Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, October 18, 2016

ခရီး

ခရီး
===
"ဖြစ်ပါ့မလား" ဆိုတဲ့ တွေဝေခြင်းတွေပြည့်နှက်နေတဲ့ မေးခွန်းတွေက ခေါင်းထဲမှာ ပွက်လောရိုက်နေတယ်။
.
မဝံ့မရဲဖြစ်ခြင်းတွေ၊ သံသယစိတ်တွေကြောင့် နောက်ပြန်လှည့်လိုက်ချင်ပေမယ့် မျှော်လင့်ခြင်းတွေ၊ ယုံကြည်ခြင်းတွေကြောင့်လည်း
ရှေ့ကိုဆက်ပြီးတိုးလိုက်ချင်တယ်။
.
"သေချင်တဲ့ကျား၊ တောပြောင်း" တဲ့.. "တစ်ရွာမပြောင်း သူကောင်းမဖြစ်" တဲ့..
ဟုတ်ပါတယ်.. ဒီအတိုင်းလေး ပိုနေမြဲ၊ ကျားနေမြဲ နေလိုက်တာပဲကောင်းပါတယ်။
ဒီလို သက်တောင့်သက်သာ အတွေးလေး တွေးမိလိုက်တာနဲ့ ငါဘာ ဘယ်တော့မှ အောင်မြင်တဲ့သူတစ်ယောက်
ဖြစ်နိုင်တော့မှာမဟုတ်ဘူး ဆိုတဲ့ စိတ်ကလည်း အနာဂတ်တစ်ခုလုံးနဲ့ နှလုံးသည်းပွတ်တွေကိုပါ တုန်လှုပ်ချောက်ခြားစေတယ်။
.
ငါဟာ တကယ်ပဲ မအောင်မြင်နိုင်တော့ဘူးလား?
ငါဟာ တကယ်ပဲ သာမန်ထဲက သာမန်ဖြစ်တော့မှာလား?
ငါဟာ တကယ်ပဲ ထမင်းလေးတစ်နပ်စားဖို့အတွက် အသက်ရှင်ရပ်တည်နေရတော့မှာလား?
.
အဲဒီ့အတွေးနဲ့ မေးခွန်းတွေက မျှော်လင့်ထားတာထက် ပိုပြီး ကြောက်ဖို့ကောင်းတယ်။ ပိုပြီး ရင်ဆိုင်ရခက်ခဲတယ်။
.
တစ်ချို့ကပြောကြတယ်.. "မင်း လုပ်ကိုလုပ်နိုင်တယ်။ ယုံကြည်ချက်ထားပါ" တဲ့..
တစ်ချို့က ပြောတော့.. "မင်းလုပ်နိုင်မှာ မဟုတ်ဘူး။ စိတ်ကူးယဉ်တာတွေရပ်ပြီး လက်တွေ့ဆန်လိုက်စမ်းပါ" တဲ့..
ပတ်ဝန်းကျင်က အသံပေါင်းစုံတွေကြားမှာ ရင်ဘတ်ထဲက အသံတစ်ခုကို နားထောင်ကြည့်တော့
"သွားတော့ သွားချင်တယ်။ (လုပ်ချင်တယ်၊ အောင်မြင်ချင်တယ်) ဒါပေမယ့် ကြောက်တော့ကြောက်တယ်" တဲ့..
.
ကိုယ့် စိတ်ကူးထဲကအတိုင်း လုပ်ရမှာ.. အောင်မြင်မှုခရီးကို သွားရမှာ ဘာလို့ ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလဲ...
လမ်းခရီးက အတိုက်အခိုက်တွေကြောင့်လား... ထောင်ချောက်တွေကြောင့်လား...
ပြိုလဲကျသွားမှာကြောင့်လား... ပြန်မထနိုင်တော့မှာ စိုးတာကြောင့်လား..
.
အနောက်ကို ငေးစောင်းကြည့်တော့ ဘာမှ စိုးရိမ်စရာမရှိပေမယ့် ဘာမှ တပ်မက်စရာမရှိတဲ့ နေရာတစ်ခု။
(တစ်နည်းပြောရရင် ဘာမှ အဓိပ္ပာယ်မရှိတဲ့ ဘဝတစ်ခုပေါ့)
အရှေ့ကို မျှော်ကြည့်တော့ ဆူးတွေ၊ ငြှောင့်တွေ၊ ထောင်ချောက်တွေ.. အဲဒီ့အရာတွေရဲ့ရှေ့မှာတော့ ရွှေအတိနဲ့ အဆင်းတဖိန့်ဖိန့်တောက်နေတဲ့ ရွှေမြို့တော်ကြီး..
နောက်တစ်နေရာက သစ်ပင်တွေနဲ့ စိမ်းလန်းနေတဲ့ အိုအေစစ်လေး.. နောက်တစ်ခုက ပျော်ပွဲရွှင်ပွဲနေတဲ့ စည်ကားနေတဲ့ အရပ်ဒေသ..
(ကိုယ်သွားချင်တဲ့နေရာကို ဦးတည်ပြီး သွားနိုင်တယ်ပေါ့)
.
ဘဝအတွက် အဓိပ္ပာယ်ရှိတဲ့ အရပ်ဒေသတွေ ရှိနေပါရက်နဲ့ ဒီလိုနေရာမှာပဲ ဘဝတစ်ခုလုံးကို အလဟသတ် ကုန်ဆုံးစေမှာလား??
ဟင့်အင်း.. အဲဒီလိုတော့ အဖြစ်မခံနိုင်ဘူး..
ဘဝဆိုတဲ့ တိုတောင်းတဲ့ကာလတိုတိုလေးထဲမှာ စိန်ခေါ်မှုတွေ... အခက်အခဲတွေ.. တိုက်ပွဲတွေကြားထဲမှာ ကိုယ့်ဘဝရဲ့ အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတဲ့
အရပ်ဒေသကို ရောက်အောင် သွားလိုက်ချင်တယ်..
.
ပထမဦးဆုံး ခြေလှမ်းတစ်လှမ်းကို လှမ်းလိုက်တယ်..
အရင်က ရှိခဲ့တဲ့ စိုးရိမ်ခြင်းတွေ၊ ကြောက်ရွံ့ခြင်းတွေနေရာမှာ စိတ်လှုပ်ရှားခြင်းတွေ၊ ရင်ခုန်ခြင်းတွေ..
.
သေချာပါတယ်.. အဲဒီ့ခရီးလမ်းတစ်လျှောက် ပြိုလဲကျဦးမယ်.. နာကျင်ရဦးမယ်.. ပင်ပန်းရဦးမယ်..
ဒါပေမယ့် တစ်နေ့မှာတော့ ကိုယ်ရောက်ချင်တဲ့နေရာကို ရောက်ကို ရောက်ရမယ်..
အဲဒီ့စိတ်နဲ့ပဲ နောက်ထပ် ခြေလှမ်းတွေကို ထပ်လှမ်းလိုက်တယ်..
.
တစ်လှမ်း.. နောက် တစ်လှမ်း.. နောက်ထပ် တစ်လှမ်း..
.
(ကျနော့်ရဲ့မိတ်ဆွေတွေကိုလည်း ထူးမခြားနားဘဝထဲကနေ ရုန်းထွက်ပြီး ကိုယ့်ဘဝအတွက် အဓိပ္ပာယ်ရှိမယ့်အရာတွေနဲ့ ရှင်သန်ရပ်တည်နိုင်ကြဖို့ တိုက်တွန်းဆန္ဒပြုလိုက်ရပါတယ်)
______________
လေးစားမှုများဖြင့်..
ရွှေညာမောင် (Focus Youth)

Focus Youth E-magazine ၏ October Issue အား အောက်ပါ Link မှတစ်ဆင့် အခမဲ့ Dowload ရယူနိုင်ပါပြီ။
Download Link -
http://bit.ly/OctIssueLink1 (3.33 MB)

(Focus Youth E-magazine အား See First လုပ်ထားခြင်းဖြင့် လစဉ်အခမဲ့ ထုတ်ဝေသော Magazine များနှင့်တကွ လူငယ်များနှင့်သက်ဆိုင်သော အောင်မြင်ရေး၊ အလှအပရေး၊ ကျန်းမာရေးနှင့် အခြားဗဟုသုတရဖွယ် Posts များအား မလွတ်တမ်း ဖတ်ရှုနိုင်ပါပြီ။)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။