Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, June 19, 2017

ငြမ်းပေးတဲ့လမ်း

ငြမ်းပေးတဲ့လမ်း
✿✿✿✿✿✿✿
.
”ဟဲ့… ကိုအောင်တင် ဆုံးပြီတဲ့”

”ဟယ်… ဖြစ်မှဖြစ်ရလေ။ ဘာဖြစ်တာတဲ့လဲ”

”အစာအိမ်သွေးကြောပေါက် တာကို အချိန်မီ
မခွဲနိုင်လို့ဆိုလား”

”ကလေးနှစ်ယောက်တော့ ဒုက္ခပါပဲဟယ်”

”လိမ္မာတဲ့ ကလေးတွေကျ တော့လည်း
ကံဆိုးလိုက်တာ နော်”

ကျူးကျော် ရပ်ကွက်တစ်ခုရဲ့ မီဒီယာ တစ်ခုလုံး
ခေတ်အစားဆုံး သတင်း တစ်ပုဒ် ဖြစ်သွားတယ်။
ကိုအောင်တင် ဆိုတာ ဘာမှမကြီး ကျယ် မခမ်းနားတဲ့
ဆိုက်ကားသမား တစ်ယောက်ပါ။

ဆိုက်ကားသမား တစ်ယောက်သေတာ
ဒီလောက်ကြီး အုတ်အော်သောင်းတင်းဖြစ် ရတဲ့
အကြောင်းရင်း ရှိတယ်လေ။ အဓိကကတော့ သူ့ရဲ့
ကလေး နှစ်ယောက်ကြောင့်ပါ။

ကိုအောင် တင်တို့လင်မယား ဒီရပ်ကွက်ကို စရောက်
လာတုန်းက လင် ကိုယ် မယားနှစ်ယောက်တည်း။
ဘယ် အရပ်ဘယ်ဒေသကမှန်း တိတိ ကျကျ
ဘယ်သူမှမသိကြဘူး။ ထုံးစံ အတိုင်း နေစရာမရှိလို့လွတ် တဲ့
နေရာလေးမှာ တဲထိုးပြီး နေဖို့ ရောက်လာကြတာ။

ဒီရပ်ကွက်က လူတွေ အကုန်လုံးလည်း ဒီလိုချည်း ပဲလေ။
နောက်တော့လည်း ချက် မြုပ်လို ဖြစ်သွားကြတဲ့
သူတွေချည်း ပါပဲ။မိန်းမက အငယ်ကောင်လေး ကို
မွေးပြီး မီးတွင်းထဲ မှာတင် ဆုံးသွားတာ။
ကိုအောင်တင် ခမျာ နှစ်နှစ် သမီးလေး နဲ့ လသား
အရွယ် သားလေး ကို ထိန်းရတာ တစ်ဖက်၊
ဆိုက်ကားနင်းရတာ တစ်ဖက်နဲ့ တော်တော်ကြီး ကို
ကသီခဲ့တာကိုး။

ကိုအောင်တင်က ဖအေမို့ လို့ မွေး တယ်လို့
နာမည်တပ်ရပေမဲ့ တကယ်တမ်းကျတော့ ရပ်ကွက်က
အိမ်ပေါက်စေ့ ဝိုင်းထိန်းတာ များ ပါတယ်။
ခုဆို အကြီးမလေးက (၇) တန်း၊ အငယ်ကောင်လေးက
(၅) တန်းတောင် ရောက်နေပေါ့။

အဲဒီလို အချိန်ကျမှ ကိုအောင်တင်က ဆုံးတယ် ဆိုတော့
ကလေး နှစ်ယောက် ဒုက္ခရောက်ပြီပေါ့။ သာမန် ဆိုရင်တော့
လူတွေက စုတ်သပ် ရုံနဲ့ ပြီးသွားမှာပါ။
ခု ကလေးတွေက ရပ်ကွက်က ဝိုင်း မွေးထားလို့
သံယောဇဉ် ဖြစ်နေကြ တာကတစ်ဖက်၊
ကလေးတွေက ရုပ် ရည်လေးတွေ သန့်သလို
ထူးထူးခြားခြားလိမ္မာပြီး အနေ အထိုင် သိမ်မွေ့ကြတာ
တစ်ချက် ကြောင့် ဝိုင်းကရုဏာ သက်နေကြ တာလေ။

ခက်တာက ဘယ်လိုပဲ ကရုဏာ သက်သက်
ခေါ်ပြီးမွေး ထားနိုင်လောက်အောင် ချောင်တဲ့
အိမ် တစ်အိမ်မှ မရှိဘူး။ ဒီရပ်ကွက် မှာ
ကိုအောင်တင် တို့အိမ်က သား သမီး အနည်းဆုံးပဲ။
ဒီတော့ ကရုဏာ သက်ရုံလောက်ပဲ တတ် နိုင်ကြပေမပေါ့။

ကိုအောင်တင့် အသုဘကို ရပ်ကွက်က တာဝန်ယူပြီး
သင်္ဂြိုဟ် လိုက်ကြတယ်။ ရက်လည်ပြီးတော့
ကလေးနှစ်ယောက် နဲ့အတူ ပဲပြုတ် သည် အပျိုကြီး
မအေးဆင့်ကို ရပ်ကွက်အစီအစဉ်နဲ့ နေစေလိုက် တယ်။
ကလေးတွေက ကျောင်းမှာ အဆင့် တစ်၊ နှစ်၊ သုံးဝင်အောင်
စာတော် ကြပေမယ့် မတက်ကြရတော့ ဘူး။

ရပ်ကွက်ကလည်း သူတို့ဘာ သာသူတို့တောင်
မနက်စာညစာ အလျဉ်မီအောင် မနည်း ရှာစားနေ
ကြရတဲ့ သူတွေချည်း မဟုတ်လား။ သူတို့မောင်နှမ ကတော့
ဝမ်းရေး အတွက် ဟင်းသီးဟင်းရွက်လေး တွေ၊
ရာသီ စာလေးတွေ ဆန်ကော ထဲထည့်ပြီး
လှည့်ရောင်းကြရတာ ပေါ့။ ဟိုအိမ်က ဟင်းလေးပေး၊
ဒီအိမ်က ထမင်းလေးပေးနဲ့ အဆင် ပြေသလိုပါပဲ။

ကလေးတွေရှေ့ရေးကို ဦးနှောက်ခြောက်နေသူ ကတော့
ရပ်ကွက်လူကြီး ဦးမောင်ခင်ပဲ။ သူက စဉ်းစား
ချင့်ချိန်တတ်တဲ့သူ ဆိုတော့ ကလေးတွေဟာ
ဒီလို အခြေအနေမျိုးနဲ့ ဘဝကို ရေရှည် ဖြတ်သန်းလို့မရဘူး
ဆိုတာ သူ တွက်ချက်မိတယ်။ နောက်ပြီးတော့
ကလေးတွေ က ရုပ်ရည်အသန့် လေးတွေ။

သူတို့ပညာတော်ပုံက အပံ့ အပိုးကောင်းလိုက်ရင်
မြင့်မြင့် မားမားဘဝကို ပိုင်ဆိုင်နိုင်ကြမယ် ဆိုတာ
ခန့်မှန်း မိတာကိုး။ ဒါပေမဲ့ သူကိုယ်တိုင် ကလည်း
တောင်မင်း မြောက်မင်း မကယ်နိုင် အခြေအနေ
ဆိုတော့ ကလေးတွေအနာဂတ် အတွက်
ဘာလုပ်ပေးသင့်တယ် လို့ အမြဲစဉ်းစားနေမိတော့တာပဲ။

ဒါကြောင့် လိုလိုမည်မည်လို့ သဘောထားပြီး
ကလေးတွေရဲ့ လိမ္မာတဲ့ သတင်းကို တွေ့သမျှ
လူတိုင်းဆီမှာ ကြော်ငြာဝင်တဲ့ အလုပ်ကို မှန်မှန် လုပ်ခဲ့တယ်။
သူက ပလတ်စတစ် ဘူးခွံ၊ ဘီယာ ဘူးခွံ၊ စက္ကူအဟောင်း၊
သံတိုသံစ တွေကိုကောက်တဲ့ဒိုင် ဆိုတော့
ရပ်ကွက် တကာ လှည့်နေတဲ့ လူစုံ နဲ့ ဆက်ဆံနေရတော့
ပိုပျံ့နှံ့တာ ပေါ့။

”ဦးမောင်ခင်…ဗျို့… ဦးမောင်ခင်”

တစ်ရက်မှာ ရပ်ကွက်ထဲက ရေစည်တွန်းတဲ့
ထော်ဦးက အူယားဖားယားနဲ့ ပြေးလာတယ်။

”ကလေးနှစ်ယောက်ကို ဟိုဘက် ရပ်ကွက်ထဲက
ပဲကျော်ဖို ပိုင်ရှင်က မွေးစားချင်လို့တဲ့ဗျ”

ဦးမောင်ခင် ရင်ထဲမှာ ထိတ် ခနဲဝမ်းသာ သွားတယ်။
ကလေးတွေ အကြောင်း သူများတွေကို ဖြန့်ဝေ ခဲ့တာ
ဒီလိုဖြစ်လာဖို့ တိုက်ရိုက်ကြီး မရည်ရွယ်ပေမယ့်
တစ်မတ်သားဖိုး လောက်တော့ မျှော်လင့်ပြီး
လုပ်ခဲ့ တာမဟုတ်လား။

”ဟေ…ဟုတ်လား၊ ဘယ် လိုပြောလို့လဲ၊
သေသေချာချာ ပြောစမ်းပါဦးကွ”
ဦးမောင်ခင် ပျာပျာသလဲ စိတ်ဝင်စားပုံပြတော့
ထော်ဦး လည်း ပြောအားရှိပြီပေါ့။

”သူတို့လင်မယားက အရာ ရာပြည့်စုံနေပေမယ့်
ကလေးမရနိုင် ဘူးတဲ့ဗျ။ ကလေး ရူးရူးနေတာကို
ကျုပ်က သိတော့ ရေသွားထည့် တိုင်း ကလေးတွေ
တော်ကြောင်း၊ သနားစရာ ကောင်းကြောင်းကို
နေ့တိုင်းပြောတာဗျ။ သူတို့က မွေးစားဖို့တော့
အစီအစဉ် ရှိတယ်။ ဒါပေမဲ့ မျိုးရိုး မသန့်မှာလည်း
စိုးရိမ်ပုံရတယ်ဗျ။ ဒီကလေးတွေ ကျတော့
အဖေအမေက ဆင်းရဲ ပေမယ့်နာမည်ပျက်မရှိတော့
နည်း နည်းစိတ်ပါ ပုံရတယ်။
ကျုပ်က လည်း ကလေးတွေရဲ့ ဇာတ်နာပုံ တွေကို
စီကာပတ်ကုံးပြောပြတော့ စိတ်ပါ သွားပုံရတယ်ဗျ။

ဒါပေမယ့် နှစ်ယောက် စလုံးတော့ မွေးချင်စိတ်
မရှိဘူးတဲ့။ ခွဲခေါ်ရင် ကောင်းပါ့ မလားလို့ ပြောတယ်ဗျ။
ကျုပ်က လည်း ကလေးနှစ်ယောက် စလုံး ဆင်းရဲနေ
တာနဲ့စာရင် တစ်ယောက် ကောင်းစားသွားလည်း
မနည်းဘူး ဆိုပြီး ရတယ်လို့ပြောခဲ့တယ်”

”အေး…ကောင်းတယ် ထော်ဦး။ အဲဒီတော့ သူတို့က
ဘာပြောလဲ”ဦးမောင်ခင်က တံတွေး အတင်း မျိုချပြီး
အငမ်းမရ မေးပါ လေရော။ ထော်ဦးက

”ခင်ဗျားနဲ့လာတွေ့ပြီး ကလေးတွေကို ကြည့်ဦးမယ်တဲ့ ဗျ”
ဦးမောင်ခင်က သူ့ပေါင်ကို သူ လက်ဝါးနဲ့ဖြောင်းခနဲ
နေအောင် ရိုက်ပြီး ပြုံးပြုံးကြီးတွေးနေလိုက် တာ။
ထော်ဦးက ပြန်တော့မယ် လို့ နှုတ်ဆက်တာတောင်
ပြန်မပြော နိုင်ဘူး။

ကလေးနှစ်ယောက်ကို ပဲကြော်ဖိုက သူဌေးလင်မယားက
မွေးစားတော့မယ်ဆိုတဲ့အကြောင်း ဟာ ရပ်ကွက်ထဲမှာ
ပျံ့သွားတယ်။ ဦးမောင်ခင် လည်း သတင်းမေးသူ တွေကို
ပြန်ကြားရေးလုပ်နေရတာ နားကို မနားရဘူး။
ကလေးနှစ် ယောက်ကို ဦးမောင်ငယ် က ခေါ် ပြော တယ်။

”သူတို့က တစ်ယောက်ပဲ မွေးစားချင်တာတဲ့ကွ။
ကံကောင်း တဲ့သူ ပါသွားမှာပဲ။ ဘယ်လိုလဲ။
မင်းတို့ မောင်နှမနှစ်ယောက် က ရော ခွဲနိုင်ပါ့မလား”

ကြိုတင်မေးထားမှ ဖြစ်မှာ လေ။ ပဲကြော်ဖို
သူဌေးလင်မယား လာရင် သူက ယာယီ အုပ်ထိန်းသူ
အနေနဲ့ တရားဝင်အောင် လုပ်ပေး ရမှာကိုး။
ကလေးတွေရဲ့သဘော ထားကို အရင်သိထားမှဖြစ်မှာ
မဟုတ်လား။ တော်ကြာ အားလုံး ပြောဆိုပြီးမှ
မလိုက်ချင်ပါဘူးဆို ခက်ဦးမယ်။

ဦးမောင်ခင် အဲဒီလိုပြော လိုက်တယ် ဆိုရင်ပဲ
မောင်နှမနှစ် ယောက်က မျက်လုံးလေး ကလယ် ကလယ်နဲ့
တိုင်ပင်သလို အပြန် အလှန် ကြည့်နေကြတာ
ဘာစကား မှ ထွက်မလားဘူး။ တော်တော် ကြာတော့မှ
အစ်မလုပ်တဲ့သူက

”နှစ်ယောက်စလုံး ခေါ်ပါလို့ ပြောလို့မရဘူးလား
ဦးလေးရယ်” ဆိုပြီး တောင်းပန်တဲ့ အသံမျိုးလေး နဲ့
ပြောတယ်။ ဦးမောင်ခင်က

”အဲဒီလိုတော့ ပြောမှာပေါ့ အေ။ ဒါပေမယ့် တစ်ယောက်ပဲ
ခေါ် သွားချင်တယ် လို့ ဖြစ်လာရင် ဘယ်လိုလုပ်မလဲ
ဆိုတာ ကြိုတင် စဉ်းစား ထားရမှာလေ။ မခွဲချင်ဘူး
ဆိုရင်တော့ အစကတည်းက အပြတ်ပြော ထားရမှာပေါ့။
ဒါပေမဲ့ သမီးတို့ကို ဦးလေးပြောချင်တာက ရပ်ကွက်ချင်း
လည်း သိပ်ဝေးတာ မဟုတ်ဘူး။ ဘယ်သူ့ကိုပဲ
ခေါ်သွားခေါ်သွား လိုက်သွားသင့် တယ်လို့ ထင်တယ်။
နှစ်ယောက် စလုံးက ပညာတော်ကြတော့
ကျောင်း ဆက်တက်ရင် ထူးထူးချွန် ချွန်ဖြစ်မှာ
သေချာတယ်ကွဲ့။ သမီး ကလည်း အရွယ်ရောက် လာပြီ
ဆို တော့ အုပ်ထိန်းသူ မရှိဘဲ အလွတ် အကျွတ်ကြီးနေလို့
မကောင်းတော့ ဘူးလေ။ တစ်ယောက်ကောင်းစား ရင်
တစ်ယောက်ကို ကြည့် လို့ရ တာပေါ့အေ”

ဦးမောင်ခင် စကားက ငြင်း လို့မရပေမယ့်
မောင်နှမနှစ်ယောက် စလုံးကို တွေဝေစေခဲ့တာ အမှန်ပဲ။
သူတို့ ဦးနှောက်လေးတွေ နဲ့ မတွေး တတ်တော့တဲ့
အချိန်မှာ ဖြစ်လာ သမျှ လျောက်လျားပဲ လို့ သဘော ထားပြီး
ဘာမှမစဉ်းစားတော့ ဘူး။

နောက်သုံးရက်လောက်နေ တော့ သူဌေးလင်မယား
ရောက် လာပြီး ဦးမောင်ခင်နဲ့တွေ့တယ်။
ကလေးတွေနဲ့ တွေ့မပေးခင် ဦးမောင်ခင် က
ကလေးတွေ အခြေ အနေကို ပြောပြပြီး
နှစ်ယောက် စလုံးကို မွေးစားဖို့ တွန်းတိုက် ပြောတာပဲ။
သူဌေးလင်မယား က လည်း မြေစမ်း ခရမ်းပျိုး
ရမှာဆိုတော့ နှစ်ယောက်ကြီး မမွေးချင်ဘူး။
ဘယ်လိုမှ ပြောလို့ မရတော့ သူတို့ ထိုက်နဲ့ သူတို့ကံ
ဆိုပြီး ကလေးနှစ် ယောက် နဲ့ ခေါ်တွေ့ပေးလိုက် တယ်။

ကလေးတွေကို မြင်လိုက်တာ နဲ့ သူဌေး လင်မယားရဲ့
မျက်နှာဟာ မေတ္တာဓာတ်တွေနဲ့ ဝင်းလက် သွားလိုက်တာ။
ဘေးက အကဲ ခတ် နေတဲ့ ဦးမောင်ခင်တောင်
အဆင် ပြေပြီ ဆိုတာ တန်းသိလိုက်တယ်။ ဒါပေမယ့်
ဘယ်သူ့ကိုရွေးမယ် ဆိုတာ က ပဟေဠိပဲ။
ဦးမောင် ခင် ရင်ထဲမှာ ဘုရားစာတွေ ကျိတ်ရွတ်ပြီး
နှစ်ယောက်စလုံးကို ခေါ်သွားပါစေ လို့
ဆုတောင်းလိုက်ရတာ။ သတင်း ကြားလို့ လာရပ်
ကြည့်သူတွေက လည်း တစ်ရပ်ကွက်လုံးနီးပါးပဲ။

အဲဒီအချိန်မှာပဲ သူဌေး ကတော်က
”သားတို့ သမီးတို့က အန်တီ တို့အိမ် မှာရော
နေချင်ကြရဲ့လား ဟင်” လို့ ချိုရွှင်နေတဲ့ အပြုံးမျက် နှာနဲ့
မေးလိုက်တယ်။ ဒီလိုမေး မယ် ဆိုတာ
ဦးမောင်ခင် သိပြီးသား လေ။ ဒါကြောင့်
ကလေးတွေကို ကြိုသင်ပြီးသား။

အကြီးမလေးက
”ဟုတ်ကဲ့ နေချင်ပါတယ်ရှင့်။ အိမ်အလုပ်တွေကိုလည်း
ကူလုပ် ပါ့မယ်။ လိမ်လိမ်မာမာနဲ့ စကား နားထောင်ပြီး
စာလည်း ကြိုးစား ပါ့မယ်ရှင့်”

ပြီးပြီပေါ့။ ဦးခင်မောင်သင် ထားတဲ့အတိုင်း ကွက်တိပဲ။
သူဌေး လင်မယားဆိုတာ ကလေးမလေး ကိုဆွဲဖက်ပြီး
နမ်းတော့မယ့်အတိုင်း ပီတိတွေ ဝေသွားလိုက်ကြတာ။
ပြီးတော့ ကောင်လေးကို ဆက်မေး တယ်။

”သားကရော…ပြောပါ ဦး”
ဦးမောင်ခင် ရင်တွေတဒိန်း ဒိန်းခုန်လာတယ်။
သူဌေးကတော် မေးနေပုံက တစ်ယောက်ရွေးမယ့်
ပုံစံနဲ့မှ မတူတော့တာ ကိုး။ နှစ်ယောက် စလုံးကို
သွေးသက်ပြီး ခေါ်သွားရင် ဘယ်လောက်ကောင်း မလဲလို့
တွေးလိုက်မိတယ်။ အဲဒီ အချိန်မှာ ပဲ ကောင်လေး ဆီက
ဘောက်ဆတ်ဆတ်ဖြေသံ ထွက် လာတယ်။

”ကျွန်တော်ကတော့ မနေချင် ဘူး။ ကျောင်းလည်း
မတက်ချင်ဘူး။ ကိုယ့်ဘာသာကိုယ် ဈေးပဲရောင်း ချင်တယ်”
ဦးမောင်ခင်ခေါင်းကို မိုးကြိုး ပစ်လိုက်သလိုပဲ။
သင်ထားတုန်းက ဒီလိုမှမဟုတ်တာကိုး။
ဒီကလေး ဘာဖြစ်လို့ ဒီလိုပြောလိုက်တာလဲ။
အကြီးမလေးကလည်း ထင်မထား တာဆိုတော့
ပါးစပ်အဟောင်းသား ပေါ့။

နောက်ဆုံး ရလဒ်ကတော့ ဘာဖြစ် ရဦးမှာလဲ။
သူဌေးလင် မယားက ကလေးမလေးကို သမီး အဖြစ်
မွေးစားဖို့ ခေါ်သွားတယ် ဆိုပါတော့။
ဦးမောင်ခင်လေ .. ဒေါသဖြစ်လွန်းလို့ ကောင်လေးကို
ရိုက်မိမလိုတောင် ဖြစ်သေးတယ်။ ရပ်ကွက်ထဲက
လူတွေအကုန်လုံး လည်း ကောင်လေးကို
တစ်ယောက် တစ်ပေါက်ဝိုင်းပြီး ဆူလိုက်ကြ၊
ငေါက်လိုက် ကြတာ ပွက်ပွက်ကို ညံလို့။
ကောင်လေး ကတော့ အလယ်ကောင်မှာ
ခေါင်းငိုက်စိုက် လေးချပြီး မျက်ရည်တွေ တွေတွေ ကျလို့ပေါ့။

ကရုဏာဒေါသောနဲ့ ဝိုင်း ပြောကြတဲ့ လက်ပံပင်ဆက်ရက်
ကျသလို အသံတွေ များလွန်းလာ တော့ ကောင်လေးက
တစ်ခွန်း တည်း ထပြော လိုက်တာ ပါးစပ် အဟောင်းသားနဲ့
အကုန်တိတ် ဆိတ်သွားတော့တာပဲ။
ကောင် လေးငိုသံပါကြီးနဲ့ ပြောလိုက်တာ က

”သူတို့က ကျွန်တော့်ကိုပဲ ခေါ်ချင်တယ်ဆို
မမတစ်ယောက် တည်း ကျန်နေခဲ့မှာပေါ့ဗျ” တဲ့။

━━━━━━━━━━━━━━━━━━━━

🗿🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
https://www.facebook.com/knowledgevillage11/
#သက်ဦးမောင်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။