Ye Min added 3 new photos.Follow
မြန်မာနိုင်ငံမှ ထုတ်ပေးသော နိုင်ငံကူးလက်မှတ် ပတ်စပို့စ် စာအုပ် PASSPORT type ၄ မျိုး အကြောင်း ထိုင်းရောက်
မြန်မာလုပ်သားတွေ သိထားနိင်ရန်တင်ပြပေးပါမည်။
***********************************
26/10/2016
(၁) PV သည် ပြည်ပသို့ short visit ခရီးသွားလာလိုသူ နိုင်ငံသားအား ထုတ်ပေးသော passport စာအုပ် အမျိုးအစားဖြစ်သည်။
(၂) PJ သည် ပြည်ပတွင် တရားဝင်အလုပ်လုပ်ကိုင်လိုသူ နိုင်ငံသားအား ထုတ်ပေးသော passport စာအုပ် အမျိုးအစား ဖြစ်သည်။
(၃) PE သည် ပြည်ပတွင် ပညာသင်ကြားလိုသော နိုင်ငံသားကျောင်းသားအား ထုတ်ပေးသော passport စာအုပ်အမျိုးအစား ဖြစ်သည်။
(၄) PT သည် ပြည်ပတွင် အလုပ်လုပ်နေသော ခင်ပွန်း/ဇနီးနှင့် လိုက်ပါနေထိုင်သူ မှီခိုနိုင်ငံသားအား ထုတ်ပေးသော passport စာအုပ် အမျိုးအစား ဖြစ်သည်။
ယ္ခုလက်ရှိ ထိုင်းနိင်ငံတွင် ပန်းရောင်ဘတ်ကဒ်ကိုင်ဆောင်
ထားပြီး သာမန်နိင်ငံကူးလက်မှတ် ပတ်စပို့စ်စာအုပ်လက်
ဝယ်ရှိထားသူများ စာအုပ်အသစ်ထုတ်ယူလာများ အားလုံး
ကို စမွတ်စာခွန်ခရိုင် စမွတ်ပါကန်ခရိုင် နှင့် ပထုံဌာနီခရိုင်
ထိုင်းလဝက ရုံးများတွင် နေထိုင်ခွင့်ဗီဇာများ တုံးထုပေးနေ
ပြီ လို့သိရပါတယ်။
ပန်းရောင်ဘတ်များ လက်ရှိသက်တမ်းရှိနေရမှာဖြစ်ပြီး ဘန်
ကောက်မြန်မာသံရုံးမှ ထုတ်ပေးသောစာအုပ်များ မြန်မာနိင်
ငံပြန်၍ ထုတ်ယူလာသော စာအုပ်များအားလုံး ဗီဇာတုံးထု
ပေးမှာပါ။
အထူးမှတ်သားရန် ...
သာမန်နိင်ငံကူးလက်မှတ်ပတ်စပို့စ်အမျိုးအစား PJ နှင့် PV
နှစ်မျိုးလုံး အလုပ်သမားဗီဇာထုပေးမှာဖြစ်ပြီး ၂၀၁၅ ခုနှစ်
၁၀ လပိုင်း နောက်ပိုင်းတွင်မှ ထုတ်ယူလာသော စာအုပ်များ
နှင့် မည်သည့်တံဆိပ်တုံးမှ မပါရှိသော စာအုပ်အလွတ်များ
ကိုသာ ဗီဇာတုံးထုပေးမှာဖြစ်ပါသည်။
ပူးတွဲဖော်ပြပါပုံတွင် PJ စာအုပ်နှင့် PV စာအုပ်များကို
လေ့လာကြည့်ပါ။
သတင်း
ရဲမင်း(AAC) 26/10/2016 Thailand

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။