ကြက်ဥအစိမ်း သောက်ခြင်းသည် ဝမ်းတွင်းသို့ ဗက်တီးရီးယား တစ်မျိုး ဝင်ရောက်ကာ အစာ အဆိပ်သင့်နိုင်
ရန်ကုန် နိုဝင်ဘာ ၂၃
ကြက်ဥအစိမ်း သောက်သုံးခြင်းသည် ဝမ်းတွင်းသို့ ဗက်တီးရီးယား တစ်မျိုး ဝင်ရောက်နိုင်ကာ အစာအဆိပ်သင့် ရောဂါဖြစ်ပွားနိုင်သည့် အတွက် ရှောင်ကြဉ်သင့်ကြောင်း ဒေါက်တာ ခင်မောင်လွင်က ပြောသည်။
ကြက်ဥအစိမ်း သောက်သုံးလျှင် ကြက်မစင်များတွင် တွေ့ရတတ်သည့် Salmonella ဟုခေါ်သည့် ဗက်တီးရီးယား ပိုးများသည် ကြက်ဥ ဥသည့်အခါတွင် အခွံများတွင် ပါလာတတ်သည့် အတွက် ဗက်တီးရီးယားပိုး ဝင်ရောက်နိုင်သဖြင့် မသောက်သုံးသင့်ကြောင်း သိရသည်။ ''ကြက်မစင်တွေမှာပါတဲ့ ဗက်တီးရီးယားပိုးက ဥခွံမှာ ကပ်ပါနေတဲ့ အတွက် ကြက်ဥအစိမ်းကို မသောက်သုံးသင့်ပါဘူး။ အဲဒီရောဂါပိုးက လူ့ခန္ဓာကိုယ်ထဲ ဝင်ရင် အစာအဆိပ်သင့် ရောဂါ ဖြစ်ပွားနိုင်ပါတယ်'' ၎င်းက ပြောသည်။ ထို့ပြင် ကြက်၊ ဘဲ၊ ငုံးများ၏ မစင်များတွင် Salmonella ဗက်တီးရီးယား ရောဂါပိုးအပြင် H1N1 ဗိုင်းရပ်စ်ပိုးများ ကပ်ညိ ပါလာနိုင်သည့် အတွက် ဥများကို အစိမ်းလိုက် သောက်သုံးခြင်းအပြင် ပါးစပ်နှင့်ထိကာ သောက်သုံးခြင်းများလည်း မပြုလုပ်သင့်ကြောင်း၊ အများစုသည် ကြက်ဥအစိမ်း သောက်သုံးခြင်းဖြင့် အားအင်ပြည့်လာသည်ဟု အယူအဆများ ရှိနေကြောင်း သိရသည်။ အဆိုပါ Salmonella ဗက်တီးရီးယား ပိုးများသည် တိရစ္ဆာန် အညစ်အကြေးများ အပြင် လူများ၏ အညစ်အကြေးများတွင်လည်း ပါဝင်တတ်ကြောင်း သိရသည်။
မြဝတီ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။