WinMyint IQwin Farm added 6 new photos.
#IQwin 34
ဘာစိုက်ရင်ကောင်းမလဲ... ဘယ်လောက်မြတ်မလဲ...
ဘာစိုက်ရင်ကောင်းမလဲ၊ တစ်လုံးဘယ်လောက်ရမလဲ၊ တစ်ပင်မှာ ဘယ်လောက်ရမလဲ၊ တစ်ဧကမှာ ဘယ်နှစ်ပင်စိုက်လို့ ရမလဲ၊ ဘယ်လောက်ကြာရင် ဘယ်လောက်ရမလဲ၊ နိုင်ငံခြားကို တင်ပို့ ရောင်းချလို့ ရမလား....ဆိုတဲ့ မေးခွန်းက အများဆုံးမေးလေ့ရှိတဲ့ မေးခွန်းဖြစ်ပါတယ်။
ဒီမေးခွန်းက ဘယ်ကလာသလဲဆိုတော့ မျိုးရောင်းစားသူတချို့ က
စတင်ပေးခဲ့တဲ့အချက်အလက်တွေဖြစ်ပါတယ်။ အထူးသဖြင့် ရာဘာ၊ သစ်မွှေး၊ လျှော်ဖြူ ၊
ကျွန်း၊ မအူပင် (ကျွန်းဖြူဆိုပြီးနာမည်ပေးထား) စတဲ့ ပျိုးပင်တွေ
ရောင်းစားဖို့  မက်လုံးပေးပြီး တင်ပြခဲ့တဲ့ အချက်အလက်တွေဖြစ်တယ်။ စွန်
့စားမရမယ့် အပိုင်း အရှုံးပေါ်နိုင်တဲ့ အပိုင်းတွေကို ထည့်ပြောလေ့မရှိဘူး။
ဒါကြောင့်လည်း ရာဘာခြံတွေအခုအခက်တွေ့ နေကြပြီဖြစ်တယ်။
ဘာစိုက်ရင်ကောင်းမလဲ ဘယ်လောက်ကြာရင် ဘယ်လောက်မြတ်မလဲ ဆိုတဲ့ အချက်အလက်ကို မေးမြန်းစုံစမ်းကောင်းတယ်။ ဒါပေမယ့် နောက်တွေ့ လာနိုင်တဲ့ အခက်အခဲကိုလည်း စုံစမ်းမေးမြန်းဖို့ လိုပါတယ်။
စိုက်ပျိုးရေးမှာက တွက်ကိန်း စံမံကိန်းနဲ့ ချက်ခြင်း သူဌေးဖြစ် ဖို့ မလွယ်ဘူး။ စတင်စိုက်ပျိုးတဲ့အချိန်က ဈေးနှုန်းနဲ့ အနဂတ်မှာ ဖြစ်လာနိုင်တဲ့ဈေးနှုန်းကို အရင်ခန့် မှန်းရတယ်။ လူတိုင်းနေရာတိုင်းမှာစိုက်ပျိုးလို့ ရတဲ့ အသီးအနှံက စိုက်သူများပြီး အနာဂတ်မှာလျှော့လာနိုင်တယ်။ ဥပမာ ရေမျက်နှာပြင် အမြင့် ပေး 1000 မှာမှ စိုက်လို့ ရတဲ့သီးနှံဆိုရင် နေရာတိုင်းမှာ စိုက်လို့ မရလို့ မရလို့  အနာဂတ်မှာ စိုက်ပူများပြီးအထွက်များလားဖို့ အခွင့်လမ်းနည်းတယ်။ အလားတူပဲ အေးတဲ့အရပ်မှာပဲဖြစ်ထွန်းတဲ့သီးနှံ၊ အေးတဲ့အရပ်မှာပဲ စိုက်လို့ ရတဲ့သီးနှံက အများအပြားထွက်လာဖို့ အခွင့်အလမ်းနည်းမယ်။ ဒေသအပေါ်မူတည်ပြီး ကျိုတင်ခန့် မှန်းလို့ ရပါတယ်။ ဒါပေမယ့် အခုအခါ သစ်သီးပင်တွေကို နေရာမရွေးစိုက်ပျိုးနိုင်တဲ့နည်းလမ်းတွေကို လုပ်ဆောင်နိုင်နေပြီးဆိုတာကိုလည်း သတိထားရပါမယ်။ ဘယ်လိုဘဲဖြစ်ဖြစ် စားသုံးကုန်က လူဦးရေ တိုးတက်လာတာနဲ့ အမျှ လိုအပ်ချက်က ပိုများလာမှာဖြစ်တယ်။
စိုက်ပျိုးရေးမှာက ပထမဆုံးကိုယ်စားဖို့ စိုက်ရတယ်။ ဆိုလိုတာက ထွက်ငွေမရှိအောင်အရင်လုပ်ရတယ်။ ပြီးမှ ၀င်ငွေတိုးအောင်လုပ်ရတယ်။ အဲ့ဒီတော့ ဈေးကွက်ခိုင်မာအောင် ဒေသတွင်းမှာ ရောင်းလို့ ရတဲ့ အပင်ကိုလည်း စိုက်ရတယ်။ အဝေးကိုရောင်းဖို့ လည်းစိုက်ရတယ်။ ဟင်းရွက်ကအစ သစ်သီးပင်ကြီးတွေအထိစိုက်ရတယ်။
သယ်ယူပို့ ဆောင်စရိတ်ကိုတွက်ရတယ်။ လမ်းခရီးပျက်ဆီးကိုတွက်ရတယ်။ ဥပမာ ကင်မွန်ချဉ်ရွက်က ရန်ကုန်မှာဈေးကောင်းရတယ်ဆိုပြီး မြစ်ကြီးနာမှာ စိုက်ပြီး ရန်ကုန်ကို ပို့ လို့ မရဘူး။ ကင်မွန်းချဉ်က တစ်ရက်ပဲခံတယ်။ နောက်နေ့ ဆိုရင် အရွက်ကြွေကုန်တယ်။
စိုက်ပျိုးရေးမွေးမြူရေးမှာ တမျိုးတမယ်တည်း စိုက်ပျိုးလို့ မရဘူး။ မွေးလို့ မရဘူး။ တမျိုးတမယ်တည်းစိုက်မယ်၊ မွေးမယ်ဆိုရင် ဈေးကျတဲ့အခါ ၊ ရာသီဥတုဖေါက်ပြန်တဲ့အခါ အရှုံးပေါ်ရင် ပြန်ကာမိအောင်လုပ်ဖို့  အခွင့်အလမ်းမရှိဘူး။ အကြိမ်ကြိမ် အရှုံးပေါ်ရင်တော့ အကြွေးတင်ပြီး နောက်ဆုံးမှာ ကိုယ်ပိုင်မြေကိုပါရောင်းစားပစ်ရတဲ့အထိဖြစ်တတ်တယ်။
စိုက်ပျိုးရေးမွေးမြူရေးမှာက အစုံစိုက်ရတယ်။ အစုံမွေးဖြူ ရတယ်။ တမျိုးနဲ့ တစ်မျိုးက သီးချိန် ပွင့်ချိန်မတူလို့  သားပေါက်ချိန်မတူလို့  အမြဲတန်း ရောင်းချမယ့် ကုန်တွေထွက်နေမယ်။ နေ့ တိုင်းရောင်းစရာရှိလို့  နေ့ တိုင်းဝင်ငွေရမှာဖြစ်တယ်။ အလားတူပဲ နေ့ တိုင်းအလုပ်ရှိမှာဖြစ်တယ်။
တမျိုးမျိုးက အရှုံး ပေါ်ရင် တနောက်တမျိုးအမြတ်နဲ့ ပြန်ဖါမိမယ်။
ဈေးကွက်ကိုပြောရရင် တခြားတိုင်းနဲ့ ပြည်နယ်ဈေးကွက်ကိုရောင်းဖို့ ၊ နိုင်ငံခြားဈေးကွက်ကို ရောင်းနိုင်တဲ့ သီးနှံပင်ကို စိုက်ပျိုးတာမှန်ပေမယ့် ဒေသတွင်းက ဈေးကွက်ကို အခိုင်အမာရထားဖို့ လိုပါတယ်။
အပြင်ဈေးကွက်က ပြိုင်ဆိုင်မှု များတယ်။ ကိုယ်ထက်ဈေးသက်သာအောင် ရောင်းနိုင်တဲ့သူရှိလာရင် ၀ယ်သူက သာသက်တဲ့နေရာက ၀ယ်မှာဖြစ်လို့ ကိုယ်ရောင်းလို့ ရမှာမဟုတ်ဘူး။ အပြင်ဈေးကွက်အတွက်ကို သီးသန့် စိုက်ပျိုးမွေးမြူထားတဲ့အတွက် ရောင်းမရရင် စရိတ်တက်ပြီးအရှုံးပေါ်မှာဖြစ်တယ်။
လက်ရှိရာဘာခြံတွေ ကြုံတွေ့ နေရပြီဖြစ်တယ်။
စိုက်ပျိုးရေး မွေးမြူရေးနဲ့ ပတ်သက်ပြီး ထိုင်းက နာမည်ကြီးကုမ္ပဏီတခု (အမည်မဖေါ်လို) မြန်မာနိုင်ငံမှာ လာရောင်းချနေတာကို သတိထားကြည့်ပါ။ ထိုင်းမှာ ထုတ်ပြီး မြန်မာနိုင်ငံက ကုန်သည်ကို တဆင့်ရောင်းပေးတာမျိုး မလုပ်ပဲ၊ မြန်မာနိုင်ငံမှာ ကုမ္ပဏီခွဲလာဖွင့်ပြီး ကိုယ်တိုင်မျိုးထုတ် ကိုယ်တိုင်ရောင်းချနေတယ်။ ဘာကြောင့်လည်းဆိုတော့ ဈေးကွက်ကို ကိုယ်လက်ထဲမှာရှိနေအောင်လုပ်ထားတာဖြစ်တယ်။ ဒီတော့မှ ရေရှည်စီမံခန့် ခွဲလိုရမယ်။ အရှုံးနဲ့ ရင်ဆိုင်ရဖို့ အားနည်းတယ်။ အဲ့ဒီ ကုမ္ပဏီက တိုးတက်သထက်တိုးတက်လေဖြစ်ပါတယ်။
အရေးကြီးဆုံးက ဈေးကွက်က ကိုယ်လက်ထဲမှာရှိနေဖို့ ဖြစ်တယ်။ စားသုံးသူ လက်ထဲကို တိုက်ရိုက်ရောင်းချပြီး ဈေးကွက်ကို ကိုင်ထားဖို့ ဖြစ်တယ်။
ဒါကြောင့်ဒေသဈေးကွက်ကို အခိုင်အမာရထားအောင်လုပ်ရပါတယ်၊ ဒေသဈေးကွက်ခိုင်မာမှ အပြင်ဈေးကွက်ကို လှမ်းရင် စွန့် စားမှုနည်းပြီး အမြတ်များမှာဖြစ်ပါတယ်။
အမယ်စုံစိုက်၊ အမယ်စုံမွေးမှ အမြဲတန်းထုတ်ကုန်ရှိမယ်။ အမြဲတန်းဝင်ငွေရမယ်။ အမြဲတန်းအလုပ်ရှိမယ်။
အမယ်စုံစိုက်ပျိုး မွေးမြူ ပြီးဈေးကွက်ကို ခိုင်မာအောင်လုပ်ထားရင် ချက်ချင်းသူဌေး မဖြစ်ပေမယ့် ဘ၀အာမခံချက်ရှိမယ်။ လူတန်းစေ့နေနိုင်မယ်။ စားဝတ်နေရေးအတွက် လုံခြုံမှုရမှာဖြစ်လို့ စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်မယ်။
ချက်ချင်း သူဌေးဖြစ်ချင်သူတွေ ဖြစ်နေသူတွေ စိတ်ချမ်းသာမှုရှိသလား။ ကျန်းမာရေးကောင်းမွန်သလားဆိုတာကိုလည်းလေ့လာသင့်ပါတယ်။
ဓနရှင် စီးပွားရေးဈေးကွက် စနစ်အရ အတွေးတွေပြောင်းကုန်တာက ချမ်းသာမှ ဘ၀လုံခြံမယ်လို့  ခံယူထားပြီး ချက်ချင်း ချမ်းသာချင်ကြတယ်။ အဲ့ဒီချမ်းသာမှုက တကယ်တန်းအာမခံရှိတဲ့ ဘ၀လုံခြံမှုမျိုး ဟုတ်မဟုတ်ကို မစမ်းစစ်မိကြဘူး။
ဘိုးဘွားဘီဘင်တွေ အခုခေတ်လောက်ငွေကြေး မချမ်းသာပဲနဲ့ ဘယ်လိုလုပ်ပြီး ဘ၀ရပ်တည်နိုင်ခဲ့သလဲ ဆိုတာကို ပြန်လေ့လာကြည့်ရင် ထွက်ငွေမရှိအောင် စိုက်ပျိုးရေးမွေးမြူရေးကို လုပ်ခဲ့လို့ ဆိုတာကို တွေ့ ရပါလိမ့်မယ်။ ဓနရှင်စီးပွားရေးဈေးကွက်ရဲ့ သားကောင်းဖြစ်ေ်နမှန်မသိ ဖြစ်နေတာကို အထူးသတိပြုသင့်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။