Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, October 27, 2016

★ အင်္ဂလိပ်​ဘာသာစကားကိုသင်​ယူဖို့စိတ်​ဝင်​စားရင်​ ဒါ​တွေကိုအရင်​သိထားသင့်​ပါတယ်​ ★

★ အင်္ဂလိပ်​ဘာသာစကားကိုသင်​ယူဖို့စိတ်​ဝင်​စားရင်​ ဒါ​တွေကိုအရင်​သိထားသင့်​ပါတယ်​ ★

# ကိုယ်​လျှာက်မယ့် ခရီးဆုံးပန်းတိုင်​ကို​ရောက်​ဖို့ ဘယ်​​လောက်​​ဝေးတယ်​ ဘယ်​​လောက်​ကြာမယ်​ဆိုတာ သိကိုသိထားသင့်​တဲ့အချက်​ပါ.. ဒါမှ ​လျှောက်​မယ်​ မ​လျှောက်​ဘူး ပြတ်​ပြတ်​သားသားဆုံးဖြတ်​နိုင်​မှာပါ #

အင်္ဂလိပ်​ဘာသာစကား​လေ့လာသင်​ယူကြတဲ့အခါမှာ လိုချင်​တဲ့ပန်းတိုင်​ရဲ့အနီးအ​ဝေးနဲ့ အချိန်​ဘယ်​​လောက်​ကြာနိုင်​တယ်​ .. ဘယ်​ Level ဆိုရင်​ ဘယ်​​လောက်​အ​နေအထား​လောက်​အသုံးချလို့ရတယ်​ဆိုတာမျိုး​တွေကို သင်​​ပေးတဲ့ ဆရာ ဆရာမ​တွေသာသိထားသလိုဖြစ်​​နေပါတယ်​.. တစ်​ကယ်​က သင်​ယူမယ့်​သူ​တွေကိုယ်​တိုင်​လည်းသိထားသင့်​ပါတယ်​.. ဒါမှသာ မှန်​ကန်​ပြီးအကျိုးရှိမယ့်​ဆုံးဖြတ်​ချက်​ချနိုင်​မှာပါ..

အ​ခြေခံလုံးဝမရှိပဲ အစက​နေ စရမယ့်​သူ​တွေကိုဥပမာထားပြီး​ပြောပါမယ်​..

ပထမဦးဆုံး ဒီဘာသာစကားကို အပိုင်းနှစ်​ပိုင်းခွဲလိုက်​ပါမယ်​..
1. သင်​ယူရမယ့်​အပိုင်း (needed teachers)
2. ​လေ့ကျင့်​ရမယ့်​အပိုင်း (with classmates & judges)

သင်​ယူရမယ့်​အပိုင်း
••••••••••••••••••
ဒီအပိုင်းက​တော့ အ​ရေးအကြီးဆုံးအပိုင်းပါပဲ.. သင်​​ပေးသူနဲ့သင်​ယူသူ နည်းစနစ်​ကျဖို့ အတွဲညီဖို့လိုပါတယ်​ တစ်​ဖက်​ဖက်​က​ဖောက်​တာနဲ့ ရလဒ်​​ကောင်းထွက်​မလာ​တော့ပါဘူး..

Level 1. (Elementary)
°°°°°°°°°°°°°°°°°°°°°°
တစ်​ကယ်​​တော့ သူ့​ရှေ့မှာ Basic level တစ်​ခုရှိပါ​သေးတယ်​.. ဒါ​ပေမယ့်​ ကျွန်​​တော်​တို့သုံး​နေတဲ့ Revolutionary Methods နဲ့သင်​မယ်​ဆိုရင်​ Basic က Level တစ်​ခုအ​နေနဲ့ သီးသန့်​ခွဲထုတ်​စရာမလို​တော့ပါဘူး
အ​​ခြေခံကို Elementary မှာပဲ​ပေါင်းသင်​လိုက်​တာကြောင့်​ ကျွန်​​တော်​တို့ center မှာ သူ့ကို level (1) လို့ပဲသတ်​မှတ်​ထားတာပါ.. နှစ်​ခု​ပေါင်းထားတာပါ..

ဒီ Level ဟာအ​ရေးအကြီးဆုံးပါပဲ အ​ခြေခံကစလို့ self-study လုပ်​လို့ရတဲ့အထိအဓိကအချက်​​တွေကိုသင်​ယူရပါတယ်​.. သင်​ယူရမယ့်​အပိုင်းထဲက 80% ​လောက်​ကဒီမှာတင်​ပါသွားပါပြီ

ဒီအဆင့်​​အောင်​မြင်​သွားရင်​ ဆရာလွတ်​​လေ့လာနိုင်​ပါပြီ.. အင်္ဂလိပ်​လို အ​တော်​အသင့်​ ​ရေးသား​ပြောဆိုနိုင်​ပါပြီ အလုပ်​ခွင်​ဝင်​လို့ရပါပြီ.. နိုင်​ငံခြားမှာအလုပ်​သွားလုပ်​ဖို့ဆိုရင်​လည်း အခက်​အခဲသိပ်​မရှိ​တော့ပါဘူး.. သင်​ထားသမျှကိုကြိုးစား​လေ့လာပြီး တင်းပြည့်​ကျပ်​ပြည့်​ရသွားတဲ့သူ​တွေဆိုရင်​​တော့ ထိုထက်​ပို၍​ပေါ့​ဗျာ..

self-study အ​နေနဲ့မ​လေ့လာချင်​လည်း သင်​တန်း​ရွေးစရာမလို​တော့ပါဘူး.. ဘယ်​သင်​တန်းတက်​တက်
အခက်​အခဲမရှိနိုင်​​တော့ပါဘူး..သင်​တန်း​ကောင်း​ကောင်းဘယ်​မှာရှိလဲ ဆိုတာလည်း​မေးစရာမလို​တော့ပါဘူး.. အ​ခြေခံရှိထားတဲ့သူ​တွေအတွက်​သင်​တန်းအားလုံး​ကောင်းပါတယ်​...

စကားလုံး​တွေက​ရော ဘယ်​ဟာ​တွေကျက်​ရမှာလဲ??

ပညာရပ်​ဆိုင်​ရာစကားလုံး​တွေပါ​ပေါင်းလိုက်​ရင်​ အင်္ဂလိပ်​စကားလုံး​တွေက 700,000 (7 သိန်း) ဝန်းကျင်​ရှိ​နေပါတယ်​..
Pocket dictionary ​တွေမှာဆိုရင်​​တောင်​ 20,000 to 30,000 ဝန်းကျင်​ရှိပါတယ်​ ဒါ​တွေကိုအကုန်​လုံးကျက်​စရာ သိစရာမလိုပါဘူး.. Oxford တက္ကသိုလ်​က​​နေ အသုံးအများဆုံးစကားလုံး​တွေကို နှစ်​​ပေါင်းများစွာ​လေ့လာပြီး အထပ်​ထပ်​စီစစ်​ထားပြီးသားရှိပါတယ်​ Keywords လို့နာမည်​​ပေးထားပါတယ်​.. အားလုံး​ပေါင်း 3000 ပါ.. Oxford dictionary ​တွေကိုကြည့်​မယ်​ဆိုရင်​ တစ်​ချို့စကားလုံး​တွေရဲ့​ဘေးမှာ Key (​သော့တံ) ပုံစံ​လေး​ပေးထားတာ​တွေ့ရမှာပါ ဒါဟာအသုံးများတဲ့ Keyword ကြီးပါလို့​ပြော​ပေးထားတာပါ.. အဲဒါမျိုး​တွေက​တော့ အကုန်​သိထားသင့်​ပါတယ်​ .. Eng to Eng dictionary ​တွေမှာ အဲဒီစကားလုံး​တွေထဲကပဲသုံးပြီး ရှင်းပြထားတာပါ.. အခြား self-study အတွက်​ထုတ်​ထားတဲ့စာအုပ်​​တွေမှာလည်း ဒီစကားလုံး​တွေပဲသုံးပြီးရှင်းထားလို့ အခက်​အခဲမရှိဖတ်​နိုင်​ပါတယ်​..

အဲဒီစကားလုံး 3000 ကိုမှ ထပ်​ပြီးစီစစ်​ထားတဲ့ Keywords 1500 ကို ဒီ Elementary level မှာပဲ အပြီးရ​အောင်​လုပ်​ရပါတယ်​..
အဲဒီမှာတင်​ အကြမ်းအားဖြင့်​ ဘယ်​​လောက်​ထူတဲ့ E to E dictionary ကိုမဆို တစ်​ဝက်​​လောက်​ဖတ်​နိုင်​​နေပါပြီ..
ဒါ​ကြောင့်​ ဒီ level က second language ​လေ့လာမယ့်​သူ​တွေအတွက်​ အသက်​ပါပဲ...

ဒီ Language ကြီးတစ်​ခုလုံးကိုနားလည်​သွားဖို့အတွက်​ သင်​ယူရမယ့်​အရာ​တွေကို စနစ်​တကျ အဆင့်​လိုက်​စီ​ပေးထားပါတယ်​..
Level တစ်​ခုချင်းစီအ​ကြောင်းပဲသိချင်​တဲ့သူ​တွေက ​ကျော်​ပြီးဖတ်​လိုက်​ပါ..

1. Parts of Speech (page ထဲမှာအ​သေးစိတ်​ရှင်းထားပါတယ်​)
2. Basic phrases (page or group ထဲမှာရှင်းပြီးသားပါ)
3. Twelve tenses (ဝါကျဖွဲ့ပုံ 12 မျိုး ဒါလည်းအ​သေးစိ​တ်​ရှင်းထားပြီးသားပါ)
4. Time clause (Adverb clause)
5. Adjective clause
6. Noun clause
7. Modal verb (Part.1)
8. The Passive
9. Conjunction
10. Imperative
11. Gerunds and Infinitives
12. Conditional clauses (If clauses)

ဒါကသင်​ယူရမယ့်​အပိုင်း ကုန်​ပါပြီ ဒါ​တွေအားလုံးသိထားရင်​ လုံ​လောက်​တယ်​ဆိုတာထက်​ကိုပို​နေပါပြီ.. ဒါ​တွေအားလုံးကို
Elementary level တစ်​ခုထဲမှာပဲ သင်​ယူရတာပါ..(ကျွန်​​တော်​တို့ center ရဲ့ သင်​ရိုးအ​နေနဲ့ပါ)

# Grammar သိမှ ဖတ်​တတ်​မယ်​.. ဖတ်​တတ်​မှ​ရေးတတ်​မယ်​.. ​writing ဆိုတာ စကား​တွေကို ဖြေး​ဖြေးမှန်​မှန်​​နဲ့ အသံတိတ်​ ပြော​နေတာပါ.. အ​ရေးအဖတ်​ရ​တော့မှ အဲဒီအ​တွေ့အကြုံ​တွေနဲ့ ကြားလိုက်​တဲ့စကား​တွေကိုပုံ​ဖော်​တတ်​မယ်​.. ဥပမာ .. He's .. လို့​ပြောတာကြားလိုက်​ရင်​ He is ဖြစ်​ချင်​ဖြစ်​မယ်​ He was လည်းဖြစ်​နိုင်​တယ်​ He has လည်းဖြစ်​​ကောင်းဖြစ်​မယ်​.. အဓိပ္ပါယ်​ချင်းကလည်းမတူ.. အဲဒီ​တော့ Grammar အ​ခြေခံမရှိပဲ ဘယ်​လိုနားလည်​နိုင်​ပါ့မလဲ.. ကြားတာ​တွေကိုနားလည်​လာရင်​ ​ပြောဖို့က​တော့မပူနဲ့​ဗျာ လူတိုင်းဒီလိုပဲအကြားနဲ့စကား​စသင်​တာတာ..#

အကုန်​သင်​ပါလျှက်​နဲ့ဘာလို့ 80% လို့​ပြောရလဲဆိုရင်
Exceptions (ချွင်းချက်​​) တွေရယ်​ တစ်​ချို့ အသုံးနည်းတဲ့အပိုင်း​တွေရယ်​ကို ချန်​ခဲ့လို့ပါ..

ဒီ level အတွက်​ စာ​ကြွေးမကျန်​​အောင်​လုပ်​နိုင်​ရင်​.. စိတ်​နှစ်​ထားရင်​ သုံးလ နဲ့လုံ​လောက်​ပါတယ်​ (ဘာမှမလုပ်​ပဲပုံမှန်​လာထိုင်​​နေတဲ့ သင်​တန်းထိုင်​သမားများမပါပါ)

Pre- Intermediate
°°°°°°°°°°°°°°°°°°
ဒီ level ကစပြီး ​လေ့ကျင့်​တဲ့အပိုင်းများလာပါတယ်​... အရင်​ level ကချန်​ခဲ့တဲ့ချွင်းချက်​​တွေကိုလည်း ထည့်​သင်​ရပါပြီ..
Keywords ​တွေကိုလည်း 700 ​လောက်​ထပ်​ဖြည့်​ရပါပြီ..
ဒီအဆင့်​ကို လွတ်​လွတ်​ကျွတ်​ကျွတ်​​အောင်​မြင်​သွားရင်​​တော့ အ​ပြောအဆိုရဲတင်းမှန်​ကန်​လာပါပြီ.. Assistant Teacher တစ်​​ယောက်​လုပ်​ချင်​ရင်​​တောင်​ ရဲရဲတင်းတင်းလုပ်​နိုင်​ပါပြီ

ဒီ level လည်း ဇွဲ​ကောင်းသူများအတွက်​ သုံးလနဲ့ ​အောင်​မြင်​နိုင်​ပါတယ်

Intermediate
°°°°°°°°°°°°°°
ဒီ Level က​တော့ လိုအပ်​​နေတဲ့အ​ပေါက်​​လေး​တွေလိုက်​ဖြည့်​ရသလိုပါပဲ.. သင်​စရာနည်းသွားပါပြီ.. နည်းသွားသ​လောက်​လည်း တစ်​ခုဆိုတစ်​ခု နက်​နဲပြီး ဦး​နှောက်​​ခြောက်​ချင်​စရာ​ကောင်းပါတယ်​.. *(စီးပွား​ရေးအရ လွယ်​လွယ်​သတ်​မှတ်​ကြတဲ့ သူလည်း Inter ကိုယ်​လည်း Inter မျိုးမဟုတ်​ပါဘူး.. နိုင်​ငံတကာသတ်​မှတ်​ချက်​နဲ့ကိုက်​ညီမယ့်​ Intermediate level ပါ)*

ဒီ level မှာ ချွင်းချက်​​တွေဖြည့်​ရတဲ့အပြင်​ အသုံးနည်းတဲ့ဟာ​တွေလည်းသင်​ရပါတယ်​.. Keywords 800 ဝန်းကျင်​​လောက်​လည်​ထပ်​ဖြည့်​ရပါတယ်​..

ဒီအဆင့်​ကို​အောင်​မြင်​သွားရင်​​တော့ အင်္ဂလိပ်​လို ရန်​ဖြစ်​လို့ရပါပြီ အတင်း​ကောင်း​ကောင်းတုပ်​နိုင်​ပါပြီ..Native Speakers ​တွေသင်​​ပေး​နေတဲ့ နိုင်​ငံတကာအဆင့်​မီ Business သင်​တန်းများကိုလည်းတက်​နိုင်​ပါပြီ.. (business ဆိုင်​ရာစကားလုံး​တွေ​တော့ထပ်​ဖြည့်​ရအုံးမှာပါ).. ဝါသနာပါပါက Retold Stories ​တွေလို ပုံပြင်​စာအုပ်​​တွေပါ လက်​တည့်​စမ်း​ရေးသားနိုင်​ပါတယ်..

ဒီ level က​တော့ သင်​တန်းကာလအရ သုံးလသတ်​မှတ်​ထား​ပေမယ့်​ ​အောင်​လက်​မှတ်​ရဖို့ခဲယဉ်းပါတယ်​.. လက်​ပမ်းကျလာတဲ့ level တစ်​ခုလည်းဖြစ်​ပါတယ်​.. နှစ်​ကြိမ်​သုံးကြိမ်​​လောက်​မှ​အောင်​တာများပါတယ်

# Upper Level သင်တန်း​တွေက ကျွန်​​တော်​တို့ center မှာ​တော့ မရှိပါဘူး.. ကျွန်​​တော်​ကိုယ်​တိုင်​လည်း ​လေ့လာ​နေဆဲပါ.. #

••••••••••••••••••••••••••••••••••••••••••••••••••••
★ Glory Language Center
with Revolutionary Teaching Methods ★

အမှတ်​(၈၃/၈၄)၊ အခန်း(၅၀၂)၊ သုခမှတ်​တိုင်​၊ ရန်​ကုန်​အင်းစိန်​လမ်းမ
# ​ရွှေသရဖူ​ဆေးဆိုင်​အ​ပေါ်ထပ်​ (၅)လွှာ #

09 30 254 294
09 4210 97 439
09 4211 31 893

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။