Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, October 3, 2014

ဘက်ပေါင်းစုံ ဆင်းရဲနွမ်းပါးမှု အညွှန်းကိန်း ရှာပုံတော်


ဘက်ပေါင်းစုံ ဆင်းရဲနွမ်းပါးမှု အညွှန်းကိန်း ရှာပုံတော်

လူအတော်များများရဲ့ အမြင်မှာ ဆင်းရဲနွမ်းပါးတာဟာ ဝင်ငွေနည်းပါးလို့ပဲ ဖြစ်တယ်လို့ ထင်တတ်ကြပါတယ်။ ဒါကြောင့်လည်း ဆင်းရဲနွမ်းပါးမှုကို လေ့လာရာမှာ ဝင်ငွေကစပြီး ကြည့်ရှုတတ်ကြတာ တွေ့ရပါတယ်။ ဒါပေမယ့် ဝင်ငွေတစ်ခုတည်းနဲ့ ဆင်းရဲနွမ်းပါး မှုကို အကဲဖြတ်ဖို့ဆိုရင် မပြည့်စုံနိုင်ဘူးလို့ ဆိုရပါမယ်။ လူတွေဟာ ဝင်ငွေတစ်ခုတည်းကိုပဲ ဂရုစိုက်ကြတာ မဟုတ်ပါဘူး။ ဝင်ငွေ များလို့ တခြားသူတွေထက် အပိုပစ္စည်းတွေ ဝယ်ယူအသုံးပြုနိုင်တာပဲရှိပါတယ်။ ဒါပေမယ့် တခြားသူတွေနဲ့ တန်းတူရည်တူ နေထိုင် ဖို့ဆိုရင် နာတာရှည်ရောဂါ စွဲကပ်နေသူတစ်ဦးဟာ ဝင်ငွေပိုပြီး ရှိဖို့ လိုအပ်ပါတယ်။ မရှိလို့ကတော့ ရောဂါရဲ့ ဆင်းရဲဒုက္ခမှုဒဏ်ကို လှလှကြီး ခံရဖို့ပဲ ရှိပါတယ်။ တကယ်တော့ လူတစ်ယောက်ရဲ့ ဆင်းရဲ နွမ်းပါးမှု၊ နိုင်ငံတစ်နိုင်ငံရဲ့ ဆင်းရဲ နွမ်းပါးမှုရဲ့ အတိမ်အနက် ကို အများလက်ခံအောင် တိုင်းတာပြဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမယ့် Oxford တက္ကသိုလ် ဆင်းရဲ နွမ်းပါးမှုနဲ့ လူသား အရင်း အမြစ် ဖွံ့ဖြိုးရေးလမ်းညွှန်ဌာနမှ Sabina Alkire နဲ့ သူ့ရဲ့အဖွဲ့ဟာ ဘက်ပေါင်းစုံ ဆင်းရဲနွမ်းပါးမှု အညွှန်းကိန်း -Muti-Dimensional
Poverty Index (MPI) ရရှိအောင် ကြိုးပမ်းဖော်ထုတ်ခဲ့ကြပါတယ်။ အဲဒီအဖွဲ့ဟာ ပထမဆုံး အမေရိကန်နိုင်ငံ ဆင်းရဲနွမ်းပါသူများ အကူအညီပေးရေး အေဂျင်စီတစ်ခု ဖြစ်တဲ့ USAID နဲ့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Unicef တို့က အ သုံးပြုတဲ့ စူးစမ်းမေးမြန်းတဲ့ အကြောင်းအရာ ၁ဝ ချက်နဲ့ စတင်ခဲ့ပါတယ်။ အဲဒီအချက်တွေထဲမှာ ပညာရေးနဲ့ ပတ်သက်လို့ ၂ ချက်၊ ကျန်းမာရေးနဲ့ ပတ်သက်လို့ ၂ ချက်နဲ့ အိမ်ထောင်စုတစ်ခုရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ၆ ချက် ပါဝင်တာကို အောက်ဖော်ပြပါ ဇယားအတိုင်း အသေးစိတ် သိရှိနိုင်ပါတယ်။

အဲဒီအချက် ၁ဝ ချက်မှာ ပါဝင်တဲ့ အကြောင်းအရာတိုင်းဟာ ဆင်းရဲနွမ်းပါးမှုအညွှန်း- MPI ကို ကြီးမားစေနိုင်ပါတယ်။ အိမ်ထောင်စု တစ်စုဟာ အနည်းဆုံး အဲဒီအညွှန်းပါ အချက်အလက်တွေရဲ့ ၃၃ ရာခိုင်နှုန်း ရှိနေရင် ဆင်းရဲနွမ်းပါးတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ပညာ လုံးဝမတတ်တဲ့ အိမ်ထောင်စုတစ်စုဖြစ်ပြီး အရွယ်မရောက်သေးတဲ့ ကလေးငယ် သေဆုံးမှုရှိခဲ့ရင် အဲဒီ အိမ်ထောင် စုဟာ ဘယ်လောက်ပဲ လျှပ်စစ်ပစ္စည်းတွေ ပိုင်ဆိုင်နေပါစေ ဆင်းရဲနွမ်းပါးမှု အညွှန်းကို မြင့်မားစေပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ MPI အညွှန်းဟာ အဲဒီနိုင်ငံမှာရှိတဲ့ MPI အညွှန်း ၃၃ ရာခိုင်နှုန်းထက် ပိုတဲ့အိမ်ထောင်စုဦးရေ ပမာဏနဲ့ ပျမ်းမျှ အိမ်ထောင်စုတစ်ခုရဲ့ MPI အညွှန်း အနည်းအများပေါ်မှာ မူတည်ပြီး သတ်မှတ်နိုင်ပါတယ်။ ဒီ ကျယ်ပြန့်တဲ့ အညွှန်းဟာ ဝင်ငွေ တစ်ခုတည်းပေါ်နဲ့ စားသုံးမှုအပေါ် တွက်ချက်တာထက် ဆင်းရဲနွမ်းပါးမှုကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်နိုင်ပါတယ်။ ယူဂန္ဓာ နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ကမ္ဘာ့ဘဏ်က သတ်မှတ်ထားတဲ့ ဆင်းရဲနွမ်းပါးမှု စံဖြစ်တဲ့ တစ်နေ့ကို ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၂၅ ဒေါ်လာအောက် ရရှိတဲ့ လူဦးရေ အချိုးအစားကို MPI အညွှန်းနဲ့ တွက်ချက်တဲ့အခါ ဝယ်ယူစားသုံးမှု မြင့်မားနေတဲ့အတွက် ဆင်းရဲနွမ်းပါးသူဦးရေဟာ လျော့ကျသွားစေပါတယ်။ နီပေါနဲ့ ရီဝမ်ဒါနိုင်ငံတွေမှာလည်း MPI အညွှန်းနဲ့ တွက်ချက်တဲ့အခါ ဆင်းရဲ နွမ်းပါးမှုနှုန်းဟာ လျော့နည်းသွားခဲ့တယ်လို့ သိရပါတယ်။ နီပေါနိုင်ငံမှာ ၂ဝဝ၆ ခုနှစ်တုန်းက ဆင်းရဲ နွမ်းပါးမှုအညွှန်းဟာ ၆ဝ ရာခိုင်နှုန်း ရှိပေမယ့် ၂ဝ၁၁ ခုနှစ်ရောက်တော့ ၄၅ ရာခိုင်နှုန်းပဲ ရှိပါတော့တယ်။ ရီဝမ်ဒါနိုင်ငံမှာလည်း ၂ဝဝ၅ ခုနှစ်က ၈ဝ ရာခိုင်နှုန်း အထိ ရှိခဲ့ရာမှ ၂ဝ၁ဝ ပြည့်နှစ်မှာ ၆၆ ရာ ခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။ အဲဒီနှုန်းတွေအတိုင်းသွားရင်နီပေါနိုင်ငံမှာ ၂ဝ၂၂ ခုနှစ် ရောက်ရင် ဆင်းရဲနွမ်းပါးမှု ပပျောက်သွားနိုင်ပြီး ရီဝမ်ဒါနိုင်ငံမှာတော့ ၂ဝ၃ဝ ပြည့်နှစ်ရောက်ရင် ပပျောက်သွားဖို့ ရှိပါတယ်။

MPI အညွှန်းနဲ့ ပတ်သက်ပြီး တချို့ဝေဖန်သူတွေက အဲဒီအညွှန်းရရှိဖို့ ဆင်းရဲနွမ်းပါးရတဲ့ အချက်တွေများစွာကို စုစည်းပြီး တွက်ချက် ရတဲ့အတွက် တစ်နိုင်ငံနဲ့တစ်နိုင်ငံ နှိုင်းယှဉ်ရာမှာ မှန်ကန်နိုင်ပါ့မလားလို့ မေးခွန်းထုတ် ကြပါတယ်။ ကမ္ဘာ့ဘဏ်မှ ဝေဖန် ဆန်းစစ်သူ Martin Ravallion က ''MPI အညွှန်းမှာပါတဲ့ အချက် ၁ဝ ချက်ဟာ ဆင်းရဲနွမ်းပါးနိုင်တယ်လို့ ထင်ရတဲ့အချက်တွေ ဖြစ်ကြပါ တယ်။ နိုင်ငံတစ်နိုင်ငံဟာ သူ့နိုင်ငံမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေရဲ့ သေဆုံးမှုနှုန်းကိုပဲ လျှော့ချပြီး ဦး စားပေး ဆောင်ရွက်ရင် ဒါမှမဟုတ် ဆင်းရဲနွမ်းပါးတဲ့ အိမ်တွေမှာ ကွန်ကရစ် ကြမ်းခင်းတွေနဲ့ ဆောက်လုပ်ပေးတာ၊ ရေဆွဲ အိမ်သာတွေ တပ်ဆင်ပေးတာ၊ ရေနံဆီမီးဖိုတွေ အသုံးပြု နိုင်အောင်ပဲ ဦးစားပေး စီစဉ် ဆောင်ရွက်ပေးခဲ့ရင် အဲဒီနိုင်ငံတွေ ရဲ့ MPI အညွှန်းဟာ လျော့ကျသွားပြီလို့ ဆိုနိုင်သလား'' လို့ မေးခွန်းထုတ်ခဲ့ပါတယ်။ ဒါကြောင့် ဝေဖန်ဆန်းစစ်သူတွေက အချက်အလက် အားလုံးပေါင်းပြီး အညွှန်းကို ဖော်ပြတာထက် တစ်ချက်ချင်း ဖော်ပြပြီး စဉ်းစားသုံးသပ်သင့်တယ်လို့ ဆိုပါတယ်။ MPI အညွှန်း ဖော် ထုတ်သူတွေကတော့ သူတို့ရဲ့ အညွှန်းဟာ ထင်မြင်ချက်ဖြစ်ပေမယ့် အသေးစိတ် ရှင်းလင်းပြသ နိုင်တဲ့ အတွက် ဆွေးနွေးညှိနှိုင်း သွားကြဖို့ လမ်းစဖြစ်ပေါ်စေနိုင်တယ်လို့ ကာကွယ်ပြောကြားကြောင်း ပါခင်ဗျား။

အကြောင်းအရာ အိမ်ထောင်စုအလိုက် စုံစမ်းတဲ့အချက်များ အညွှန်းရဲ့အတိမ်အနက်
ပညာရေး - မူလတန်းပညာရေးကို တစ်ဦးမျှ ပြီးစီးအောင် မသင်နိုင်မှု ၁/၆
- ကလေးတစ်ဦးမျှ မူလတန်းကျောင်းကို မပို့နိုင်မှု ၁/၆

ကျန်းမာရေး - အရွယ်မရောက်မီ ကလေးငယ်သေဆုံးမှု ၁/၆
- အိမ်ထောင်စုဝင်အားလုံး အစာအာဟာရချို့တဲ့မှု ၁/၆
- လျှပ်စစ်မီး သုံးနိုင်ခြင်း မရှိမှု ၁/၁၈

- အိမ်သာကောင်းကောင်း မရှိမှု ၁/၁၈

- သောက်ရေကို အလွယ်တကူ မရရှိမှု ၁/၁၈

လူနေမှုအဆင့်အတန်း - အိမ်ကြမ်းခင်းဟာ ဖုံတွေ သဲတွေနဲ့ ရှိမှု ၁/၁၈
- မီးဖိုကို နွားချေး၊ ထင်း၊ မီးသွေးတွေနဲ့ အသုံးပြုရမှု ၁/၁၈
- စက်ဘီး၊ ဆိုင်ကယ်၊ မော်တော်ကားနဲ့ ၁/၁၈
တခြားလျှပ်စစ်ပစ္စည်းတွေ
ဖြစ်တဲ့ ရေဒီယို၊ တီဗွီ၊ တယ်လီဖုန်း၊ ရေခဲသေတ္တာတွေ
အသုံးမပြုနိုင်မှု


မာင်ပုဆိုးကြမ်း

Ref : "Poverty- The Decathlon of Deprivation"(The Economist, March 23rd, 2013)
မောင်ပုဆိုးကြမ်း

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။