Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, November 29, 2015

မှန်ကန်သော ဆုံးဖြတ်ချက်ဟူသည်



တစ်ခါတုန်းက ရွာလေးတစ်ရွာမှာ သားမိသားဖ လေးယောက် နေထိုင်ကြပါတယ်။ လင်းမယားနှစ်ယောက်မှာ
သိပ်လိမ္မာတဲ့ သားလေးတစ်ယောက်၊ သမီးလေး တစ်ယောက် ရှိတယ်။ သားလေးက အကြီး၊ သမီးလေးက
တော့ အငယ်မလေးပါ။ ကလေးတွေက အရွယ်ရောက်နေကြပေမယ့် ချစ်ချစ်ခင်ခင်နဲ့ ရှိကြတော့ မိသားစုလေး
က အေးချမ်းနေတာပေါ့။



ဆင်းရဲတဲ့ လယ်သမား မိသားစုလေးဖြစ်တော့ ဘ၀ကို အနိုင်အနိုင် ရပ်တည်နေကြရတာပေါ့။ ဒီလိုနဲ့ ဘ၀ကို
ရုန်းကန်လာကြရင်း တစ်နေ့ မှာ သတင်းတစ်ခု ကြားခဲ့ရပါတယ်။ ဒီသတင်းကတော့ မြို့ ပေါ်မှာ လူတို့ တတ်
အပ်တဲ့ အသက်မွေးကြောင်း ပညာရပ်တွေကို သင်ကြားပေးတဲ့ ဆရာကြီး တစ်ဦးရှိတယ်ဆိုတာပါပဲ။

ပညာသင်ရတဲ့ နေရာမှာ တစ်နှစ်အတွင်း သင်ကြားတတ်မြောက်ပြီး ဖြစ်စေရမယ် ဆိုတဲ့ အာမခံချက်လည်းရှိ
တယ်တဲ့လေ။ အခကြေးငွေ အားဖြင့်တော့ အသပြာ တစ်ထောင်ပါတဲ့။

ဒါနဲ့ ပဲ လင်မယားနှစ်ယောက်ဟာ သားနဲ့ သမီး နှစ်ယောက်လုံးကို သွားသင်စေချင်ပေမယ့် နှစ်ယောက်လုံးစာ
အသပြာငွေ ပမာဏကို မတတ်နိုင်ရှာဘူးပေါ့။ ရှိတာလေးနဲ့ ထားဖို့ က တစ်ယောက်တွက် အသပြာ တစ်ထောင်ပဲ
သူတို့ မှာ ရှိပါတယ်တဲ့လေ။

ဒီလိုနဲ့  သားနဲ့ သမီးကို အနားသို့ ခေါ်စေပြီး အဖေက ယခုလိုပြောပါတယ်။ ” သားနဲ့ သမီး တို့ နှစ်ယောက်လုံးကို
အဖေနဲ့ အမေက အတတ်ပညာတွေ တတ်စေချင်ပြီး တိုးတက်ကြီးပွားသူတွေအဖြစ်နဲ့ မြင်ချင်တာပါ။ ဒါပေမယ့်
ဆင်းရဲတဲ့ ဘ၀ဖြစ်တဲ့ အတွက် တစ်ယောက်ကိုပဲ သင်ကြားစေနိုင်တယ်။ တစ်ယောက်တော့ အနစ်နာခံရမယ် ” ပေါ့။

မောင်နှမနှစ်ယောက်လည်း တစ်ယောက်နဲ့ တစ်ယောက် ညှာတာကြတာကြောင့် မောင်ကြီးပဲ သွားသင်၊ နှမလေး
ပဲ သွားသင်နဲ့  တွန်းထိုးနေကြတာပေါ့။ ကြင်နာတတ်တဲ့ စိတ်ကလေးတွေက လေးစားဖို့ ကောင်းတဲ့ မောင်နှမပါပဲ။

နောက်ဆုံးတော့ နှမလုပ်တဲ့သူက အကိုလုပ်သူကို ပြောပြပါတယ်။ ” မောင်ကြီး ..လောကမှာ လူတော်တွေ အတွက်
နေရာဆိုတာ မရှားပေဘူး။ မောင်ကြီးဟာ မိသားတစ်စုလုံးရဲ့ အားထားခြင်းကို ခံထားရတဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့
အပြင် ထက်မြက်တဲ့ မှတ်ဥာဏ်တွေလည်း ရှိတယ်။ တိကျ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ၊ ခံယူချက်တွေလည်း အ
ပြည့် ရှိနေပါတယ်။ သို့ ကြောင့် ဒီပညာတွေကို သင်ဖို့ နှမလေးထက်စာရင် မောင်ကြီးကသာ သင့်တော်ပါတယ်။ ဒါ
ကြောင့် မောင်ကြီးသာလျှင် ပညာရပ်တွေကို သွားရောက် သင်ယူပါလော့” ဆိုပြီး အနစ်နာခံ နေရာပေးလိုက်ပါတယ်။

အကို လုပ်တဲ့သူလည်း အနစ်နာခံ ဆုံးဖြတ်တတ်တဲ့ နှမလေးရဲ့ စိတ်ဓာတ်ကို လေးစားသွားပါတယ်။ မိဘ နှစ်ပါးက
လည်း သင့်တော်တဲ့ သူကို နေရာ ပေးနိုင်တဲ့ သမီးငယ်လေးစိတ်ဓာတ်ကို ချီးကျူး ဂုဏ်ယူကြတာပေါ့။ သမီးငယ်လေး
ထက် သားကြီးလေးက ပိုပြီး ထက်မြက်တယ်၊ တော်တယ်ဆိုတာကို မိဘ နှစ်ပါးလုံးက သိထားလို့ ပါပဲ။

ဒီလိုနဲ့  နှစ်တွေပြောင်းလာတော့ အကိုလုပ်သူလည်း ပညာတွေ တတ်မြောက်ပြီး မြို့ မှာ ကြိုးစားပမ်းစားနဲ့ မှန်ကန်စွာ
အသုံး ချနိုင်တဲ့ အတွက် ချမ်းသာကြွယ်ဝတဲ့ ကုန်သည်တစ်ဦး ဖြစ်သွားခဲ့ပါတယ်။ သူတို့ မိသားစုလေးလည်း တစ်စု
တစ်စည်းနဲ့ ငြိမ်းငြိမ်း ချမ်းချမ်း ချစ်ချစ်ခင်ခင်နဲ့  နေထိုင်စားသောက်သွားကြပါသတဲ့။

ဒီပုံပြင်လေးက ဘာအကြောင်းကို ပညာပေးချင်တာလည်း ဆိုတော့ တိုတောင်းတဲ့ လူ့ ဘ၀ကြီးမှာ လောကကို အကျိုး
ပြုနိုင်တဲ့ အတွက် သင့်တော်တဲ့ သူကို နေရာပေးတတ်ဖို့ ၊ ပေးရဲတဲ့ သတ္တိ လူတိုင်းတွင် ရှိဖို့ လိုတယ်ဆိုတဲ့ အရာပါပဲ။

ပုံပြင်ထဲက ကလေးမလေးဟာ သူ့ ထက်တော်တဲ့ သူ့ အကိုကို ရဲရဲဝင့်ဝင့် နေရာ တစ်ခုကို ပေးလိုက်ပြီး သူက အနစ်နာ
ခံလိုက်ပါတယ်။ ဒီအကျိုးကတော့ သူတို့ မိသားစုလေး နောင်တစ်ချိန် ဆင်းရဲ ပင်ပန်းမှု ဒဏ်ကနေ လွတ်မြောက် သွား
ခြင်းပါပဲ။

ထိုနည်းတူပဲ လူတစ်ယောက်ဟာ “ဘယ်သူသေသေ ငတေမာရင် ပြီးရော”ဆိုတဲ့ အတ္တတွေ၊ ခံစားချက်တွေကို ရှေးတန်း
မတင်သင့်ပါဘူး။ ဖြစ်သင့်တာကိုပဲ အကောင်းဆုံး ရွေးချယ်ကြရမှာပါ။ ဒါမှလည်း တန်ဖိုးရှိတဲ့ အချိန်တွေကို ခံစားကြရ
မှာပေါ့။

ယနေ့ ကိုယ့်တိုင်းပြည်မှာ အာဏာရဖို့ သူ့ ထက်ငါ တွန်းထိုးလုယက်နေတဲ့ အချိန်မျိုးမှာ ပုံပြင်ထဲက ကလေးမလေးရဲ့ လုပ်
ရပ်ကို သွားသတိရမိပါတယ်။ ပူပင်သောကတွေနဲ့  လုယက်နေတဲ့ လူကြီးတွေကို မြင်မိတော့ ပုံပြင်ထဲက အနစ်နာခံရဲတဲ့
စိတ်ဓာတ်ရှိတဲ့ ကလေးမ လေးကိုပဲ အကြိမ်ကြိမ်အခါခါ ဦးညွှတ်နေမိပါတော့တယ်။

လေးစားလျှက်ပါ။
True Man

Search Myanmar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။