သူနေ့ရာပြန်ထားပါ - Put Back to Original Place
စာရိတ္တကောင်းသူ၊ အောင်မြင်သူများရဲ့ အကျင့်ကောင်းတွေမှာ အတွင်းစိတ်က အဓိကပါ။ ဒါပေမဲ့ အပြင်သဏ္ဍန်ကလည်း လူအမြင်၊ ကိုယ့်အိမ်၊ ကိုယ်အလုပ်အတွက် အရေးကြီးပါတယ်။ သေသပ်ခြင်း၊ စကားပြော၊တိုရင်းလိုရှင်း၊ သူ့များမထိခိုက်စေသောဟာသစကားများ၊ သူ့ဖက်ကိုယ့်ဖက်ကြည့်တတ်ခြင်း ..စသဖြင့်များစွာ ရှိပါတယ်။
.
အခုရေးမဲ့ အကြောင်းကတော့ ". သူ့နေရာပြန်ထားခြင်း " ...ဆိုတဲ့ ရိုးစင်းတဲ့အချက်ကလေးပါ။ အောင်မြင်တဲ့ဘဝကို လျှောက်လှမ်းနေသူများဟာ ..တဆင့်ပြီးတဆင့်တက်ရပါတယ်။ ဘွဲ့ရအောင် ..ဆယ်တန်းအောင်ရပါတယ်။ ဆယ်တန်းအောင်ဖို့.. အလယ်တန်း၊ မူလတန်း ..နှစ်ပေါင်းများစွာ တဆင့်ပြီးတဆင့် တက်လှမ်းရပါတယ်။
.
အသက်ရွယ်ကြီးလာချိန်မှာတော့ အလုပ်လုပ်ရင်း၊ စီးပွားရှာချိန်ရောက်တော့.. ပစ္စည်းဥစ္စာ၊ငွေ လိုချင်လာပါတယ်။ ဘယ်သူမှ အလကားရတဲ့ပိုက်ဆံ မလိုချင်ပေမဲ့.. ထီပေါက်တာတော့ လိုချင်ကြပါတယ်။ ထီပေါက်ရင် ဒေါ်လာတစ်သိန်း ရရင် ဘာလုပ်မလဲ..မေးတဲ့အခါ၊ ကိုယ်လုပ်ချင်တာတွေ လုပ်ဖို့ပြောကြပါတယ်။ ဖြစ်သင့်တာတော့ ..သူများမသိအောင်နှုတ်လုံရမယ်၊ ကိုယ့်မိတ်ဆွေရင်း အနည်းငယ်နဲ့တိုင်ပင်ရပါမယ်။ ..ဘာလိုပဲဖြစ်ပါစေ.. ဒီငွေတွေဟာ ကိုယ်နဲ့ထိုက်လို့ရတယ်ဆိုပြီး..ကိုယ့်စိတ်ကြိုက်မသုံးမိဖို့ပါ။ ခရစ်ယာန်ဆိုရင် ဒါက ဘုရားပေးတဲ့ပိုက်ဆံဖြစ်လို့ ..မိမိဘုရားကျောင်းကို ၁၀% အရင်ဆက်ကပ်၊ လှုဒါန်းလိုက်တယ်။ ဘုရားမဲ့လူဆိုရင်လဲ ..Conciliator လို့ခေါ်တဲ့ ပါစင်နယ်အတိုင်ပင်ခံကို ငွေများစွာပေးပြီး တိုင်ပင်ကြပါတယ်။
.
". သူ့နေရာပြန်ထားခြင်း " .
ကိုယ့်အခန်း၊ ကိုယ့်အိမ်မှာ အိပ်ယာ၊ စာကြည့်စားပွဲ၊ ရေချိုးခန်း၊ မီးဖို ပစ္စည်းများကို သူ့နေရာသူပြန်ထားတတ်တဲ့ အကျင့်က အလွန်အရေးကြီးပါတယ်။ ကိုယ့်အခန်းဆိုပြီး.. ထားချင်တဲ့နေရာထားမိရင် ...ပစ္စည်းပျောက်လို့ လိုက်ရှာတဲ့ပြသနာ လူတိုင်းကြုံဖူးမှာပါ။
.
တကယ်လို့ ၂ယောက်အတူနေတဲ့ အခန်းဆိုရင်တော့ ကိုယ်နေရာထားမှားရင်၊ ကိုယ့်သူငယ်ချင်းကို သူများနေရာရွှေ့ထားသလားလို့ .. အပြစ်မြင်ချင်လာပါတယ်။ တကယ်လို့များ ..သွားမေးလိုက်မိရင်..အတူနေ တဲ့သူငယ်ချင်း စိတ်ကွက်သွားနိုင်ပါတယ်။ ငါနေရာထားမှားသလားမသိဘူး... ငါ့ .. ဘောပင်လေး မင်းတွေ့မိပါသလား..လို့ အတူနေသူငယ်ချင်ကိုလဲ .. ချိုသာစွာမေးရပါတယ်။
.
လူတွေအများကြီး စုဝေးနေတဲ့ ရုံးခန်း၊ အလုပ်ခန်း၊ စာသင်ခန်း၊ ဘုရားကျောင်းကန် တွေမှာတော့ သူ့နေရာသူထားခြင်းက အလွန်ကြီးမားတဲ့ စည်းကမ်းကြီးဖြစ်ပါတယ်။ အလွန်ကြီးမားတဲ့ တာဝန်များမယူခင်.. အသေးအမွှားဖြစ်တဲ့ ကိုယ့်ပစ္စည်းကို သူ့နေရာပြန်ထားခြင်းဆိုတဲ့ အကျင့်ကောင်းလေးတစ်ခု ... ကို အမြဲလိုက်နာရန်ဖြစ်ပါတယ်။
.
ဒါကြောင့် မြန်မာနိုင်ငံ ဘတ်စကားတွေမှာ "ထသွား၊ ပြန်ကြည့်၊ သတိရှိ" ဆိုတဲ့ စာတန်းရှိပါတယ်။ ကိုယ့် ဟန်းဖုန်း၊ ကိုယ့် ပိုက်ဆံအိတ်၊ ကိုယ့်မျက်မှန်၊ ကိုယ့်မှတ်စုစာအုပ် ..စတဲ့ ကိုယ်နဲ့မကွာရှိရမဲ့ ပစ္စည်းတွေ ဘယ်လိုထိန်းသိမ်းရမလဲ ..ဆိုတော့... ". သူ့နေရာပြန်ထားခြင်း " ဆိုတဲ့ စည်းကမ်းကို လိုက်နာဖို့ပါပဲ။ ဒါကြောင့် မျက်မှန်ဆိုရင် မျက်စေ့ပေါ်အမြဲတင်ထားဖို့၊ ပိုက်ဆံအိတ်ဆိုရင်..ညာဖက်အိ တ်ထဲအမြဲထည့်ဖို့၊ ဘောပင်၊ ကားသော့၊ အိမ်သော့၊ ရုံးသော့၊ မှတ်တမ်းစာအုပ်..တွေဆိုရင် လက်ပွေ့အိတ်ထဲအမြဲထည့်၊ လက်ပွေ့အိတ်ကို ပုခုံးပေါ်အမြဲတင်ထားဖို့ ... အသေးအမွှားတွေကို အောင်မြင်ရင်..အကြီးမားတွေကိုလဲ အောင်မြင်လာမှာပါ...။
.
အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ..။
စာရိတ္တကောင်းသူ၊ အောင်မြင်သူများရဲ့ အကျင့်ကောင်းတွေမှာ အတွင်းစိတ်က အဓိကပါ။ ဒါပေမဲ့ အပြင်သဏ္ဍန်ကလည်း လူအမြင်၊ ကိုယ့်အိမ်၊ ကိုယ်အလုပ်အတွက် အရေးကြီးပါတယ်။ သေသပ်ခြင်း၊ စကားပြော၊တိုရင်းလိုရှင်း၊ သူ့များမထိခိုက်စေသောဟာသစကာ
.
အခုရေးမဲ့ အကြောင်းကတော့ ". သူ့နေရာပြန်ထားခြင်း " ...ဆိုတဲ့ ရိုးစင်းတဲ့အချက်ကလေးပါ။ အောင်မြင်တဲ့ဘဝကို လျှောက်လှမ်းနေသူများဟာ ..တဆင့်ပြီးတဆင့်တက်ရပါတယ်။
.
အသက်ရွယ်ကြီးလာချိန်မှာတော့
.
". သူ့နေရာပြန်ထားခြင်း " .
ကိုယ့်အခန်း၊ ကိုယ့်အိမ်မှာ အိပ်ယာ၊ စာကြည့်စားပွဲ၊ ရေချိုးခန်း၊ မီးဖို ပစ္စည်းများကို သူ့နေရာသူပြန်ထားတတ်တဲ့ အကျင့်က အလွန်အရေးကြီးပါတယ်။ ကိုယ့်အခန်းဆိုပြီး.. ထားချင်တဲ့နေရာထားမိရင် ...ပစ္စည်းပျောက်လို့ လိုက်ရှာတဲ့ပြသနာ လူတိုင်းကြုံဖူးမှာပါ။
.
တကယ်လို့ ၂ယောက်အတူနေတဲ့ အခန်းဆိုရင်တော့ ကိုယ်နေရာထားမှားရင်၊ ကိုယ့်သူငယ်ချင်းကို သူများနေရာရွှေ့ထားသလားလို့ .. အပြစ်မြင်ချင်လာပါတယ်။ တကယ်လို့များ ..သွားမေးလိုက်မိရင်..အတူနေ
.
လူတွေအများကြီး စုဝေးနေတဲ့ ရုံးခန်း၊ အလုပ်ခန်း၊ စာသင်ခန်း၊ ဘုရားကျောင်းကန် တွေမှာတော့ သူ့နေရာသူထားခြင်းက အလွန်ကြီးမားတဲ့ စည်းကမ်းကြီးဖြစ်ပါတယ်။ အလွန်ကြီးမားတဲ့ တာဝန်များမယူခင်.. အသေးအမွှားဖြစ်တဲ့ ကိုယ့်ပစ္စည်းကို သူ့နေရာပြန်ထားခြင်းဆိုတဲ့ အကျင့်ကောင်းလေးတစ်ခု ... ကို အမြဲလိုက်နာရန်ဖြစ်ပါတယ်။
.
ဒါကြောင့် မြန်မာနိုင်ငံ ဘတ်စကားတွေမှာ "ထသွား၊ ပြန်ကြည့်၊ သတိရှိ" ဆိုတဲ့ စာတန်းရှိပါတယ်။ ကိုယ့် ဟန်းဖုန်း၊ ကိုယ့် ပိုက်ဆံအိတ်၊ ကိုယ့်မျက်မှန်၊ ကိုယ့်မှတ်စုစာအုပ် ..စတဲ့ ကိုယ်နဲ့မကွာရှိရမဲ့ ပစ္စည်းတွေ ဘယ်လိုထိန်းသိမ်းရမလဲ ..ဆိုတော့... ". သူ့နေရာပြန်ထားခြင်း " ဆိုတဲ့ စည်းကမ်းကို လိုက်နာဖို့ပါပဲ။ ဒါကြောင့် မျက်မှန်ဆိုရင် မျက်စေ့ပေါ်အမြဲတင်ထားဖို့၊ ပိုက်ဆံအိတ်ဆိုရင်..ညာဖက်အိ
.
အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ..။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။