၂၀၁၈ ခေတ်ပြိုင်စီးပွားရေးအတွက် ပြင်ဆင်ထားရန် (၁၀-ချက်)
************************** ************************** **********
၂၀၁၈ ဟာ မြန်မာ့နိုင်ငံစီးပွားရေးအရ
အလားအလာကောင်းများစွာ ဖြစ်လာနိုင်ပါတယ်၊ CLMV နိုင်ငံတွေ AEC စတင်လာမှု၊
မြန်မာနိုင်ငံမှာ SMEs လုပ်ငန်းတွေ ပံ့ပိုးလာမှု၊
ပိုမိုရင်းနှီးမြုပ်နှံလာမဲ့  FDI နိုင်ငံခြားလုပ်ငန်းများ ၀င်ရောက်လာနိုင်မှု၊ Competitive ခေတ်ပြိုင် စီးပွားရေးပုံစံဖော်ဆောင်လာ မှုတွေဖြစ်လာနိုင်ပါတယ်။
ဈေးကွက်စီးပွားရေး တိုးတက်လာမှု ယခင် (၃) နှစ် နဲ့ ယခု အနေအထားကို
ပြန်လည်သုံးသပ်လျှင် ခရီးသွားလားရေး၊ အင်တာနက်၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး၊
ပညာရေး၊ စားသောက်ကုန် လုပ်ငန်းများစွာဟာ (%) အားဖြင့် များစွာ တိုးတက်လာတာ
တွေ့နိုင်မှာဖြစ်ပါတယ်။ နောင်မှာလည်း များစွာတိုးတက်လာဖွယ်ရှိနေပါတယ်။ ဒီအတွက် ပြင်ဆင်ထားမှုဟာ လိုအပ်လာနိုင်မှာဖြစ်ပါတယ်။
တဖက်မှာ စီးပွားရေးတိုးတက်လာသလို၊ တဖက်မှာလည်း ခေတ်ပြိုင်တိုးတက်မှု ရှိလာနိုင်မှာဖြစ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ စွန့်ဦးတီထွင်သူတွေ၊ လုပ်ငန်းပိုင်း စီမံခန့်ခွဲနေသူတွေ အားလုံးအတွက် ကျွန်တော်ရဲ့ ကုမ္ပဏီအကြံပေး အတွေ့အကြုံတချို့မှ Company Development လုပ်ငန်းစဉ်များမှ ပြင်ဆင်ထားသင့်တဲ့ အချက် (၁၀) ချက်ကို အကြံပြုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
(၁) ကုမ္ပဏီ၏ ရေရှည်ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ ရေးဆွဲပြင်ဆင်ထားရန်
- လက်ရှိလုပ်ငန်းတိုးချဲ့မှုနဲ့ 
နောင်နှစ်တွေရဲ့ လုပ်ငန်းရည်မှန်းချက်၊ ပန်းတိုင်တွေကို
သတ်မှတ်ရေးဆွဲပြီး၊ မဟာဗျူဟာ အစီအစဉ်တွေ၊ ပြီးမြောက်ရမဲ့ ရာထားချက်တွေနဲ့
Business Plan ကို ကြိုတင်ရေးဆွဲထားဖို့ လိုအပ်လာနိုင်ပါတယ်။
(၂) ဌာနများ၏ လုပ်ငန်းဆောင်ရွက်ချက် SOP လမ်းညွှန်ချက်များ ထားရှိပေးရန်
- လုပ်ငန်းရည်ရွယ်ချက်ပြီးမြောက်အောင်မြင်ဖို့
ဌာနတခုချင်းရဲ့ Standard Operation Procedure (SOP) လမ်းညွှန်ချက်တွေ၊
လုပ်ဆောင်ရမဲ့ တာဝန်ဖော်ပြချက်တွေ၊ ၀န်ထမ်းရေးရာ လမ်းညွှန်ချက်တွေကို
ပြင်ဆင်ရေးဆွဲပြီး စနစ်တကျလည်ပတ်နိုင်ဖို့ စီမံဆောင်ရွက်မှုတွေ
လိုအပ်လာနိုင်ပါတယ်။
(၃) ကုမ္ပဏီလုပ်ငန်းလည်ပတ်မှုအား Frame ပုံစံ ရေးဆွဲပုံဖော်ပြထားပေးရန်
- လုပ်ငန်းလည်ပတ်မှု Supplier ထောက်ပံ့မှုအပိုင်း၊ Financial ငွေကြေးအပိုင်း၊ Market ဈးကွက်ဖော်ဆောင်မှုအပိုင်း၊
လုပ်ငန်းစီးဆင်း လည်ပတ်နေတဲ့ Supply Chain ဆောင်ရွက်မှုတွေကိုလည်း
လုပ်ငန်းတခုလုံးကို ဖော်ပြထားတဲ့ Frame ပုံစံရေးဆွဲထားပြီး
ပြင်ဆင်ထားဖို့လိုအပ်မှာဖြစ်ပါတယ်။
(၄) ငွေကြေး ရင်းနှီးမြုပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှုများအား ရာထားချက်ထားရှိရန်
- လုပ်ငန်းတိုးချဲ့ရင်းနှီးမြုပ်နှံမှု
Investment မြင့်တင်ဖို့၊ လုပ်ငန်းသစ်များ စတင်ဖို့၊ အကျိုးအမြတ်ရနိုင်တဲ့
နည်းလမ်းများတိုးချဲ့ဖို့၊ စီမံချက်အလိုက် ပြီးမြောက်ရမဲ့ ရာထားချက်များ
ထားရှိပြီး၊ အခွင့်အလမ်းရှိတဲ့ လုပ်ငန်းတွေကို ငွေကြေးရင်းနှီးမြုပ်နှံမှု
တိုးချဲ့ပြင်ဆင်ထားသင့်ပါတယ်။
(၅) လုပ်ငန်း၏ အတွင်းပိုင်း-အပြင်ပိုင်း SWOT ဆန်းစစ်မှုများ သုံးသပ်ပြုလုပ်ပေးရန်
- လုပ်ငန်းအတွင်းတိုးတက်မှုဖြစ်တဲ့
S အားသာချက်၊ W အားနည်းချက်တွေ သုံးသပ်ပြင်ဆင်ပြီး၊ လုပ်ငန်း အပြင်ပိုင်း
တိုးတက်မှုရှိစေတဲ့ O အခွင့်အလမ်း၊ T အတားအဆီး စိန်ခေါ်မှုတွေကိုလည်း ပုံမှန်
သုံးသပ်ပြင်ဆင်ထားပြီး လုပ်ငန်းတိုးတက်ရေးသို့ အာရုံစိုက်ပြီး
ပြင်ဆင်ထားသင့်ပါတယ်။
(၆) ခေတ်ပေါ် Tech နည်းပညာများ ပေါင်းစပ်ပြီး လုပ်ငန်းမြန်ဆန်တိုးတက်စေရန်
- လုပ်ငန်းတိုးတက်မြန်ဆန်ဖို့ ငွေကြေးအပိုင်း၊ ၀န်ထမ်းအပိုင်း၊ ဈေးကွက်ထိုးဖောက်မှုအပိုင်း ပေါ်ပေါက်လာတဲ့ ခေတ်မှီ နည်းပညာများ အသုံးချပြီး လူ့အင်အား၊ နည်းပညာအားများ တိုးချဲ့ပြီး လုပ်ငန်းတိုးတက်မြန်ဆန်မည့် နည်းလမ်းများရှာဖွေပေါင်းစပ်ပြီး ပြင်ဆင်ထားသင့်ပါတယ်။
(၇) လုပ်ငန်းအဆက်အသွယ်များ ချိတ်ဆက်ရှာဖွေပြီး လုပ်ငန်းချဲ့ထွင်ဆောင်ရွက်ရ န်
- လုပ်ငန်းတိုးတက်ဖို့ လုပ်ငန်းတိုးချဲ့ဖို့ လိုအပ်လာမို့ ဈေးကွက်အခွင့်အလမ်းသစ်များ ၊ လုပ်ငန်းမိတ်ဖက်အသစ်များ၊ စီးပွားရေးအခွင့်အလမ်းအသစ်များ ချိတ်ဆက်ရှာဖွေပြီး လုပ်ငန်းများ ယခင်ထက် တိုးချဲ့နိုင်ရန် ပြင်ဆင်ထားသင့်ပါတယ်။
(၈) ကုမ္ပဏီ၏ Client များ၊ ဖောက်သည်များအား ပုံမှန်ဝန်ဆောင်မှုများထားရှိစေရန်
- လုပ်ငန်းအောင်မြင်တိုးတက်မှု အတွက်
အစဉ်အားပေးနေတဲ့ Supplier များ၊ ဖောက်သည်ကြီးများ၊ Customer များအား
အစဉ်ဝန်ဆောင်မှုပေးနိုင်ရန် နည်းလမ်းများအား ရွေးချယ်သတ်မှတ်ပြီး
လုပ်ငန်းပုံမှန် တိုးတက်မှုသို့လည်း ပြင်ဆင်ဆောင်ရွက်ထားသင့်ပါတ ယ်။
(၉) ကုမ္ပဏီ၏ ပုံရိပ်တိုးတက်မှု လူမှုအကျိုးပြု CSR ပုံစံဖြင့် ရေရှည်ဆောင်ရွက်နိုင်ရန်
- ခေတ်ပြိုင်ဖြစ်လာတာနဲ့အမျှ ဖောက်သည်များအား ထိန်းသိမ်းထားမှု၊ ပိုမိုတန်ဖိုးပေးမှုတွေဟာ လိုအပ်လာနိုင်တာမို့၊ လူမှုတာဝန်ကျေသော စီးပွားရေးနှင့် ရေရှည်ခံစီးပွားရေးသို့ ဆောင်ရွက်နိုင်ဖို့ လူမှုအကျိုးပြု CSR လုပ်ငန်းများကိုလည်း ပြင်ဆင်ဆောင်ရွက်သင့်ပါတယ်။
(၁၀) အောင်မြင်တိုးတက်သော လုပ်ငန်းများ၏ နည်းစနစ်များအား ပေါင်းစပ်စီမံခန့်ခွဲနိုင်ရ န်
- အောင်မြင်သော လုပ်ငန်းများမှာ အောင်မြင်တဲ့ လျို့ဝှက်စီမံနည်းများရှိတာ မို့၊
တိုးတက်အောင်မြင်နေတဲ့ လုပ်ငန်းကြီးများရဲ့ နည်းစနစ်ကောင်းများ၊
မဟာဗျူဟာများ၊ အားသာချက်များအား ပေါင်းစပ်လျှက် မိမိလုပ်ငန်းလဲ
တိုးတက်အောင်မြင်သော လုပ်ငန်းစုများဖြစ်လာဖို့ ပြင်ဆင်ထားသင့်ပါတယ်။
အားလုံးသော မိတ်ဆွေလုပ်ငန်းများသို့ ၂၀၁၈ ခေတ်ပြိုင်စီးပွားရေးအတွက် ကြိုတင်ပြင်ဆင်ဖို့ အားပေးရင်း MESI, Entrepreneur SME Group အနေဖြင့် သင်တန်းဝန်ဆောင်မှုများ၊ ကုမ္ပဏီအကြံပေးမှုများ၊ အွန်လိုင်းမှတဆင့်အသိပညာပေး မှုများ၊ စီးပွားရေးအခမ်းအနားများ၊ CSR လူမှုအကျိုးပြု ပညာဒါန ဆောင်ရွက်မှုများကိုတိုးချဲ့ ရင်း စီးပွားရေးအတွက် စီမံခန့်ခွဲမှုအတွက် အထောက်အကူပြုနိုင်စေဖို့ အားပေးကူညီဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ကုမ္ပဏီအကြံပေး အတွေ့အကြုံတချို့နဲ့ လေ့လာခဲ့သမျှ လုပ်ငန်းတိုးတက်စေမဲ့ နည်းလမ်းတချို့အား ပေါင်းစပ်ဖော်ပြထားခြင်းဖြစ်လို့ ယခုတင်ပြထားချက် (၁၀) ချက်ဟာ လုပ်ငန်းရှင်များ၊ စီမံခန့်ခွဲမှုအဆင့်များအနြေ ဖင့်
များစွာ တန်ဖိုးရှိစေမှာဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းများ
အောင်မြင်ခြင်းဟာ ယခု အချက် (၁၀) ချက်ရဲ့ အားသာချက်ကြောင့်သာဖြစ်ပါတယ်။
စီးပွားရေးအခွင့်အလမ်းတိုးတ က်လာမှု အခွင့်အရေးနဲ့ လုပ်ငန်းမဟာဗျူဟာပြင်ဆင်ရေး ဆွဲမှု၊ ဆန်းသစ်ပုံဖော်မှုဖြင့် ပေါင်းစပ်ပြီး စီးပွားရေးအောင်မြင်မှုသို့ ဖန်တီးလာနိုင်မှာဖြစ်ပါတယ်။
အနာဂတ်အခွင့်အရေးဆိုတာ ပြင်ဆင်ထားသူများအဖို့ အဆင်သင့်ဖြစ်လာနိုင်တာမို့ အားပေးလျှက်ပါ။
လေးစားလျှက်
Zin Phyo Paing
MESI Business Institute
EntrepreneurSME.com
**************************
၂၀၁၈ ဟာ မြန်မာ့နိုင်ငံစီးပွားရေးအရ
တဖက်မှာ စီးပွားရေးတိုးတက်လာသလို၊ တဖက်မှာလည်း ခေတ်ပြိုင်တိုးတက်မှု ရှိလာနိုင်မှာဖြစ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ စွန့်ဦးတီထွင်သူတွေ၊ လုပ်ငန်းပိုင်း စီမံခန့်ခွဲနေသူတွေ အားလုံးအတွက် ကျွန်တော်ရဲ့ ကုမ္ပဏီအကြံပေး အတွေ့အကြုံတချို့မှ Company Development လုပ်ငန်းစဉ်များမှ ပြင်ဆင်ထားသင့်တဲ့ အချက် (၁၀) ချက်ကို အကြံပြုဖော်ပြပေးသွားမှာဖြစ
(၁) ကုမ္ပဏီ၏ ရေရှည်ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ ရေးဆွဲပြင်ဆင်ထားရန်
- လက်ရှိလုပ်ငန်းတိုးချဲ့မှုနဲ
(၂) ဌာနများ၏ လုပ်ငန်းဆောင်ရွက်ချက် SOP လမ်းညွှန်ချက်များ ထားရှိပေးရန်
- လုပ်ငန်းရည်ရွယ်ချက်ပြီးမြေ
(၃) ကုမ္ပဏီလုပ်ငန်းလည်ပတ်မှုအား Frame ပုံစံ ရေးဆွဲပုံဖော်ပြထားပေးရန်
- လုပ်ငန်းလည်ပတ်မှု Supplier ထောက်ပံ့မှုအပိုင်း၊ Financial ငွေကြေးအပိုင်း၊ Market ဈးကွက်ဖော်ဆောင်မှုအပိုင်း၊
(၄) ငွေကြေး ရင်းနှီးမြုပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှုများအား ရာထားချက်ထားရှိရန်
- လုပ်ငန်းတိုးချဲ့ရင်းနှီးမြ
(၅) လုပ်ငန်း၏ အတွင်းပိုင်း-အပြင်ပိုင်း SWOT ဆန်းစစ်မှုများ သုံးသပ်ပြုလုပ်ပေးရန်
- လုပ်ငန်းအတွင်းတိုးတက်မှုဖြစ
(၆) ခေတ်ပေါ် Tech နည်းပညာများ ပေါင်းစပ်ပြီး လုပ်ငန်းမြန်ဆန်တိုးတက်စေရန
- လုပ်ငန်းတိုးတက်မြန်ဆန်ဖို့
(၇) လုပ်ငန်းအဆက်အသွယ်များ ချိတ်ဆက်ရှာဖွေပြီး လုပ်ငန်းချဲ့ထွင်ဆောင်ရွက်ရ
- လုပ်ငန်းတိုးတက်ဖို့ လုပ်ငန်းတိုးချဲ့ဖို့ လိုအပ်လာမို့ ဈေးကွက်အခွင့်အလမ်းသစ်များ
(၈) ကုမ္ပဏီ၏ Client များ၊ ဖောက်သည်များအား ပုံမှန်ဝန်ဆောင်မှုများထားရှ
- လုပ်ငန်းအောင်မြင်တိုးတက်မှု
(၉) ကုမ္ပဏီ၏ ပုံရိပ်တိုးတက်မှု လူမှုအကျိုးပြု CSR ပုံစံဖြင့် ရေရှည်ဆောင်ရွက်နိုင်ရန်
- ခေတ်ပြိုင်ဖြစ်လာတာနဲ့အမျှ ဖောက်သည်များအား ထိန်းသိမ်းထားမှု၊ ပိုမိုတန်ဖိုးပေးမှုတွေဟာ လိုအပ်လာနိုင်တာမို့၊ လူမှုတာဝန်ကျေသော စီးပွားရေးနှင့် ရေရှည်ခံစီးပွားရေးသို့ ဆောင်ရွက်နိုင်ဖို့ လူမှုအကျိုးပြု CSR လုပ်ငန်းများကိုလည်း ပြင်ဆင်ဆောင်ရွက်သင့်ပါတယ်။
(၁၀) အောင်မြင်တိုးတက်သော လုပ်ငန်းများ၏ နည်းစနစ်များအား ပေါင်းစပ်စီမံခန့်ခွဲနိုင်ရ
- အောင်မြင်သော လုပ်ငန်းများမှာ အောင်မြင်တဲ့ လျို့ဝှက်စီမံနည်းများရှိတာ
အားလုံးသော မိတ်ဆွေလုပ်ငန်းများသို့ ၂၀၁၈ ခေတ်ပြိုင်စီးပွားရေးအတွက် ကြိုတင်ပြင်ဆင်ဖို့ အားပေးရင်း MESI, Entrepreneur SME Group အနေဖြင့် သင်တန်းဝန်ဆောင်မှုများ၊ ကုမ္ပဏီအကြံပေးမှုများ၊ အွန်လိုင်းမှတဆင့်အသိပညာပေး
ကုမ္ပဏီအကြံပေး အတွေ့အကြုံတချို့နဲ့ လေ့လာခဲ့သမျှ လုပ်ငန်းတိုးတက်စေမဲ့ နည်းလမ်းတချို့အား ပေါင်းစပ်ဖော်ပြထားခြင်းဖြစ
စီးပွားရေးအခွင့်အလမ်းတိုးတ
အနာဂတ်အခွင့်အရေးဆိုတာ ပြင်ဆင်ထားသူများအဖို့ အဆင်သင့်ဖြစ်လာနိုင်တာမို့ အားပေးလျှက်ပါ။
လေးစားလျှက်
Zin Phyo Paing
MESI Business Institute
EntrepreneurSME.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။