Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, October 15, 2016

#ကိုယ် ရည် ကိုယ်သွေး တိုးတက်ချင်ရင် ဘာတွေ လေ့လာ ရမလဲ ?#

#ကိုယ် ရည် ကိုယ်သွေး တိုးတက်ချင်ရင် ဘာတွေ လေ့လာ ရမလဲ ?#
-----------------------------------------------------------------------------

လူ တစ်ယောက်မှာ သူ့ရဲ့ လုပ်ငန်း ပိုင်း ကျွမ်းကျင်မှု ဆိုင်ရာ အရည်အချင်း ရှိသလို
သူ့ရဲ့ ကိုယ်ပိုင် ကိုယ် ရည် ကိုယ်သွေး ဆိုတာလည်း ရှိပါတယ် ။

တစ်ခါတလေ လုပ်ငန်းခွင်တွေမှာ ကိုယ်က လုပ်ငန်းပိုင်းဆိုင်ရာ အရည်အချင်း ရှိနေပေမယ့်
ရာထူး တိုးစရာ ပေါ်လာတော့ ကိုယ်နဲ့ အရည်အချင်းတူ တစ်ယောက်ယောက်က
ဒီရာထူးကို ရသွားတယ် / ဒါမှ မဟုတ် ကိုယ့်ထက် ပိုပြီး အခွင့်အရေးတွေ ပိုရနေတယ်ဆိုရင်
ကိုယ် ဟာ သူ့ထက် ကိုယ် ရည် ကိုယ်သွေး နိမ့်နေလို့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ။
အလုပ် တစ်ခုကို ပြိုင်တူ လျှောက်ကြပြီး အရည်အချင်းတူပေမယ့်
တခြားလူတွေ ကို ရွေးသွားတယ်ဆိုတာမျိုးဟာလည်း အလားတူပါပဲ ။
( ဘက်လိုက်မှု တွေ ကြောင့် ဖြစ်တတ်တဲ့ သဘောသဘာဝတွေလည်း ရှိတတ်ပေမယ့်
ဒီနေရာမှာတော့ ဒါကို ထည့်သွင်း မဆွေးနွေးတော့ပါဘူး ။ )
၁။ ထိထိ ရောက်ရောက် တွေးခေါ် နိုင်မှု စွမ်းအား ကို လေ့လာ လေ့ကျင့်ခြင်း

( ထိထိ ရောက်ရောက် တွေးနိုင်မှ ထိထိရောက်ရောက် လုပ်နိုင်မှာပါ ။
လူချင်း အတူတူ အတွေးသာ တဲ့လူက ရှေ့ ပို ရောက်ဖို့ များပါတယ် ။
မွေးရာပါ / သိပ် လေ့လာ လေ့ကျင့်စရာ မလိုဘဲ
တွေးခေါ်နိုင်စွမ်း ကောင်းသူ တစ်ချို့ ရှိသလို
လေ့ကျင့် သင်ကြားမှုကနေ တဆင့်လည်း မိမိရဲ့ တွေးခေါ်နိုင်စွမ်းကို
မြှင့်တင် နိုင်ပါတယ် ။ ဒီတော့ ဒီဘာသာရပ် ကို ကျွန်တော့် အနေနဲ့ လေ့လာစရာတွေထဲမှာ
ထိပ်ဆုံးမှာ ထားပေးချင်ပါတယ် ။ )

၂။ ပေါင်းသင်း ဆက်ဆံရေး စွမ်းအားကို မြှင့်တင်ခြင်း

( မိတ်ဆွေများလေ သိစရာ / သင်ယူစရာ / အလုပ်အကိုင် / စီးပွါးရေး အခွင့်အလမ်း များလေပါ ပဲ ။
ဒီတော့ မိတ်ဆွေများဖို့ အရေးကြီးပါတယ် ။

နောက် တစ်ဆင့်ကတော့ များနေတဲ့ မိတ်ဆွေတွေထဲမှာမှ
ကိုယ့် ရဲ့ မိတ်ဆွေစစ် မိတ်ဆွေမှန်တွေ ကို ရွေးထုတ်ရယူနိုင်ဖို့ ဖြစ်ပါတယ် ။
Facebook မှာ Friends 5,000 ရှိဖို့ထက်
တကယ် အရေးကြုံလာရင် ကိုယ့်ဘက်မှာ ဝင်ရပ်ပေးနိုင်မယ့်
မိတ်ဆွေ ၅ ယောက် ရှိဖို့က ပို အရေးကြီးပါတယ် ။

ဒီနေရာမှာ သတိထားစရာ တစ်ခုက ကိုယ်က မိတ်ဆွေစစ် မိတ်ဆွေမှန်တွေလိုချင်ရင်
ကိုယ် ကိုယ်တိုင်က မိတ်ဆွေစစ် မိတ်ဆွေမှန် တစ်ယောက် ဖြစ်အောင် အရင် ကြိုးစား ဖို့ပါပဲ ။ )

၃။ ထိထိရောက်ရောက် ပြောဆို ဆက်ဆံနိုင်စွမ်း / တင်ဆက်ပြသနိုင်စွမ်း ကို လေ့လာ လေ့ကျင့်ခြင်း

( အလုပ်အင်တာဗျူး ဖြေတာ /
ကိုယ့် စီးပွါးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံ မယ့် သူ ရှာတာ က အစ ...
ဈေး ရောင်း တာ အဆုံး ...
နိုင်ငံရေး လောကမှာ လှုပ်ရှားတာ မကျန် ... ဒီ စွမ်းရည် ရထားမှ အဆင်ပြေပါလိမ့်မယ် ။
ဒီ စွမ်းရည် ကောင်းရင် ကောင်းသလောက် ကိုယ့်အတွက် ရလာဒ်ကောင်းတွေ ရနိုင်ပါလိမ့်မယ် ။ )

၎။ မိမိကိုယ်ကို သိရှိ ဆင်ခြင်နိုင်စွမ်း ကို လေ့လာ လေ့ကျင့်ခြင်း

( ကျွန်တော်က English စကားပြောသင်တန်းလေး တစ်ခု ဖွင့်ထားတော့
လူငယ်တွေနဲ့ အမြဲ ထိတွေ့ပြောဆို နေရပါတယ် ။
သူတို့ကို
- ဘာလုပ် နေသလဲ ?
- ဘာ လို့ အဲဒါ ကို လုပ်နေတာလဲ ?
- ဘာဖြစ်ချင်တာလဲ ?
- ဘာလို့အဲဒါကို ဖြစ်ချင်တာလဲ ?
- လက်ရှိ ကိုယ် ဖြစ်ချင်တာရဲ့ ဘယ်အနေအထားကို ရောက်နေပြီလဲ ?
- ဘာ တွေ ဆက်လုပ်သွားမှာလဲ ?
စတဲ့ မေးခွန်းတွေ မေးလိုက်တိုင်း သေသေချာချာ ရေရေရာရာ ဖြေနိုင်သူ နည်းလွန်းလှပါတယ် ။

ကိုယ့် အိပ်မက် ပျောက်နေတာ / ပန်းတိုင် မရှိတာ စတာတွေကို တွေ့ရတိုင်း
ကိုယ်ချင်းစာ စိတ်မကောင်း / အားမလို အားမရ ဖြစ်ရပါတယ် ။
ဒါကြောင့်လည်း သူတို့ အိပ်မက်တွေကို ပြန်ရှာတွေ့နိုင်ဖို့
ကျွန်တော် တတ်နိုင်သလောက် လေး လုပ်ပေးချင်တာကြောင့်
ကျွန်တော့် မဂ္ဂဇင်း ကို " မြန်မာ့ အိပ်မက် " လို့ နာမည်ပေးပြီး ထုတ်ဝေဖို့
အခက်အခဲတွေ အများကြီး ကြားက စီစဉ် ဖြစ်ရတာ ပါ ။
ဒါလည်း ကျွန်တော့် အိပ်မက် တစ်ခု ပဲပေါ့ဗျာ ။

လူငယ် တွေ အနေနဲ့ ကိုယ့်ကိုယ်ကို သိဖို့ အလွန် အရေးကြီးလှပါတယ် ။ )

၅။ မိမိ ကိုယ်ကို မိမိ စိတ်ဓာတ် မြှင့်တင်နိုင်စွမ်း

( စိတ်ဓာတ် မြှင့်တင် ရေး - Motivation - လုပ်တာ အဓိက ၂ မျိုး ရှိပါတယ် ။
အပြင် ( သူများ ) က မြှင့်တင်ပေးတာနဲ့
မိမိ ကိုယ်ကို မိမိ မြှင့်တင်ပေးတာ ပါ ။
အပြင်က ( စာအုပ်တွေ / ဟောပြောပွဲတွေ / လူတွေက ) မြှင့်တင်ပေးတာ ဟာ
ရေရှည် မခံတတ်ပါဘူး ။
ဒါကြောင့် မိမိ ကိုယ်ကို မိမိ စိတ်ဓာတ် မြှင့်တင်နိုင်အောင် စနစ်တကျ
လေ့လာ လေ့ကျင့်ထားသင့်ပါတယ် ။
ကျွန်တော့် အတွက်တော့ ဒီ အရည်အချင်းဟာ
အသက်ကယ်ဆေး ( ဒါမှမဟုတ် ) " ဘဝ ကယ်ဆေး " တောင် ဖြစ်ခဲ့ပါတယ် ။ )

ကျွန်တော် ပြန်ပြီး စုစည်းပေးပါ့မယ် ။
၁။ ထိထိ ရောက်ရောက် တွေးခေါ် နိုင်မှု စွမ်းအား ကို လေ့လာ လေ့ကျင့်ခြင်း
၂။ ပေါင်းသင်း ဆက်ဆံရေး စွမ်းအားကို မြှင့်တင်ခြင်း
၃။ ထိထိရောက်ရောက် ပြောဆို ဆက်ဆံနိုင်စွမ်း / တင်ဆက်ပြသနိုင်စွမ်း ကို လေ့လာ လေ့ကျင့်ခြင်း
၎။ မိမိကိုယ်ကို သိရှိ ဆင်ခြင်နိုင်စွမ်း ကို လေ့လာ လေ့ကျင့်ခြင်း
၅။ မိမိ ကိုယ်ကို မိမိ စိတ်ဓာတ် မြှင့်တင်နိုင်စွမ်း

ဒီ အချက်တွေ အပြင် ကိုယ် ရည် ကိုယ်သွေး တိုးတက်ရေးဆိုင်ရာ ဆိုင်ရာ
လေ့လာစရာတွေအများကြီးရှိနေသေးပေမယ့်
ဒီ အချက် ၅ ချက်ကို ဦးစားပေး လေ့လာ လေ့ကျင့်သင့်တယ်လို့ ယုံကြည်လို့
အရင်ဆုံး ရေး ပေးလိုက် တာပါ ။

ဒါတွေ အားလုံး ရဲ့ အပေါ်မှာ အဓိက အရေးကြီးတာ တစ်ခု ရှိနေပါသေးတယ် ။
ဒါကတော့
" မရှိတာထက် မသိတာခက်
မသိတာ ထက် သိအောင် မလုပ်တာခက်
သိပြီးလည်း ထ မလုပ်တာ ခက် " လို့ပဲ ရှေးစကားကိုနည်းနည်း ပြင်လိုက်ချင်ပါတယ် ။

အသိပညာ ဗဟုသုတကို တကယ် လိုက်နာလက်တွေ့မလုပ်ဘဲ
အပျင်းပြေ လေ့လာနေသူတွေထဲမှာ ကိုယ် မပါ ဖို့ အရေးကြီးလှပါတယ် ။
သိကြားမင်း ဆင်းကယ်လည်း မရတဲ့ လူမျိုး ဆိုတာ အဲဒါမျိုးတွေပါ ။
ဒါကြောင့် လုပ်စရာရှိတာ လုပ်သင့်တာကို
" တကယ် လက်တွေ့ လုပ်ဖြစ်အောင်ထလုပ် ပါ " လို့ တိုက်တွန်းချင်ပါတယ် ဗျာ ။

ဒီ စာစုဟာ စာဖတ်သူ တွေ အတွက်
တစ်စုံတစ်ရာတော့ အကျိုးရှိတန်ကောင်းပါရဲ့လို
မျှော်လင့်မိပါတယ် ဗျာ ။

ကိုဇင်ဇေ

--------------------------------------
www.eSMEmm.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။