မှေးမှိန်မှုန်ဝါးလှသည့် တရားမျှတမှု
--------
ဆောင်းပါးရှင် - သန်းစိုးနိုင်
--------
“၁၉၄၇ ခု အခြေခံဥပဒေ” က အတည် ပြုပြဋ္ဌန်းပေးခဲ့တဲ့ နိုင်ငံတော် သီချင်း ထဲမှာ လွတ်လပ်တဲ့ အနာဂတ်မြန်မာနိုင်ငံတော်အ တွင်း ကျင့်သုံးရမည့် မူဝါဒတွေနဲ့ပတ်သက် လို့ လမ်းညွှန်ဖော်ပြထားတဲ့ စာကြောင်းတစ် ကြောင်း ပါရှိပါတယ်။
“တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ ဒို့ပြေ ဒို့မြေ ... များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့မြေ ...”
ဒီနိုင်ငံတော်သီချင်းထဲမှာပါတဲ့ လွတ်လပ် မှု၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုဆိုတဲ့ မူတရား တွေဟာ လွတ်လပ်ရေးခေတ်တစ်လျှောက် လုံး ပြည့်ပြည့်၀၀ ခံစားခွင့် မရခဲ့ရုံမျှမက အ ထူးသဖြင့် တော်လှန်ရေးကောင်စီခေတ် ၁၉၆၂ ခုနှစ်ကစလို့ ဒီ အခွင့်အရေးအလုံးစုံ ပျောက် ဆုံးကုန်ခဲ့ရပါတယ်။ တစ်ပါတီစစ်အာဏာရှင် စနစ်အောက်မှာ ပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရ သလို တိုင်း ရင်းသားအားလုံးရဲ့ တန်းတူညီမျှမှုနဲ့ ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်တွေလည်း ရုပ်သိမ်းခံခဲ့ကြရ ပါတယ်။ ဒါကြောင့် တိုင်းရင်းသားပြည်သူတွေ ရဲ့ ဒီမိုကရေစီ အခွင့်အရေးအတွက် ရုန်းကန်တိုက်ပွဲဝင်ခဲ့ကြရင်းနဲ့ပဲ ပြည်တွင်းစစ် ကြီး ဟာ နှစ်ပေါင်း ၆၀ ကျော်ကြာအောင် ကျွမ်းလောင်ခဲ့တာဖြစ်ပါတယ်။
၁၉၉၃ ခုနှစ်ကစပြီး ၁၅ နှစ်တိုင် န၀တ စစ်အစိုးရရဲ့အစီအစဉ်နဲ့ ကျင်းပ ခဲ့တဲ့ ညောင် နှစ်ပင်အမျိုးသားညီလာခံက ထွက်ပေါ်လာ တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာက လည်း ပြည်သူတွေအတွက် စစ်မှန်ပြည့်ဝတဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ ပြဋ္ဌာန်းမပေးခဲ့ သလို တိုင်းရင်းသားတွေရဲ့ တန်းတူ ညီမျှရေး နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကိုလည်း အသိအ မှတ်ပြု ပြဋ္ဌာန်းပေး ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် လည်း ၂၀၀၈ ခုနှစ်နောက်ပိုင်းမှာ ပြည်သူ တွေရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေ များပြား သည်းသန်လာခဲ့သလို တိုင်းရင်းသားတွေရဲ့ ဖက်ဒရယ်အခွင့်အရေးအတွက် တိုက်ပွဲဝင်မှု တွေ တစ်ဖန်ပြန်လည်ပြင်းထန်လာခဲ့ ပြန်ပါ တယ်။
၂၀၁၀ ခုနှစ်အတွင်း မဲလိမ်မဲခိုး၊ လာဘ် ထိုးမှုစတဲ့ မသမာမှုမျိုးစုံနဲ့ ကျင်းပ ခဲ့တဲ့ ရွေး ကောက်ပွဲကြားက ထွက်ပေါ်လာတဲ့ အစိုးရ အုပ်ချုပ်ရေးအဖွဲ့နဲ့ လွှတ်တော်ဆိုတာကလည်း ယူနီဖောင်းဝတ်၊ ယူနီဖောင်းချွတ်တွေ ကြီး စိုးလွှမ်း မိုးထားတဲ့အလျောက် အရင် န၀တ၊ နအဖ ခေတ်နဲ့ ပိန်မသာ၊ လိမ်မသာပါပဲ။ ယူ နီဖောင်းချွတ်တွေရဲ့ ဆွေတော်မျိုးတော်တွေ နဲ့ ခရိုနီတွေ ကျိကျိတက် ချမ်းသာ လာတာနဲ့ အမျှ ပြည်သူတွေဘ၀ကတော့ ပိုပြီးဆင်းရဲ ဒုက္ခရောက်နေကြရဆဲပါပဲ။ ဒီလို ဘလောင်း ဘလဲ အုပ်စိုးသူတွေအောက်မှာ ဘ၀တွေ ဘာမှမပြောင်းလဲတာ ၄ နှစ်တာ ကြာပြီးချိန် မှာတော့ ပြည်သူတွေ ခမျာ ၂၀၁၅ ဆိုတဲ့ နောက်တစ်ကြိမ် ရွေးကောက်ပွဲဆိုတာကိုပဲမျှော်လင့်ကြ ရပြန်ပြီပေါ့။ ဒီနှစ်ပိုင်းတွေအတွင်းက အတွေ့အကြုံတွေအရ ၂၀၁၅ ရွေးကောက် ပွဲဆိုတာလည်း လွတ်လပ်တရားမျှတလှမယ် မထင်ရသမို့ ရလဒ် က ကောင်းစရာတော့ တယ် မမြင်လှပါဘူး။
မယားဘက်ပါမည့်သား
ရွေးကောက်ပွဲဆိုတာ နိုင်ငံရေးပြိုင်ပွဲတစ် ရပ်ပါ။ ပြိုင်ပွဲတစ်ရပ် တရားမျှတ ဖို့ ဆိုတာ အဓိက ဒိုင်လူကြီးအပေါ် တည်ပါတယ်။ ဒိုင် လူကြီးဆိုတာ ဘက်လိုက်ခြင်း ၊ အဂတိလိုက် စားခြင်း ကင်းရှင်းရပါမယ်။ လူကြည်ညို၊ နတ်ကြည်ညိုစရာ သိက္ခာ၊ သမာဓိနဲ့ပြည့်စုံတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်ဖို့လည်း လိုပါတယ်။ ဒါကြောင့် လည်း ၁၉၄၇ ခုနှစ် ရွေးကောက်ပွဲကာလ အတွင်းမှာ အလံနီခေါင်းဆောင် သခင်စိုးက “ပြည့်တန်ဆာ ပပျောက်ရေးကော်မတီမှာ ဇိမ် ခေါင်းကို ဥက္ကဋ္ဌခန့်လို့မဖြစ်ဘူးကွ”ဆို ပြီး ခပ် ကြမ်းကြမ်း ပြောဆို ကန့်ကွက် ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ၂၀၀၈ အခြေခံဥပဒေအရ ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဆိုသူကို လွှတ်တော်ကသော် လည်းကောင်း၊ ပြည်သူလူထု ကသော် လည်း ကောင်း ရွေးချယ်တင်မြှောက်ခွင့်မရှိပါဘူး။ ကော်မရှင်ဥက္ကဋ္ဌနဲ့ ကော်မရှင်အဖွဲ့ဝင်တွေကို သမ္မတက ခန့်အပ်ဖွဲ့စည်းပေးရမှာဖြစ် ပါတယ်။ ဒါကြောင့် လည်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေးအပါအ၀င် အဖွဲ့ဝင်အားလုံး ကို သမ္မတ ဦးသိန်းစိန် စိတ်ကြိုက်ခေါင်းခေါက် ရွေးချယ် ခန့်အပ်ခဲ့တာ ဖြစ် ပါတယ်။ သမ္မတ နဲ့ ကော်မရှင်ဥက္ကဋ္ဌဆိုတာကလည်း တစ်ချိန် တည်း ဘောင်းဘီ ချွတ်၊ တစ်ကိုင်းတည်းနား ခဲ့ကြတဲ့ ဗိုလ်ချုပ်တွေချည်းပါပဲ။ ဒီတော့လည်း “ကိုယ့်သားက မယားဘက် ခပ်ပါပါ” လို ဖြစ် လာခဲ့ကြတာ သိပ်မဆန်းလှပါဘူး။
တကယ်တော့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုး ပါတီ နေရာ အများစု အနိုင်ရ ခဲ့တာ နည်းမျိုးစုံနဲ့ မဲမသမာမှုတွေလုပ်ခဲ့လို့ဆိုတာ တစ်ကမ္ဘာလုံးက သိကြပါတယ်။ ဒီလိုမဲလိမ် မှုတွေ၊ မသမာမှုတွေ လုပ်ခွင့်ရတာ လည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ ဘက်လိုက်မှု၊ တရားမမျှတ မှုတွေကြောင့် လို့ပဲ ပြောရမှာပါပဲ။ လွှတ်တော်ထဲမှာ ပြည်ခိုင်ဖြိုးအမတ်တွေ အများစုနေရာ ရအောင်၊ အစိုးရအဖွဲ့ ဖွဲ့နိုင်အောင် ကော်မရှင်ကပဲ သဲဖြူခင်း ရာဇမတ်ကာပေးခဲ့ တာပါ။ ဆိုရရင် ဘောင်းဘီချွတ်အများစုပါဝင် တဲ့ ကက်ဘိနက်နဲ့ လွှတ်တော် ထဲမှာ ပြည် ခိုင်ဖြိုးအလိုအကျ ဥပဒေတွေ စိတ်ကြိုက်ပြင် နိုင်၊ ပြဋ္ဌာန်းနိုင် ခဲ့တာ ရွေးကောက်ပွဲကော်မရှင် ရဲ့ ကောင်းမှုတွေကြောင့်သာ ဖြစ်ပါတယ်။ ဒီနေ့အထိလည်း ရွေးကောက်ပွဲကော်မရှင်ဟာ အစိုးရအဖွဲ့အလိုကျ ပြည်ခိုင်ဖြိုး ပါတီ စိတ်ကြိုက် လိုက်လံဖန်တီးပေးနေတဲ့ အမိန့်ညွှန် ကြားချက်၊ ပြဋ္ဌာန်း ချက်တွေ ဆက်လက်ထုတ် ပြန်နေဆဲပါပဲ။
၂၀၁၄ ခု၊ ဇူလိုင် ၁ ရက်နေ့မှာ ထုတ် ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟော ပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက် အမှတ် ၁/ ၂၀၁၄ မှာ ကော်မရှင်က မဲဆွယ် စည်းရုံးခွင့်ကာလကို မူလရက် ၆၀ သတ်မှတ် ပေး ထားရာက ရက် ၃၀ အထိ လျှော့ချသတ် မှတ်ခဲ့တယ်။ ဒါ့အပြင် မဲဆွယ်စည်းရုံးမှု ကို သက်ဆိုင်ရာမဲဆန္ဒနယ်မှ ကိုယ်စားလှယ်သာ စည်းရုံးဟောပြောခွင့်ရှိတယ်။ ဒီလို မဲဆွယ် စည်းရုံးခွင့်ကိုလည်း သက်ဆိုင်ရာမဲဆန္ဒနယ် က ကော်မရှင်ထံ ကြိုတင် ခွင့်ပြုချက် တောင်း ခံရမယ်ဆိုတဲ့ တားမြစ်ကန့်သတ်ချက်များစွာ သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။ ကော်မရှင်ရဲ့ ညွှန်ကြားချက်တွေမှာ ပါဝင်တဲ့ ဒီ ကန့်သတ် တားမြစ်ချက်တွေရဲ့ ရည်ရွယ်ချက်ဟာ ဘာ လဲဆိုတာ အလွန် ရှင်း ပါတယ်။ ပြီးခဲ့တဲ့ကြား ဖြတ်ရွေးကောက်ပွဲတုန်းကလို NLD ပါတီ တောင်ပြို ကမ်းပြို အနိုင်မရအောင် ဒေါ်အောင် ဆန်းစုကြည်နဲ့ NLD ရွေးကောက်ပွဲ အောင် နိုင်ရေးကော်မတီ တစ်ပြည်လုံးလှည့်လည် စည်းရုံးချိန် မရအောင်၊ ဟောပြောစည်းရုံးခွင့် မရအောင် ကန့်သတ် တားဆီး လိုက်တာပါ။ တကယ်တော့ ဖွဲ့စည်းပုံဥပဒေထဲမှာ ကော်မ ရှင်ကို ဒီလို ကန့်သတ်တားမြစ်ချက်တွေ ထုတ် ပြန်ညွှန်ကြားဖို့ အခွင့်အာဏာပေးအပ် ထား ခြင်း မရှိပါဘူး။ ကော်မရှင်မှာ ရွေးကောက်ပွဲ တွေကို လွတ်လပ်တရား မျှတအောင် ကြီးကြပ် ပေးဖို့ အခွင့်အာဏာပဲရှိပါတယ်။
ဒါကြောင့် လည်း ကော်မရှင်ရဲ့ ဒီညွှန်ကြားချက်ကို အ ခြေခံဥပဒေအရ အပ်နှင်း ထားတဲ့လုပ်ပိုင်ခွင့် အာဏာကို ဘောင်ကျော်လုပ်ဆောင်မှုအဖြစ် NLD ပါတီက တရားဝင်ကန့်ကွက်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ကော်မရှင်ရဲ့ညွှန် ကြားချက်အရဆိုရင် လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်နိုင်စရာ မရှိလို့ ရွေးကောက် ပွဲဝင်သင့်၊ မ၀င် သင့်ကို စဉ်းစားရလိမ့်မယ်လို့ မှတ်ချက်ချခဲ့ပါတယ်။
စစ်မရောက်မီ မြားကုန်တော့မည်
မကြာခင်ကလည်းပဲ ၂၀၁၄ ခုနှစ်ကုန်ပိုင်း မှာ ကျင်းပမယ်လို့ထုတ်ပြန်ကြေညာ ထားတဲ့ “ကြားဖြတ်ရွေးကောက်ပွဲ”ကို ပြန်လည်ဖျက် သိမ်းကြောင်း ကော်မရှင် ဥက္ကဋ္ဌက ကြေညာ ပြောဆိုခဲ့ပါတယ်။ ဒီလို မလုပ်ဖြစ်ရတဲ့အ ကြောင်းအမျိုးမျိုးကို ရှင်းပြရာမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ရွေးကောက်ပွဲ စနစ်ပြုပြင်ရေး၊ နိုဝင်ဘာ လတွင် ကျင်းပမည့် အာဆီယံထိပ် သီးအစည်းအဝေး၊ ဘဏ္ဍာငွေကျပ် သန်း၂,၀၀၀ ကျော် ကုန်ကျမည့်အရေးစတဲ့ အရေးကိစ္စတွေ ထည့်သွင်း ရှင်းပြ သွားပါတယ်။
ဒါတွေက အ ကြောင်းပြချက်တွေသာဖြစ်ပြီး အဓိကကျတာတွေ ဟုတ်ပုံ မရ ပါဘူး။ အဓိကကျတာ NLD ပါတီရဲ့ ပုဒ်မ ၄၃၆ ပြုပြင်ရေးလှုပ်ရှားမှုအတွင်း လူထုထောက်ခံမှု ၅ သန်းကျော် ထောက်ခံမှုရ နေချိန်မျိုး မှာ ရွေးကောက် ပွဲကျင်းပလိုက်ရင် NLD ထပ်မံပြီး တောင်ပြိုကမ်းပြိုနိုင်သွား မယ့်အရေးကို ရင်လေးတွေးပူနေတာဖြစ်ပါ လိမ့်မယ်။ ဒီလိုဖြစ်လာရင် ပြည်ခိုင်ဖြိုးပါတီ “မိအေးနှစ်ခါနာ” ဂုဏ်သိက္ခာထိခိုက်ကျဆင်း၊ ပါတီတွင်း ယုံကြည်မှုတွေ ယွင်းယိုပြိုဆင်းလာ မယ့်အရေးကို အက်ကြောင်းပေးလိုက်ချင်ပုံရ ပါတယ်။ ဒါဟာ ပြည်ခိုင်ဖြိုးပါတီအတွက် ရေကုန်ရေခန်းကြိုးပန်းကြရမယ့် ၂၀၁၅ ရွေး ကောက်ပွဲမတိုင်ခင် “စစ်မရောက်မီ မြားကုန်” နိုင်တဲ့ အရေးလည်းဖြစ်ပါတယ်။
တကယ်တော့ ၂၀၀၈ အခြေခံဥပဒေအရ ရွေးကောက်ပွဲကော်မရှင် အနေ နဲ့ ရွေးကောက် ပွဲများကို ရွှေ့ဆိုင်းခွင့်သာရှိပြီး အခုလို ဖျက် သိမ်းခွင့် လုံးဝ မရှိပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပ ဒေပုဒ်မ ၃၉၉ (င)မှာ ပြဋ္ဌာန်းထားတဲ့ “ပြည် ထောင်စုရွေးကောက်ပွဲကော်မရှ င်၏ တာဝန် များ” ပြဋ္ဌာန်းထားရာမှာ “လွတ်လပ်ပြီး တရား မျှတသော ရွေးကောက်ပွဲများ မကျင်းပနိုင် သည့် နေရာ များ တွင် ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းနိုင်ခြင်း” ဆိုတာသာပါပြီး ရွေးကောက် ပွဲများကို ဖျက်သိမ်းခွင့်၊ ရုပ်သိမ်းခွင့်များ ပေး အပ်ထားခြင်း မရှိပါ။ ဒါကို ဥက္ကဋ္ဌ တစ် ယောက်ရဲ့ ဆုံးဖြတ်ပိုင်ခွင့်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေက အပ်နှင်းထားတဲ့ အာဏာဆိုတဲ့ အ သုံးအနှုန်းတွေနဲ့ လုံးထွေးပြောသွားတာ အ ခြေခံဥပဒေ ဆိုင်ရာ လုပ်ပိုင်ခွင့်ကို လက်တစ် လုံးခြား လုပ်သွားတာဖြစ်လို့ လာမယ့်ရွေး ကောက်ပွဲအတွက် ရင်လေးစရာလို့ ပြောရပါ လိမ့်မယ်။ ဒါပေမဲ့ ဒီလို ပြောခဲ့လုပ်ခဲ့တာ လည်း တစ်ကြိမ်မကတော့ပါဘူး။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးစက ၂၀၁၅ ရွေးကောက်ပွဲနဲ့ နီးကပ်နေ လို့ နောက် ထပ် ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့ပါ ဘူးလို့ ပြောခဲ့တာ လည်း ဥက္ကဋ္ဌဦးတင်အေး ပါပဲ။ ၂၀၁၃ ခုနှစ်အတွင်း ပြည်ခိုင်ဖြိုးပါတီ ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြင်ဆင်မှုတွေလုပ် ပြီးချိန်က အားစမ်းချင်ပုံရတဲ့ အတွက် ၂၀၁၄ ခုနှစ်မှာ ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ်လို့ ထပ်မံကြေညာ ခဲ့တာလည်း ဥက္ကဋ္ဌဦးတင်အေး ပါပဲ။
အရေးပါတဲ့ ကော်မရှင်ဥက္ကဋ္ဌတစ်ယောက် က “အခု စာလေးကြော်၊ အခု ဆီထမင်း” ဆိုသလို ထင်သလိုပြောဆိုဆုံးဖြတ်နေတာ နိုင်ငံရေးအရ သိက္ခာကျ၊ ကလေးကလားနိုင် လှပါတယ်။ ဒီလိုမှမဟုတ်ရင် ဥက္ကဋ္ဌဦးတင်အေး ဟာ နောက် ကကြိုးဆွဲရာ ကနေ ရတဲ့ ရုပ်သေးရုပ်ကြီတစ်ရုပ် လေများလားလို့ သံသယဖြစ် စရာ ကောင်းနေပါပြီ။
ဘယ်လိုပဲဖြစ်ဖြစ် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးဆိုတာ တပ်ချုပ်ဟောင်းကြီးရဲ့ ယုံကြည်ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်ြး ဖစ်ခဲ့ဖူးသူပါ။ အာဏာရ ပြည်ခိုင်ဖြိုး ပါတီရဲ့ တက်ကြတဲ့ ဗဟိုအလုပ်အမှုဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိ သမ္မတကြီးဦးသိန်းစိန်နဲ့ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တ န်း အပတ်စဉ် ၉ မှာ အတူတူ လည်ပင်းဖက် တက်ခဲ့သူတွေပါ။ ယင်းသို့ စစ်တပ်သံယောဇဉ်၊ ပါတီ သံယောဇဉ်တွေနဲ့ အာဏာနှောင်ဖွဲ့မှု ကြား မှာ ပူးကပ်ထားခဲ့ကြသည့် ပုဂ္ဂိုလ်ရေး ဘ၀ အနေအထားအောက်ရှိ သမ္မတ နဲ့ ဥက္ကဋ္ဌ တို့ ဆက်ဆံရေး မှာလည်း မေးခွန်းထုတ်စရာ ပြ ဿနာအဖြစ် ရှိနေတော့တယ်။
၂၀၁၅ ခုနှစ် တွင် သမ္မတရွေးကောက်ပွဲ ၀င်နိုင်ခြေ ရှိနေသေးတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အဲဒီရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက် ပွဲဖြစ်ဖို့ စီမံကြီးကြပ်ပေးရမယ့် ဥက္ကဋ္ဌဦးတင်အေးတို့ရဲ့ ဇာတ်လမ်းမှာ အချိတ် အဆက် အချိုး ညီညီ ကပြကြမယ့် နှစ်ပါးသွား မြိုင်ထသာ ဖြစ်နိုင်စရာများ ပါလိမ့် မယ်။ ထိုအခါ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲရဲ့ လွတ်လပ် တရားမျှတရေး မျှော်လင့် ချက်မှာ သဘာဝကျစွာပင် မှုန်ဝါးမှေးမှိန်လှပါသည်။
သန်းစိုးနိုင်
--------
ဆောင်းပါးရှင် - သန်းစိုးနိုင်
--------
“၁၉၄၇ ခု အခြေခံဥပဒေ” က အတည် ပြုပြဋ္ဌန်းပေးခဲ့တဲ့ နိုင်ငံတော် သီချင်း ထဲမှာ လွတ်လပ်တဲ့ အနာဂတ်မြန်မာနိုင်ငံတော်အ တွင်း ကျင့်သုံးရမည့် မူဝါဒတွေနဲ့ပတ်သက် လို့ လမ်းညွှန်ဖော်ပြထားတဲ့ စာကြောင်းတစ် ကြောင်း ပါရှိပါတယ်။
“တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ ဒို့ပြေ ဒို့မြေ ... များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့မြေ ...”
ဒီနိုင်ငံတော်သီချင်းထဲမှာပ
၁၉၉၃ ခုနှစ်ကစပြီး ၁၅ နှစ်တိုင် န၀တ စစ်အစိုးရရဲ့အစီအစဉ်နဲ့ ကျင်းပ ခဲ့တဲ့ ညောင် နှစ်ပင်အမျိုးသားညီလာခံက ထွက်ပေါ်လာ တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာက လည်း ပြည်သူတွေအတွက် စစ်မှန်ပြည့်ဝတဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ ပြဋ္ဌာန်းမပေးခဲ့ သလို တိုင်းရင်းသားတွေရဲ့ တန်းတူ ညီမျှရေး နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေက
၂၀၁၀ ခုနှစ်အတွင်း မဲလိမ်မဲခိုး၊ လာဘ် ထိုးမှုစတဲ့ မသမာမှုမျိုးစုံနဲ့ ကျင်းပ ခဲ့တဲ့ ရွေး ကောက်ပွဲကြားက ထွက်ပေါ်လာတဲ့ အစိုးရ အုပ်ချုပ်ရေးအဖွဲ့နဲ့ လွှတ်တော်ဆိုတာကလည်း ယူနီဖောင်းဝတ်၊ ယူနီဖောင်းချွတ်တွေ ကြီး စိုးလွှမ်း မိုးထားတဲ့အလျောက် အရင် န၀တ၊ နအဖ ခေတ်နဲ့ ပိန်မသာ၊ လိမ်မသာပါပဲ။ ယူ နီဖောင်းချွတ်တွေရဲ့ ဆွေတော်မျိုးတော်တွေ နဲ့ ခရိုနီတွေ ကျိကျိတက် ချမ်းသာ လာတာနဲ့ အမျှ ပြည်သူတွေဘ၀ကတော့ ပိုပြီးဆင်းရဲ ဒုက္ခရောက်နေကြရဆဲပါပဲ။ ဒီလို ဘလောင်း ဘလဲ အုပ်စိုးသူတွေအောက်မှာ ဘ၀တွေ ဘာမှမပြောင်းလဲတာ ၄ နှစ်တာ ကြာပြီးချိန် မှာတော့ ပြည်သူတွေ ခမျာ ၂၀၁၅ ဆိုတဲ့ နောက်တစ်ကြိမ် ရွေးကောက်ပွဲဆိုတာကိုပဲမျှေ
မယားဘက်ပါမည့်သား
ရွေးကောက်ပွဲဆိုတာ နိုင်ငံရေးပြိုင်ပွဲတစ် ရပ်ပါ။ ပြိုင်ပွဲတစ်ရပ် တရားမျှတ ဖို့ ဆိုတာ အဓိက ဒိုင်လူကြီးအပေါ် တည်ပါတယ်။ ဒိုင် လူကြီးဆိုတာ ဘက်လိုက်ခြင်း ၊ အဂတိလိုက် စားခြင်း ကင်းရှင်းရပါမယ်။ လူကြည်ညို၊ နတ်ကြည်ညိုစရာ သိက္ခာ၊ သမာဓိနဲ့ပြည့်စုံတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်ဖို့လည်း လိုပါတယ်။ ဒါကြောင့် လည်း ၁၉၄၇ ခုနှစ် ရွေးကောက်ပွဲကာလ အတွင်းမှာ အလံနီခေါင်းဆောင် သခင်စိုးက “ပြည့်တန်ဆာ ပပျောက်ရေးကော်မတီမှာ ဇိမ် ခေါင်းကို ဥက္ကဋ္ဌခန့်လို့မဖြစ်ဘူးကွ”ဆို
တကယ်တော့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုး ပါတီ နေရာ အများစု အနိုင်ရ ခဲ့တာ နည်းမျိုးစုံနဲ့ မဲမသမာမှုတွေလုပ်ခဲ့လို့ဆိုတ
၂၀၁၄ ခု၊ ဇူလိုင် ၁ ရက်နေ့မှာ ထုတ် ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟော ပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက် အမှတ် ၁/
ဒါကြောင့် လည်း ကော်မရှင်ရဲ့ ဒီညွှန်ကြားချက်ကို အ ခြေခံဥပဒေအရ အပ်နှင်း ထားတဲ့လုပ်ပိုင်ခွင့် အာဏာကို ဘောင်ကျော်လုပ်ဆောင်မှုအဖြစ်
စစ်မရောက်မီ မြားကုန်တော့မည်
မကြာခင်ကလည်းပဲ ၂၀၁၄ ခုနှစ်ကုန်ပိုင်း မှာ ကျင်းပမယ်လို့ထုတ်ပြန်ကြေညာ
ဒါတွေက အ ကြောင်းပြချက်တွေသာဖြစ်ပြီး
တကယ်တော့ ၂၀၀၈ အခြေခံဥပဒေအရ ရွေးကောက်ပွဲကော်မရှင် အနေ နဲ့ ရွေးကောက် ပွဲများကို ရွှေ့ဆိုင်းခွင့်သာရှိပြီး အခုလို ဖျက် သိမ်းခွင့် လုံးဝ မရှိပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပ ဒေပုဒ်မ ၃၉၉ (င)မှာ ပြဋ္ဌာန်းထားတဲ့ “ပြည် ထောင်စုရွေးကောက်ပွဲကော်မရှ
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးစက
အရေးပါတဲ့ ကော်မရှင်ဥက္ကဋ္ဌတစ်ယောက် က “အခု စာလေးကြော်၊ အခု ဆီထမင်း” ဆိုသလို ထင်သလိုပြောဆိုဆုံးဖြတ်နေတာ
ဘယ်လိုပဲဖြစ်ဖြစ် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးဆိုတာ တပ်ချုပ်ဟောင်းကြီးရဲ့ ယုံကြည်ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်ြး
၂၀၁၅ ခုနှစ် တွင် သမ္မတရွေးကောက်ပွဲ ၀င်နိုင်ခြေ ရှိနေသေးတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အဲဒီရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက် ပွဲဖြစ်ဖို့ စီမံကြီးကြပ်ပေးရမယ့် ဥက္ကဋ္ဌဦးတင်အေးတို့ရဲ့ ဇာတ်လမ်းမှာ အချိတ် အဆက် အချိုး ညီညီ ကပြကြမယ့် နှစ်ပါးသွား မြိုင်ထသာ ဖြစ်နိုင်စရာများ ပါလိမ့် မယ်။ ထိုအခါ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲရဲ့ လွတ်လပ် တရားမျှတရေး မျှော်လင့် ချက်မှာ သဘာဝကျစွာပင် မှုန်ဝါးမှေးမှိန်လှပါသည်။
သန်းစိုးနိုင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။