တဝဲ လည်လည်
......................
ငှက်တစ်ကောင်လို.....
ခိုနားဖူးရာ ၊ ရင်မှာ မသိ
မငြိတွယ်တတ် ၊ စိတ်လွတ်လပ်နှင့်
ဖြတ်ခွာရှေ့ဆက်ချင်သော်လည်း .....
မြက်တစ်ပင်လို....
အမျှင်မရှိ ၊ တိခနဲပြတ်
ဖြတ်လွယ် ပြတ်လွယ်
တွယ်တာ မရစ်
သစ်စိမ်းချိုးနှယ်နေချင်လည်း.....
ကြာတစ်ရိုးလို.....
ချိုးဖြတ်သော်လဲ(လည်း) ၊ အမျှင်တွဲနှင့်
ခွဲခက်ခွာခက် ၊ မစွန့် ရက်ပြန်
သံယောဇဉ်ဖြစ်....
ကြာဆစ်ကြိုးနှယ် ဘဝမို့ ....
ဝေးရာ ဝေးရာ
ပြေးခွာစွန့် ထွက်
စက္ကူစွန်မျိုး ၊ ကြိုးတန်းလန်းငင်
အမျှင်မပြတ် ၊ ဖြတ်ခွာဖြေချွတ်
သည်နှောင်ဝဋ်က
လွတ်လွတ်မစွန့် နိုင်သူတည်း ။...........။
မောင်စိန်ဝင်း(ပုတီးကုန်း)
......................
ငှက်တစ်ကောင်လို.....
ခိုနားဖူးရာ ၊ ရင်မှာ မသိ
မငြိတွယ်တတ် ၊ စိတ်လွတ်လပ်နှင့်
ဖြတ်ခွာရှေ့ဆက်ချင်သော်လည်း
မြက်တစ်ပင်လို....
အမျှင်မရှိ ၊ တိခနဲပြတ်
ဖြတ်လွယ် ပြတ်လွယ်
တွယ်တာ မရစ်
သစ်စိမ်းချိုးနှယ်နေချင်လည်
ကြာတစ်ရိုးလို.....
ချိုးဖြတ်သော်လဲ(လည်း) ၊ အမျှင်တွဲနှင့်
ခွဲခက်ခွာခက် ၊ မစွန့် ရက်ပြန်
သံယောဇဉ်ဖြစ်....
ကြာဆစ်ကြိုးနှယ် ဘဝမို့ ....
ဝေးရာ ဝေးရာ
ပြေးခွာစွန့် ထွက်
စက္ကူစွန်မျိုး ၊ ကြိုးတန်းလန်းငင်
အမျှင်မပြတ် ၊ ဖြတ်ခွာဖြေချွတ်
သည်နှောင်ဝဋ်က
လွတ်လွတ်မစွန့် နိုင်သူတည်း ။...........။
မောင်စိန်ဝင်း(ပုတီးကုန်း)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။