Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, November 27, 2015

“ပညာတတ်များ မေ့လျော့နေသော အမှန်တရားများ”


“ပညာတတ်များ မေ့လျော့နေသော အမှန်တရားများ”

မြန်မာမှုနယ်ပယ်တွင် “သတိမမူ၊ ဂူမမြင်”ဟူသော မြန်မာစကားပုံ တစ်ခုရှိပေသည်။ မေ့လျော့ပေါ့ဆခြင်း မရှိစေရန် ဆုံးမထားသည့် စကားပုံပင်ဖြစ်သည်။ လူဟူသည် အတတ်ပညာ/အသိပညာ အနေဖြင့် မည်မျှပင် တတ်မြောက်သော်လည်း တစ်ခါတစ်ရံတွင် သတိမပြုမိသော အချက်များ ရှိနေတတ်ပေသည်။ ပညာတတ်များ အနေဖြင့် ထိုသို့ သတိမပြုမိသဖြင့် အမှားများလည်း ကြုံတွေ့ရတတ်ပေသည်။ ယခုဆောင်းပါးတွင် ပညာတတ်များအနေဖြင့် သတိ မပြုမိတတ်သည့် အချက်အချို့ကို လေ့လာတင်ပြလိုက်ပါသည်။

၁။ မည်မျှပင် ပညာတတ်မြောက်ပြီး၊ ဥာဏ်ရည်မြင့်မားပါစေ လက်တွေ့လုပ်ဆောင်ချက် မရှိလျှင် မည့်သည့်အရာကိုမျှ အောင်မြင်ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ချေ။

ပညာတတ်များအနေဖြင့် လက်တွေ့နှင့်စာတွေ့ကို ပေါင်းစပ်မှုမရှိလျှင် မအောင်မြင်နိုင်ကြောင်းကို သတိပေးထားခြင်း ဖြစ်သည်။ သင်ယူထားသည့် ပညာရပ်ကို လက်တွေ့နယ်ပယ်တွင် ပေါင်းစပ် အသုံးမချနိုင်လျှင် ဘွဲ့ဒီဂရီရရှိသူသာ ဖြစ်နေလိမ့်မည်။ အမှန်တကယ် ပညာတတ်မြောက်သူအဖြစ် မခေါ်ဆိုနိုင်ပေ။

၂။ ပျော်ရွှင်မှုနှင့် အောင်မြင်မှုသည် တစ်သီးတစ်ခြားစီ ရှိနေသော အရာများသာ ဖြစ်သည်။

ပညာတတ်များအနေဖြင့် သတိပြုသင့်သည်မှာ လူ့ဘ၀ဟူသည် ပျော်ရွှင်စွာ နေတတ်ဖို့လည်း အရေးကြီးပေသည်။ ပျော်ရွှင်မှုကို ဘ၀အောင်မြင်မှုနှင့် ဟန်ချက်ညီအောင် ထိန်းထားနိုင်ဖို့ လိုအပ်ပေသည်။ အပျော်လွန်ခြင်းသည် ဘ၀အောင်မြင်မှုကို အဟန့်အတား ဖြစ်နိုင်သလို အောင်မြင်မှုနောက်ကို လိုက်လွန်းသဖြင့် ဘ၀ပျော်ရွှင်မှုလည်း ပျောက်ဆုံး တတ်ပေသည်။

၃။ အလွန့်အကျွံ ရွေးချယ်မှုသည် ဆုံးဖြတ်ချက် ချရာတွင် အနှောင့်အယှက် ဖြစ်စေတတ်သည်။

“အတတ်ကြူး၊ အရူးဖြစ်” ဟူသော ဆုံးမစကားအတိုင်း အလုပ်တစ်ခုကို လုပ်ဆောင်ရာတွင်ဖြစ်စေ၊ ဆုံးဖြတ်ချက် ချမှတ်ရာတွင်ဖြစ်စေ တစ်ဖက်စွန်းရောက် တွေးခေါ်ဆုံးဖြတ်မှုသည် အောင်မြင်မှုကို အဟန့်အတား ဖြစ်စေနိုင်ကြောင်း ကိုလည်း ပညာတတ်များအနေဖြင့် သတိပြုသင့်ပေသည်။ ထို့ကြောင့် တစ်ခါတစ်ရံတွင် အခွင့်အလမ်းကောင်းကို လက်လွှတ် ဆုံးရှုံးရတတ်ပေသည်။

၎။ လူသားတိုင်းတွင် အောင်မြင်မှု အထွေထွေနှင့် ကျရှုံးမှု အဖုံဖုံ ရှိနေတတ်သည်။

ဘ၀ဆိုသည်မှာ နိမ့်တုံ/မြင့်တုံရှိသည့် တရားသဘောကိုလည်း ဆင်ခြင်သတိပြုဖို့ လိုပေသည်။ အကောင်းဆုံးအတွက် ပြင်ဆင်ထားဖို့ လိုသလို အဆိုးဆုံး ဖြစ်လာလျှင်လည်း ရင်ဆိုင်ရဲဖို့ လိုအပ်ကြောင်း သတိပြုအပ်ပေသည်။ လူသားတိုင်း အတွက် လောကဓံသည် အကောင်းနှင့်အဆိုးကို ဒွန်တွဲလျက် ဖန်တီးပေးထားသည်။

၅။ အမှားများ မှတစ်ဆင့် တိုးတက်မှု တစ်စုံတစ်ရာကို ရှာဖွေနိုင်ရန် လိုအပ်ပေသည်။

ပညာတတ်များ အနေဖြင့် အမှားကို ရင်ဆိုင်ရမှာ စိုးရိမ်လွန်ပြီး တစ်စုံတစ်ရာ မပြုမိဘဲ နေခြင်းထက် အမှားများမှလည်း တိုးတက်မှု တစ်စုံတစ်ရာ ရရှိနိုင်ကြောင်းကို သတိပြုရန် လိုအပ်ပေသည်။ အမှားပြုလုပ်မိခြင်းမှ သင်ခန်းစာယူနိုင်ပြီး ဘ၀ကို အောင်မြင်စွာ တည်ဆောက်နိုင်ဖို့ရာ အရေးကြီးကြောင်းကိုလည်း သတိပြုသင့်ပေသည်။ အမှား ပြုလုပ်မိတိုင်း ကျဆုံးမှုကို ရင်ဆိုင်ရမည်ဟု ဧကန်မုချ မသတ်မှတ်နိုင်ခြင်းကြောင့် ပင်ဖြစ်သည်။

၆။ မိမိ၏ ၀ါသနာနှင့် တစ်ထပ်တည်း မကျသည့် အလုပ်များတွင်လည်း အောင်မြင်မှုများ ရှိနေတတ်သည်။

လူသားတိုင်းသည် ၀ါသနာနှင့်အလုပ်ကို ထပ်တူထပ်မျှ ရှိခြင်းကိုသာ မျှော်လင့်ပေလိမ့်မည်။ သို့သော် ဘ၀ဟူသည် မိမိ မျှော်လင့်ထားသကဲ့သို့ ဖြစ်လာလိမ့်မည်ဟု လှေနံဓားထစ် မှတ်ယူခြင်းငှာ မဖြစ်နိုင်ပေသည်။ တစ်ခါတစ်ရံတွင် လုပ်သလို မဖြစ်သဖြင့် ဖြစ်သည့်အရာပေါ်တွင် မှန်ကန်စွာ လုပ်ဆောင်ရင်းဖြင့် အောင်မြင်မှုများ ရရှိတတ်ကြောင်းကို ပညာတတ်များ အနေဖြင့် သတိပြုရန် လိုအပ်ပေသည်။

၇။ ပြဿနာကို ဖန်တီးသူမှာ တစ်ခါတစ်ရံတွင် မိမိကိုယ်တိုင်သာ ဖြစ်တတ်ပေသည်။

ပညာတတ်များ အနေဖြင့် တစ်ပါးသူ၏ အမှားကို မြင်လွယ်တွေ့လွယ်သော်လည်း မိမိကိုယ်တိုင်၏ အမှားကို မမြင်တတ်ကြောင်း သတိပေးထားခြင်ဖြစ်သည်။ လူသားတိုင်း၏ ဘ၀အောင်မြင်မှုအတွက် အကောင်းဆုံးသော နည်းလမ်းမှာ မိမိကိုယ်တိုင်ကို ပထမဦးစွာ ဆန်းစစ်သုံးသပ်ခြင်း ဖြစ်ပေသည်။

၈။ ကောင်းမွန်သည့် ဆုံးချက်ကို ချမှတ်နိုင်ရန် စိတ်ခံစားမှုကို ဦးစားမပေးမိရန် သတိပြုဖို့ လိုအပ်ပေသည်။

မိမိ၏ စိတ်ခံစားမှုကို ဦးစားပေးပြီး ချမှတ်သည့် ဆုံးဖြတ်ချက်သည် မှန်ကန်မှုနှင့် နီးစပ်ဖို့ရာ မဖြစ်နိုင်ပေ။ ကြောင်းကျိုး ဆီလျော်မှုဖြင့် စဉ်းစားဆုံးဖြတ်မှသာလျှင် မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ပေလိမ့်မည်။ စိတ်ခံစားမှုကို ဦးစားပေးလွန်းခြင်းသည် အမှားများပင် ဖြစ်တတ်ကြောင်းကိုလည်း သတိပြုသင့်ပေသည်။

၉။ အခွင့်အလမ်းများကို ဆုပ်ကိုင်နိုင်ဖို့ရာ အဆင်သင့် မဖြစ်သေးဟု ထင်မြင်နေသမျှ အောင်မြင်မှု လမ်းကြောင့်နှင့် ဝေးကွာနေပေလိမ့်မည်။

အခွင့်အလမ်း ရှိသည်ဖြစ်စေ/ မရှိသေးသည်ဖြစ်စေ မိမိတို့အနေဖြင့် ပြုလုပ်ထားရမည့် အရာမှာ ကြိုတင်ပြင်ဆင် ထားခြင်းပင် ဖြစ်သည်။ ကြိုတင်ပြင်ဆင် ထားခြင်းဖြင့် မိမိ၏ လက်တစ်ကမ်းတွင်ရှိသော အခွင့်အလမ်းများကို အမိအရ ဆုပ်ကိုင် နိုင်ပေလိမ့်မည်။ ပညာတတ်များအနေဖြင့် မိမိသည် အခွင့်အလမ်း ကောင်းများကို အမိအရ ဆုပ်ကိုင်နိုင်ဖို့ရာ အဆင်သင့် မဖြစ်သေးကြောင်း ရံဖန်ရံခါ ထင်မြင်တတ်ပေသည်။ ထိုသို့ ထင်မြင်နေလျှင် အောင်မြင်မှုနှင့် ဝေးကွာနေပေ လိမ့်မည်။ ခြေလှမ်းကို ရဲဝံ့စွာဖြင့် ရှေ့သို့ တစ်လှမ်းတိုးခြင်းသည်သာ အောင်မြင်မှု၏ လမ်းစကို ရောက်ရှိခြင်း ဖြစ်သည်။

ပညာတတ်များ အနေဖြင့် အထက်ပါ အချက်များကို မမေ့မလျော့ သတိပြုရန် လိုအပ်ပေသည်။ မိမိတို့ သင်ယူထားသည့် အတတ်ပညာနှင့် အသိပညာများကို အစွန်းမရောက်ဘဲ အလယ်အလတ် လမ်းစဉ်ဖြင့် ဘ၀ကို လျှောက်လှမ်းနိုင်ပြီး အားနည်းချက်များကို ပြင်ဆင်ကာ အောင်မြင်မှုပန်းတိုင်ကို ဆုပ်ကိုင်နိုင်ပါစေဟု ဆန္ဒပြုလိုက်ရပါသည်။

Ref: http://www.marcandangel.com/

လျှံဇွဲကို(စီးပွားရေးတက္ကသိုလ်)

၂၈.၉.၂၀၁၄ (အခွင့်အလမ်းဂျာနယ်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။