Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, October 17, 2014

တိုင်းပြည်ဘာ့ကြောင့် မတိုးတက်သလဲ အပိုင်း - (၅)


 

တိုင်းပြည်ဘာ့ကြောင့် မတိုးတက်သလဲ အပိုင်း - (၅)
--------------------------------------------------------
တိုင်းပြည်ဘာ့ကြောင့် မတိုးတက်သလဲဆိုရင် ပြည်တွင်းစစ်ကိစ္စဟာ ချန်ထားလို့
မရပါဘူး။ ပြည်တွင်းစစ်တွေကြောင့်လို့ အချို့က ရမယ်ရှာကြပေမဲ့ တကယ်တမ်းမှာ
ပြည်တွင်းစစ်တွေဖြစ်ရခြင်းဟာ ဘာ့ကြောင့်ဆိုတာ အဖြေရှာကြသူတွေ နည်းပါးပါ
တယ်။ တိုင်းပြည်မတိုးတက်ရခြင်း အခြေခံဟာ ပြည်တွင်းစစ်တွေကြောင့်လို့ နာမည်
တပ်ခံလာရတဲ့အတွက် ပြည်သူတချို့ဟာ ငြိမ်းချမ်းရေး၊ ပြည်တွင်းစစ်ရပ်ဆိုင်းရေးအ
အတွက် ဆန္ဒထုတ်ဖော်လာကြပေမဲ့ ခွင့်ပြုမိန့်မပေးတာနဲ့ တရားစွဲခံရတဲ့ သာဓကတွေ
ရှိခဲ့ပါတယ်။ အခုလည်းရှိနေလိမ့်ဦးမယ်ထင်ပါတယ်။ တိုင်းပြည်ငြိမ်းချမ်းဖို့ ပြည်တွင်း
စစ်များရပ်ဆိုင်းဖို့ အရေးဟာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာများ မည်သို့သောအ
ကြောင်းကြောင့် ထိခိုက်စေပါသလဲလို့လည်း မေးခွန်းထုတ်ရပါလိမ့်မယ်။ တိုင်းပြည်
ငြိမ်းချမ်းရေး ပြည်တွင်းစစ်များ ရပ်ဆိုင်းဖို့အရေးဟာ တိုင်းပြည်တိုးတက်ဖို့အရေး မ
မဟုတ်ပါလား။ 

ထင်ပါတယ် တိုင်းပြည်ငြိမ်းချမ်းရေးမရလို့ ပြည်တွင်းစစ်တွေကြောင့် တိုင်းပြည်မတိုး
တက်ဘူးလို့ ရမယ်ရှာနေသူတွေကိုယ်တိုင် တိုင်းပြည်ငြိမ်းချမ်းစေဖို့၊ ပြည်တွင်းစစ်ရပ်စဲ
စေဖို့ မလိုလားကြဘူးထင်ပါတယ်။ တိုင်းပြည်ငြိမ်းချမ်းဖို့ ပြည်သူတွေအနေနဲ့ လိုလား
ကြပေမဲ့ ဆန္ဒထုတ်ဖော်တာကို ပုဒ်မတပ်ဖမ်း၊ တရားစွဲနေတာ တိုင်းပြည်ရဲ့ ပြည်တွင်း
စစ် ရပ်စဲဖို့ကို မလိုလားကြသူများလို့ခေါင်းစဉ်တပ်ရပါလိမ့်မယ်။

တော်တော်များများလည်း တိုင်းပြည်ဘာ့ကြောင့်မတိုးတက်သလဲ ဆိုတဲ့အကြောင်းအ
ရင်း တိုင်းပြည်ရဲ့ပြည်တွင်းစစ်ကိစ္စတွေကို လေ့လာကြသူတွေရှိမှာပါ။ ဥပမာနှိုင်းပြရ
ရင် ဆံပင်ဘာ့ကြောင့်ဖြူတယ် စိတ်ညစ်လို့။ ဘာ့ကြောင့်စိတ်ညစ်တယ် ဆံပင်ဖြူလို့ဆို
တဲ့ဒီသံသရာထဲက မထွက်နိုင်နေတာပါ။ ပြည်တွင်းစစ်တွေ ဘာ့ကြောင့်ဖြစ်ရလဲ တိုက်
လို့ပါ။ မတိုက်ရင် ဖြစ်စရာမရှိပါဘူး။ ဘာ့ကြောင့်တိုက်လဲ ဖြစ်ချင်လို့ပါပဲ။ ဒါပေမဲ့ တစ်
ချက်ပြန်စဉ်စားရမှာ လက်ရှိဖြစ်နေတဲ့ ပြည်တွင်းစစ်တွေ ရမယ်ရှာတိုက်နေကြတာ
သယံဇာတနဲ့ ကိုယ်ကျိုးတွေကြည့်တဲ့ အတွက်ကြောင့် စစ်ပွဲတွေပိုပြင်းထန်လာတာပါပဲ။

တိုင်းပြည်မှာ စစ်တွေဖြစ်လာတဲ့အခါ အစိုးရအတွက် တန်ဖိုးရှိတဲ့ စစ်သားတွေ အသက်
ဆုံးရှုံးရသလို၊ စစ်ဘက်ဂျက်စာရိတ်တွေမှာ ကုန်ကျမှုများလာတာ တိုင်းပြည်အတွက်
ဆိုးကျိုးပါပဲ။ တိုင်းရင်းသားတွေကကော မွဲပြာနေတဲ့အဆင့်ကနေ စစ်လက်နက်တွေသုံး
ရတဲ့အတွက် ဒေသဖွံ့ဖြိုးရေး ကိစ္စတွေအတွက် အသုံးစာရိတ်တွေ နည်းပါးလာပါတယ်။
နှစ်ဘက်လုံးချိန်ကြည့်ရင် တစ်ဘက်မှအကျိုးမရှိ။ တိုင်းရင်းသားတွေ ခမျာမှာလည်း စစ်
ဘေးရှောင်ရင်း ဒုက္ခသည်ဖြစ်ကြရ။ စစ်ဖြစ်လို့ ငွေကုန်၊ လူသေ။ နှစ်ဘက်စလုံးက
ကိုယ့်နိုင်ငံသား ကိုယ့်လူမျိုးတွေချည်း။ ရလာဒ်အနေနဲ့တွက်ရင် ဗမာပြည်သူတွေ နစ်နာ
တဲ့အပိုင်းတွေရှိသလို တိုင်းရင်းသားပြည်သူတွေလည်းနစ်နာကြရပါတယ်။ဒီလိုနစ်နာမှု
တွေများလာတဲ့အတွက် တိုင်းပြည်၊ ပြည်သူလူထုအကျိုးအနေနဲ့ကြည့်ရင် စစ်ပွဲတွေဟာ
မရှိသင့်တော့ပါဘူး။ သူတို့တိုက်နေတဲ့ လက်နက်တွေကလည်း ပေါက်ဖော်ကြီးရဲ့ လက်
နက်တွေချည်း။ ကြားထဲက လက်နက်ရောင်းတဲ့ နိုင်ငံက သူဌေးဖြစ်။ စဉ်းစားကြဖို့
ကောင်းမှန်းသိပေမဲ့ အဖြေရှာသူတွေဟာ လက်ရှိအချိန်ထိ ညံ့ဖျင်းနေကြဆဲပါ။

တိုင်းပြည်ကို အမှန်တကယ် ငြိမ်းချမ်းစေလိုရင် ပြည်သူတွေ တိုင်းရင်းသားတွေ မျက်နှာ
ကိုသာကြည့်ပြီး ကိုယ်ကျိုးနဲ့၊ သယံဇာတရလိုမှုတွေကို လျှော့ချပစ်နိုင်ရင် စစ်မှန်တဲ့ ငြိမ်း
ချမ်းရေးရလာမယ်ထင်ပါတယ်။ တစ်ဘက်လည်း ငါတို့ဒီနယ်မြေကို သိမ်းလိုက်နိုင်ရင်
ကျောက်တွင်းကြီး ရပြီ။ တစ်ဘက်ကလည်း ငါတို့သိန်းထောင်တန်ကျောက်တွင်းကြီးပေါ်
မှာဖင်ခုထိုင်နေရတာ မပေးနိုင်ဘူး။ ဒဲ့သာပြောရရင်တော့ တိုင်းရင်းသားတွေ အကုန်
သေသွားပြီး ကျောက်တွင်းကြီးတွေရလို့ မြန်မာတစ်နိုင်ငံလုံး မချမ်းသာသွားဘူး။ သူတို့
ပတ်သတ်ရာပတ်သတ်ကြောင်းတွေပဲလက်သိပ်ထိုးအိတ်ထဲကောက်ထည့်ကြမှာ။ သာ
ဓက မြန်မာပြည်ရှိသမျှသယံဇာတကုန်သွားပြီး တိုင်းပြည်နောက်ကျကျန်အဆင်းရဲဆုံး
ဖြစ်ကျန်တယ်။ လက်ရှိကျောက်တွင်းကြီးတွေ တိုင်းရင်းသားတွေ ပိုင်ပေမဲ့လည်း တိုင်း
ရင်းသားခေါင်းဆောင်တွေပဲ ရေတွက်မရအောင် ချမ်းသာပြီး တိုင်းရင်းသားတွေဘဝ
ဆင်းရဲငတ်ပြတ် ဒုက္ခသည်တွေဖြစ်နေရဆဲ။

ဒါ့ကြောင့် တိုင်းပြည်အတွက် စစ်ပွဲတွေကိုချုပ်ငြိမ်းစေဖို့ဆိုရင် အကောင်းဆုံး အဖြစ်နိုင်
ဆုံးနည်းလမ်းတွေနဲ့ တကယ့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့လိုပါတယ်။ နှစ်ဘက်စလုံး
ဟာ ငါတို့နိုင်ငံတိုးတက်ဖို့ဆိုတဲ့အတွေး၊ လူမျိုးတွေအရေး ကိုယ့်လူမျိုးတစ်နိုင်ငံသားထဲ
ပါဆိုတဲ့ အတွေးတွေ ပျောက်ဆုံးနေတယ်။ လွပ်လပ်ရေးရပြီး ပြည်တွင်းစစ် နှစ် ၆၂နှစ်
ကျော်လာတယ်။ ညှိနှိုင်းလိုက် မချတော့ဘူးပြောလိုက်၊ တော်တော်ကြာရင် ပြန်ချလိုက်။
တကယ့်ငြိမ်းချမ်းရေးရအောင် ပြည်တွင်းစစ်ရပ်စဲသွားအောင်ဖော်ဆောင်ပေးနိုင်သူ
တွေ မရှိဘူး။ အတ္တတွေ ကိုယ်ကျိုးတွေ ထည့်တွက်နေသရွေ့ ဘယ်လိုလူပဲ ငြိမ်းချမ်း
အောင် လာလုပ်လုပ်မရဘူး။

ဒီလိုအတ္တတွေ ရှေ့တန်းတင်လာတဲ့အခါ လူမျိုးခြားတွေတိုင်းပြည်မှာ စိမ့်ဝင်လာတယ်။
လူမျိုးခြားတွေကို တိုင်းရင်းသားတွေက ကြောက်လာရတယ်။ မြန်မာလည်းနေစရာ
မရှိ လုပ်စရာမရှိ၊ တိုင်းရင်းသားတွေကလည်း ကြာတော့ စစ်ဘေးကြောက်တာနဲ့ ပြည်ပ
ထွက်ပြေးရ။ အစိုးရကလည်း တိုင်းရင်းသားနယ်မြေတွေ ရန်သူဆိုပြီးစစ်တောင်တိုက်
နယ်မြေတွေ ဖွံ့ဖြိုးရေးလုပ်ပေးဖို့ဝေး။ ဆေးရုံဆောက်ပေးပါတယ်ပြောပြီး အမှတ်ယူ။
ဆေးဝါး၊ သူနာပြုမရှိ ကိုယ့်စာရိတ်ကိုယ်ထုတ် တိုင်းရင်းသားတွေ။ မတတ်နိုင်တော့သေ
ကြ။ ရန်ကုန်မြို့လို့ နေရာမှာတောင် ကျန်းမာရေးအတွက် အာမခံချက်ကောင်းဖို့ တိကျ
သေချာတဲ့စနစ်မရှိ။ ငွေမရှိရင်သေကြ။ တချို့ငွေရှိရင် တိုင်းတစ်ပါးထွက်ကုကြ။စစ်ဒဏ
ခံနေရတဲ့ တိုင်းရင်းသားတွေဘ၀ ပိုဆိုးပြီ။ အခြားနိုင်ငံတွေ ကပညာရှင်တွေ ရှိတော့
တိုင်းပြည်က တိုးတက်ရင်း တိုးတက်လာ။ မြန်မာကမွဲပြီးရင်းမွဲ။

တိုင်းပြည်တိုးတက်ဖို့၊ လူမျိုးအကုန် ၁၃၅ မျိုးကျော်အတွက် ထည့်စဉ်းစားတဲ့ စစ်ဖန်တီး
သူတွေမှာ တိုင်းပြည်နဲ့ လူမျိုးကိုချစ်တဲ့မျိုးချစ်စိတ်ဓါတ်ဆိုတာဘာလဲမေးကြည့်ချင်တယ်။
တစ်ဘက်ကလည်း ကိုယ်တိုင်းရင်းသားကို တိုင်းရင်းသားမှန်းမသိ၊ တစ်ဘက်ကလည်း
ကိုယ့်နိုင်ငံသားချင်းကိုယ့်လူမျိုးချင်းနားမလည် ဘက်တွေဘက်တွေတိုင်း တရုတ်ကျရင်
တော့ ကြောက်ကြသား။ အဖေမခေါ်ရုံတမယ်။ လက်ရှိမြန်မာပြည်မှာ စစ်တွေဖြစ်ကြ
ပေမဲ့ တရုတ်ကျတော့ ဘာသာတူလို့၊ ငွေရှိလို့ဆိုပြီး ဖင်ပေးပေါင်းနေသူတွေ အကုန်။
ဒီလိုဆက်ပြီးဖြစ်လာတဲ့ရလာဒ်ဟာ ကြာလာရင် တိုင်းရင်းသားတွေထဲ ဗမာတွေထဲ လူ
မျိုးခြားတွေ စိမ့်ဝင်ပြီး ဗမာတွေ တိုင်းရင်းသားတွေ နေစရာမဲ့လာလိမ့်မယ်။ အကုန်ခြုံ
ငုံကြည့်သင့်ပါတယ်။ ရေရှည်တိုင်းပြည်ရဲ့ အခြေအနေဟာ တိုးတက်ခြင်း မတိုးတက်
ခြင်းဟာ ခေါင်းဆောင်တွေရဲ့ ideology နဲ့ လုံးဝပတ်သတ်ပါတယ်။ ဒီလိုလူတွေ ကိုယ်
တိုင်က ကိုယ်ရဖို့ အရေးကိုယ်ကျိုးတွေ ရှေ့တန်းတင်နေသမျှ တိုင်းပြည်မှာ တိုင်းရင်း
သားတွေ၊ ဗမာတွေ ကျွန်ဖြစ်ရတာ မဆန်းပါဘူး။

နောက်ဆုံးစကားအနေနဲ့ အရပ်စကားပါ။

ခေါင်းဆောင်တွေချင်း လက်ဝှေ့ကြိုးဝိုင်းထဲ
စိန်ခေါ်ထိုးကြပါ့လား။ ပြည်သူတွေ ဒုက္ခရောက်တယ်။

အသုံးမကျတဲ့ခေါင်းဆောင်တွေ ရှိနေသရွေ့
တိုင်းပြည် မွဲပြီးရင်းမွဲ၊ စုတ်ပြတ်ရင်းစုတ်ပြတ်နေမှာပဲ။
ဘယ်သူ့ဘက်မှမပါဘူး။

မုန်းချင်တဲ့သူမုန်း

(မင်းဇင်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။