Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 1, 2014

ပဲခူးတိုင်း သာယာကုန်းကျေးရွာအုပ်စု အငြင်းပွားလယ်မြေဧက ၅၈၀၀ ပေါ်၌ တပ်မတော်က အုတ်တံတိုင်းခတ် ကာရံလိုက်သဖြင့် လူမှုဘ၀အခက်အခဲကြုံရဟု တောင်သူများ ရှင်းလင်း

ပဲခူးတိုင်း သာယာကုန်းကျေးရွာအုပ်စု အငြင်းပွားလယ်မြေဧက ၅၈၀၀ ပေါ်၌ တပ်မတော်က အုတ်တံတိုင်းခတ် ကာရံလိုက်သဖြင့် လူမှုဘ၀အခက်အခဲကြုံရဟု တောင်သူများ ရှင်းလင်း

ပဲခူးတိုင်း သာယာကုန်းကျေးရွာအုပ်စုတွင် အငြင်းပွားနေဆဲ လယ်မြေဧက ၅၈ဝဝ ပေါ်၌ တပ်မတော်က အုတ်တံတိုင်းခတ် ကာရံလိုက်သဖြင့် တောင်သူများနှင့် ကျောင်းသားများ အခက်အခဲဒုက္ခဖြစ်ပေါ်နေသည်ဟု ဒေသခံလယ်သမားများက စက်တင်ဘာ ၃ဝ ရက်က မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း၌ သတင်းစာရှင်းလင်းခဲ့သည်။

၁၉၉၇-၁၉၉၈ ခုနှစ်မှ စတင်၍ ပဲခူးတိုင်းသာယာကုန်းကျေးရွာအုပ်စုရှိ ကျေးရွာငယ် ခုနစ်ရွာရှိ လယ်မြေဧက ၅၈ဝဝ ကို ခဲယမ်းမီးကျောက်တပ်(ခယရ)နှင့် လေတပ် ခဲယမ်းမီးကျောက်တပ်မှ သိမ်းယူခဲ့ပြီး သိမ်းဆည်းခံလယ်မြေများပေါ်ရှိ လယ်သမားများအား ပေ ၇ဝ x ပေ ၉ဝ အကျယ်မြေတစ်ကွက် စီပေးပြီး နိုင်သာယာကျေးရွာဆိုသော ကျေးရွာသစ်တစ်ရွာ တည်ပေးခဲ့ကြောင်း ရှင်းလင်းပွဲမှ သိရသည်။
သို့ရာတွင် ကျေးရွာသစ်တွင် လယ်ယာမြေလုပ်စရာမရှိသည့်အတွက် စားဝတ်နေရေး ကျပ်တည်းလာသော တောင်သူလယ်သမားများမှာ ရွာဟောင်းသို့ပြန်ပြောင်းလာကာ လယ်ပြန်လုပ်ခဲ့ပြီး တပ်မတော်သို့ တစ်နှစ်လျှင် မိုးစပါး ရှစ်တင်း၊ နွေစပါး ၁ဝ တင်းနှုန်းဖြင့် ပြန်လည်ပေးသွင်းရကြောင်း သိရသည်။
ထို့ပြင် ယင်းကဲ့သို့ ပြန်လည်ပြောင်းရွှေ့နေထိုင်စဉ်ကာလအတွင်း လယ်သမားများအား နှစ်ရှည်ပင်များစိုက်ပျိုးမှု၊ အိမ်ကြီးအိမ်ကောင်းများ ဆောက်လုပ်မှုတို့ကို တပ်မတော်တာဝန်ရှိသူများက တားမြစ်ခဲ့သည်ဟု လယ်သမားများထံမှ သိရသည်။
လယ်သမားတစ်ဦးဖြစ်သူ ဦးခိုင်ရွှေက “ကျွန်တော်တို့ လယ်ပိုင်ဘဝကနေ လယ်ကျွန်ဘဝ ရောက်ခဲ့ရပါတယ်။ တပ်က သိမ်းတယ်ဆိုတာက ၁၉၉၃ ခုနှစ်လောက်က သိတယ်။ ဒါပေမဲ့ တကယ်သိမ်းတာက တကယ်သိမ်းတာပါ” ဟု ဆိုသည်။
ယင်းကဲ့သို့ စပါးပုံမှန်သွင်းရင်း ၁၉၉၇ -၉၈ ခုနှစ်များမှ ၂ဝ၁၂ ခုနှစ်အထိ နေထိုင်လာသော လယ်သမားတို့မှာ ယင်းနှစ်များအတွင်း အမှတ်(၁) ခဲယမ်းမီးကျောက်တပ်က ၎င်းတို့သိမ်းယူထားသော လယ်မြေဧကများထက် ဆောက်လုပ်သောအဆောက်အအုံ အချိုးအစားမှာ သိသိသာသာနည်းနေခြင်း၊ မိမိလယ်တွင် မိမိသီးစားပြန်လုပ်ပေးရသည်များကို မနှစ်မြို့ခြင်း တို့ကြောင့် ၂ဝ၁၂ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် နှစ်စဉ် စပါးသွင်းရန် ငြင်းဆန်ခဲ့ရာမှ ယခုကဲ့သို့ တပ်မတော်က လယ်မြေဧရိယာများကို ဝင်းခတ်လာခြင်းဖြစ်သည်ဟု လယ်သမားများထံမှ သိရသည်။
ယင်းကဲ့သို့ သံဆူးကြိုးများဖြင့် အုတ်တံတိုင်း ကာရံလိုက်မှုကြောင့် ရွာတစ်ဖက်ခြမ်းရှိ နေအိမ်ငယ်များမှ လယ်မြေများဆီသို့ သွားရန် အခက်အခဲရှိလာခြင်း၊ ကျွဲနွားများအား လယ်ထဲသို့သွင်းရန် အခက်အခဲရှိလာခြင်းတို့အပြင် ကျေးရွာရှိ လယ်သမားများ၏ သားသမီးများ နေ့စဉ်ပညာဒါနကျောင်းသို့ သွားရာတွင် အုတ်တံတိုင်းကိုဖြတ်သန်းရန် ထောင်ထားသောဝါးလှေကားကို ဖြတ်သန်းနေရခြင်း၊ ယင်းဝါးလှေကားမှာလည်း တပ်မှလာရောက်ဖျက်ဆီးမှုကြောင့် ဒုတိယအကြိမ် ထပ်မံပြုလုပ်ရခြင်းစသည့် အခက်အခဲများဖြစ်ပေါ်နေသည်ဟု တောင်သူလယ်သမားများက ဆိုသည်။
တပ်မတော်နှင့် လယ်သမားတို့ ယင်းမြေအငြင်းပွားမှုအပေါ် လေးကြိမ်ခန့်တွေ့ဆုံခဲ့ပြီး လယ်သမားတို့အား လယ်ပြန်မပေးနိုင်ကြောင်းနှင့် တပ်လိုအပ်ချက်အရ ယူထားကြောင်းကို တပ်တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု လယ်သမားများကဆိုသည်။
“တပ်က သိမ်းသွားကတည်းက ကိုယ့်လယ်ကို ကိုယ်ထွန်ပြီး သီးစားခပြန်ပေးနေရတယ်။ နောက်ပြီး အဲဒီလိုသာ သီးစားခပေးနေရတာ စိုက်စရိတ်ချေးငွေလည်း မရဘူး။ ၂ဝ၁၂ ခုနှစ်မှာ လယ်ယာမြေဥပဒေပေါ်လာပြီဆိုတော့ ကျွန်တော်တို့လည်း လယ်ပြန်တောင်းတဲ့အခါမှာ အခုလိုတပ်က လယ်တွေလုပ်မရအောင် အုတ်တံတိုင်းခတ်တဲ့ အနေအထားတွေ ဖြစ်သွားတာပဲ”ဟု ပဲခူးတိုင်းသာယာကုန်းကျေးရွာအုပ်စု ရွှေလေးရွာရှိ လယ်သိမ်းခံရသူ ကိုစံရွှေက ပြောကြားသည်။
တပ်မတော်က အုတ်တံတိုင်းခတ်ကာရံမှုမှာ ၂ဝ၁၃ ခုနှစ်ကတည်းက စတင်နေခြင်းဖြစ်သည်ဟုသိရပြီး လက်ရှိအချိန်တွင် ကာရံခြင်းမပြုရသေးသော မြေဧရိယာများလည်း ရှိနေကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်ဘက်သို့ ဆက်သွယ်မေးမြန်းရန်အတွက် အမှတ်(၁) လက်နက်ခဲယမ်းမီးကျောက်တပ် မှ တပ်မှူးမင်းသော်၏ လက်ကိုင်ဖုန်းအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။