ပေးနိုင်တဲ့ဘဝဟာ အကောင်းဆုံးပါ
~~~~~~~~~~~~~~~~~~~~~~~~~
.
လူတိုင်းအပေါ် မေတ္တာစေတနာထားပါ၊ မေတ္တာ စေတနာပေးပါ၊ သူတို့နိုင်သလောက် ယူပါလိမ့်မယ်၊ စေတနာဟာ လူတိုင်းနဲ့ မတန်တာ မှန်ပါတယ်၊ ဒါပေမယ့် သူ့တို့နဲ့တန်သလောက်တော့ ထားလိုက်ပါ၊ မိမိမေတ္တာစေတနာ သူ့တို့ရမရ မသေချာပေမယ့် ကိုယ့်အတွက်ကတော့ ကိုယ်ထားသလောက် ကိုယ်ပြန်ရမှာ သေချာပါတယ်။
.
မိမိ သူ့အပေါ်ထားလိုက်တဲ့ မေတ္တာစေတနာဟာ သူ့ဆီက တိုက်ရိုက်ကိုယ့်ထံပြန်လာ၊ မလာ မသေချာပေမယ့် တစ်ဦးဦးဆီက တစ်နေရာရာက လမ်းကြောင်းရှာဖွေပြီး ပြန်လာပါလိမ့်မယ်၊ မေတ္တာစေတနာဆိုတာ ရောင်ပြန်ဟပ်ပါတယ်၊ အချိန်တော့ စောင့်ချင်စောင့်ရပါလိမ့်မယ်၊ လူမိုက်ကြီး အရှင်ဒေဝဒတ်တောင် နောက်ဆုံးအချိန်ကျ ဘုရားရှင်ရဲ့ မေတ္တာစေတနာကို နားလည်သွားပါတယ်။
.
မိမိဘဝအတွက် လုံခြုံစိတ်အချရဆုံး၊ မိမိအတွက် အားအကိုးရဆုံးအရာဟာ မိမိရဲ့ မေတ္တာစေတနာပဲဖြစ်တယ်၊ မိမိဘဝအတွက် ကောင်းကျိုးချမ်းသာတွေကို တနင့်တပိုး သယ်ဆောင်လာမယ့်အရာဟာ မိမိရဲ့ မေတ္တာစေတနာပဲဖြစ်တယ်၊ မိမိဘဝကို မြင့်တင်ပေးမယ့်အရာ၊ မိမိဘဝပြည့်စုံအောင် ဖြည့်ဆည်းပေးမယ့်အရာဟာ မိမိရဲ့မေတ္တာစေတနာပဲဖြစ်တယ် ၊ ရေမြင့်မှ ကြာမြင့်ဆိုတာလို မေတ္တာ စေတနာမြင့်မှ ဘဝက မြင့်မှာ။
.
မေတ္တာလိုချင် မေတ္တာပေးပါ၊ စေတနာလိုချင် စေတနာပေးပါ၊ မေတ္တာစေတနာဆိုတာ လိုအပ်နေတဲ့ နေရာတွေချည်းပါပဲ၊ သူတော်ကောင်း သူမြတ်လောင်းဆိုတာ အပေးပဲရှိပါတယ်၊ အယူမရှိဘူး၊ ပေးပြီးပျော်ရတာနဲ့ ယူပြီး ပျော်ရတာဟာ ပေးပြီးပျော်ရတာက ပိုကောင်းပါတယ်၊ ကိုယ်ကပေးနိုင်တဲ့ဘဝမှာနေရတာ အကောင်းဆုံးပါပဲ။
.
လောကမှာ ဘာပဲ လိုချင်လိုချင်၊ တစ်ခုခုလိုချင်ရင် မိမိက တစ်ခုခုအရင်ပေးရပါလိမ့်မယ်၊
မပေးဘဲနဲ့ ဘာမှ မရနိုင်ပါ၊ ပေးမှသာရနိုင်ပါတယ်၊ မပေးပဲနဲ့ ယူချင်တဲ့
စိတ်ဓာတ်ဟာ အချောင်သမား စိတ်ဓာတ်မို့ မထားအပ်ပါဘူး၊ ပေးပြီးယူတာကတော့
အပြစ်မဟုတ်ပါဘူး၊ အယူမပါဘဲနဲ့ ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့၊
အဲဒီလိုပေးနိုင်မှသာ ပါရမီ မြောက်ပါတယ်။
.
မိမိထားရှိလိုက်တဲ့ မေတ္တာ စေတနာဟာ အဟောသိကံ ဖြစ်မသွားပါဘူး၊ ပုပ်သိုးသွားတယ်ရယ်လို့ မရှိပါဘူး၊ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အပင်ပေါက် အသီးသီးလာမှာ မုချပါပဲ၊ ကိုယ်က တောင့်တနေစရာ မလိုပါဘူး၊ ဒီအစေ့စိုက်ရင် ဒီအပင်ပေါက်မှာပါ၊ ဒါကြောင့် တွေ့တဲ့လူတိုင်းအပေါ် အတတ်နိုင်ဆုံး မေတ္တာစေတနာထားလိုက်ပါ။
.
စန္ဒကူးနံသာနှစ်ဟာ သူအပါအဝင် သူ့ပတ်ဝန်းကျင် တစ်ခွင်ကို သူ့ရနံနဲ့ သင်းပျံ့မွေးကြိုင်စေသလို မိမိရဲ့ မေတ္တာစေတနာဟာ မိမိအပါအဝင် မိမိပတ်ဝန်းကျင်တခွင် သာယာအေးချမ်းမှု ရရှိစေမှာ အမှန်ပင်ဖြစ်ပါတယ်။ ။
.
( အရှင်သံဝရာလင်္ကာရ ဓမ္မပိယဆရာတော် )
~~~~~~~~~~~~~~~~~~~~~~~~~
.
လူတိုင်းအပေါ် မေတ္တာစေတနာထားပါ၊ မေတ္တာ စေတနာပေးပါ၊ သူတို့နိုင်သလောက် ယူပါလိမ့်မယ်၊ စေတနာဟာ လူတိုင်းနဲ့ မတန်တာ မှန်ပါတယ်၊ ဒါပေမယ့် သူ့တို့နဲ့တန်သလောက်တော့ ထားလိုက်ပါ၊ မိမိမေတ္တာစေတနာ သူ့တို့ရမရ မသေချာပေမယ့် ကိုယ့်အတွက်ကတော့ ကိုယ်ထားသလောက် ကိုယ်ပြန်ရမှာ သေချာပါတယ်။
.
မိမိ သူ့အပေါ်ထားလိုက်တဲ့ မေတ္တာစေတနာဟာ သူ့ဆီက တိုက်ရိုက်ကိုယ့်ထံပြန်လာ၊ မလာ မသေချာပေမယ့် တစ်ဦးဦးဆီက တစ်နေရာရာက လမ်းကြောင်းရှာဖွေပြီး ပြန်လာပါလိမ့်မယ်၊ မေတ္တာစေတနာဆိုတာ ရောင်ပြန်ဟပ်ပါတယ်၊ အချိန်တော့ စောင့်ချင်စောင့်ရပါလိမ့်မယ
.
မိမိဘဝအတွက် လုံခြုံစိတ်အချရဆုံး၊ မိမိအတွက် အားအကိုးရဆုံးအရာဟာ မိမိရဲ့ မေတ္တာစေတနာပဲဖြစ်တယ်၊ မိမိဘဝအတွက် ကောင်းကျိုးချမ်းသာတွေကို တနင့်တပိုး သယ်ဆောင်လာမယ့်အရာဟာ မိမိရဲ့ မေတ္တာစေတနာပဲဖြစ်တယ်၊ မိမိဘဝကို မြင့်တင်ပေးမယ့်အရာ၊ မိမိဘဝပြည့်စုံအောင် ဖြည့်ဆည်းပေးမယ့်အရာဟာ မိမိရဲ့မေတ္တာစေတနာပဲဖြစ်တယ်
.
မေတ္တာလိုချင် မေတ္တာပေးပါ၊ စေတနာလိုချင် စေတနာပေးပါ၊ မေတ္တာစေတနာဆိုတာ လိုအပ်နေတဲ့ နေရာတွေချည်းပါပဲ၊ သူတော်ကောင်း သူမြတ်လောင်းဆိုတာ အပေးပဲရှိပါတယ်၊ အယူမရှိဘူး၊ ပေးပြီးပျော်ရတာနဲ့ ယူပြီး ပျော်ရတာဟာ ပေးပြီးပျော်ရတာက ပိုကောင်းပါတယ်၊ ကိုယ်ကပေးနိုင်တဲ့ဘဝမှာနေရတ
.
လောကမှာ ဘာပဲ လိုချင်လိုချင်၊ တစ်ခုခုလိုချင်ရင် မိမိက တစ်ခုခုအရင်ပေးရပါလိမ့်မယ်၊
.
မိမိထားရှိလိုက်တဲ့ မေတ္တာ စေတနာဟာ အဟောသိကံ ဖြစ်မသွားပါဘူး၊ ပုပ်သိုးသွားတယ်ရယ်လို့ မရှိပါဘူး၊ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အပင်ပေါက် အသီးသီးလာမှာ မုချပါပဲ၊ ကိုယ်က တောင့်တနေစရာ မလိုပါဘူး၊ ဒီအစေ့စိုက်ရင် ဒီအပင်ပေါက်မှာပါ၊ ဒါကြောင့် တွေ့တဲ့လူတိုင်းအပေါ် အတတ်နိုင်ဆုံး မေတ္တာစေတနာထားလိုက်ပါ။
.
စန္ဒကူးနံသာနှစ်ဟာ သူအပါအဝင် သူ့ပတ်ဝန်းကျင် တစ်ခွင်ကို သူ့ရနံနဲ့ သင်းပျံ့မွေးကြိုင်စေသလို မိမိရဲ့ မေတ္တာစေတနာဟာ မိမိအပါအဝင် မိမိပတ်ဝန်းကျင်တခွင် သာယာအေးချမ်းမှု ရရှိစေမှာ အမှန်ပင်ဖြစ်ပါတယ်။ ။
.
( အရှင်သံဝရာလင်္ကာရ ဓမ္မပိယဆရာတော် )
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။