညီမလေးတောင်း တဲ့ လောကရဲ့ Comment

It might be sweet or bitter
ချိုချင်ချိုမယ် ခါးချင်ခါးမယ်
အခါးရှိလို့ အချိုက တန်ဖိုးရှိနေတာ
ခါးတာလည်း ရှားပါးအရသာတစ်မျိုး
အရက်ဂျိုးတွေ မေးကြည့်
စိတ်ရှိတိုင်း ဖြေပြလိမ့်မယ်

လောကကြီးက ညီမလေးတောင်းတဲ့
သကာရည်မပေး
တမာရည်လေးပဲ ကမ်းလည်း ဘာဆန်းသလဲကွယ်
အဖန်ရည်လုပ်ချိုး ရောဂါပိုးတောင်သေသေး

ထိုင်နေကောင်းသား ထသွားမှ ကျိုးမှန်းသိ မှာ ကြောက်နေသလား
တခြား ခြေလက်/မျက်စိ/နား
ဦးနှောက်အားတွေ ကောင်းကြောင်း မောင်းထုကြွားလို့တောင် ရသေး

ညီမလေးဟာ လူပျင်းလား
ဘယ်လောက်ထိ မသွားချင်မလာချင်ပျင်းနေသလဲ
ဒါဆို မပူနဲ့
အိမ်မြဲတဲ့ ခြံစောင့်
ကောင်းတစ်ယောက်
ပေါက်ပေါက်ရောက်ရောက်
ဖြစ်နိုင်ပါသေးတယ်

မလှမပ ရုပ်ဆိုးလွန်းလို့
ခဏခဏ ငိုနေရော့ သလား
ဘယ်လောက်ထိ ရုပ်ဆိုးနိုင်သလဲ
ဆိုးချင်သလောက်ဆိုး
ဂရင်းနစ်စံချိန်ချိုးဖို့ တော့ လိုလိမ့်မယ်
မစို့မပို့ ဆိုးတာလောက်က
အလုပ်မဖြစ်ဘူးလေ ညီမလေးရဲ့

ဝလွန်းလို့ စိတ်ပျက်နေမယ့်အစား
သရုပ်ဆောင် ပွင့်လို
အဝ ကို ခုတုန်းလုပ်
ပရိသတ်ပြုံးပျော်အောင် လုပ်လိုက်ပါလား
အပြုံးတွေ ရှားလာလို့ပါ

ပိန်လွန်းလို့ စိတ်ညစ်နေမယ့်အစား
Talent Show မှာ အရိုးပြိုင်းပြိုင်းကို ခုတုံးလုပ် ပြီးဓါတ်မှန်ရိုက်စရာ မလိုဘဲ
ခန္ဓာမှာ အရိုး (၂၀၆) ချောင်း ရှိကြောင်း
ပရိသတ်ထောင်သောင်းသိအောင်
အတိအကျ ရေပြရင်း
အားကုန်ဖျစ်လို့ ညှစ်ပြနိုင်ရင်
စံချိန်အသစ် Winner အစစ် ဖြစ်ပြီပေါ့

ကိုယ့်အရေအသွေးနဲ့ကိုယ်
ရွှေရင်တွေဖို ပီတိတွေတောင် ပြိုလိုရသေး

ညီမလေး သိထားဖို့က
ခြင်္သေ့တစ်ကောင်ဟာ
ရုပ်လှဖို့မလိုဘူး
အားမာန် ထုတ်ပြတတ်ဖို့ပဲ လိုတယ်

ဥသြပျို ဟာလည်း အရောင်မဲညစ်
Miss ရဖို့မလိုဘူး
Bird Idol မှာ Vocal Power အားကောင်းကောင်းနဲ့ ဆိုနိုင် ဖို့ပဲ လိုတယ်

ဘာ----ဘာတဲ့
ငိုနေတယ် ဟုတ်လား
မရေရာတဲ့ Chatbox က မသေချာတဲ့ မျှော်လင့်ချက်တွေကုဋေကုဋာ ပေးသွားတဲ့ သူ့ကြောင့်
ညီမလေး ငိုနေတာလား
ဒါဆို ညီမလေး မှားပြီ

'' တောက် ''
မတန်လိုက်တာ ညီမလေးရယ်
Fb is not real life
လက်တွေ့ မြင်ရင်တောင်
တစ်ဝက်ပဲ ယုံရမယ့်ခေတ်
စိတ်ညစ်ခံတာ တန်သလားကွာ
ရင်ဘတ်တွေ အောင့် စိတ်ချဉ်တွေပေါက်စရာ လိုလားကွာ

မသေချာတဲ့ ရည်စားတစ်ထောင်နဲ့ စကားဖောင်ဖွဲ့ အချိန်ကုန်နေရင်
စစ်မှန်တဲ့ လင်ကောင်တစ်ယောက်
ကောက်ခနဲလွတ်သွားမယ်လေ

အရင်က တစ်ခါမှ မချစ်ခဲ့ဖူးဘူး
ညီမလေးကျမှ ချစ်လှပါပြီဆိုတဲ့
စကားကို ပွအောင် လှအောင် မုသားဆော်ဒါတွေသုံးပြီး
ပြောခဲ့ဖူးသူထောင်သောင်းတွေထဲက

ဘယ်သူများက ဟောင်းလောင်းဖြစ်နေတဲ့ ညီမလေးအိမ်က ဆန်အိုးကို ဖြည့်ပေးခဲ့ဖူးလို့လဲ
အရေးကြုံရင် သက်လုံကောင်းခဲ့ဖူးလား
ပြသနာကို ကျောချင်းကပ် ရင်ဆိုင်ဖူးလား
ရင်ဘတ်ချင်း ကပ်ဖို့ ပဲ ကြိုးစားနေသလား
ညီမလေး သေချာစဉ်းစား

တကယ်တော့
စကားလုံးတွေထဲက ဆီဦးထောပတ်ထက်
အိုးကပ်ကျန်နေတဲ့ အမေ့ဆန်တစ်ဆုပ်က
လက်တွေ့ဘဝမှာ ပိုတန်ဖိုးရှိတယ်

ပြီးတော့ ရှိသေးတယ်

ယာယီသွေးသား Crisis ကြောင့်
အိပ်မက်နန်းတော်ကို မြားချိတ်မှာ တပ်ပြီး
ကုတင်ပေါ်ကတာဝန်တစ်ခုကိုပဲ ကျေဖို့
အရူးချီးပန်း ကြိုးစားနေတဲ့ တဏှာရူးတွေတွေ့ရင် ညီမလေးပြောရမှာက

" Sorry တာ့တာ" ပဲ
ဘဝက တစ်ခါသုံးမှ မဟုတ်တာကွယ်

ကဲ------ကိုင်ပေါက်လိုက်ရင်
ဘာမှ ပြန်မပြောနိုင်ရှာတဲ့
သက်မဲ့ ဖုန်းထဲက အရာတွေအတွက်
အိပ်ရေးလည်း အပျက်မခံနဲ့
ကြိတ်ဆွေးလည်း အတက်မခံနဲ့
စိတ်လေးလည်း အပျက်မခံနဲ့

မျက်ရည်စက်တွေက တန်ဖိုးရှိတယ်
ဝမ်းနည်းလို့ ကျလာတဲ့ မျက်ရည်စက်မှာ အဖိုးအနဂထိုက်တန်တဲ့ ပရိုတင်းတွေအများကြီး
ပါတယ်
ညီမလေး အားယုတ်နေလိမ့်မယ်

ညီမလေးသာ ရင်ဘတ်ကလေးဖိရုန်း
မျက်လုံးအဖောင်းသားနဲ့ငိုနေ
ဟိုတစ်ယောက်ကတော့
ပြက်လုံးအကောင်းစားနဲ့ ရီနေလောက်ပြီ

ကဲ သက်ရှိဖြစ်တဲ့ ညီမလေးရေ

သက်မဲ့ ဖြစ်တဲ့ ဖုန်းလေးကြောင့်
မျက်ရည်တွေ ဖွေးယှက်
အတွေးနက် ပေးဆပ် နေမယ့်အစား
ဟာသကားလေး ငှားလို့
ဝါးခနဲ ရီလိုက်စမ်းပါကွယ်

အသက်ရှည်စေချင်လွန်းလို့ပါ
*********************
Fb ကြောင့် စိတ်သောက ရောက်နေသူများသို့
***************
ဤ Post ကို Share ခြင်းဖြင့် Media အချစ်ကျော့ကွင်းသို့ သက်ဆင်းမည့် ရိုးသားသည့် မျက်ရည်စက်လေးများစွာကို ကယ်တင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်
*************************************
မင်းသွေးငယ် -ရာမညမြေ
ရောဂါဗေဒဌာန

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။