Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, June 24, 2017

ချာလီချက်ပလင်အကြောင်း လူမသိသေးတဲ့အချက်(၇)ချက်

ချာလီချက်ပလင်အကြောင်း လူမသိသေးတဲ့အချက်(၇)ချက်
✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿

.
ချာလီချက်ပလင်ကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ
1889 ခုနှစ် ဧပြီလ 16 ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။

မိဘတွေဟာဂီတဖျော်ဖြေရေးသမားများ ဖြစ်လို့
ဂီတနဲ့ နီးစပ်မှုရှိခဲ့ပါတယ်။ သူရဲ့ သူမတူတဲ့
ဟာသအမြင်တွေ၊ ခေတ်ကို ကောင်း ကောင်း
သရော်နိုင်ခဲ့မှုတွေကြောင့် အသံမဲ့ရုပ်ရှင်လောကမှာ
တစ်ခေတ်ဆန်းခဲ့ပြီး အောင်မြင်မှုတွေလည်း
အများကြီးရခဲ့ပါတယ်။

အခုဖော်ပြမယ့် အကြောင်းအရာ ကတော့
ချာလီရဲ့ လူမသိသေးတဲ့ အချက် (7)ချက်ကို 
ဗဟုသုတရွာ ပရိတ်​သတ်​ကြီး
အတွက်​ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

.

(၁) ကလေးသရုပ်ဆောင်ဘ၀က စတင်ခဲ့ရတယ်
••••••••••••••••••••••••••••••••••••••••••••••••••••••••
ချာလီဟာ သူရဲ့သရုပ်ဆောင်လောကကို
ကလေးသရုပ်ဆောင်ဘ၀နဲ့ စတင်ခဲ့ပါတယ်။
သူ့အသက် ငါးနှစ် သား အရွယ်မှာ သူ့အမေဟာ
ဖျော်ဖြေတင်ဆက်နေရာကနေ ရုတ်တရက် အသံဝင်ခဲ့လို့
သူ့အမေအစား Jack Jones ဆိုတဲ့သီချင်းကို
ဝင်ရောက်သီဆိုပေးခဲ့ရာက သရုပ်ဆောင်ဘဝ
စတင်ခဲ့ပါတယ်။

.

(၂) မိဘမဲ့ဂေဟာမှာ အပ်နှံခြင်းခံခဲ့ရတယ်
••••••••••••••••••••••••••••••••••••••••••••••••
ထိုခေတ်ကာလက မိဘတွေဟာ သရုပ်ဆောင်
ဖြစ်သော်လည်း အလွန်နာမည်ကြီးတဲ့ သရုပ်ဆောင် မဟုတ်တဲ့အတွက်ခက်ခဲတဲ့ မိသားစုစားဝတ်နေရေးကို
ရင်ဆိုင်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ လင်မယား
နှစ်ယောက်ဟာ ချာလီကို မိဘမဲ့ ကျောင်းကို ပို့ဖို့
ဆုံးဖြတ်ခဲ့ကြပြီး အဲဒီမှာ 18 လလောက် နေခဲ့ရတဲ့
အချိန်မှာကျောင်းတက်ခွင့် ရခဲ့သလို စာအုပ်တွေ
ဖတ်ခွင့်လည်း ရခဲ့ပါတယ်။ ဒါပေမယ့် ကြိမ်နဲ့
ခဏခဏ အပြစ်မရှိအပြစ်ရှာ ရိုက်နှက်ဆုံးမမှုတွေကြောင့်
သူဟာ မပျော်ခဲ့ပါဘူး။

.

(၃) မြန်ဆန်စွာရောက်ခဲ့ရသော သန်းကြွယ်သူဌေးဘဝ
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ချာလီရဲ့ အလွန်ရယ်စရာကောင်းတဲ့ သရုပ်ဆောင်ချက်
တွေကြောင့် ကမ္ဘာတစ်ဝှမ်းမှာ သူ့ကို သဲသဲလှုပ်
အားပေးခဲ့ကြပြီး သူဟာ နေ့ချင်းညချင်း သန်းကြွယ်
သူဌေးဘ၀ကို ရောက်ခဲ့ပါတယ်။

သူဟာ Mutual Film Corporation ရုပ်ရှင်ထုပ်လုပ်ရေးနဲ့
စာချုပ် ချုပ်ခဲ့ပြီး တစ်နှစ်လျှင် ပေါင် 670,000 ၀င်ငွေ ရရှိခဲ့ပါတယ်။
ဒါ့အပြင် First National ရုပ်ရှင် ထုတ်လုပ်ရေးအတွက်လည်း
ဇာတ်ကားရှစ်ခု ရိုက်ပေးဖို့ စာချုပ်ချုပ်နိုင်ခဲ့ပြီး
ပေါင် 1 သန်း ရရှိခဲ့ပါတယ်။

.

(၄) အသံထွက်ရုပ်ရှင်ကို စွန့်ဦးတီထွင်ခဲ့သူ
•••••••••••••••••••••••••••••••••••••••••••••••••
ချာလီအောင်မြင်မှုရနေချိန်မှာ အသံထွက်ရုပ်ရှင်
စတင်စမ်းသပ်ကာစ အချိန်ဖြစ်ပါတယ်။ ဒါပေမယ့်
သရုပ်ဆောင်နဲ့ အသံ ကွက်တိ ချိန်ဆနိုင်မှု မရှိတာကြောင့်
အောင်မြင်မှုလည်း နည်းနေခဲ့ပါတယ်။

1927 ခုနှစ်မှာ ထုပ်လုပ်ခဲ့တဲ့ The Jazz Singer
ဇာတ်ကားမှာတော့ သူဟာ အခြားရုပ်ရှင်
သရုပ်ဆောင်တွေကိုကျော်ဖြတ်က
အကောင်းဆုံးဇာတ်ကားကို ဖန်တီးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် 1930 ခုနှစ်မှာ ထုပ်လုပ်ခဲ့တဲ့ ” City Lights ”
အသံထွက်ရုပ်ရှင်ဟာလည်း ၀က်ဝက်ကွဲအောင်မြင်ခဲ့ပြီး
အသံထွက်ရုပ်ရှင်လောကကို ဦးဆောင်နိုင်ခဲ့ပါတယ်။

.

(၅) ဆယ်ကျော်သက် သုံးယောက်နဲ့ လက်ထပ်ခဲ့တယ်
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ချာလီဟာ လေးကြိမ် လက်ထပ်ခဲ့ပြီး သူလက်ထပ်ခဲ့တဲ့
အမျိုးသမီးတွေအနက် သုံးယောက်ဟာ
ဆယ်ကျော်သက်အရွယ်တွေဖြစ်ပါတယ်။
1918 ခုနှစ်မှာ အသက် (17)နှစ်အရွယ် မင်းသမီး
Mildred Harris နဲ့ လက်ထပ်ခဲ့ပြီး နှစ်နှစ်အကြာမှာ
ကွာရှင်းပြတ်ဆဲခဲ့ပါတယ်။

1924 ခုနှစ်မှာတော့ အသက် 16 နှစ်အရွယ် Lita Grey နဲ့
လက်ထပ်ခဲ့ပြန်ပါတယ်။ အိမ်ထောင်သက်တမ်း
3 နှစ်သာ ကြာခဲ့ပြီး 1936 ခုနှစ်မှာတော့
တစ်ခုလပ်သရုပ်ဆောင်မလေး Paulette Goddard နဲ့
လက်ထပ်ခဲ့ပါတယ်။ တတိယတစ်ယောက်သာ
အသက် 26 နှစ်အရွယ် အမျိုးသမီး ဖြစ်ပြီး 1942 ခုနှစ်မှာ
ကွာရှင်းခဲ့ပါတယ်။

နောက်ဆုံး လက်ထပ်ခဲ့တဲ့သူကတော့ ချာလီ
အသက် (54)နှစ် အရွယ်မှာ ဖြစ်ပြီး လက်တွဲဖော်
အမျိုးသမီးက တော့ အသက်(18)နှစ်အရွယ်
Oona O’Neill ဖြစ်ပါတယ်။ ချာလီဟာ
အိမ်ထောင်ဘက်များနဲ့ ကလေး (11) ယောက်
မွေးဖွားခဲ့ပါတယ်။

.

(၆) အမေရိကန်အစိုးရရဲ့ ပိတ်ဆို့မှု
••••••••••••••••••••••••••••••••••••••••
ချာလီဟာ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့မှုကို
ခံခဲ့ရပါတယ်။ သူဟာ အမေရိကန်နိုင်ငံမှာ နှစ်ပေါင်း
40 လောက် နေထိုင်ခဲ့ပေမယ့် Modern Times
ဇာတ်ကားဟာ အမေရိကန်ရဲ့ စက်မှုတော်လှန်ရေး
စနစ်ကို သရော်တယ်လို့ ယူစခြင်း ခံခဲ့ရပြီး
နိုင်ငံသားအဖြစ် ခံယူခွင့်ပိတ်ပင် ခံခဲ့ရသလို
ပြည်နှင်ဒဏ် ပေးခြင်း ခံခဲ့ရပါတယ်။

အဲဒီနောက်ပိုင်းမှာ သူဟာ အမေရိကန်
ပြည်ထောင်စုထဲကို တစ်ကြိမ်သာ ၀င်ခွင့်ရခဲ့ပြီး
အဲဒီအချိန်က 1972 ခုနှစ်မှာ ကျင်းပတဲ့ ဂုဏ်ထူးဆောင်
အကယ်ဒမီဆုကို လက်ခံရယူဖို့ သွားရောက် ရခြင်း
ဖြစ်ပါတယ်။

.

(၇) ချာလီရဲ့ ခေါင်းတလား ခိုးယူခံခဲ့ရတယ်
•••••••••••••••••••••••••••••••••••••••••••••••••
ချာလီသေဆုံးတော့ သူ့ကို ဆွစ်သင်္ချိုင်းမှာ
ခေါင်းတလားနဲ့ မြှုပ်နှံသင်္ဂြိုဟ်ခဲ့ပါတယ်။ ဒါပေမယ့်
မကြာမီမှာပဲ လူနှစ်ယောက်က သင်္ချိုင်းဂူကို
ဖောက်ထွင်းပြီး ပေါင် 6 သိန်းနဲ့ ရွေးရမယ်လို့
သူရဲ့ နောက်ဆုံးဇနီးကို ခြိမ်းခြောက်ခဲ့ပါတယ်။

ချာလီရဲ့ ဇနီးက ရွေးဖို့ ငြင်းဆန်ခဲ့တာကြောင့်
ကလေးတွေကို သတ်မယ် လို့ ပြန်ပေးသမားတွေက
ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ
ပြန်ပေးသမား နှစ်ယောက် အဖမ်းခံခဲ့ရပြီး
ချာလီကိုလည်း မူလနေရာမှာပဲ ပြန်ပြီးသင်္ဂြိုဟ် ခဲ့ပါတယ်။

━━━━━━━━━━━━━━━━━━━━

🗿🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။