Martin Swe added 2 new photos — with U Win Htein.
ဒီနေ့လူတွေ ဘာ့ကြောင့်ဦးဝင်းထိန်ကို တိုက်ခိုက်နေကြသလဲ?
ဒီနေ့လူတော်တော်များများ NLD CEC အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ကို တိုက်ခိုက်နေကြပါတယ် ။ အဲဒီထဲမှာ ဆယ်လီ ဆယ့်တစ်လီတွေလဲပါပါတယ် ။ NLD ပါတီထဲက တချို့လဲပါတယ် ။
ဒီမိုအမည်ခံ ရဲရဲတောက်တွေလဲပါတယ် ။ ဘာလို့သူတို့ NLD CEC ဦးဝင်းထိန်ကို တိုက်ခိုက်နေရတာလဲဆိုရင် NLD အင်အားချိနဲ့သွားစေချင်လို့ ဆိုတာသွားတွေ့ရတယ် ။
ကျွန်တော် ဘာ့ကြောင့်
ဒီလိုသုံးသပ်မိသလဲဆိုတော့ NLD မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ
အတုမရှိခေါင်းဆောင်ဖြစ်တယ် ။ ဒေါ်အောင်းဆန်းစုကြည်ဟာ NLD ခေါင်းဆောင်သာမက
အမျိုးသားခေါင်းဆောင်အဖြစ်လူအများက လက်ခံထားတယ် ။ ဒီမိုကရေစီရဲ့ အိုင်ကွန်
ကမ္ဘာကလေးစားအသိအမှတ်ပြုရတဲ့ ခေါင်းဆောင်ဖြစ်တယ် ။
NLD ကို တိုက်ဖို့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အရင်တုန်းက တိုက်ရိုက်တိုက်ခိုက်ခဲ့တယ် ။ ဒါပေမဲ့ အဲဒီဗျူဟာက မအောင်မြင်ခဲ့ဘူး ။ အမျိုးမျိုး အပုပ်ချတိုက်ခိုက်ပေမဲ့ မအောင်မြင်ခဲ့ဘူး ။ ဒီအချိန်မှာ အဲဒီဗျူဟာ အလုပ်မဖြစ်နိုင်ဘူးဆိုတာ ပညာတတ်တွေက သဘောပေါက်လာတယ် ။
နောင်တချက်က ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၊ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာတယ် ။ ဒေါ်အောင်ဆန်းစုကြည်ကို အရင်လိုပုဂ္ဂိုလ်ရေး ထိုးနှက်တိုက်ခိုက်လို့ အဆင်မပြေတော့ဘူး ။ နောက်တချက်က ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့တာဝန်တွေထမ်းဆောင်နေတဲ့အတွက် NLDကိုတိုက်ရိုက်ကွပ်ကဲခြင်းနီးနီးကပ်ကပ်ကွပ်ကဲခြင်းမပြုတော့ဘူး ။
NLD ပါတီကိုအနီးကပ်ကြီးကြပ်ကွပ်ကဲဖို့ ဗဟိုအတွင်းရေးမှူးအဖွဲ့ကိုဖွဲ့စည်းခဲ့တယ် ။ ဒီဗဟိုအတွင်းရေးမှူးအဖွဲ့မှာ
(၁) Drဇော်မြင့်မောင်
(၂) ဦးဝင်းမြင့်
(၃) ဦးဝင်းထိန်
(၄) ဦးညာဏ်ဝင်း
(၅)ဦးဟံသာမြင့် တို့ဖြစ်တယ် ။
ခုလက်ရှိအခြေအနေမှာ NLD ကို အင်အားချိနဲ့စေချင်တယ် NLDကိုတိုက်မယ်ဆိုရင် ဒီငါးဦးဖြစ်တဲ့ အတွင်းရေးမှူးအဖွဲ့ကို တိုက်မှဖြစ်မယ် ။ ဒါဟာ ပြောင်းလဲလိုက်တဲ့မဟာဗျူဟာအသစ်ဘဲ ။
ဒီအတွင်းရေးမှူးအဖွဲ့ဝင်ငါးဦးထဲမှာ Drဇော်မြင့်မောင်က အခုမန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ။ Drဇော်မြင့်မောင်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်ရင်ဲဝန်ကြီးချုပ်တစ်ယောက်ဖြစ်နေလို့ တိုက်ခိုက်သူအဖို့ အန္တရယ်များတယ် ။ နောက်တခုက Drဇော်မြင့်မောင်ဟာ ပါးနပ်တယ် ။ အပြောအဆိုကျွမ်းကျင်လိမ္မာတယ် ။ သူဘာလုပ်မယ်ဆိုတာ မှန်းရခက်တဲ့လူစားမျိုးဖြစ်တယ် ။ ဒါကြောင့် Dr ဇော်မြင့်မောင်ကို နံပါတ်(၁)ပစ်မှတ်အနေနဲ့ တိုင်ခိုက်ဖို့မသင့်လျှော်ဘူး ။
ဦးဝင်းမြင့် ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဒီလိုပုဂ္ဂိုလ်တစ်ယောက်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု လုပ်ရင် ဘယ်လိုအန္တရယ်ရှိနိုင်တယ်ဆို စဉ်းစားတတ်သူတိုင်း သဘောပေါက်တယ် ။ ဒါတောင်ဟိုတလောက လွှတ်တော်မှာ ဦးဝင်းမြင့်ဖြေတဲ့ အဖြေတစ်ခုနဲ့ပတ်သက်ပြီး ဝိုင်းကစ်လိုက်ကြသေးတယ် ။
နောက်တစ်ဦးက ဦးဥာဏ်ဝင်း ။ဦးဥာဏ်ဝင်းက ဥပဒေပညာရှင် စကားပြောကျွမ်းကျင်တယ် ။ ရန်ကုန်ဋ္ဌာနချုပ်မှာ အလုပ်တွေနဲ့ပိနေတယ် ။ ဒီလိုပုဂ္ဂိုလ်မျိုးကို ပုဂ္ဂိုလ်မျိုးကို တိုက်ခိုက်ဖို့ ခက်တယ် ။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ဖို့ အကြောင်းအချက်ရှာရတာ ခက်တယ် ။ ဒါကြောင့် ဦးဥာဏ်ဝင်းဟာ နံပါတယ်(၁)ပစ်မှတ်အနေနဲ့ တိုက်ခိုက်ဖို့ မသင့်လျှော်ဘူး ။
နောက်တစ်ဦးက ဦးဟံသာမြင့် ။ ဦးဟံသာမြင့်က စကားပြောကောင်းတယ် ။ စကားပြောလဲ ကျွမ်းကျင်တယ် ။ မီဒီယာတွေနဲ့ စကားပြောရင် အရှောင်အတိမ်းကျွမ်းကျင်တယ် ။ ဒီလိုလူမျိုးကို ပုဂ္ဂိုလ်ရေး ထိုးနှက်တိုက်ခိုက်ဖို့ အကြောင်းအချက် ရှာရတာခက်တယ် ။ ဒါကြောင့် ဦးဟံမြင့်ကို နံပါတ်(၁)ပစ်မှတ်အနေနဲ့ မတိုက်ခိုက်တော့ဘူး ။
နောက်ဆုံးတစ်ဦးကတော့ ဦးဝင်းထိန် ။ ဦးဝင်းထိန်က စကားပြောရင် ဟောဟောဒိုင်းဒိုင်း ဒုတ်ထိုးအိုးပေါက် မှန်ရာကို ပြောလေ့ရှိတယ် ။ စကားပြောရင်သွယ်ဝိုက်မနေဘူး ။ ဒဲ့ပြောချလိုက်တတ်သူ ။ နိုင်ငံရေးမှာ နှစ်ပေါင်းများစွာကျင်လည်နေပေမဲ့ ဒစ်ပလိုမေစီမသုံးဘဲ လုပ်ငန်းလုပ်ဆောင်တတ်သူ ။ ပြောတတ်ဆိုတတ်သူ ။
နောက်တစ်ခုက NLD ထိပ်ပိုင်းခေါင်းဆောင်တွေထဲမှာ နာယက ဦးတင်ဦးပြီးရင် ဦးဝင်းထိန်က အသက်အကြီးဆုံး ။ နတ်နေကိုင်းလိုဖြစ်နေတဲ့သူ ။ နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည်ကိုတောင် အကြောက်အလန့်မရှိပြောဆိုတင်ပြစရာရှိတင်ပြတတ်သူ ။ ဒါကြောင့်လဲ ဒေါ်အောင်ဆန်းစုကြည်က ကိစ္စတော်တော်များများမှာ ယုံကြည်စွာတာဝန်ပေးအပ်ခြင်းခံရသူ ။
နောက်တစ်ခုက ဦးဝင်းထိန်ဟာ လက်ရှိမြန်မာ့တပ်မတော်ပိုင်းမှာရှိနေတဲ့ သူတွေထက် စီနီယာကျသူ အပတ်စဉ်(၅) ဗိုလ်သင်တန်းဆင်း ။ တပ်ရဲ့စီနီယာဂျူနီယာ လေးစားမှုအရ ဦးဝင်းထိန်ကို တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်းလုံးက အလေးထားရသူ ။ နောင်တစ်ခုက NLD ထိပ်ပိုင်းခေါင်းဆာင်အားလုံးဟာ စည်းရုံးသမားများဖြစ်နေပြီး ဦးဝင်းထိန်ကတော့ ပြတ်ပြတ်သားသားဆောင်ရွက်တတ်သူ ။ ဒါတွေကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က အားကိုးခဲ့သလို NLD ကို တိုက်ခိုက်ဖြိုခွဲချင်သူတွေရဲ့ နံပါတ်(၁)ပစ်မှတ်ကြီးဖြစ်ခဲ့ရတာပေါ့ ။ ပုဂ္ဂိုလ်ရေးထိုးနှက်တိုက်ခိုက်ဖို့ကတော့ ဦးဝင်းထိန်ဟောဟောဒိုင်းဒိုင်း မကွယ်မဝှက် ဒစ်ပလိုမေစီမသုံးဘဲ ပြောဆိုမှုတွေကနေတစ်ဆင့်တိုက်ခိုက်ဖို့ လမ်းကြောင်းရွေးခဲ့ကြတာပေါ့ ။ NLD မှာ ဦးဝင်းထိန်ကျသွားရင် နောက်ထပ်ပစ်မှတ်က ကျန်တဲ့ ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင်လေးဦးဖြစ်လာမှာပါ ။
နောက်ထပ် ပစ်မှတ်တွေကတော့ NLD CEC လည်းဖြစ် ဝန်ကြီးချုပ်တွေလည်းဖြစ်တဲ့သူတွေ ဖြစ်လာမှာ မြေကြီးလက်ခတ် မလွဲပါဘူး ။ ဒါဟာ NLD ဖြိုခွဲရေး ဒီမိုကရေစီအသွင်ပြောင်းမှု ဖြိုခွဲရေး မဟာဗျူဟာအသစ်တစ်ရပ်ပါ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ နောက်ထပ်အလုပ်လုပ်နိုင်လှရင်(၁၀)နှစ်ပေါ့ ။ အခု NLD ဖြိုခွဲရေးမဟာဗျူကတော့ NLD ရဲ့ အနာဂတ်ခေါင်းဆောင်တွေ ဖြိုခွဲရေး NLD ရဲ့ အမာခံကျောရိုးတွေချေမှုန်းရေး NLD ကိုထိန်းကျောင်းမောင်းနှင်မဲ့သူတွေ ချေမှုန်းရေး မဟာဗျူဟာဘဲ ဖြစ်ပါတယ် ။ ဒါကြောင့်လဲ အခုကစပြီး NLD CEC အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ကို ပုဂ္ဂိုလ်ရေး စတင်တိုက်ခိုက်နေတာဖြစ်ပါတယ် ။
NLD အဖွဲ့ဝင်များ NLD ကိုလိုလားအားပေး ထောက်ခံသူများ ဒီမိုကရေစီကို ချစ်မြတ်နိုးသူများ အပြောင်းအလဲကို မျှော်လင့်နေသူများ သတိရှိကြပါလို့ သတိပေးပါရစေ ။
.
Credit : Htat Min via Kyaw Khant
.
ပြန်လည်မျှဝေပေးပါတယ်။
လေးစားလျှက်
Martin Swe
30-10-2016

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။