#လူငယ်တွေ_မှန်မှန်ကန်ကန်ြေ ဖာင့်ဖြောင့်မတ်မတ်ဖြစ်ဖို့ (၁)
#ဒေါ်အောင်ဆန်းစုကြည်
ကျွန်မငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ကဗျာလေးတစ်ပုဒ် ရှိပါတယ်။ ဒီကဗျာကတော့ အင်္ဂလိပ်ဘာသာက ပြန်ထားတဲ့ကဗျာပဲ။ လူငယ်များနဲ့လည်း အင်မတန်မှ စပ်ဟပ်တယ်လို့ ကျွန်မထင်ပါတယ်။ အဲဒါကြောင့်မို့လို့ ဒီကဗျာစာသားအရ ကျောင်းသားများကို မှာချင်ပါတယ်။ ဒီကဗျာက ဘယ်လိုလဲဆိုတော့ ...
“ကျွန်ုပ်ကို ယုံသောသူများကြောင့်
ဖြောင့်မတ်မည်။
ဂရုစိုက်သောသူများကြောင့် သန့်ရှင်းမည်။
ဆောင်ရွက်ရန် များသောကြောင့် ခွန်အားနှင့် ဖြည့်မည်။
ပင်ပန်းခံရများသောကြောင့် ရဲရင့်မည်။
မိတ်ဆွေမဲ့သူနှင့် ရန်သူကို မိတ်ဖွဲ့မည်။
ပေးကမ်းကြောင်းမေ့လျက် စွန့်ကြဲပေးကမ်းမည်။
ခွန်အားနည်းကြောင်းသိလျက် စိတ်နှိမ်ချမည်။
ရွှင်လန်းချစ်ခင်မော်ကြည့်လျ က် ထူးပင့်မည်”တဲ့။
ပြောတဲ့ကိစ္စအားလုံးဟာ မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မတ် ဖြစ်ရမယ်။ ဒီလိုလုပ်မှပဲ ကိုယ့်ပေါ်မှာ ယုံကြည်တဲ့သူတွေရဲ့ ယုံကြည်ချက်တွေဟာ ပျက်မသွားဘူး။
#ကျွန်ုပ်ကို_ယုံသောသူများေ ကြာင့်_ဖြောင့်မတ်မည်
ကျွန်ုပ်ကို ယုံသောသူများကြောင့် ဖြောင့်မတ်မည်။ လူတိုင်း လူတိုင်းဟာ ဖြောင့်မတ်ရမယ်။ အထူးသဖြင့် လူငယ်ကျောင်းသားများဟာ ကောင်းတဲ့အကျင့်စာရိတ္တတွေ မွေးရမယ်။ ကိုယ့်ကို ယုံတဲ့သူများ ရှိလို့ရှိရင် ကိုယ်က ဖြောင့်မတ်ဖို့ တာဝန်ရှိတယ်။ တချို့က ကိုယ်ဟာ သူများကို လှည့်ဖျားနိုင်ရင် လူတော်၊ လူလည်လို့ ထင်တယ်။ သူတို့ကိုယ်သူတို့ လူတော်လို့ မှတ်တယ်။ ဒါဟာ မမှန်ဘူး။ တကယ်ဆိုလို့ရှိရင် ကိုယ့်ကို ယုံကြည်တဲ့သူရှိရင် ကိုယ်က ဖြောင့်မတ်ရမယ်။ ဖြောင့်ကိုဖြောင့်မတ်ရမယ်။ အယုံအကြည်သွင်းပြီးတော့ လူတစ်ယောက်ကို လှည့်ဖျားတာဟာ လုံးလုံးမမြင့်မြတ်ဘူး။ အင်မတန်မှ ရှက်စရာကောင်းပါတယ်။ လူတိုင်းလူတိုင်းဟာ ကိုယ့်မှာ ယုံကြည်တဲ့သူ အနည်းဆုံး တစ်ယောက်တော့ရှိမှာပဲ။ တစ်ယောက်ရှိရင်တောင် ဒီတစ်ယောက်အတွက် ဖြောင့်မတ်ရမယ်။ ကိုယ့်ကို အများက ယုံကြည်နေလို့ရှိရင် အများအတွက် ဖြောင့်မတ်ရမယ်။
#ဂရုစိုက်သောသူများကြောင့်_ သန့်ရှင်းမည်
ဂရုစိုက်သောသူများကြောင့် သန့်ရှင်းမည်တဲ့။ ဂရုစိုက်သောသူဆိုတာ ကိုယ့်ကို ဘယ်သူက ဂရုအစိုက်ဆုံးလဲ။ လူငယ်များဆိုရင် သိပါတယ်။ ကိုယ့်မိဘများက ဘယ်သူ့ကို ဂရုအစိုက်ဆုံးလဲ။ မိဘများက ကိုယ့်ကို ဂရုစိုက်ပြီးတော့ ကျွေးမွေးတယ်။ မွေးမြူတယ်။ သန့်ရှင်းစင်ကြယ်အောင်လို့ ထားတယ်။ ရေချိုးပေးတယ်။ ငယ်ငယ်ကဆိုလို့ရှိရင် အ၀တ်လဲပေးတယ်။ အ၀တ်သန့်သန့်ရှင်းရှင်း ၀တ်ပေးတယ်။ ထမင်းကျွေးတယ်။ အမျိုးမျိုးလုပ်ပေးတယ်။ ဒါပေမဲ့ ကိုယ်ရဲ့စိတ်ကို သန့်ရှင်းအောင်၊ ဖြူစင်အောင် အပြင်က မလုပ်ပေးနိုင်ဘူး။ အဲဒီတော့ ကိုယ့်ကို အပြင်ကနေ ၀ိုင်းပြီးတော့ ဂရုစိုက်တဲ့သူတွေရှိရင် ကိုယ့်အတွင်းစိတ်နှလုံးသား ဖြူစင်အောင်၊ သန့်ရှင်းအောင်လို့ ကိုယ်က ဂရုစိုက်ဖို့လိုတယ်။ ဒါကြောင့်မို့လို့ ဂရုစိုက်သောသူများကြောင့် သန့်ရှင်းမည်လို့ ဆိုပါတယ်။
#ဆောင်ရွက်ရန်များသောကြောင့်_ခွန်အားနှင့်ဖြည့်မည်
ဆောင်ရွက်ရန်များသောကြောင့်
ခွန်အားနှင့်ဖြည့်မည်။ အခုခေတ်မှာဆိုရင် ဒါကို ထူးထူးထွေထွေ
ရှင်းပြနေစရာမလိုဘူး။ ကျွန်မတို့အားလုံးဟာ ဆောင်ရွက်ရန် အများကြီးရှိတယ်။
ဒီမိုကရေစီလမ်းဟာ ရှည်မယ့်လမ်းဖြစ်တယ်။ အင်မတန်မှ အန္တရာယ်များမယ့်လမ်း
ဖြစ်တယ်။ ပင်ပန်းခံပြီးတော့ လျှောက်ရမယ့်လမ်း ဖြစ်တယ်။ ဒါကြောင့်
ဆောင်ရွက်ရန်များသောကြောင့် ခွန်အားနှင့်ဖြည့်ရမည်တဲ့။ ကိုယ့်ခွန်အားကို မွေးရမယ်။ ခံနိုင်ရည်ရှိအောင်လို့ ကြိုးစားရမယ်။
#ပင်ပန်းခံရများသောကြောင့်_ ရဲရင့်မည်
ပင်ပန်းခံရများသောကြောင့် ရဲရင့်မည်တဲ့။ ဒီလမ်းဟာ အန္တရာယ်များတယ်။ ဒုက္ခတွေများတယ်။ ဒီဒုက္ခတွေ၊ အန္တရာယ်တွေကို ရင်ဆိုင်နိုင်အောင်လို့ ကိုယ်က ရဲစွမ်းသတ္တိရှိရမယ်။ ရဲစွမ်းသတ္တိဆိုတာ ကြောက်လျက်နဲ့ မှန်တာကိုလုပ်ရဲတာ သတ္တိအစစ်အမှန်ပဲ။
#မိတ်ဆွေမဲ့သူနှင့်_ရန်သူကို_မိတ်ဖွဲ့မည်
နောက် မိတ်ဆွေမဲ့သူနှင့် ရန်သူကို မိတ်ဖွဲ့မည်။ ဒါကတော့ အင်မတန်မှ သဘောထားကြီးတယ်ဆိုတာ ပြတာပဲ။ မိတ်ဆွေမရှိတဲ့သူများ၊ ရန်သူများကို ကိုယ်က မိတ်ဆွေဖွဲ့နိုင်တယ်ဆိုတာ ကိုယ်က သဘောထားကြီးကြီးနဲ့ ထားတယ်။ အာဃာတတရား မထားဘူး။ တကယ်ဆိုလို့ရှိရင် ကိုယ်လုပ်တဲ့အလုပ်ဟာ အမြဲပဲ အမှန်တရားကို အခြေခံပြီးလုပ်တာဖြစ်ရမယ်။ မေတ္တာတရားကို အခြေခံပြီးလုပ်တာ ဖြစ်ရမယ်။ အခု ဒီတိုက်ပွဲမှာဆိုရင်လည်း ပြည်သူလူထုအပေါ်မှာ မေတ္တာရှိလို့၊ တိုင်းပြည်အပေါ်မှာ မေတ္တာရှိလို့လုပ်တဲ့ တိုက်ပွဲဆိုတာ ဖြစ်ရမယ်။ ဒါကြောင့် မိတ်ဆွေမဲ့သူမပြောနဲ့၊ ရန်သူပင်လျှင် မိတ်ဖွဲ့နိုင်တဲ့ သဘောထားကြီးသူမျိုး ဖြစ်ရမယ်။ ဒီလို သဘောထားကြီးကြီး ထားရမယ်။
(၁၉၈၉ခုနှစ်၊ ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် မြောင်းမြမြို့၌ ဒေါ်အောင်ဆန်းစုကြည်က လူငယ်များအား အင်္ဂလိပ်ကဗျာတစ်ပုဒ်အကြောင်း ကို ရှင်းလင်းဟောပြောခဲ့သော အမှာစကားများမှ ကောက်နုတ်ဖော်ပြပါသည်။)
Eternal Light Magazine
June 2017
Credit...ထပ်ဆင့်ပြန်လည်မျှ ဝေပါသည် ။
#ဒေါ်အောင်ဆန်းစုကြည်
ကျွန်မငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ကဗျာလေးတစ်ပုဒ် ရှိပါတယ်။ ဒီကဗျာကတော့ အင်္ဂလိပ်ဘာသာက ပြန်ထားတဲ့ကဗျာပဲ။ လူငယ်များနဲ့လည်း အင်မတန်မှ စပ်ဟပ်တယ်လို့ ကျွန်မထင်ပါတယ်။ အဲဒါကြောင့်မို့လို့ ဒီကဗျာစာသားအရ ကျောင်းသားများကို မှာချင်ပါတယ်။ ဒီကဗျာက ဘယ်လိုလဲဆိုတော့ ...
“ကျွန်ုပ်ကို ယုံသောသူများကြောင့်
ဖြောင့်မတ်မည်။
ဂရုစိုက်သောသူများကြောင့် သန့်ရှင်းမည်။
ဆောင်ရွက်ရန် များသောကြောင့် ခွန်အားနှင့် ဖြည့်မည်။
ပင်ပန်းခံရများသောကြောင့် ရဲရင့်မည်။
မိတ်ဆွေမဲ့သူနှင့် ရန်သူကို မိတ်ဖွဲ့မည်။
ပေးကမ်းကြောင်းမေ့လျက် စွန့်ကြဲပေးကမ်းမည်။
ခွန်အားနည်းကြောင်းသိလျက် စိတ်နှိမ်ချမည်။
ရွှင်လန်းချစ်ခင်မော်ကြည့်လျ
ပြောတဲ့ကိစ္စအားလုံးဟာ မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မတ် ဖြစ်ရမယ်။ ဒီလိုလုပ်မှပဲ ကိုယ့်ပေါ်မှာ ယုံကြည်တဲ့သူတွေရဲ့ ယုံကြည်ချက်တွေဟာ ပျက်မသွားဘူး။
#ကျွန်ုပ်ကို_ယုံသောသူများေ
ကျွန်ုပ်ကို ယုံသောသူများကြောင့် ဖြောင့်မတ်မည်။ လူတိုင်း လူတိုင်းဟာ ဖြောင့်မတ်ရမယ်။ အထူးသဖြင့် လူငယ်ကျောင်းသားများဟာ ကောင်းတဲ့အကျင့်စာရိတ္တတွေ မွေးရမယ်။ ကိုယ့်ကို ယုံတဲ့သူများ ရှိလို့ရှိရင် ကိုယ်က ဖြောင့်မတ်ဖို့ တာဝန်ရှိတယ်။ တချို့က ကိုယ်ဟာ သူများကို လှည့်ဖျားနိုင်ရင် လူတော်၊ လူလည်လို့ ထင်တယ်။ သူတို့ကိုယ်သူတို့ လူတော်လို့ မှတ်တယ်။ ဒါဟာ မမှန်ဘူး။ တကယ်ဆိုလို့ရှိရင် ကိုယ့်ကို ယုံကြည်တဲ့သူရှိရင် ကိုယ်က ဖြောင့်မတ်ရမယ်။ ဖြောင့်ကိုဖြောင့်မတ်ရမယ်။ အယုံအကြည်သွင်းပြီးတော့ လူတစ်ယောက်ကို လှည့်ဖျားတာဟာ လုံးလုံးမမြင့်မြတ်ဘူး။ အင်မတန်မှ ရှက်စရာကောင်းပါတယ်။ လူတိုင်းလူတိုင်းဟာ ကိုယ့်မှာ ယုံကြည်တဲ့သူ အနည်းဆုံး တစ်ယောက်တော့ရှိမှာပဲ။ တစ်ယောက်ရှိရင်တောင် ဒီတစ်ယောက်အတွက် ဖြောင့်မတ်ရမယ်။ ကိုယ့်ကို အများက ယုံကြည်နေလို့ရှိရင် အများအတွက် ဖြောင့်မတ်ရမယ်။
#ဂရုစိုက်သောသူများကြောင့်_
ဂရုစိုက်သောသူများကြောင့် သန့်ရှင်းမည်တဲ့။ ဂရုစိုက်သောသူဆိုတာ ကိုယ့်ကို ဘယ်သူက ဂရုအစိုက်ဆုံးလဲ။ လူငယ်များဆိုရင် သိပါတယ်။ ကိုယ့်မိဘများက ဘယ်သူ့ကို ဂရုအစိုက်ဆုံးလဲ။ မိဘများက ကိုယ့်ကို ဂရုစိုက်ပြီးတော့ ကျွေးမွေးတယ်။ မွေးမြူတယ်။ သန့်ရှင်းစင်ကြယ်အောင်လို့ ထားတယ်။ ရေချိုးပေးတယ်။ ငယ်ငယ်ကဆိုလို့ရှိရင် အ၀တ်လဲပေးတယ်။ အ၀တ်သန့်သန့်ရှင်းရှင်း ၀တ်ပေးတယ်။ ထမင်းကျွေးတယ်။ အမျိုးမျိုးလုပ်ပေးတယ်။ ဒါပေမဲ့ ကိုယ်ရဲ့စိတ်ကို သန့်ရှင်းအောင်၊ ဖြူစင်အောင် အပြင်က မလုပ်ပေးနိုင်ဘူး။ အဲဒီတော့ ကိုယ့်ကို အပြင်ကနေ ၀ိုင်းပြီးတော့ ဂရုစိုက်တဲ့သူတွေရှိရင် ကိုယ့်အတွင်းစိတ်နှလုံးသား ဖြူစင်အောင်၊ သန့်ရှင်းအောင်လို့ ကိုယ်က ဂရုစိုက်ဖို့လိုတယ်။ ဒါကြောင့်မို့လို့ ဂရုစိုက်သောသူများကြောင့် သန့်ရှင်းမည်လို့ ဆိုပါတယ်။
#ဆောင်ရွက်ရန်များသောကြောင့
ဆောင်ရွက်ရန်များသောကြောင့်
#ပင်ပန်းခံရများသောကြောင့်_
ပင်ပန်းခံရများသောကြောင့် ရဲရင့်မည်တဲ့။ ဒီလမ်းဟာ အန္တရာယ်များတယ်။ ဒုက္ခတွေများတယ်။ ဒီဒုက္ခတွေ၊ အန္တရာယ်တွေကို ရင်ဆိုင်နိုင်အောင်လို့ ကိုယ်က ရဲစွမ်းသတ္တိရှိရမယ်။ ရဲစွမ်းသတ္တိဆိုတာ ကြောက်လျက်နဲ့ မှန်တာကိုလုပ်ရဲတာ သတ္တိအစစ်အမှန်ပဲ။
#မိတ်ဆွေမဲ့သူနှင့်_ရန်သူကိ
နောက် မိတ်ဆွေမဲ့သူနှင့် ရန်သူကို မိတ်ဖွဲ့မည်။ ဒါကတော့ အင်မတန်မှ သဘောထားကြီးတယ်ဆိုတာ ပြတာပဲ။ မိတ်ဆွေမရှိတဲ့သူများ၊ ရန်သူများကို ကိုယ်က မိတ်ဆွေဖွဲ့နိုင်တယ်ဆိုတာ ကိုယ်က သဘောထားကြီးကြီးနဲ့ ထားတယ်။ အာဃာတတရား မထားဘူး။ တကယ်ဆိုလို့ရှိရင် ကိုယ်လုပ်တဲ့အလုပ်ဟာ အမြဲပဲ အမှန်တရားကို အခြေခံပြီးလုပ်တာဖြစ်ရမယ်။ မေတ္တာတရားကို အခြေခံပြီးလုပ်တာ ဖြစ်ရမယ်။ အခု ဒီတိုက်ပွဲမှာဆိုရင်လည်း ပြည်သူလူထုအပေါ်မှာ မေတ္တာရှိလို့၊ တိုင်းပြည်အပေါ်မှာ မေတ္တာရှိလို့လုပ်တဲ့ တိုက်ပွဲဆိုတာ ဖြစ်ရမယ်။ ဒါကြောင့် မိတ်ဆွေမဲ့သူမပြောနဲ့၊ ရန်သူပင်လျှင် မိတ်ဖွဲ့နိုင်တဲ့ သဘောထားကြီးသူမျိုး ဖြစ်ရမယ်။ ဒီလို သဘောထားကြီးကြီး ထားရမယ်။
(၁၉၈၉ခုနှစ်၊ ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် မြောင်းမြမြို့၌ ဒေါ်အောင်ဆန်းစုကြည်က လူငယ်များအား အင်္ဂလိပ်ကဗျာတစ်ပုဒ်အကြောင်း
Eternal Light Magazine
June 2017
Credit...ထပ်ဆင့်ပြန်လည်မျှ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။