အသံနဲ့  နှိပ်စက်ခြင်း ဆင်ခြင်ကြဖို့ ။
လော်နဲ့အတင်းဖြဲ တရားဟောတာကို နားမခံသာဘူးလို့ ပြောတော့ နင်တို့ ဗုဒ္ဓဘာသာမဟုတ်ဘူးလားလို့ ပြန်ပြီးအငေါ်တူးခံရတယ်။ civilized မဖြစ်ခြင်းကို ထောက်ပြတာကို ဘာသာရေးနဲ့ ရောချအပြစ်တင်မနေကြပါနဲ့။
အသံစကေးကို Decibel နဲ့တိုင်းရာမှာ ၈၀ ကျော်ရင် ဆူညံသံလို့ သတ်မှတ်တယ်။ မိုးလင်းမိုးချုပ် တရပ်ကွက်လုံးကြားအောင် ဖွင့်နေတဲ့လော်သံဟာ ဒက်ဆီဘယ် ၁၀၀ ကျော်တယ်။ ဘာသာရေးတင် မဟုတ်ဘူး။ မနက် ၆ နာရီကစပြီး အလှူခံတဖွဲ့ပြီး တဖွဲ့လာတယ်။ ပြီးတော့ ဆေးကြော်ငြာတွေ၊ ထီလှည်းတွေ၊ ရာသီပေါ် အသီးအနှံရောင်းတဲ့ အသည်တွေ၊ ရွှေရင်အေးအသည်တွေ၊ ပုသိမ်ဟာလ၀ါ ရောင်းသူတွေ စသဖြင့် ခုခေတ်မှာ ရောင်းသမျှတော်တော်များများ
လော်နဲ့ အော်ကြတယ်။ ဒါကလည်း တဖွဲ့ပြီး တဖွဲ့၊ ခဏနေကျတော့ ကထိန်ဆိုပြီး
သီချင်းပေါင်းစုံ ဖွင့်ကြပြန်ရော၊ အဲလို လမ်းထဲဖြတ်သွားတဲ့ အလှူခံအပြင်
ရပ်ကွက်ထဲမှာ အထိုင်ချပြီး တရားပွဲအတွက် အလှူခံတဲ့သူကလည်း တရားပွဲမတိုင်ခင်
တပတ်၊ ၁၀ ရက်လောက် အလိုကတည်းက လမ်းထိပ်ကနေ အသားကုန် အော်တယ်။
ကျမ အဖွားပြောသလိုပြောရရင် ဘုန်းကြီးဟောတဲ့ တရားပွဲက နှစ်နာရီပဲ နာရတာ၊ ဂေါပကတို့ ဓမ္မာရုံလူကြီး ပြောသမျှ ဟောသမျှ နာနေရတာ ပိုပြီး ရက်ရှည်တယ်။ ကျမတို့ မန်းလေးမှာ ၀ါတွင်းဆိုရင် မနက် ၅ နာရီလောက်ဆိုရင် ဓမ္မာရုံမှာ တင်တင်မြတို့ မာမာအေးတို့ရဲ့ ဓမ္မတေးသီချင်းတွေ ဖွင့်တတ်တယ်၊ အင်မတန် သာယာနာပျော်ဖွယ်ကောင်းတယ်။ ၀ါကျွတ်တော့လည်း ရပ်ကွက်ဘုရားပွဲမတိုင်ခင်မှာ
ခုနှစ်ရက်လုံးလုံး အသံမစဲပဌာန်းရွတ်ဖတ်တယ်။ ညအချိန်
တရေးနိုးလာတဲ့အခါများဆို အဲဒီ တိုးတိုးညှင်းညှင်း အသံမစဲပဌာန်းရွတ်ဖတ်သံက
စိတ်ချမ်းမြေ့စေတယ်။
ခုက အဲလိုကို မဟုတ်ဘူး။ တအားကို အော်ဖြဲနေကြတာ။ ဒက်ဆီဘယ် ၁၀၀ ကျော်မပြောနဲ့.. တောက်.. တောက်.. တောက်ဆိုတဲ့ အသံတိုးတိုးလေးတောင် အချိန်အကြာကြီး အနားမှာ ကြားနေရရင် စိတ်အနှောက်အယှက်ဖြစ်လာတယ်။ နားမခံသာဘူး၊ ဆူတယ်လို့ ထင်ရတယ်။ အခုလို ဒက်ဆီဘယ်မြင့်တဲ့အသံတွေကြော င့် ကြာရင် နားဒုက္ခလည်း ဖြစ်လာမယ်၊ စိတ်ရောဂါလည်း ရလာပါလိမ့်မယ်။ အဆိုးဆုံးက ကလေးငယ်တွေနဲ့ ရောဂါသည်တွေ၊ လူကြီးသူမတွေအတွက်ပဲ။
ကျမ သြစတြေးလျမှာ နေတုန်းက တရက် ကျမတို့ အိမ်ကို စာတစောင် ရောက်လာတယ်။ နှစ်လမ်းကျော် အိမ်က လာပို့သွားတာ။ သူတို့ မီးရှူးမီးပန်းဖောက်မှာမို့ အသံဆူညံခဲ့ရင် တောင်းပန်ပါတယ်ဆိုတဲ့အကြောင်း၊
အသက်အရွယ်ကြီးသူတွေ၊ တိရစ္ဆာန်တွေအတွက် ကြိုတင် ကာကွယ်မှု လုပ်စေလိုကြောင်း၊
သူတို့ မီးပန်းဖောက်တာ ဘယ်အချိန်ကစပြီး ၁၅ မိနစ်သာ ကြာပါမယ်ဆိုတဲ့အကြောင်း
အိမ်ပေါက်စေ့ စာကြိုတင်ပို့ပြီး တောင်းပန်ထားတာ။
ပြောချင်တာက လွတ်လပ်ခွင့်လို့ ညွှန်းဆိုတဲ့အခါမှာ civilized ဖြစ်မှုကိုပါ ဒွန်တွဲကျင့်သုံးစေချင်တာပါ ။ လွန်ခဲ့တဲ့ သုံးနှစ်က စိန်ပန်းက မဟာစည်မှာ သီတင်းကျွတ်ခါနီး တရားစခန်းဝင်တော့ တရားထိုင်လို့မရနိုင်အောင်ပါပဲ။
ရိပ်သာနားဆိုတာလည်း နားမလည်ကြဘူး၊ ဗျောက်တွေ ဖောက်လိုက်၊ အသံချဲ့စက်နဲ့
အတင်းအော်လိုက်နဲ့ပဲ။ အဲတော့ ပွင့်လင်းရာသီရောက်မှာကို တဖြည်းဖြည်း
ကြောက်လာရတဲ့အထိပဲ။
မြန်မာစကားရှိတယ်၊ ကျောပူတာကို ခံနိုင်တယ်၊ နားပူတာကို မခံနိုင်ဘူးတဲ့။ လော်သံမခံနိုင်ဘူးဆိုတဲ့သူများလည်း
ကိုယ့်ကြောင့် ဘယ်နည်းနဲ့မဆို ဆူညံသံမဖြစ်ဖို့ သတိချပ်စေချင်ပါတယ်။
အဆုံးစွန်ဆုံး ဟွန်းတီးတာကအစပေါ့။ ကားရှေ့မှာ ခဲလုံးတလုံးရှိနေတာကအစ
ဟွန်းသံပေးနေတာမျိုး အကျင့်မပြောင်းနိုင်ရင်လည်း ကိုယ်တိုင်ကအစ ဆူညံသံဖန်တီးနေတာလို့ပဲ ဆိုရမယ်။
(ရေးသားသူ - Aye Lei Tun) ။
လော်နဲ့အတင်းဖြဲ တရားဟောတာကို နားမခံသာဘူးလို့ ပြောတော့ နင်တို့ ဗုဒ္ဓဘာသာမဟုတ်ဘူးလားလို့ ပြန်ပြီးအငေါ်တူးခံရတယ်။ civilized မဖြစ်ခြင်းကို ထောက်ပြတာကို ဘာသာရေးနဲ့ ရောချအပြစ်တင်မနေကြပါနဲ့။
အသံစကေးကို Decibel နဲ့တိုင်းရာမှာ ၈၀ ကျော်ရင် ဆူညံသံလို့ သတ်မှတ်တယ်။ မိုးလင်းမိုးချုပ် တရပ်ကွက်လုံးကြားအောင် ဖွင့်နေတဲ့လော်သံဟာ ဒက်ဆီဘယ် ၁၀၀ ကျော်တယ်။ ဘာသာရေးတင် မဟုတ်ဘူး။ မနက် ၆ နာရီကစပြီး အလှူခံတဖွဲ့ပြီး တဖွဲ့လာတယ်။ ပြီးတော့ ဆေးကြော်ငြာတွေ၊ ထီလှည်းတွေ၊ ရာသီပေါ် အသီးအနှံရောင်းတဲ့ အသည်တွေ၊ ရွှေရင်အေးအသည်တွေ၊ ပုသိမ်ဟာလ၀ါ ရောင်းသူတွေ စသဖြင့် ခုခေတ်မှာ ရောင်းသမျှတော်တော်များများ
ကျမ အဖွားပြောသလိုပြောရရင် ဘုန်းကြီးဟောတဲ့ တရားပွဲက နှစ်နာရီပဲ နာရတာ၊ ဂေါပကတို့ ဓမ္မာရုံလူကြီး ပြောသမျှ ဟောသမျှ နာနေရတာ ပိုပြီး ရက်ရှည်တယ်။ ကျမတို့ မန်းလေးမှာ ၀ါတွင်းဆိုရင် မနက် ၅ နာရီလောက်ဆိုရင် ဓမ္မာရုံမှာ တင်တင်မြတို့ မာမာအေးတို့ရဲ့ ဓမ္မတေးသီချင်းတွေ ဖွင့်တတ်တယ်၊ အင်မတန် သာယာနာပျော်ဖွယ်ကောင်းတယ်။ ၀ါကျွတ်တော့လည်း ရပ်ကွက်ဘုရားပွဲမတိုင်ခင်မှ
ခုက အဲလိုကို မဟုတ်ဘူး။ တအားကို အော်ဖြဲနေကြတာ။ ဒက်ဆီဘယ် ၁၀၀ ကျော်မပြောနဲ့.. တောက်.. တောက်.. တောက်ဆိုတဲ့ အသံတိုးတိုးလေးတောင် အချိန်အကြာကြီး အနားမှာ ကြားနေရရင် စိတ်အနှောက်အယှက်ဖြစ်လာတယ်။
ကျမ သြစတြေးလျမှာ နေတုန်းက တရက် ကျမတို့ အိမ်ကို စာတစောင် ရောက်လာတယ်။ နှစ်လမ်းကျော် အိမ်က လာပို့သွားတာ။ သူတို့ မီးရှူးမီးပန်းဖောက်မှာမို့
ပြောချင်တာက လွတ်လပ်ခွင့်လို့ ညွှန်းဆိုတဲ့အခါမှာ civilized ဖြစ်မှုကိုပါ ဒွန်တွဲကျင့်သုံးစေချင်တာပါ
မြန်မာစကားရှိတယ်၊ ကျောပူတာကို ခံနိုင်တယ်၊ နားပူတာကို မခံနိုင်ဘူးတဲ့။ လော်သံမခံနိုင်ဘူးဆိုတဲ့သူမ
(ရေးသားသူ - Aye Lei Tun) ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။