Roanoke Colony
.
Roanoke Colony ဆိုတာဟာ ယနေ့ခေတ်မှာတော့ မြောက်ကယ်ရိုလိုင်းနားပြည်န
Sailing Stones
.
Death Valley မှာ ရှိတဲ့ ခြောက်သွေ့တဲ့ကန်ထဲက ကျောက်တုံးလမ်းကြောင်းကြီးေ
Taos Hum
.
Taos Hum ဆိုတာဟာ တဝီဝီမြည်နေတဲ့ ဘာမှန်းမသိတဲ့ အသံတွေပါ ။ ဒီထူးခြားတဲ့ အသံကို ယူအက်စ် ၊ ယူကေနဲ့ ဥရောပ မြောက်ဖက်ပိုင်းဒေသတွေမှာ တစ်ခါတစ်ရံ ကြားရတက်ပါတယ် ။ ဒီနာမည်ကတော့ Taos, New Mexico ကနေလာတာပါ ၊ ယနေ့ထိတိုင် ဒီအသံတွေအကြောင်းကို အမြောက်အမြားသုတေသန ပြုလုပ်နေကြပေမယ့် အဖြေကို ရှာမတွေ့သေးပါဘူး။
Vile Vortices
.
Vile Vortices ဆိုတဲ့ အသုံးအနှုံန်းကို Ivan Sanderson ဆိုသူက twelve geographic areas တစ်နည်းအားဖြင့် ထူးထူးခြားခြား ပျောက်ဆုံးမှုတွေ ဖြစ်ပေါ်တက်တဲ့နေရာကို ရှင်းပြရာမှာ သုံးတဲ့ အသုံးအနှုန်းပါ ။ Vortices က ရည်ညွှန်းတဲ့ ဒေသတွေထဲမှာ များစွာသော သဘောင်္နဲ့ လေယာဉ်တွေ အကြောင်းမဲ့ ပျောက်ဆုံးသွားလေ့ရှိတဲ့ နာမည်ကျော် ဘာမြူဒါတြိဂံဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။
Ball Lightning
.
Ball Lightning ဟာ မဖြေရှင်းနိုင်သေးတဲ့ မိုးကြိုးပစ်ချချိန်နဲ့ ဆက်စပ်နေတဲ့ သဘာဝလေထုအခြေအနေ တစ်ရပ်ဖြစ်ပါတယ် ။ အချို.သော မိုးကြိုးပစ်ချမှုက ပုံရိပ်ဟာ ပုံထဲမှာ ပါတဲ့အတိုင်း ထူးခြားတဲ့ ပုံစံရှိနေပြီး အဲ့ဒါဟာ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို ဘယ်သူကမှ မရှင်းပြနိုင်သေးပါဘူး။
Spontaneous Combustion
.
Spontaneous Combustion ဆိုတာဟာ လူသားခန္တာကိုယ်ကနေ အလိုအလျှောက် မီးထလောက်တာဖြစ်ပြီး ဘာကြောင့်ဖြစ်ရမှန်း မဖြေရှင်းနိုင်သေးပါဘူး ။ ဒီလိုဖြစ်ခဲ့တဲ့ လူတွေများစွာ ရှိတယ်ဆိုတာ သမိုင်းကြောင်းတစ်လျှောက် မှတ်တမ်းများစွာ ရှိပါတယ်။ များစွာသော သုတေသနတွေ ပြုလုပ်ကြပေမယ့်လည်း အဖြေကတော့ ဝေဝါးနေဆဲပါပဲ။
Tunguska Explosion
.
၁၉၀၈ ခုနှစ်တုန်းကTunguska, Siberia က တောအုပ်ထဲကို ကောင်းကင်က မီးလုံးတစ်လုံး ကျလာပြီး အဲ့ဒီဒေသကို လောင်ကျွမ်းခဲ့ပါတယ်။ ဒီပေါက်ကွဲမှုဟာ ဟီရိုရှီးမားမှာ နယူးကလီးယားပေါက်ကွဲပြီး လောင်ကျွမ်းမှုနဲ့ ညီမျှပါတယ် ။ ဒါပေမယ့်လည်း သိပ္ပံပညာရှင်တွေကတော့ ဒီကိစ္စကို မဖြေရှင်းနိုင်သေးပါဘူး။
Bigfoot
.
ခြေရာကြီးကို Sasquatch လို့လည်း လူသိများပြီး ဒီခြေရာတွေဟာ အမေရိကအနောက်မြောက်ဖက် ဒေသတွေမှာ များစွာသော တောင်တက်သမားတွေနဲ့ မုဆိုးတွေက မကြာခဏဆိုသလို တွေ့ရှိကြပါတယ် ။ ယခုအခါမှာတော့ ဒီခြေရာကြီးတွေဟာ ပုံပြင်တစ်ပုဒ်လို နောက်စရာတစ်ခုလို အဖြစ်သာ ကျန်ရှိနေပေမယ့် ဒီခြေရာကြီးတွေရဲ. ပိုင်ရှင်ဟာ ဘယ်သူလည်းဆိုတာကိုတော့ မသိနိုင်ကြသေးပါဘူး။
Atlantis
.
ပျောက်ဆုံးနေတဲ့ Atlantis မြို.ဟောင်းကြီး အကြောင်းကို ပထမဆုံးဖော်ပြထားတာက ဒဿနဆရာ ပလေတိုရဲ.Timaeus and Critias စာအုပ်မှာပါ ။ ဒီမြို.ကြီးဟာ 9000 BC လောက်က ကြောက်မက်ဖွယ်ရေအောက်ကို နစ်မြုပ်သွားရတာပါ ။ တစ်ရက်ထဲနဲ့ ပျောက်ကွယ်သွားရတာလို့လည်း ဆိုကြပါတယ်။
Amelia Earhart
.
သူမဟာ ၁၉၃၇ ခုနှစ်က လေကြောင်းနဲ့ ကမ္ဘာကို ပတ်နိုင်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီးတစ်ဦးပါ ။ Amelia Earhart ဟာ Howland ကျွန်းနားက ပစိဖိတ်သမုဒ္ဒရာတွင်း တစ်နေရာမှာ ပျောက်ဆုံးသွားခဲ့ပါတယ် ။ တရားဝင်ပြောဆိုမှုတွေအရ သူမဟာ လေယာဉ်ဆီပျက်ပြီး ပျောက်ဆုံးခဲ့ရတာဆိုပေမယ့် တကယ့်တကယ် ပျောက်ဆုံးရခြင်း အကြောင်းတရားကို ဘယ်သူကမှ မသိနိုင်ပါဘူး ၊ ဘာလို့လည်းဆိုတော့ သူမကို ဘယ်တော့မှ ရှာဖွေမတွေ့တော့လို့ပါပဲ။
Credit to◄=► buzz.myanmarportal.net◄=►Thank◄=
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။