Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, October 25, 2016

Dropbox ရဲ့ CEO ဖြစ်သူ ဘီလျံနာ Drew Houston ၏ ဝှက်ဖဲ သုံးချပ်

Dropbox ရဲ့ CEO ဖြစ်သူ ဘီလျံနာ Drew Houston ၏ ဝှက်ဖဲ သုံးချပ်
--------------------------------------------------------------------------------

ဘွဲ့နှင်းသဘင်အခမ်းအနားတစ်ခု။ ဒါ့ထက်တိကျသေချာအောင် ပြောရရင် (MIT – Massachusetts Institute of Technology) မက်ဆာချူးဆက် နည်း ပညာတက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနား။မိုးလေးက တစ်ဖွဲဖွဲရွာနေပေမယ့် ဘွဲ့ရသူတွေအားလုံးရဲ့ အာရုံက စင်မြင့်ထက်ဆီမှာရှိနေလေရဲ့။ စင်မြင့်ထက်မှာ နေရာယူထားသူက သူတို့ရဲ့ စီနီယာဖြစ်တဲ့ Drew Houston။ အသက် ၃၃ နှစ်အရွယ်နဲ့ ဘီလျံနာတစ်ယောက်ဖြစ်တဲ့အထိ ကြိုးစားထွန်းပေါက်ခဲ့သူတစ်ဦး။ ယနေ့ Online သုံးနေသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခဲ့တဲ့ Dropbox ရဲ့ တည်ထောင်သူ ။ငယ်ငယ်ရွယ်ရွယ်နဲ့ ဘီလျံနာတစ်ဦးဖြစ်လာခဲ့ပုံက ဘယ်လိုများပါလဲ။ စိတ်ဝင်စားစရာပါပဲ။ သူဘာတွေပြောပြမှာပါလဲ။

“ဒီနေ့ဟာအားလုံးအတွက် ထူးခြားတဲ့ နေ့တစ်နေ့ပါပဲ။ ခင်ဗျားတို့ခါတိုင်းလုပ်နေရတဲ့ အမှတ် ကောင်းဖို့တွေ၊ ဒီဂရီရဖို့လုပ်ရတာတွေ၊ စာမေးပွဲတွေ ဖြေရတာတွေ စသည်စသည်တို့ကို ဒီနေ့ကစပြီး မလုပ် ရတော့ဘူးလေ.. ဟုတ်တယ်မလား”။

“ရှေ့ဆက်ရတော့မယ် ဘ၀အတွက် အခက်အခဲတစ်ခုကတော့ ကိုယ်ဘယ်ကိုသွားချင်မှန်း မသိသေးပဲနဲ့ မြန်မြန်ရောက်ချင်ကြတာပါပဲ။ အခုခင်ဗျားတို့ထဲမှာ ဆိုလဲကုမ္ပဏီထောင်မယ့် သူနဲ့၊ ကင်ဆာ အထူးကုလုပ်မယ့်သူနဲ့..ဒါမှမဟုတ့်ဝတ္ထုကောင်းတွေရေးမယ့် သူနဲ့ စသဖြင့် စဉ်းစားထားမှာပါ။ စဉ်းစားထား တိုင်းလဲ ဖြစ်ချင်မှဖြစ်လာမှာဗျ” ကျွန်တော်ဘွဲ့ရတဲ့နေ့ကလဲ ခင်ဗျားတို့လိုပါပဲ။ ငါဘာလုပ်မယ်ဆိုပြီး စဉ်းစား ကြံစည်ထားတာမျိုး လုံးဝမရှိခဲ့တာပါ။ ဘွဲ့ရပြီး ကာစမှာ အားလုံးက ဒီလိုပါပဲ။

‘ဒီနေ့ကစလို့ ခင်ဗျားတို့တွေ လျှောက်လှမ်းရမယ့် ဘ၀လမ်းအမျိုးမျိုးတွေရှိကြပြီ။ ကျွန် တော်ဒီနေ့ ခင်ဗျားတို့ကို ဝေမျှပေးချင်တာကတော့ ကျွန်တော့်ဘ၀ရဲ့ ၀ှက်ဖဲလေးတွေကိုပါပဲ။ ကျွန်တော် ကိုယ်တိုင်ကျွန်တော်ဘွဲ့ယူတဲ့နေ့မှာ နားထောင်ချင်လောက်မယ့် စကားမျိုးပေါ့။ ကျွန်တော့်ဝှက်ဖဲတွေကများ များစားစားတော့မရှိလှပါဘူး။ တင်းနစ်ဘောလုံးတစ်လုံးရယ်၊ စက်ဝိုင်းတစ်ခုရယ် ၊ ၃၀၀၀၀ ဆိုတဲ့ နံပါတ်တစ် ခုရယ်။ ဒါအကုန်ပါပဲ။ ကျွန်တော်ရှင်းပြရပါစေ။



တင်းနစ်ဘောလုံး တစ်လုံး

ကျွန်တော်အသက် (၂၁) မှာ ကုမ္ပဏီတစ်ခု စထောင်ဖြစ်တယ်ဗျာ။ Andrew Creek နဲ့အတူတွဲ ထောင်ဖြစ်တယ်။ အဲ့ဒီတုန်းကတော့ နှစ်ယောက်စလုံးက ကုမ္ပဏီကိစ္စတွေနဲ့ လုံးဝအစိမ်းသက်သက်ဖြစ်နေ တော့ ခက်ခဲလိမ့်မယ်လို့ ထင်တာပေါ့လေ။ တကယ်တန်းကျတော့ ပုံစံလေးဖြည့်၊ Online မှာ Form လေးတင်ပြီး နှစ်မိနစ်လောက်ပဲကြာတဲ့ကိစ္စ။ ကျွန်တော်တို့ကုမ္ပဏီရဲ့ အလုပ်က SAT သင်တန်းတွေ ကို Online ကနေ သင်ရိုးအသစ်တွေနဲ့သင်နိုင်ဖို့ပေါ့။ နာမည်ကို (Accolade) လို့ပေးခဲ့ကြတယ်။ အစကတော့ ဟုတ်မလိုလိုပဲဗျ။ ဒါပေမယ့် နှစ်နည်းနည်းကြာလာတော့ အနုတ်သဘောဆောင်လာတယ်။ လုပ်ရကိုင်ရတာ ပိုမိုပြီး ခက်ခဲလာတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်ကို တစ်နေ့တခြားဘယ်လိုမှ ခံစားလို့မရဖြစ်လာတယ်ဗျာ။ ကိုယ့်ကိုယ်ကိုယ်လဲအားမလို အားမရတွေဖြစ်လာတော့တာပေါ့။ နောက်ဆုံးကျွန်တော်အလုပ်ကို ခေတ္တနားဖို့ ဆုံးဖြတ်လိုက်ရတဲ့အထိပဲ။ အဲဒီအနောက်ပိုင်း ကျွန်တော်စွဲစွဲလန်းလန်းလုပ်ဖြစ်တာက Online မှာ ဖဲရိုက်လို့ ရတဲ့ Poker Bot တစ်ခုရေးဖြစ်တာပဲ။ ကျွန်တော်ကိုယ်တိုင်လဲ ထဲထဲဝင်ဝင်ဆော့ဖြစ်ပြီး မလုပ်ရရင်မနေနိုင် တဲ့အဆင့်အထိဖြစ်လာတယ်။ စွဲသွားတယ်ပြောရမှာပဲ။

အဲဒီမှာ ကျွန်တော်တစ်ခုသွားတွေ့တယ်ဗျာ။ တကယ်တော့ ကိုယ်ကြိုက်တာကို လုပ်နေရတာနဲ့ မလုံ လောက်ဘူးဆိုတာပဲ။ ကျွန်တော်မြင်ဖူးတဲ့ အောင်မြင်နေကြတဲ့သူတိုင်းကို ကြည့်ကြည့်တဲ့အခါ သူတို့အလုပ် တွေကို သာမန်ကာလျှံကာ လုပ်နေတာမျိုးမဟုတ်ပဲ ရူးသွပ်စွဲလန်းစွာလုပ်နေကြတာပါပဲ။ ပြဿနာတွေတက် နေရင်တောင် အဲဒီပြဿနာတွေကို လိုလိုချင်ချင်ကြီးကို ဖြေရှင်းနေကြတဲ့ အထိပဲ။

ခင်ဗျားတို့မှာ ခွေးမွေးထားတာရှိရင် သိပါလိမ့်မယ်။ ခင်ဗျားလက်ထဲမှာ တင်းနစ်ဘောတစ်လုံးကို ကိုင်မြှောက်ထားလိုက်တာနဲ့ ခင်ဗျားခွေးက မျက်လုံးတွေအရောင်တစ်လက်လက်နဲ့ ဖျတ်ဖျတ်တွေ လူးနေ ပြီလေ။ အဲဒီတင်းနစ်ဘောကို ပစ်လွှတ်လိုက်တာနဲ့ အဲဒီခွေးဟာ ကမူးရှုးထိုးပြေးကောက်တော့တာပဲ။ လမ်းမှာဘာကြီးရှိနေနေ တခြားဘာကိုမှ ဂရုမစိုက်နိုင်တော့အောင် တရှိန်ထိုးပြေးကောက်တော့တာပဲ။

လူတော်တော်များများက သူတို့ရဲ့ တင်းနစ်ဘောလုံးကို ရှာမတွေ့ကြသေးတာပါ။ ကျွန်တော်လဲတစ် ချိန်ကဒီလိုပါပဲ။ ဒီလိုပြောလိုက်လို့ ကျွန်တော်ပထမအလုပ်ကိုမနှစ်သက်ဘူးလို့ မယူဆစေချင်ပေမယ့် ကျွန်တော်လိုချင်တဲ့ တင်းနစ်ဘောလုံးမဟုတ်တာတော့ အမှန်ပါပဲ။ ကျွန်တော်ဆိုလိုချင်တာကတော့ ဒီနေ့က စလို့ ခင်ဗျားရဲ့တင်းနစ်ဘောလုံးကိုရှာကြည့်ပါ။ ခင်ဗျား အမြဲတမ်း တရှိုက်မက်မက် လိုချင်၊လုပ်ချင်နေမယ့် အရာမျိုးပေါ့.. အချိန်တော့ ပေးကောင်းပေးရမှာဖြစ်ပေမယ့် အမြဲတမ်းမျက်စိဖွင့်နားစွင့်ထားပါလို့ပြောချင်ပါတယ်။



စက်ဝိုင်းတစ်ခု

အခုအားလုံးဘွဲ့ရပြီဆိုတော့ ကျွန်တော်ဘွဲ့ရပြီးကြုံရတာလေးတွေ ပြောပြချင်ပါတယ်။ ကျွန်တော့်မှာ Adam Smith လို့ခေါ်တဲ့ တစ်ဆောင်ထဲနေ ညီအကိုလိုခင်ရတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်ဗျ။ သူက သူ့သူငယ်ချင်း Matt Brezina နဲ့ company ဖွဲ့ထားတာ။ အဲ့ဒီတုန်းက ကျွန်တော်တို့တိုက်ခန်းတစ်ခုအတူတူ ငှားနေဖြစ်ကြတယ်။ အကုန်အကျလဲသက်သာတာပေါ့။ Code တွေတူတူရေးကြ..ဘာကြနဲ့ အတော်ပျော် စရာကောင်းခဲ့ပါတယ်။

Adam နဲ့ Matt နဲ့ကိုကြည့်လိုက်ရင် လူနဲ့အလုပ် ပြတ်နေတယ် မရှိတာကိုတော့ ကျွန်တော်သတိ ထား မိတယ်။ တစ်ရက်တော့ သူတို့အပြင်သွားမလို့ လုပ်နေတာတွေ့လို့ ကျွန်တော်က ဘယ်လဲလို့မေး လိုက်တော့ Investor တစ်ယောက်နဲ့သွားတွေ့မလိုတဲ့။ ကျွန်တော်ကလဲ ‘အော် အေးအေး’ ပေါ့။

ပြီးမှ သိလိုက်ရတာက အဲဒီ Investor က သူတို့ကို ဟယ်လီကော်ပတာစီးပြီးတော့ကို ခေါ်တာမျိုး။

ကျွန်တော်လဲ ဟယ်လီကော်ပတာ စီးချင်တာပေါ့ဗျာ။ ပြန်ဆန်းစစ်ကြည့်တော့ ကျွန်တော်ကုမ္ပဏီ အလုပ်လုပ်တာ နှစ်ပေါက်နေပြီဖြစ်ပေမယ့် Adam တို့က နှစ်လလောက်ပဲ လုပ်ရသေးတာဗျာ။ ပြီးသိပ်မကြာ ခင်မှာပဲ Adam က သူကျွန်တော်တို့တိုက်ခန်းကနေ Silicon Valley ကို ပြောင်းတော့မယ်လို့ပြောပြီး ကျွန်တော်တစ်ယောက်ထဲ ကျန်ခဲ့တော့တယ်။

ကြားထဲမှာ အဆက်အသွယ်ပြတ်မသွားပေမယ့် တစ်ရက်တော့ ကျွန်တော်တို့ ဖုန်းပြောဖြစ်ကြ တယ်။ သူတို့ဒီနေ့ Vinod Khosla နဲ့တွေ့တယ်တဲ့။ Vinod Khosla က ဆိုတာက နည်းပညာလောကမှာ မသိသူ မရှိအောင်ကျော်ကြားတဲ့ Silicon Valley ကရင်းနှီးမြှုပ်နှံတဲ့ သူဋ္ဌေးကြီး။ ဘာတွေပြောကြတုန်းလို့မေးလိုက်တော့ Vinod က သူတို့ကို ဒေါ်လာငါးသန်း ရင်းနှီးမြုပ်နှံဖို့ သဘောတူလိုက်ပြီတဲ့လေ။

ကျွန်တော် ရှော့ရသွားတယ်။ ဆွံအသွားခဲ့တယ်။ Adam အတွက်တော့ ၀မ်းသာနိုင်ပေမယ့် ကျွန်တော့ခေါင်းထဲမှာ တွေးစရာတွေဖြစ်လာတယ်။ Adam ဆိုတာ ကျွန်တော်တို့ တစ်ဆောင်ထဲနေ၊ ကဲဖော် ကဲဘက်ညီလေး။ ကျွန်တော်ထက် (၂)နှစ်တောင်ငယ်လိုက်သေးတာ။ သူကဒါမျိုးအောင်မြင်နေချိန်မှာ ကျွန်တော်ဘာလို့မအောင်မြင်သေးတာလဲ။

Adam ကတော့သိချင်မှ သိမှာဖြစ်ပေမယ့် သူဟာ ကျွန်တော့်အတွက် တွန်းကန်အား တစ်ခုဖြစ်စေ ခဲ့တယ်။ ပြောင်းလဲချိန်တန်ပြီဆိုတာကို ပြသွားနိုင်ခဲ့တယ်။

ဆိုရိုးတစ်ခုရှိတယ်ဗျ။ ခင်ဗျားဟာ ခင်ဗျားနဲ့အတူတူအချိန် အဖြုန်းဖြစ်ဆုံး လူငါးယောက်ရဲ့ ပျမ်းမျှပဲတဲ့လေ။ ခင်ဗျားရဲ့ စက်ဝိုင်းခေါ်မလား။ ကျွန်တော့်စက်ဝိုင်းကတော့ (MIT – Massachusetts Institute of Technology) လို့ပဲ ပြောရမှာဖြစ်သလို ဂုဏ်လဲဂုဏ်ယူ မိပါတယ်။ ဒီမှာ ကျောင်းမတက်ဖြစ်ခဲ့ရင် Adam နဲ့ လဲတွေ့မှာမဟုတ်ပါဘူး။ ကျွန်တော် Co – Founder တစ်ဦး ဖြစ်တဲ့ Raj နဲ့လဲတွေ့မှာမဟုတ်ပါဘူး။ ဒီတော့ Dropbox ဆိုတာလဲ ဖြစ်လာတော့မှာမဟုတ်တော့ဘူးပေါ့။

ကျွန်တော်ရရှိလိုက်တဲ့ သင်ခန်းစာကတော့ ခင်ဗျားကြည်ညို နိုင်၊ အားကျအတုယူနိုင်သူတွေရဲ့ စက်ဝိုင်းဟာ အလွန်အရေးကြီးတယ်ဆိုတာပါပဲ။ ပါရမီကောင်းရုံ၊ အလုပ် ကြိုးစားရုံတွေအပြင် ခင်ဗျားအနားမှာရှိတဲ့ စက်ဝိုင်းက ကောင်းဖို့လိုပါတယ်။ ကျွန်တော့်စက်ဝိုင်းထဲက Adam က ကျွန်တော့်ကို အလင်းပြသွားသလိုပေါ့။

(MIT) တစ်ကျောင်းပဲရှိသလို၊ Hollywood ကလဲ တစ်ခုထဲရှိပါတယ်။ Silicon Valley သည် ထိုနည်း၎င်းပါပဲ။ ခင်ဗျားဘာအလုပ်ပဲလုပ်သည်ဖြစ်စေ ကမ္ဘာပေါ်မှာ အဲဒီအလုပ်နဲ့ ပတ်သက်တဲ့ အကောင်း ဆုံးနဲ့ အမြင့်ဆုံး နေရာတစ်ခုရှိနေမှာပါ။ အဲဒီနေရာကိုအရောက်သွားဖို့ပဲ လိုတာပါ။ ကျွန်တော့်စက်ဝိုင်းထဲ က သူငယ်ချင်းတွေနဲ့ လေးစားအားကျရသူတွေကြောင့် ကျွန်တော်ဒီလိုနေရာကိုရောက်လာတာပါ။

ခင်ဗျားစက်ဝိုင်းထဲမှာရော … ဘယ်သူတွေရှိနေပါသလဲ။



၃၀၀၀၀ ဆိုတဲ့ နံပါတ် တစ်ခု

ကျောင်းတွေပြီးသွားကြပြီဆိုတာနဲ့ အားလုံးလိုလို ပြုလုပ်မိကြတာကတော့ တစ်ခုခုလုပ်ဖို့ကို အချိန်ပေးပြင်ဆင်ကြတာပါပဲ။ဒါဟာ မကောင်းဘူးလို့တော့ ကျွန်တော် မပြောလိုပါဘူး။တစ်ခုခုကို သင်ကြားတတ်မြောက်ခြင်းဟာ အရေးကြီးနေဆဲ ဆိုတာမှန်ပေမယ့် ဒီဘက်ခေတ်မှာတော့ ထလုပ်လိုက်တာကိုက အမြန်ဆုံး သင်ယူမှု တစ်ခု ဖြစ်လို့နေပါပြီ။

ခင်ဗျားဖြစ်ချင်တဲ့ အိပ်မက်တစ်ခု အကောင်အထည်ဖော်ဖို့ စီစဉ်နေ၊လေ့လာနေ၊ပြင်ဆင်နေတဲ့ အချိန်မှာကို အဲဒီ အိပ်မက်ကို စလုပ်ထားလိုက်ပါ။အချိန်တွေ မကုန်ရလေအောင်ပါ။

San Francisco ကိုပြောင်းပြီး သိပ်မကြာခင်မှာပဲ ကျွန်တော်တို့ကို ရင်းနှီးမြှုပ်နှံမယ့် သူတွေက “Yes” လို့ မီးစိမ်းပြလိုက်တဲ့နေ့ကို ကျွန်တော်မှတ်မိနေတုန်းပဲဗျ။”သူတို့ ရင်းနှီးမြှုပ်နှံမယ့်အကြောင်း၊ပိုက်ဆံကို ဘယ်ကိုလွှဲပေးရမလဲ လို့ပြောလာတဲ့အခါ ခင်ဗျားတို့ စဉ်းစားကြည့်ကြဗျာ။အသက်(၂၄)နှစ်အရွယ် ကျွန်တော့်အတွက် ဒီသတင်းဟာ ခရစ်စမတ် လက်ဆောင်တစ်ခုလိုပါပဲ။ဒေါ်လာ ၆၀ ကျော်ပဲရှိတဲ့ ကျွန်တော်တို့ ဘဏ်စာရင်းလေးဟာ ၁.၂ သန်း ရှိ ဘဏ်စာရင်းကြီး ဖြစ်သွားခဲ့ပါပြီ။ဘုရားရေ..ဒါဟာအတော်ကောင်းတဲ့ ခံစားချက်ပါလားပေါ့။တစ်ချိန်ထဲမှာပဲ ငါ စတော့ စမိပြီ (ဖြစ်ပါ့မလားဘာညာပေါ့)။ဒီလို စလိုက်မိလို့လဲ ဒီနေ့ Dropbox ရယ်လို့ ဖြစ်လာတာပါ။

ပြီးခဲ့တဲ့ နှစ်တွေတုန်းက ကျွန်တော်ဆိုတာလေ..အမှားတွေ ဘယ်နှခုတောင် လုပ်မိသလဲဆိုတာ ရေလို့တောင်မရဘူးဗျ။မှားခဲ့တာတွေ က အရေးကြီးကိစ္စရယ်တော့ မဟုတ်တော့ဘူးဗျ။ Bill Gates ရဲ့ ပထမဆုံး company က မီးပွိုင့်တွေအတွက် ထုတ်တဲ့ software ရေးတဲ့အလုပ် နဲ့ မအောင်မြင်ခဲ့သလို ၊ Steve Jobs ရဲ့ ပထမဆုံးခြေလှမ်းကလဲ မျက်နှာပန်း လှခဲ့တာ မဟုတ်ပါဘူး။ဒီဘက်ခေတ်မှာ ကျွန်တော် နှစ်ခြိုက်မိတဲ့အချက်က အဲဒါပါပဲ။အခုအချိန်ကစလို့ ကျရှုံးခြင်း ဟာ ဂရုစိုက်လောက်စရာမဟုတ်တော့ပါဘူး။တစ်ခါ မှန်လိုက်ဖို့ပဲ လိုတာပါ။

San Francisco ကိုပြောင်းလာပြီး သိပ်မကြာတဲ့ အချိန်တုန်းကပေါ့ဗျာ။တစ်ခုသော ညမှာ ဘယ်လိုမှ အိပ်မရတာနဲ့ online ပေါ်တက်ပြီး ဟိုလျှောက်ဖတ်၊ဒီလျှောက်ဖတ်နဲ့ Page တစ်ခုမှာ ဒီစာကြောင်းလေး ဖတ်မိတယ်။”လူတစ်ယောက်ရဲ့ ပျမ်းမျှသက်တမ်းဟာ ရက်ပေါင်း ၃၀၀၀၀ ရှိသတဲ့”ဆိုပဲဗျ။ဒါနဲ့ပဲ ကျွန်တော်လဲ ဂဏန်းပေါင်းစက်ဖွင့်လိုက်ပြီး ကျွန်တော့အသက် ၂၄ နှစ်နဲ့ ၃၆၅ ရက်ကို မြှောက်ကြည့်မိရော။ဘုရားရေ…ငါဟာ ရက်ပေါင်း ၉၀၀၀ လောက် နေပြီးသွားပဟ လို့ အလန့်တကြား ရေရွတ်မိတယ်။ဒီ ရက်တွေမှာ ငါ ဘာတွေများလုပ်ခဲ့ပြီးပါပြီလဲပေါ့။ဒီရက်ပေါင်း ၃၀၀၀၀ ဆိုတဲ့ ဂဏန်းတစ်လုံးက နေ့ရက်တိုင်း၊ နေ့ရက်တိုင်း ဟာဘယ်လောက်တန်ဖိုးရှိသလဲ ဆိုတာကို အမှတ်ရနေစေပါတော့တယ်။

နေ့ရက်တိုင်းဟာ ကျွန်တော်တို့ ဘဝစာမျက်နှာတွေထဲကို ဝေါဟာရ အသစ်တွေ ဖြည့်စွက်ပေးနေဦးမှာပဲဗျ။ကျွန်တော်ကတော့ ကိုယ့်ဘဝ စာမျက်နှာကို အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ထက် စိတ်ဝင်စားဖို့ကောင်းဖို့ကိုသာ ဦးစားပေးဖို့ ဆုံးဖြတ်ထားတယ်ဗျ။ကျွန်တော့်ဘဝ ကို စွန့်စားခန်း တစ်ခု ဖြစ်စေချင်တယ်။

နိဂုံးချုပ်အနေနဲ့ ပြောရရင်တော့ ဒီနေ့ ဘွဲ့ယူပြီး ဘဝလမ်းတွေ အသီးသီး လျှောက်လှမ်းကြတော့မယ့်ခင်ဗျားတို့ကို ကျွန်တော့်အဖွား ကျွန်တော့်ကို ဆုတောင်းပေးနေကြ စကားလုံးလေးနဲ့ ဆုတောင်းပေးလိုပါတယ်။အဲဒါကတော့( Excelsior )ဆိုတဲ့စကားလေးဖြစ်ပြီး အဓိပ္ပါယ်ကတော့ “အမြဲတမ်း အထက်ဆီသို့”တဲ့ဗျ။ခင်ဗျားတို့ ရှေ့ဆက်ရတော့မယ့် ဘဝတွေကို အကောင်းဆုံးဘဝတွေဖြစ်အောင် ထုဆစ်နိုင်ပါစေ ဆိုတာမျိုးထက် ခင်ဗျားတို့ လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်ခွင့်တွေနဲ့ စိတ်ဝင်စားစရာတွေ ပြည့်နှက်နေပြီး အမြဲတမ်း အထက်ဆီသို့ လျှောက်လှမ်းနိုင်မယ့် စွန့်စားခန်း တွေထွက်နိုင်ကြဖို့ဆုတောင်းပေးချင်ပါတယ်။အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။



အသက် သုံးဆယ့်သုံးနှစ် အရွယ်မှာတင် ဒေါ်လာ ဘီလျံပေါင်းများစွာ တန်ဖိုးဖြတ်လို့ရနေပြီဖြစ်တဲ့ Dropbox ကိုတည်ထောင်သူ သန်းကြွယ်သူဋ္ဌေးလေး Drew Houston ရဲ့ ဝှက်ဖဲ သုံးချပ်ဟာ ကျွန်တော်တို့အတွက် တွန်းအား တစ်ခု ဖြစ်စေခဲ့တာတော့ အမှန်ပါပဲ။ကျွန်တော်တို့ လိုချင်လောက်မယ့် တင်းနစ်ဘောလုံးကို ကျွန်တော်တို့ တွေ့ပါပြီလား။ကျွန်တော်တို့ အတူတကွ အချိန်အဖြုန်းဖြစ်ဆုံး စက်ဝိုင်းထဲကသူတွေက ဘယ်သူတွေများပါလဲ။ရက်ပေါင်း ၃၀၀၀၀ မှာကျွန်တော်တို့ ဘယ်နှရက် ဖြုန်းခဲ့ပြီးလို့ ဘယ်နှရက် ကျန်ပါသေးသလဲ။စိတ်ဝင်စားစရာ စွန့်စားမှုတစ်ခုကို Drew လိုပဲ တရှိုက်မက်မက် သွားကြည့်ကြရအောင်ဗျာ။

Ref – ၂၀၁၃ခုနှစ် မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်တွင် Dropbox ၏ Founder ဖြစ်သူ Drew Houston ပြောကြားခဲ့သည့် Speech အား ကိုးကားရေးသားထားပါသည်။

#သကောင့်သား

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။